← Chapters

မီလော့နန်းတော်၏ သခင်လေး,လေး

Vol. 117 Ch. 1532

မီလော့နန်းတော်၏ သခင်လေး,လေး

Vol. 117 Ch. 1532

ချင်မူမှာ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားသည်။ ဗျပ်စောင်းသံကား မီလော့နန်းတော် သခင်လေးလေး၏ ဗျပ်စောင်းသံ ဖြစ်၏။

လောကပေါင်းကူးရွှေသင်္ဘောက မြူခိုးများထဲ ၀င်ရောက်သွားသည်။ မြူခိုးများထဲတွင် ဦးတည်ရာကို သိရှိရန် မလွယ်သော်လည်း တတိယမျက်လုံးနှင့် ချင်မူ့အတွက်ကတော့ ထိုသို့မဟုတ်ပေ။ အောက်ရှိ ဖရိုဖရဲမြစ်ထဲမှ ဆယ်ခုမြောက် စကြ၀ဠာ ပျက်စီးနေသည်ကို ကြည့်ရှုရင်း မြစ်တစ်ဖက်ကမ်းကို ရှာဖွေနိုင်ပေသည်။

လောကပေါင်းကူး ရွှေသင်္ဘောက ရှေ့သို့ ဆက်ရွေ့လျားနေစဉ် ချင်မူသည် နိုးနိုးကြားကြား အနေအထားဖြင့် မျက်လုံးလျင်လျင်ထားကာ ဓားရိုးကို ကိုင်ထားသည်။

သူ့အရှေ့ရှိ မြူခိုးများ ကျဲပါးလွင့်ပြယ်သွားသည့်အခါ တာအိုသစ်ပင်တစ်ပင် ပေါ်လာသည်။ တာအိုသစ်ပင်ပေါ်တွင် တာအိုသစ်သီးအချို့ တွဲလောင်းခိုနေသဖြင့် ချင်မူ ရေတွက်ကြည့်လိုက်၏။ စုစုပေါင်း တာအိုသစ်သီး ခုနစ်လုံး ရှိချေသည်။

တာအိုသစ်ပင်အောက်တွင် ဧကရာဇ်တစ်ပါးကဲ့သို့ ၀တ်စားထားသော မီလော့နန်းတော်၏ သခင်လေးလေးက ထိုင်နေ၏။ သူက လက်တစ်ဖက်တွင် ဂီတစာရွက် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တီးခတ်ရန် ကြိုးစားနေသော်လည်း စာရွက်အပေါ်ရှိ သံစဥ်အတိုင်း မတီးခတ်နိုင်ပေ။

ရွှေသင်္ဘောမှာ ရွှံ့နွံအိုင်ထဲသို့ ကျဆင်းသွားသည့်အလား ပိုပို၍ နှေးကွေးလာသည်။ တာအိုသစ်ပင်ဘေးသို့ ရောက်ရှိသည့်အချိန်၌ ရှေ့သို့ မတိုးနိုင်တော့ပေ။

ချင်မူက သင်္ဘောဘေးကို မှီလိုက်ပြီး ညာခြေထောက်ပေါ် ဘယ်ခြေထောက် တင်ကာ အေးအေးလူလူ ခြေဖျားကို လှုပ်နေသည်။

သခင်လေးလေးက ဂီတစာရွက်ကို ချကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ဗျပ်စောင်းကြိုးများကို ပြန်လည်ပြင်ဆင်၍ နောက်တစ်ကြိမ် တီးခတ်လိုက်ပြန်၏။ သို့သော် ဂီတသံက ယခင်ကထက်ပင် ပို၍ ကြောင်စီကာ နား၀င်ဆိုးနေသည်။

“ဒီတေးသံကို မတီးခတ်နိုင်ဘူး ထင်ပါတယ်… နည်းလမ်းတွေအများကြီး သုံးခဲ့ပေမယ့် တီးဖို့ ခက်နေတုန်းပဲ...”

