← Chapters

လုပ်ကြံသူ

Vol. 18 Ch. 229

လုပ်ကြံသူ

Vol. 18 Ch. 229

ဘုန်း ဘုန်း ဘုန်း

သွေးနီရောင် မိုးကြိုးပေါင်းများစွာက ကောင်းကင်မှတဆင့် ဘိုးဘေးကျောင်းတော်ထံ ဆင်းသက်လာကာ နတ်ဆိုးများဖြင့် ပြည့်နှက်နေသော နန်းတော် ရာပေါင်းများစွာ ပေါက်ကွဲထွက်သွားသည်။ လျှပ်စီးကြောင်း ထိမှန်သည့်နေရာတိုင်း နတ်ဆိုးများ ပါးစပ်မှ အမြှုပ်တစီစီ ထွက်၍ မြေကြီးပေါ်တွင် တက်ကုန်သည်။ လျှပ်စစ် ကွန်ရက်က ကောင်းကင်ကို ဖုံးလွှမ်းထားပြီး တိုက်ပွဲမြေပြင်တွင် ရွှေရောင် နဂါး ဝတ်ရုံနှင့် ပုံရိပ်မှာ ကိုးကောင်းကင် အင်မော်တယ် စစ်တပ်အတွက် နတ်ဘုရားမတစ်ပါးကဲ့သို့ ဦးဆောင်၍ မရေမတွက်နိုင်သော လူသား ကျင့်ကြံသူများ ကောင်းကင်သို့ မော့ကြည့်ရင်း နှလုံးသားများ မီးလျှံကဲ့သို့ တိုက်ခိုက်လိုစိတ်ဖြင့် တောက်လောင်နေသည်။

ဝုန်း

ကောင်းကင်အထက်တွင် မီတာ တစ်ထောင်နီးပါး ရှည်လျားသော ဧရာမ မိုးကြိုး လက်ကိုးခု ပေါ်လာ၍ ဘိုးဘေးကျောင်းတော်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်၏။ ထောင်ပေါင်းများစွာသော လျှပ်စီးကြောင်းများက ဒီရေလှိုင်းများကဲ့သို့ ဘိုးဘေးကျောင်းတော်တစ်ခွင့် ပျံ့နှံ့ ဖျက်ဆီးကာ နတ်ဆိုးများကို အုပ်စုလိုက် ချေမှုန်းဖျက်ဆီးခဲ့သည်။ ပြင်းထန်လှသော ဖျက်ဆီးစွမ်းအားကြောင့် စစ်မြေပြင်တွင် ထိပ်တန်း တိုက်ခိုက်ရေးသမားတစ်ဦး၏ အရေးပါခြင်း ဖြစ်သည်။

"ဧကရီက ပြိုင်ဘက်ကင်းတယ်"

ကိုးကောင်းကင် အင်မော်တယ် စစ်တပ်က တက်ကြွနေပြီး နတ်ဆိုးများသည်လည်း နဂါး ဝတ်ရုံဝတ် ကြောက်မက်ဖွယ် ပုံရိပ်ကို မြင်ရသည်နှင့် တပြိုင်နက် တုန်လှုပ်နေ၏။ အသန်မာဆုံး နတ်ဆိုးများပင် အမှန်တကယ်၌ အစွမ်းထက် လူသားများအပေါ် နက်ရှိုင်းစွာ ကြောက်ရွံ့ကြသည်။

" နတ်ဆိုးဧကရာဇ်တွေ ဘယ်မှာလဲ"

"နတ်ဆိုးဧကရာဇ်တို့၊ ခရမ်းရောင်ဧကရာဇ်နဲ့ ပူးပေါင်းပြီး အရုဏ်တက်နတ်ဧကရီကို မြန်မြန် သတ်လိုက်ကြပါ"

သာမန် နတ်ဆိုးများက မိစ္ဆာများ၏ တည်ရှိမှုကို မသိရှိကြသောကြောင့် သူတို့အမြင်တွင် လေးယောက် တစ်ယောက် ရင်ဆိုင်ရမည့် အခြေအနေ ဖြစ်သည်။ လူသား စစ်တပ်က စစ်မြေပြင်တွင် အားသာချက် ရှိသော်လည်း သူတို့က ထိပ်တန်း နတ်ဆိုးများအပေါ် ယုံကြည်မှု ရှိကြသည်။

