ငရဲ ကိုးထပ်၏ ထာဝရ ဓားအကျဥ်းထောင်
Vol. 18 Ch. 219
နတ်ဆိုးတိုက်ကြီးသည် ရှေးခေတ်ဟောင်းမှ လွင့်မျောနေသည့် ဖုန်းဆိုးကျတ်တီး ကုန်းမြေထုတစ်ခု ဖြစ်ကာ မြေမျက်နှာသွင်ပြင် ကြမ်းတမ်းသော တောင်တန်းများနှင့် တောရိုင်းများ ပြည့်နှက်နေပြီး မြက်ပင် နှင့် သစ်ပင်များ ဖုံးလွှမ်းနေသည်။ သားရဲများ ကျင်လည်ကျက်စား၍ အသွေးအသားကို ကိုက်ဖြတ် စားသုံးပြီး အလွန် ခြောက်သွေ့သော သဲကန္တာရများအတွင်း ရေကဲ့သို့ ရှားပါးသော မြို့ကြီးများစွာ ရှိသည့် နယ်မြေတစ်ခုတွင် အစာအတွက် မာန်ဖီလုယက်နေကြသည်။
နက်ရှိုင်းသော ချောက်ကမ်းပါးများနှင့် မြစ်များအတွင်း မရေမတွက်နိုင်သော နတ်ဆိုး ဂူများ တည်ရှိပြီး တန်ခိုးစွမ်းအားကြီးမားသော နတ်ဆိုးများ အုပ်စုလိုက် အုပ်စိုးကြသည်။ မဟာကပ်ဘေးသည် နတ်ဆိုးတိုက်ကြီး၏ အရှေ့ပိုင်းကို ငရဲတစ်ခုအလား ပြောင်းလဲပစ်လိုက်ပြီး ထိုနေရာ၌ အလယ်တည့်တည့်၌ ဟင်းလင်းပြင်အာကာသ ပျက်စီးသွားကာ ဓားအလင်းတန်းများ တဖြတ်ဖြတ် လက်နေ၏။ ထိုအချိန်တွင် သေးငယ်သော အလင်းဝဲတစ်ခုသည် မုန်တိုင်းထဲမှ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ခါရင်း ဖြစ်ပေါ်လာသည်။
ဘုန်း
တောက်ပသော ဝဲအတွင်းမှ မည်းနက်သော မြွေ အလောင်းတစ်လောင်း ထွက်ကျလာပြီး ၎င်း၏ မျက်လုံးများ ပြူးကျယ်နေကာ ခန္ဓာကိုယ်တစ်ခွင် ကန့်လန့်ဖြတ် ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော ဓားအလင်းတန်းတစ်ခုနှင့်အတူ အဖြူရောင်ဝတ် ပုံရိပ်တစ်ခု လေပွေထဲမှ ထွက်ပေါ်လာပြီး နတ်ဆိုးတိုက်ကြီးထံ ဆင်းသက်လာသည်။ သူက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အဖြူရောင် ဝတ်ဆင်ထားကာ ဤလောကနှင့် မအပ်စပ်သော ဟန်ပန်အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၍ လောကကြီးတစ်ခုလုံး ပိုင်ဆိုင်ထားသကဲ့သို့ မောက်မာစွာ လက်နောက်ပစ်ထားသည်။ ခြေဖဝါးအောက်တွင် ဓားပျံတစ်စင်း လွင့်မျောနေပြီး အလွန် များပြားသော ဓားအော်ရာ နှင့် ဓားစက်ကွင်းများစွာ ဝန်းရံထားသော်လည် မြူခိုးများ ပတ်ပတ်လည်တွင် ဖုံးလွှမ်းနေသောကြောင့် အရေအတွက်အတိအကျ မမြင်နိုင်ချေ။ သို့သော် အလွန် များပြားကြောင်း သေချာပေသည်။
"ဒီတိုက်ကြီးက"
အဖြူရောင်ဝတ် ဓားသမားက နတ်ဆိုးတိုက်ကြီးတစ်ခုလုံးကို စူးရှပြီး ထိုးဖောက်နိုင်သော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်ရင်း စူးစမ်းနေသည်။
"ဆရာ၊ ကျွန်မကို စောင့်ပါဦး"
နောက်ထပ် ဓားအလင်းတန်းတစ်ခု ထိုဝဲအတွင်းမှ ထိုးဖောက်ဝင်ရောက်လာပြီး ဆွဲဆောင်မှုရှိပြီး ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ယောက်သည်လည်း ဓားစက်ကွင်း လေးခုနှင့် ဓားအော်ရာ ၆၀၀ ကျော်ရှိသည့် ဓားပျံတစ်လက် စီးနင်းရောက်ရှိလာ၏။ သူမက တက်ကြွနေပြီး ကြီးမားထင်ရှားသော အပြာရောင် လေးတစ်လက်ကို ကျောတွင် သယ်ပိုးထားသည်။
"ဟင်၊ အတားအဆီးကို ချိုးဖျက်ပြီးတော့ နောက်ထပ်တိုက်ကြီးတစ်ခု ငရဲ ကိုးထပ် အလွှာထဲမှာ ပေါ်လာတာလား။ ဘယ်လိုဖြစ်သွားတာလဲ"
အဖြူရောင်ဝတ် အမျိုးသားအနား ရောက်သောအခါ လေးကိုင်ထားသော မိန်းကလေးသည် နတ်ဆိုးတိုက်ကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ပြီး စိတ်ရှုပ်သော လေသံဖြင့် ပြောလာသည်။