သခင်လေးလေးက ဆက်လက်တီးခတ်ရန် ကြိုးစားနေသည်။ “သခင်လေးမူ၊ မင်း မီလော့နန်းတော်အရှင်သခင်နဲ့ တွေ့ပြီးပြီမလား… သူ အဆင်ပြေရဲ့လား”

“ပြေပါတယ်”

ချင်မူက ပြုံး၏။ “ကျွန်တော် သူနဲ့ ခဏပဲ စကားပြောခဲ့တာ... သင်္ဘောငှားပြီး ပြန်ထွက်လာခဲ့တာပဲ”

သခင်လေးလေးက ခေါင်းညိတ်ပြီး ဗျပ်စောင်းကြိုးများအား ညှိနေသည်။ “ငါလည်း အရင်က သူ့နောက်လိုက်တစ်ယောက် ဖြစ်ခဲ့တာပေါ့… ကျောက်စိမ်းမြို့‌တော် တည်‌ဆောက်တုန်းက ငါလည်း ပါ၀င်အားဖြည့်ခဲ့တယ်… အဲ့ဒီအချိန်တုန်းက သူ့ရဲ့အမျှော်အမြင်နဲ့ ဉာဏ်ပညာကို သိပ်အထင်ကြီးလေးစားခဲ့မိတယ်…. သတ္တဝါတွေအားလုံးကို ကူညီပေးနိုင်မယ့် နတ်ဘုရားမြို့တစ်မြို့ကို အားတက်သရော ကူဆောက်ပေးချင်ခဲ့တာပေါ့လေ .. သူက လောကကြီးအပေါ် သိပ်မေတ္တာစေတနာထားနိုင်တော့ ငါလည်း အဲဒီလိုစိတ်မျိုးကို အမြဲအားကျခဲ့မိတယ် … ဒါပေမဲ့ နတ်ဘုရားမြို့ကို တည်ဆောက်ပြီးတဲ့အချိန်ကျ သူ ရုတ်တရက်ကြီး သတ္တိမရှိတော့ဘူး ...”

သူက သင်္ဘောပေါ်ရှိ ချင်မူ့ကို မော့ကြည့်လိုက်သည်။ “ဆယ့်ခြောက်ခုမြောက် စကြ၀ဠာရဲ့ ကပ်ဘေးထဲ ရောက်တဲ့အချိန်မှာ သူဟာ သိပ်ကို ပင်ပန်းနေခဲ့ပြီ.. သူ့အကြံက ဘယ်တော့မှ မအောင်မြင်တော့ဘူးလို့ ငါတို့ကို ပြောခဲ့တယ်.. ငါတို့ကို ဆယ့်ခုနစ်ခုမြောက် စကြ၀ဠာဆီတောင် ခေါ်မသွားဘဲ မွေးဖွားခဲ့တဲ့ စကြ၀ဠာဆီ ပြန်သွားခိုင်းခဲ့တယ်... သူလည်း မူလစကြ၀ဠာဆီ ပြန်သွားခဲ့တယ်”

သခင်လေးလေးက ခပ်ဟဟ ရယ်လိုက်ရင်း ပြော၏။ “သူက ခေါင်းဆောင်ဆိုတော့ ထုံးစံအတိုင်း သူ့စကား နားထောင်ခဲ့တာပေါ့လေ… ဆိုတော့ ငါ ဒီနေရာကို ပြန်လာခဲ့တယ်… ဒါပေမဲ့ ငါ့ဆန္ဒအရ ပြန်လာခဲ့တာ မဟုတ်ဘူး”