"အရုဏ်တက်နတ်ဧကရီကို သတ်၊ ကောင်းကင်နယ်မြေကို ဖျက်ဆီးပြီး နတ်ဘုရားတိုက်ကြီးကို သိမ်းပိုက်ကြ"

နတ်ဆိုးပေါင်းများစွာက ဟိန်းဟောက်၍ မျက်လုံးအကြည့်များ လူသတ်လိုစိတ်ဖြင့် တောက်လောင်ပြီး ဘိုးဘေးကျောင်းတော်၏ အတွင်းပိုင်းကို စိတ်အားထက်သန်စွာ မျှော်ကြည့်နေကြသည်။ နတ်ဆိုးဧကရာဇ်များ ခုထိ မလှုပ်ရှားရသော အကြောင်းအရင်းကိုမူ စဥ်းစားမရချေ။

"ငါတို့ အရင် သွားမယ်"

မီးသူတော်စင်၊ မျောက်သူတော်စင် နှင့် နတ်ဆိုးသူတော်စင် ၁၀၈ ပါးသည် ဘိုးဘေးကျောင်းတော် တိုက်ပွဲ၌ နတ်ဆိုးများဘက်မှ ရှုံးနိမ့်နေသည်ကို မြင်သောအခါ ထိုင်ကြည့်မနေနိုင်တော့ပေ။

"အုပ်စုလိုက် နေကြ၊ လူကွဲမသွားစေနဲ့"

ကူဧကရာဇ်က လေးနက်စွာ မှာကြား၍ အဝေးရှိ မိုးကြိုးပုံရိပ်ကို စိုက်ကြည့်နေသည်။

"နားလည်ပါပြီ"

မျောက် သူတော်စင် နှင့် အခြားသူများ ခေါင်းညိတ်၍ နတ်ဆိုးသူတော်စင် ၁၀၈ ပါး၏ စွမ်းအားသည် အင်မော်တယ်နတ်ပြည်ထောင် ငါးခုမှ စစ်သည်များထက် သာလွန်သဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။ အကယ်၍ တိုက်ပွဲမြေပြင်ကို ဧကရာဇ်၊ သူတော်စင် နှင့် စစ်သည် အဆင့်များအဖြစ် ခွဲခြားထားလျှင် ဘိုးဘေးကျောင်းတော်၏ နတ်ဆိုး စစ်သည်များက အားနည်းသော်လည်း သူတော်စင်များမှာ သန်မာ၍ ဧကရာဇ်များသည် လူသား မျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ကို ထိန်းချုပ်ရမည်။

ကူဧကရာဇ်၊ ကြာနီ၊ ခရမ်းရောင်ဧကရာဇ် နှင့် လနတ်သား အတူတကွ စုစည်း၍ အရုဏ်တက်နတ်ဧကရီကို စောင့်ကြည့်နေကြသည်။

"မိစ္ဆာ သုံးယောက် ခုထိ ပေါ်မလာသေးဘူး"

ကြာနီက မျက်မှောင်ကြုတ်သည်။

"ငါတို့ အရုဏ်တက်နတ်ဧကရီကို ဒီလောက်အထိ မာနထောင်လွှားခွင့် မပေးနိုင်တော့ဘူး။ ငါတို့ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေတယ်။ ငါ သူမကို သွားသတ်လိုက်မယ်"

လနတ်သား၏ နူးညံ့သော မျက်နှာက ရုတ်တရက် မြေခွေးမျက်နှာအဖြစ် ပြောင်းလဲသွားသည်။

"မင်း သတ်နိုင်မယ်လို့ သေချာလား"