သူက ဂီတစာရွက်ကို ကြည့်နေရင်း သူ၏အကြည့်များက နူးညံ့ညင်သာလာသည်။ “ဒီဗျပ်စောင်းသံစဉ်ကို ငါ သိပ်ကို ချစ်မြတ်နိုးရတဲ့ ငါ့ရဲ့ဇနီးသည် ထားခဲ့တာ…” သူက ခပ်ဖွဖွ ဆက်ပြောနေသည်။ “ဒီသံစဉ်ကို တီးခတ်နိုင်တဲ့သူက တစ်လောကလုံးမှာ သူတစ်ယောက်ပဲ ရှိတယ်… ငါတို့ရဲ့စကြ၀ဠာ ဖျက်ဆီးခံခဲ့ရတုန်းက သူ့ကို ကယ်တင်နိုင်တဲ့ အစွမ်းအစ ငါ့မှာ မရှိခဲ့ဘူး… ကပ်ဘေးကြီးထဲမှာ သူ သေဆုံးသွားပြီး အရာအားလုံး ပြာကျသွားတာကို ထိုင်ကြည့်နေခဲ့ရတယ် … ဘာမှကို မကျန်ခဲ့ဘူး.. ငါ ကယ်နိုင်ခဲ့တာဆိုလို့ ဒီဂီတစာရွက်ပဲ ရှိတယ်… ငါ ပြန်ရောက်လာတဲ့အချိန်မှာ ကပ်ဘေးကြီးက ငါ့ကို မထိခိုက်နိုင်ပေမယ့် သူ့ကို မကယ်‌နိုင်သေးပြန်ဘူး”

ချင်မူက တိတ်ဆိတ်စွာ နားထောင်နေသည်။

“ငါ ဖရိုဖရဲမြစ်မှာ နေပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတယ်…. သူ့သံစဉ်ကို တီးခတ်ဖို့ ကြိုးစားပေမယ့် အကြိမ်ကြိမ် မအောင်မြင်နိုင်ခဲ့ဘူး..”

သူက ခေါင်းခါရမ်းလိုက်သည်။ “မင်းအနေနဲ့ ဒီလိုလှပတဲ့ သံစဉ်တစ်ခုကို ဘယ်တုန်းကမှ ကြားဖူးမှာ မဟုတ်ဘူး .. ကြားဖူးသွားရင်လည်း ဘယ်တော့မှ မေ့‌နိုင်မှာ မဟုတ်တော့ဘူး… စကြ၀ဠာတွေ အားလုံးမှာ ဒီသံစဉ်ကို တီးခတ်နိုင်တဲ့သူ သူတစ်ယောက်ပဲ ရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်… ငါ သူ သံစဉ်တစ်ခု တီးခတ်တာကို ကြားချင်လို့ ဒီနေရာအထိ လာခဲ့တာ… ဒါပေမဲ့ အဲ့ဒီဆန္ဒလေးကတောင် မဖြစ်နိုင်ဘူး… ဆိုတော့…”

ချင်မူက မျက်ခုံးပင့်ကာ မေးလိုက်သည်။ “ဆိုတော့..”

မီလော့နန်းတော်၏ သခင်လေးလေးက ပြုံး၏။ “ငါ အနာဂတ်ကို သွားချင်တယ်… အနာဂတ်မှာ မဟာပျက်စီးခြင်း ကပ်ဘေးကြီးနဲ့ မီလော့နန်းတော်အရှင်သခင်ထက် အစွမ်းထက်လာရမယ် … ပြီးရင် ဒီနေရာ ပြန်လာပြီး ငါ့ဇနီးကို ကယ်မယ်”

သူ့အကြည့်များတွင် နူးညံ့ကြင်နာမှုတို့ဖြင့် ပြည့်နှက်နေသည်။ “ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး… စကြ၀ဠာခုနစ်ခုအထိ အသက်ရှင်ခဲ့ပြီးပြီ… စကြ၀ဠာခုနစ်ခုရဲ့ စွမ်းအားအထွတ်အထိပ်ကို ရောက်နေပြီ…. တစ်လောကလုံးရဲ့ စွမ်းအားတွေနဲ့ ပူ‌ဇော်ကိုးကွယ်‌မှုတွေကိုလည်း အရသာခံခဲ့ပြီးပြီ… ငါ့မှာ ပန်းတိုင်တစ်ခုပဲ ရှိတယ်… အဲ့ဒါက ဒီနေရာ ပြန်လာပြီး သူ ငါ့အတွက် သံစဉ်တီးခတ်ပြတာကို နားထောင်ဖို့ပဲ … ဒီသံစဉ်ကို ငါ ‌နားထောင်ပြီးရင် ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး”