ခရမ်းရောင်ဧကရာဇ်က အရုဏ်တက်နတ်ဧကရီကို သူကိုယ်တိုင်ပင် ရင်မဆိုင်ဝံ့သောကြောင့် မျက်ခုံးပင့်လိုက်မိသည်။ တစ်ဖက်လူက ထာဝရ ပျော်ရွှင်ခြင်းကို သတ်ဖြတ်ခဲ့ပြီး လနတ်သားမှာ ကောင်းကင်ဘုံ ခွေးကို သတ်ဖြတ်ခဲ့သောကြောင့် ယေဘူယျသဘောအရ လနတ်သားသည် သူမကို ရင်ဆိုင်တိုက်ခိုက်ရန် အရည်အချင်းရှိသည်။

"မိစ္ဆာ သုံးယောက်ကိုပဲ စောင့်ကြည့်ပေးထား"

လနတ်သားက အေးစက်စက် ပြော၍ အမြှီးသုံးချောင်း နတ်ဆိုး မြေခွေးအဖြစ်သို့ ပြောင်းလဲကာ ဘိုးဘေးကျောင်းတော်၏ အပျက်အစီးများအကြားမှ ပြေးထွက်သွားသည်။ လနတ်သား တိုက်ပွဲအတွင်း ဝင်ရောက်လာခြင်းက နတ်ဆိုးများ၏ စစ်စိတ်ဓာတ်ကို တက်ကြွစေခဲ့ပြီး ကောင်းကင်ဘုံ ခွေးကို သတ်ဖြတ်ခဲ့သော မြင်ကွင်းအား ခုလေးတင် မြင်တွေ့ခဲ့ရသော မရေမတွက်နိုင်သည့် နတ်ဆိုးများ ဟိန်းဟောက်လိုက်ကြသည်။

ဘုန်း

အမြှီးသုံးချောင်း နတ်ဆိုး မြေခွေးက ကောင်းကင်သို့ ခုန်တက်သွားပြီး နတ်ဧကရီထံ ပြေးဝင်တိုက်ခိုက်ကာ မိုးကြိုးများအကြား ရင်ဆိုင်နေခဲ့သဖြင့် ပုံရိပ်များကို ခွဲခြားမရနိုင်ပေ။ သူတို့၏ တိုက်ပွဲက အလွန် ပြင်းထန်နေပြီး သွေးနီရောင် လျှပ်စီး၊ မီးလျှံများ၊ မုန်တိုင်းများ နှင့် စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်တွင် တဝုန်းဝုန်း ဖျက်ဆီးနေ၍ မည်သူမျှ ချဉ်းကပ်လာရဲမည် မဟုတ်ပေ။

"သူ့ကို ကာကွယ်ပေးကြတာပေါ့"

ကူဧကရာဇ်၊ ကြာနီ နှင့် ခရမ်းရောင်ဧကရာဇ်က အကြည့်ချင်း ဖလှယ်၍ မိစ္ဆာများ ရုတ်တရက် အလစ်ဖမ်း တိုက်ခိုက်လာလျှင် ကာကွယ်ပေးရန် ပြင်ဆင်ထားကြသည်။ အကယ်၍ မိစ္ဆာများ မပေါ်လာခဲ့လျှင် သူတို့ အားလုံးက အရုဏ်တက်နတ် ဧကရီကို အတူတကွ တိုက်ခိုက်ရလိမ့်မည်။

"အရုဏ်တက်နတ်ဧကရီက အဓိက ရန်သူပဲ။ တကယ်လို့ သူမကို သတ်နိုင်ခဲ့ရင်၊ လူသား စစ်တပ်ရဲ့ စိတ်ဓာတ် ပျက်စီးသွားလိမ့်မယ်"