သူ၏အကြည့်က ချင်မူ့အပေါ် နောက်တစ်ကြိမ် ကျရောက်လာပြီး မှင်သေသေ ပြောသည်။ “ငါ့ပန်းတိုင် အောင်မြင်ဖို့ဆို ဆယ့်ခုနစ်ခုမြောက် စကြ၀ဠာဆီ ၀င်ရောက်ရလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ငါ လုပ်ကို လုပ်ရမယ်... ငါ့ကို တားတဲ့သူ ဘယ်သူဖြစ်ဖြစ် သတ်ပစ်မယ်… နားလည်ရဲ့လား သခင်လေးမူ”

ချင်မူက အသာအယာ ခေါင်းညိတ်လိုက်ပြီး ဖြေသည်။ “ကျွန်တော် နားလည်ပါတယ်”

မီလော့နန်းတော်၏ သခင်လေးလေးက ပြုံးလျက် မေး၏။ “မီလော့နန်းတော်အရှင်သခင် သေသွားပြီမလား”

ချင်မူ့အမူအရာက ထိုမေးခွန်းကို နားမလည်သည့်အလား ဇဝေဇဝါ ဖြစ်ပြီး အံ့ဩနေသည်။ “ဘာလို့ သခင်လေးလေးက အဲ့ဒီလိုပြောရတာလဲ… သူ အကောင်းကြီး ရှိပါသေးတယ်… နည်းနည်းတော့ စိတ်ဓာတ်ကျနေတယ် ထင်တယ် … ခင်ဗျားကိုယ်တိုင် သွားတွေ့လို့ရတာပဲလေ… သေသွားပြီလို့‌တော့ မစွပ်စွဲသင့်ပါဘူး”

မီလော့နန်းတော်၏ သခင်လေး,လေးက သူ လိမ်နေခြင်း ဟုတ်၊ မဟုတ် အကဲခတ်ရန်အလား သူ၏မျက်နှာကို ခပ်စူးစူး စိုက်ကြည့်နေသည်။

ချင်မူ့ပုံစံက လိမ်ပြောနေဟန် မတူပေ။

အချိန်အတော်ကြာပြီးနောက် မီလော့နန်းတော် သခင်လေးလေးက ပြုံးလိုက်သည်။ “ငါ သက်သက် စိတ်ပူနေခဲ့မိတာပဲ…. မီလော့နန်းတော်အရှင်သခင်အနေနဲ့ မျှော်လင့်ချက်အကုန် ပျောက်ဆုံးသွားလို့ သေသွားပြီတောင် ထင်နေခဲ့တာ…. ဘေးကင်းကင်းနဲ့ အကောင်းအတိုင်း ရှိနေသေးတယ်ဆိုတော့ စိတ်အေးပါပြီလေ..”

ချင်မူက ကြားဖြတ်မေးလိုက်သည်။ “ဒါနဲ့ ထိုက်ယီကို တွေ့မိသေးလား”

သခင်လေးလေးက မျက်ခုံးပင့်လိုက်သည်။

“ကျွန်တော် သူ့ကို လိုက်ရှာနေတာ… သခင်လေးလေး သူ့ကို တွေ့မိရင် နည်းနည်း သဲလွန်စပေးပါဦး”

သခင်လေးလေးသည် မျက်လွှာချ၍ ဗျပ်စောင်းတေးသံစာရွက်ကို ကြည့်ကာ ကြိုးပြန်ညှိနေသည်။

ချင်မူက ထပ်မေးလိုက်သော်လည်း သခင်လေးလေးသည် မော့ပင်မကြည့်ချေ။ “သူနဲ့ငါ က ရန်ငြိုးရှိတယ်… မင်း ငါ့ကို ဆက်တိုက်မေးနေတာ ငါ့ကို ဒေါသထွက်အောင် လုပ်ပြီး သေချင်နေလို့လား..”