ခရမ်းရောင်ဧကရာဇ်က နှာခေါင်းရှုံ့၍

ကူဧကရာဇ် နှင့် ကြာနီက တိတ်ဆိတ်နေသော်လည်း မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်ဖြင့် နီရဲနေသည်။ ထိုအချိန်၌ သွေး နဂါးတစ်ကောင်က သွေးအိုင်များ နှင့် အလောင်းများအကြားမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ရှေ့တွင် စစ်မင်းသမီးအဖြစ် ပြောင်းလဲသွားကာ မျက်ဝန်းများ သွေးနီရောငိ တောက်ပ၍ လွှမ်းမိုးနိုင်စွမ်းရှိသော မိစ္ဆာဆန်ဆန် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ သူမ ထွက်လာသည့် အခိုက်အတန့်တွင် အနက်ရောင် မကောင်းဆိုးဝါး အငွေ့က တိုက်ပွဲမြေပြင်ကို ဖြတ်သန်းသွား၍ နတ်ဆိုး စွမ်းအင်ထက် ပို၍ ပြင်းထန်ပေသည်။

"စစ်မင်းသမီး"

ကူဧကရာဇ်၊ ကြာနီ နှင့် ခရမ်းရောင်ဧကရာဇ်တို့ အားလုံး မျက်နှာထား အေးစက်သွားကြပြီး မျက်မှောင်ကြုတ်သွားသည်။

"မင်္ဂလာ နံနက်ခင်းပါ"

စစ်မင်းသမီးက ယုံကြည်မှုရှိစွာ ရပ်နေရင်း နှုတ်ဆက်ခဲ့ပြီး သူမ၏ အမူအရာသည် တိုက်ပွဲမြေပြင်၏ ရက်စက်ကြမ်းကြုတ်သော နောက်ခံမြင်ခွင်း၌ သက်သောင့်သက်သာ ရှိနေပုံရသည်။ ကူဧကရာဇ် နှင့် ကြာနီက အချင်းချင်း ကြည့်၍ လနတ်သားမှာ အခြေအနေကို ခဏတာ ထိန်းသိမ်းနိုင်ပုံရသောကြောင့် လေးနက်စွာ စကားစလိုက်၏။

"စစ်မင်းသမီး၊ ငါတို့ကြားမှာ နားလည်မှုလွဲနေတာ ရှိသလား။ ငါတို့ နတ်ဆိုး မျိုးနွယ်က အရှင်မကို အမြဲတမ်း လေးစားခဲ့ပါတယ်၊ အရှင်မနဲ့ ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး"

"နားလည်မှုလွဲတာ မရှိဘူး။ အစကတည်းက ငါ မင်းတို့ နတ်ဆိုးအားလုံးကို ချေမှုန်းပစ်ချင်ခဲ့တာပဲ"

စစ်မင်းသမီးက မောက်မာစွာ ပြုံး၍ မျက်ဝန်းလေးများ ခပ်ညစ်ညစ်ဟန်ပန်နှင့် တောက်ပနေသည်။

"ဘာကြောင့်လဲ။ တကယ်လို့ အရှင်မက အင်မော်တယ်နတ်ပြည်ထောင် သုံးခုလုံးကို လိုချင်ရင်တောင် ညှိနှိုင်းနိုင်ပါတယ်"

"ငါ နတ်ဘုရားတိုက်ကြီး တစ်ခုလုံးကို လိုချင်တယ်"

သူမ၏ အသံက အေးစက်တင်းမာသွားကာ ကူဧကရာဇ် နှင့် ကြာနီ၏ မျက်နှာများလည်း မည်းနက်သွားသည်။

"ငါ ဒီ နတ်ဘုရားတိုက်ကြီးမှာ လူသားမျိုးနွယ်ကို သွေးဘဏ်တစ်ခုအဖြစ် တည်ထောင်ဖို့ ကြံစည်ထားတယ်။ မင်းတို့လို သားရဲတစ်အုပ်က ဘာ အသုံးဝင်မှာလဲ။ ငါ့မျိုးနွယ်နဲ့ လူသား သွေးအတွက် ယှဉ်ပြိုင်ချင်တာလား"

"ဒါပေမယ့် ငါတို့က အရှင်မကို မိတ်ဆွေ အဖြစ် အမြဲတမ်း သတ်မှတ်ထားတာပဲ"

ကြာနီ၏ မျက်လုံးများက သွေးရောင် နီရဲနေသည်။

" မင်းတို့က ကိုယ့်ကိုကိုယ် အထင်ကြီးနေကြတယ်ပေါ့၊ ဟမ်။ သားရဲတွေက သားရဲတွေပဲ တန်းလာမညှိနဲ့"