ချင်မူက ပြုံး၏။ “‌ဧကရာဇ်ဖြစ်ဖူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတဲ့အတိုင်းပဲ စိတ်ကြီးလိုက်တာ .. စောစောကလေးတင် စကားအကောင်း ပြောနေသေးတယ် … အခုကျ ဒေါသထွက်နေပြီး သတ်ချင်ဖြတ်ချင်နေပါရောလား..”

သခင်လေးလေးက မှင်သေသေ တုံ့ပြန်သည်။ “မင်းက သူ့ကို အသုံးချပြီး ငါ ဒေါသထွက်လာအောင် လုပ်ပြီးတော့ ငါ့ တာအိုနှလုံးသားကို ဖျက်ဆီးချင်နေတာ ဟုတ်မဟုတ် ငါ ဘယ်လိုပြောနိုင်မှာလဲ…. ဒါနဲ့ မင်း ထိုက်ယီအကြောင်း ဘယ်လောက်သိသလဲ”

ချင်မူမှာ အနည်းငယ် ကြောင်အသွားသည်။

“သူ့နာမည်က ဘာလဲ… သူ ဘယ်မဟာတာအိုကို ကျင့်ကြံတာလဲ…. သက်တမ်းဘယ်လောက်အထိ‌ နေပြီးပြီလဲ…. အတိတ်တုန်းက ဘာလုပ်ခဲ့သလဲ…. သူ အရင်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ကောင်းသလား ဆိုးသလား မင်း သိသလား..”

သခင်လေးလေးသည် ဗျပ်စောင်းကို တီးခတ်နေပြီး ဩရှရှ လေသံဖြင့် ခနဲ့လိုက်၏။ “မင်း ဘာမှ မသိပါဘူး သခင်လေးမူ… အခု ထွက်သွားလို့ရပြီ”

ချင်မူမှာ တိတ်ဆိတ်နေသည်။ ထိုစကားများကို ကြားပြီးနောက် သူသည် အမှန်တကယ်ပင် ထိုက်ယီအကြောင်း ဘာမှမသိကြောင်း သဘောပေါက်သွားမိ၏။

လောကပေါင်းကူးရွှေသင်္ဘော ရှေ့သို့ ဆက်လက်ရွက်လွှင့်သွားသည့်အခါ ချင်မူက သစ်ပင်အောက်တွင် ဗျပ်စောင်းတီးခတ်နေသည့် ဧကရာဇ်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်ဟောင်ကို ထောက်ပံ့ပေးခဲ့တယ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်က ကျွန်တော့်လက်ထဲမှာ သေဆုံးဖို့ ကံပါလာပြီးသား… ကျွန်တော့်ကို ထောက်ပံ့ပေးလို့ရတယ်… ကျွန်တော့်အနာဂတ်က သူ့ထက် ပိုကောင်းသေးတယ်”

သခင်လေးလေးက ဗျပ်စောင်းကြိုးကို တီးခတ်လိုက်ရာ လောကပေါင်းကူးရွှေသင်္ဘောမှာ အနည်းငယ် တုန်ခါသွားသည်။ “သခင်လေးမူ၊ ‌ကောင်းကင်နတ်အရှင်ဟောင်က ငါ့ကို ကမ်းစပ်တက်ပြီး အနာဂတ်စကြ၀ဠာအထိ ရောက်ဖို့ ကူညီပေးနိုင်တယ်…. မင်းကတော့ ပြဿနာရှာဖို့ပဲ သိတာ…. သွားတော့… မီလော့နန်းတော်အရှင်သခင်ရဲ့ မျက်နှာနဲ့ မင်းကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်…”

ချင်မူက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ရင်း ပြုံးလိုက်သည်။ “မီလော့နန်းတော်ရဲ့ သခင်လေးတစ်ယောက်အနေနဲ့ ခင်ဗျားနဲ့အတူ အနာဂတ်မှာ စစ်တုရင်ကစားနိုင်ဖို့ မျှော်လင့်နေပါ့မယ်…. ကောင်းကင်နတ်အရှင်ဟောင်နဲ့ ယှဥ်ပြိုင်တာက အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ပထမဆုံးတိုက်ပွဲလို့ သတ်မှတ်လို့ ရတယ်မလား..”

“မင်းက အဆင့်မမှီသေးဘူး…” သခင်လေးလေး၏ အသံ ပျံ့လွင့်လာပြီးနောက် သူ့ကို ဖုံးကွယ်ထားသည့် ဖရိုဖရဲမြူခိုးများက ချင်မူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

ချင်မူက ခပ်ပေါ့ပေါ့ ရယ်မောလိုက်သည်။ ရွှေသင်္ဘောသည် ရပ်တန့်သွားကာ ကမ်းစပ်သို့ ရောက်ရှိလာ၏။

ဖရိုဖရဲမြစ်ပေါ်တွင် မီလော့နန်းတော် သခင်လေးလေးမှာ ဗျပ်စောင်းတီးနေသော်လည်း သံစဉ်မှာ မပြည့်မစုံ ဖြစ်နေသည်။

သူက သက်ပြင်းချရင်း မဟာပျက်စီးခြင်းကပ်ဘေးထဲ ၀င်ရောက်သွား၏။ ၎င်း မည်မျှပင် ပြင်းထန်ပါစေ သူ့ကို နည်းနည်းလေးမှ မထိခိုက်စေနိုင်ပေ။ သူသည် မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ အလယ်ဗဟိုတွင် ရပ်နေပြီး နူးညံ့‌ကြင်နာသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် အမျိုးသမီးတစ်ယောက် ရှိနေပြီး သူ၏ဇနီး ဖြစ်၏။

“ကိုယ် ဒီအခိုက်အတန့်ဆီ ပြန်လာပြီး မင်းကို သေခြင်းတရားကနေ ကယ်တင်ပေးမယ်” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အမျိုးသမီးမှာ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် ပြာကျကာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွား၏။

“ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး”

သူက မျက်လုံးများ မှိတ်ထားပြီး ထိုမြင်ကွင်းကို ကြည့်မနေချေ။ “ဘယ်သူမှပဲ”

ရွှေသင်္ဘောက ရှေ့သို့ဆက်တက်သွားပြီး ဖရိုဖရဲမြစ်များကို ဖြတ်သန်းသွားသည်။ ချင်မူသည် မီလော့နန်းတော်အရှင်သခင်နှင့် တာအိုသိုင်းပညာရှင်များစွာကို ကျောက်စိမ်းမြို့တော်အသစ်တစ်ခုတွင် မြင်နေရ၏။ မြို့ကား တဖြည်းဖြည်း ကြီးထွားလာပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးကို တိုက်ခိုက်နိုင်လာကာ ပိုပို၍ တည်ငြိမ်လာသည်။

ကျောက်စိမ်းမြို့တော်ကို ခေတ်အသီးသီးတွင် တွေ့မြင်ရခြင်းကလည်း ချင်မူ့ကို အတော်လေး အတွေးများစေသည်။

အချိန်တစ်ခုကြာပြီး နောက်ဆုံးတော့ ပထမဆုံး ဖရိုဖရဲမြစ်သို့ ရောက်လာခဲ့သည့်အတွက် ချင်မူက ထိုက်ယီ၏ တည်နေရာကို သိရန် ဂရုတစိုက် ရှာဖွေနေ၏။