စစ်မင်းသမီးက နှာခေါင်းရှုံ့၍ နောက်တစ်ကြိမ် စော်ကားလိုက်သောအခါ အစိတ်ရှည်ဆုံး လူစားမျိုးပင် ကန့်သတ်ချက်သို့ ရောက်ရှိသွားပေလိမ့်မည်။ ကူဧကရာဇ် နှင့် ကြာနီသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေကို အိမ်ထဲ့ထိ ခေါ်သွင်းမိကြောင်း နားလည်သွားသဖြင့် သေသည်အထိ တိုက်ခိုက်ရန်မှလွဲ၍ ရွေးစရာ မရှိတော့ပေ။

"စစ်မင်းသမီး၊ အရှင်မရဲ့ လောဘက နည်းနည်း များလွန်းမနေဘူးလား။ အရှင်မ သိတဲ့အတိုင်း နတ်ဆိုးတိုက်ကြီးက အဆုံးမဲ့ ငရဲပြည်ကို တံခါးဖွင့်ထားရင်တောင် မိစ္ဆာမျိုးနွယ်ရဲ့ အစွမ်းထက် စစ်သည်တွေ အများအပြား ဒီဘက်ကို မလာနိုင်ဘူး"

ကူဧကရာဇ်က ခြိမ်းခြောက်ရန် ကြိုးစားနေသည်။

"မင်းလို သာမန် အင်းဆက်ပိုးတစ်ကောင်က မိစ္ဆာတွေကို သတ်နိုင်မယ်လို့ ထင်နေတာလား။ မင်း ငါ့ရဲ့ ဂုဏ်သတင်းကြီးတဲ့ အဆင့်အတန်းကို သိပြီးတာ​တောင် ဖမ်းဆီးဖို့ ကြံစည်နေတယ်။ အဆုံးမဲ့ ငရဲပြည် တစ်ခုလုံးကို ခြိမ်းခြောက်တယ်။ယုတ်ညံ့တဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ အသက်ရှင်ကျန်ရစ်ချင်လို့ အပေးအယူ လုပ်နေတာပေါ့"

စစ်မင်းသမီးက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့သည်။

"သူမက အရမ်း ယုံကြည်မှု ရှိလွန်းတယ်။ ငါတို့ ဒါကို မြန်မြန် လုပ်လိုက်ရအောင်"

ကူဧကရာဇ်က ခရမ်းရောင်ဧကရာဇ်ကို မျက်လုံးဖြင့် အချက်ပြ၍ ဧကရာဇ် နယ်ပယ် ကျင့်ကြံသူ သုံးယောက်က တုံ့ဆိုင်းခြင်း မရှိဘဲ တိုက်ခိုက်လိုက်သည်။ အစိမ်းရောင် အဆိပ် မြူခိုးတစ်ခု ကူ ဧကရာဇ်ထံမှ ထွက်လာပြီး အဆိပ် နတ်ဆိုးတစ်ကောင်ဖြစ်၍ သူ၏ တည်ရှိမှုသက်သက်ကပင် ထောင်ပေါင်းများစွာသော စစ်သည်များနှင့် တိုက်ခိုက်ရေးစွမ်းအား တူညီသည်။ သူက အစိမ်းရောင် အင်းဆက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော အပေါက်များဖြင့် ပြည့်နှက်နေကာ စေးကပ်ကပ် အရည်များ စီးကျနေသည်။ ထိုအရည်မှ ထူးထူးဆန်းဆန်း ပုံသဏ္ဌာန် အင်းဆက်များစွာ ထွက်လာပြီး နကျယ်ကောင်များနှင့် ဆင်တူသကဲ့သို့ အချို့မှာ အတောင်ပံများ ရှိသည်။ အချို့မှာ ဧရာမ သွားများ ရှိ၍ တခဏအတွင်း အင်းဆက် သန်းပေါင်းများစွာ မွေးဖွားလာကာ အဆုံးမရှိသော ပိုးကောင် ပင်လယ်တစ်ခု ဖွဲ့စည်း၍ စစ်မင်းသမီးထံ အလုံးအရင်း ချီတက်လာသည်။ ဤတိုက်ကွက်မျိုးကို ကျင့်ကြံသူတစ်ယောက်တည်းအပေါ် မဟုတ်ဘဲ ကိုးကောင်းကင် အင်မော်တယ် စစ်တပ်အပေါ် ထုတ်လွှတ်ခဲ့လျှင် ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်သည်။ ကူဧကရာဇ်သည် ကြောက်မက်ဖွယ် နတ်ဆိုးတစ်ဦးသာမက လူသား မျိုးနွယ်အတွက် အိပ်မက်ဆိုးတစ်ခုပမာ အလွန် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ သူက အင်းဆက်များ ပိုမို မွေးထုတ်ပြီး စစ်မင်းသမီးမှာ ပိုးကောင်များအကြား နစ်မြုပ်သွားသောအခါ ကြာနီသည် ဆွဲဆောင်မှုရှိသော သွေး ကြာပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။ သူမက မြေကြီးတွင် အမြစ်တွယ်လိုက်သည်နှင့်တပြိုင်နက် မရေမတွက်နိုင်သော သွေးရောင် နွယ်များ အပြင်ဘက်သို့ ဆန့်ထွက်လာကာ စစ်မင်းသမီးပတ်ပတ်လည် မီတာ ရာပေါင်းများစွာကို ယှက်နွယ်သွား၏။