ဤသည်က ဆယ့်ခြောက်ခုမြောက် စကြ၀ဠာ ဖြစ်သည်။ လောကသစ်ပင်အရှေ့တွင် ဆယ့်ခြောက်ခုမြောက် စကြ၀ဠာ၏ တာအိုသိုင်းပညာရှင်များစွာနှင့် အင်အားကြီးသိုင်းပညာရှင်များစွာမှာ လောကသစ်ပင်ဆီသို့ ပြေးလာနေကြ၏။ သို့သော် ထိုက်ယီ၏ အရိပ်ကြီးက သူတို့ ဖြတ်မလာနိုင်အောင် လောကသစ်ပင်အား ခုတ်လှဲနေသည်ကိုသာ တွေ့မြင်လိုက်ကြရဿည်။

ကပ်ဘေးထဲတွင် ရုန်းကန်ရင်း ကျောက်စိမ်းမြို့တော်ပေါ် တက်ရန် ကြိုးစားနေကြသော တာအိုသိုင်းပညာရှင်များစွာ ရှိသော်လည်း ကမ်းစပ်သို့ အရောက်မလာနိုင်ကြပေ။

ချင်မူမှာ ဤနေရာသို့ ပထမဆုံး ရောက်လာခဲ့တုန်းကထက်ပင် ပို၍ ဂရုတစိုက် ရှာဖွေနေမိသည်။ ရုတ်တရက် သူ့မှာ ရင်ထဲ လှုပ်ခတ်သွားပြီး သူ၏အကြည့်သည် လောကသစ်ပင်၏ အမြစ်များအပေါ် ကျရောက်သွား၏။

ယခုအထိ ဘိုးဘေးနန်းတော်၏ သွေးယဇ်ပူဇော်မှုကို မည်သူ အစီအစဉ်ချခဲ့မှန်း မသိရသေးချေ။ ယုတ္တိကျကျ ပြောရပါက ဆယ့်ခြောက်ခုမြောက် စကြ၀ဠာပျက်စီးသွားသည့်အချိန်၌ ထိုပုဂ္ဂိုလ်သည် သွေးယဇ်ပူဇော်မှုကို ခင်းကျင်းနေရာချခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ဖရိုဖရဲမြစ်ထဲ ကြည့်လိုက်သော်လည်း မည်သူ ပြုလုပ်ခဲ့ကြောင်း မမြင်ရပေ။

'ဒီအခိုက်အတန့်မှာ မီလော့နန်းတော်ထဲ အင်အားစုအမျိုးမျိုး ကွဲထွက်သွားနေပြီ… တချို့က ကျောက်စိမ်းမြို့တော်ကို သုံးပြီး နောက်ထပ်စကြ၀ဠာကို ၀င်ရောက်ချင်ကြတယ်... တချို့တွေကတော့ လောကသစ်ပင်ကတဆင့် နောက်စကြ၀ဠာကို ခိုး၀င်ချင်နေကြတယ် …. အဲ့ဒါအပြင် ဖရိုဖရဲနေရာဟင်းလင်းပြင်လည်း ရှိသေးတယ်… ဒါပေမဲ့ ငါ ဘာလို့ ဖရိုဖရဲနေရာဟင်းလင်းပြင်ကို ရှာမတွေ့တာလဲ..”

သူ့မှာ ထပ်တလဲလဲ ရှာဖွေနေသော်လည်း ဖရိုဖရဲမြစ်ထဲတွင် မည်သည့်အရာကိုမှ မတွေ့ရချေ။ သွေးယဇ်ပူဇော်ခြင်းကို မည်သူ ခင်းကျင်းခဲ့မှန်း မသိရသလို၊ ထိုက်ယီ၏ အငွေ့အသက်ကိုလည်း မတွေ့ရပေ။

“တစ်ယောက်ယောက်ကများ ဒါတွေအားလုံးကို လှည့်စားထားတာလား”

ချင်မူ အနည်းငယ် အံ့ဩနေမိ၏။ စကြ၀ဠာ ပျက်စီးသွားသည့်တိုင် အရာအားလုံးကို လှည့်စားနိုင်သည်အထိ များပြာခမ်းနားသော မှော်စွမ်းအင်ကို မည်သူက ပိုင်ဆိုင်ထားပါသနည်း။

မီလော့နန်းတော်အရှင်ခင် သို့မဟုတ် ထိုက်ယီ၏ လုပ်ရပ်လော။ မီလော့နန်းတော် သခင်လေးလေး၏ လုပ်ရပ်များလော။

ရုတ်တရက် ဖရိုဖရဲမြစ်ပေါ်မှ တစ်စုံတစ်ယောက် လာနေသည်ကို အာရုံခံလိုက်မိသဖြင့် ချင်မူက အကြည့်လွှဲလိုက်သည်။

ဖရိုဖရဲမြစ်၏ လေထုထဲတွင် ဖရိုဖရဲချီတို့ ပြည့်နှက်နေ၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တာအိုသစ်ပင်ဖြင့် ဖရိုဖရဲမြစ်ကို ဖြတ်သန်းနေကြပြီး ဖရိုဖရဲမြစ်အနက်ပိုင်းထဲမှ စီးမြောလာနေကြသည်။

သူတို့သည် ရွှေသင်္ဘောကို မမြင်ကြသလို သင်္ဘောပေါ်ရှိ ချင်မူ့ကိုလည်း သတိမထားမိကြသယောင်ပင်။ သူတို့က မည်သည်ကိုမှ မမြင်သည့်အလား လောကပေါင်းကူးရွှေသင်္ဘော၏ ဘေးမှ ဖြတ်ကာ မျောလွင့်သွားကြသည်။

တာအိုသစ်ပင်ထက်တွင် ဧရာမပိုးအိမ်ကြီးတစ်ခုလည်း ချိတ်ဆွဲနေ၏။ ပိုးအိမ်အထဲတွင် သတ္တဝါများ ယွစိယွစိ လှုပ်ရှားနေကြပုံပင်။

“ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုတို့ ပေါင်းစည်းတာက ငါတို့ထင်ထားတာထက် ရှုပ်ထွေးနေတာပဲ”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ စိုးရိမ်ပူပန်နေကြပြီး ရှေးဟောင်းနတ်ဘုရားမယင်က မေးနေသည်။ “ပေါင်းစည်းပြီးသွားရင် ထွက်လာမယ့်သူက ကောင်းကင်နတ်ဧကရီလား၊ သခင်မယွမ်မုလား… သခင်မယွမ်မုဆို ဘယ်လိုလုပ်မလဲ… တစ်ချိန်တည်းမှာပဲ သူက တာအိုရပြီးသား ဖြစ်နေမှာဆိုတော့ ငါတို့ကို တိုက်ခိုက်လာနိုင်တယ်မလား..”

“သူတို့ပေါင်းစည်းခြင်းလမ်းစဉ်ကနေ ငါတို့ရဲ့ ပေါင်းစည်းခြင်းလမ်းစဉ်ကို သိမြင်နားလည်ရုံပဲ… ဘယ်သူပဲ ထွက်လာလာ ဂရုစိုက်စရာ မလိုဘူး”

တာအိုသစ်ပင်ပေါ်ရှိ ရှေးဟောင်းနတ်ဘုရားယန်က နှစ်သိမ့်သည်။ “ကောင်းကင်နတ်ဧကရီဖြစ်ဖြစ်၊ သခင်မယွမ်မုပဲဖြစ်ဖြစ် ဘယ်သူပဲ ရှင်ကျန်ပါစေ ငါတို့ကို ကျေးဇူးတင်သင့်တယ်… ငါတို့သာ ၀င်မစွက်ဖက်ရင် သူတို့ ဘယ်လိုလုပ် တာအို ရမှာလဲ”

ချင်မူက ရွှေသင်္ဘောကို ထိန်းချုပ်ရင်း သူတို့နောက်မှ တိတ်တဆိတ် လိုက်သွားလေသည်။

All Chapters