သွေးကြာပန်းများစွာ မြေကြီးမှ ပေါက်လာ၍ ကြက်သွေးရောင် လက်တံများကဲ့သို့ တိုက်ခိုက်လာသဖြင့် ဤနတ်ဆိုးဧကရာဇ် နှစ်ပါး၏ နည်းဗျူဟာများသည် ကြမ်းကြုတ်ရက်စက်လွန်းသည်။ ထိုအချိန်၌ ခရမ်းရောင်ဧကရာဇ်သည် တာအို ဂါထာ ရွတ်ဆိုပြီး ခရမ်းရောင် မုန်တိုင်း ဖီးနစ်ငှက်တစ်ကောင် ဖန်တီးကာ စစ်မင်းသမီးအနား ချဥ်းကပ်စေ၏။

"ပိုးကောင်တစ်ကောင်၊အပင်တစ်ပင်နဲ့ သွေးကျွန်တစ်ယောက်က မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်တိုက်ခိုက်ရဲသလား"

သူမက နှာခေါင်းရှုံ့၍ ကပ်ဘေးသွေးကျင့်စဥ်အားကိုးဖြင့် သွေး နဂါးများ ဖန်တီး၍ လက်ထဲတွင် သွေးနီရောင်ဆူးများဖြင့် ပြည့်နှက်နေသော ကြာပွတ်တစ်ချောင်း ပေါ်ထွက်လာပြီး ၎င်း၏ ထိပ်ဖျားမှာ လှံကဲ့သို့ ချွန်ထက်ပေသည်။အင်းဆက် ပင်လယ်၊ သွေး ကြာပန်းများ နှင့် ခရမ်းရောင် မုန်တိုင်း ဖီးနစ်ငှက်ကို ရင်ဆိုင်ရာ၌ သူမက အေးစက်စက် ရယ်မောနေပြီး သေစေနိုင်သော ကြက်သွေးရောင် အရှိန်အဝါဖြင့် လွှမ်းခြုံနေသည်။ သူမက သွေး ယဇ်ပူဇော်ခြင်းဖြင့် နဂါး ဝင်သက် ထုတ်လွှတ်လိုက်သောအခါ ကပ်ဘေး မိစ္ဆာ သွေးမှ အားဖြည့်ပေးထားသောကြောင့် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပိုင်ဆိုင်ပြီး ကူဧကရာဇ်ထံ ပြေးဝင်တိုက်ခိုက်စေခဲ့သည်။

ကူဧကရာဇ်ကဲ့သို့ သတ္တဝါတစ်ကောင်အတွက် ထင်ရှားသော အားနည်းချက်တစ်ခု ရှိ၍ လူတိုင်း သိရှိထားသည့်တိုင်အောင် အသုံးမဝင်ပေ။ သူက ကိုယ့်ကိုကိုယ် ကာကွယ်ရန် နည်းလမ်း ရှိပြီး အင်းဆက်များဖြင့် နဂါးတစ်ကောင်ပမာ ဖွဲ့စည်းကာ နဂါးဝင်သက်နှင့် ရင်ဆိုင်ခဲ့၏။

ဘုန်း

အင်းဆက်များစွာ သေဆုံးသွားသဖြင့် စူးရှသော ငိုညည်းသံသဲ့သဲ့ ထွက်ပေါ်လာပြီး အစိမ်းရောင် အင်းဆက်နဂါးသည် ကပ်ဘေး မိစ္ဆာသွေး၏ စွမ်းအားအောက်တွင် လောင်ကျွမ်းပြီး ပြိုလဲသွားသည်။

"သူမ ဒီလောက် အားကောင်းတာလား"

ကူဧကရာဇ်၏ မျက်နှာက အံ့ဩတကြီးဖြစ်နေကာ အဆုံးမဲ့ ငရဲပြည်၏ စစ်မင်းသမီးမှာ အစောပိုင်းအဆင့် ဧကရာဇ် နယ်ပယ်တွင်သာ ရှိသော်လည်း ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိနေ၏။ ၎င်းမှာ နောက်ပိုင်းအဆင့် ဧကရာဇ် နယ်ပယ်နှင့် ယှဉ်နိုင်ရုံတင်မက၊ ကပ်ဘေး မိစ္ဆာသွေးကိုလည်း ပိုင်ဆိုင်ထားသဖြင့် အင်းဆက်များကို အလွယ်တကူ ဆန့်ကျင်နိုင်ခဲ့သည်။

"ကြာနီ၊ ခရမ်းရောင်ဧကရာဇ်၊ ငါ့​ကို ကူညီပါဦး"

ကူဧကရာဇ်က တည်တည်ငြိမ်ငြိမ်ဖြင့် အင်းဆက်များ ပို၍ ဆင့်ခေါ်ပြီး စစ်မင်းသမီးကို တိုက်ခိုက်ရန် နှင့် ကိုယ့်ကိုကိုယ် ဆက်လက် ကာကွယ်ရန် ဖြစ်၏။

တောက်ပနီရဲသော ကြာပန်းမှာ စစ်မင်းသမီး၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ထိတ်လန့်သွားပြီး ထိုးစစ်ဆင်လိုက်ရာ စစ်မင်းသမီး၏ ခြေဖဝါးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော နွယ်ပင်များ နှင့် ကြာပန်းများ တိုးထွက်လာ၍ ပြေးဝင်တိုက်ခိုက်ခဲ့၏။ ကြာနီ၏ စွမ်းရည်မှာ အခြေခံအားဖြင့် သွေးစုပ်ခြင်း ဖြစ်၍ စစ်မင်းသမီးနှင့် ဆင်တူသောကြောင့် ပုံမှန်အားဖြင့်ဆိုလျှင် ချွန်ထက်သော နွယ်ပင်များ နှင့် ကြာပန်းများက သက်ရှိ ခန္ဓာကိုယ်တစ်ခုကို ထိုးဖောက်ဝင်ရောက်ပြီးနောက် လျင်မြန်စွာ စုပ်ယူကာ ခြောက်သွေ့သွားစေနိုင်သည်။

"ကပ်ဘေး မိစ္ဆာရှေ့မှာ သွေးနဲ့ ကစားချင်နေတာလား"

စစ်မင်းသမီးက လှောင်ရယ်၍ ယွမ်ရှောင်၏ သွေးကျွန်ဘဝကို အပြည့်အဝ လက်ခံလိုက်ပြီဖြစ်သည်။ သူမက ကြာပွတ်ကို ယမ်း၍ ပတ်ဝန်းကျင်မှ ကြာပန်းများကို တိုက်ခိုက်ပြီး လောင်ကျွမ်းစေကာ တစ်ချက်တည်းဖြင့် ရှင်းပစ်လိုက်ကာ သွေးစွမ်းရည်အချင်းချင်း ကပ်ဘေးမိစ္ဆာသွေးက ဖိနှိပ်နိုင်သောကြောင့်ပင်။ ကူ ဧကရာဇ်နှင့်နှိုင်းယှဉ်လျှင် ကြာနီက ကပ်ဘေး မိစ္ဆာသွေး၏ စွမ်းအားကို ပို၍ပင် ကြောက်ရွံ့ရပေလိမ့်မည်။ ထို့ကြောင့် ကြာနီ၏ တိုက်ကွက်မှာ စစ်မင်းသမီး၏ ကြာပွတ် တစ်ချက်တည်းဖြင့် အားစိုက်ထုတ်စရာမလိုဘဲ ဖျက်ဆီးခံခဲ့ရပြီး သွေးနဂါးမှာ ကူဧကရာဇ်ထံ ဆက်လက်တိုးဝင်လာနေသည်။ ကူဧကရာဇ်မှာ မျက်မှောင်ကြုတ်ပြီး နောက်ဆုတ်ရုံသာ တတ်နိုင်၍ မြေရှိုးနေစဉ် နဂါးဝင်သက်ကို တန်ပြန်တိုက်ခိုက်ရန် အင်းဆက်များ ပိုမို ဆင့်ခေါ်နေရသည်။

"ခရမ်းရောင်ဧကရာဇ်။ မင်း တိုက်ခိုက်ဖို့ အလှည့်ကျပြီ"

သူက တစ်ဖက်လူကို အချိန်ဆွဲခိုင်းရန် စဥ်းစားထားပြီး နတ်ဆိုးသူတော်စင်များနှင့်အတူ ဆုတ်ခွာရန် အချိန်ရှိသေး၏။

"ကောင်းပြီ"

ခရမ်းရောင်ဧကရာဇ်က ကူဧကရာဇ်၏အနောက်တွင် တည့်တည့်ကြီး ရပ်နေပြီး စစ်မင်းသမီးကို စိုက်ကြည့်နေသော်လည်း ကောက်ကျစ်စွာ ပြုံး၍ အခွင့်အရေး ရလိုက်သည်။ အထူးသဖြင့် ဧကရာဇ်များ၏ တိုက်ပွဲတွင် အင်းဆက်များ၊ သွေးကြာပန်းများ နှင့် သွေးမြူခိုးများဖြင့် ပြည့်နှက်နေသောကြောင့် အပြင်လူများ ထိုးဖောက်မမြင်နိုင်ပေ။

ခရမ်းရောင်ဧကရာဇ်၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲ၍ ခရမ်းရောင် မုန်တိုင်း ဖီးနစ်ငှက်ကို ထိန်းချုပ်ကာ ကူဧကရာဇ်၏ အစစ်အမှန်ကိုယ်ပေါ်သို့ ပစ်ခတ်ခဲ့သည်။ ၎င်းမှာ ထောင်ပေါင်းများစွာသော ဓားသွားများပမာ ကူဧကရာဇ်၏ အသွေးအသား ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်၍ အစိမ်းရောင် သွေးများ ပန်းထွက်လာခဲ့သည်။

ကူဧကရာဇ်သည် စစ်မင်းသမီး၏သွေး ပညာများကို တန်ပြန်တိုက်ခိုက်ရန် အာရုံများနေစဥ် လုပ်ကြံခံရမည်ဟု လုံးဝထင်မထားပေ။

"ခရမ်းရောင်ဧကရာဇ်၊ မင်း..."

ထိုအခိုက်အတန့်တွင် သူ၏ဝိညာဉ် ပြင်းထန်စွာ တုန်လှုပ်သွားကာ နှာခေါင်းရှုံ့နေသော ခရမ်းရောင်ဧကရာဇ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေရင်း မြင်ကွင်း၌ သွေးနီရောင်ဖုံးလွှမ်းသွားလေသည်။

All Chapters