"ဒီနေရာက အင်မော်တယ် ချီစွမ်းအင် တော်တော်လေး နည်းပါးတယ်။ အကြွင်းအကျန် နတ်ဆိုးတချို့ နေထိုင်ရာ ဖြစ်ပုံရပေမယ့် သူတို့က အရေးမကြီးပါဘူး"
အဖြူရောင်ဝတ် ဓားသမားက ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
"ဒါဆိုရင် အလားအလာ မကောင်းဘူးထင်တယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တယ်။ ဒါက အညစ်အကြေးနဲ့ အပျက်အစီးတွေ နေထိုင်ရာပဲ"
မိန်းကလေးက အလိုမကျဟန်ဖြင့် နှုတ်ခမ်းဆူသည်။ အဖြူရောင်ဝတ် အမျိုးသားက တုံ့ပြန်ခြင်း မရှိဘဲ ဓားပျံကို ရုတ်သိမ်းပြီး မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။
"ဆရာ၊ ကျွန်မ ဓားနှစ်ခြင်း အခမ်းအနားကို တက်ရောက်ဖို့ အလျင်လိုနေတယ်။ ထာဝရ ဓားအကျဉ်းထောင်ကို ပြန်ကြရအောင်နော်"
မိန်းကလေးက ဤတိုက်ကြီးကို စူးစမ်းရန် စိတ်မပါဖြစ်နေပုံရသည်။
"ငါတို့မှာ အချိန်အများကြီး ရှိပါတယ်။ အလျင်စလို မလုပ်နဲ့"
အဖြူရောင်ဝတ် အမျိုးသားက ကြမ်းတမ်းသော တောတောင်ရေမြေများအထက်မှ ဖြတ်သန်းရင်း တားဆီးခဲ့သည်။
"ဟုတ်ကဲ့"
မိန်းကလေးက သူ့နောက်သို့ လိုက်ပါသွားသော်လည်း မြေကြီးကို ထိတွေ့ရမည့် အစား နတ်ဆိုးတိုက်ကြီး၏ လေထုမှ ကိုယ့်ကိုကိုယ် သီးခြားခွဲထုတ်ရန် မှော် အတားအဆီးတစ်ခုကို အသုံးပြုခဲ့သည်။ သူမက အညစ်အကြေး နှင့် အနံ့ဆိုးများကြောင့် ဤမြေပြင်ကို လုံးဝ မနှစ်သက်ပေ။
"ချန်တိ၊ ဒီကို လာခဲ့"
အဖြူရောင်ဝတ်လူက ရုတ်တရက် ခေါ်လိုက်သည်။
"ဆရာ"
ချန်တိက စိတ်ရှုပ်သော အကြည့်မျိုးဖြင့် ချဉ်းကပ်လာသည်။
"ဒီ မြေကြီးကို ကြည့်စမ်း"
ထိုလူ၏ မျက်လုံးများက စိတ်အားထက်သန်စွာ တောက်လောင်နေပြီး ချန်တိသည် ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အညစ်အကြေးကင်းစင်သော မြေတစ်ကွက်ကို မြင်လိုက်ရပြီး ခရမ်းရောင် သလင်းကျောက်အလွှာတစ်ခု ရိုးတိုးရိပ်တိတ် ထွက်ပေါ်နေ၏။
"ဒါက အင်မော်တယ် သလင်းကျောက် သွေးကြောလား"
သူမ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသော်လည်း အံ့ဩတကြီး ဖြစ်သွားလောက်အောင် အဖြူရောင်ဝတ်လူက ခေါင်းယမ်းပြခဲ့သည်။
"မဟုတ်ဘူး"
"ဒါဆိုရင် တန်ဖိုးမရှိဘူး"
အဖြူရောင်ဝတ်လူက စကားတစ်ခွန်းမှ ထပ်မပြောဘဲ သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ မြေကြီးသည် လှိုင်းများကဲ့သို့ လွင့်ထွက်သွားကာ ခရမ်းရောင် သလင်းကျောက်အလွှာ ထွက်ပေါ်လာသည်။
"မင်းရဲ့ ဓားဝိညာဉ်နဲ့ တိုက်ခိုက်ကြည့်စမ်း"
သူက ရုတ်တရက် ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
ချန်တိက ခေါင်းညိတ်၍ ဓားပျံကို ဓားရှည်အဖြစ် ပြောင်းလဲကာ မြေပြင်အား ပြင်းထန်စွာ ထိုးစိုက်ပစ်ခဲ့သဖြင့် ထန်ခနဲ မြည်သံနှင့်အတူ မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။
"အင့်"
သူမက မျက်မှောင်ကြုတ်၍ ညည်းတွားနေပြီး ဓားဝိညာဉ်မှာ ခရမ်းရောင် သလင်းကျောက် မျက်နှာပြင်ပေါ်တွင် ခြစ်ရာတစ်ခုပင် မပြုလုပ်နိုင်ခဲ့ပေ။
"အမြင့်ဆုံးအဆင့် အင်မော်တယ် သလင်းကျောက်တွေတောင် ဒီလောက် မမာဘူး…"
ချန်တိက မယုံကြည်နိုင်ဟန် ရေရွတ်လိုက်၏။
ထန်
အဖြူရောင်ဝတ်လူကလည်း သူ၏ ဓားဝိညာဉ်ဖြင့် ခရမ်းရောင် သလင်းကျောက် မြေပြင်ကို ခုတ်ပိုင်းလိုက်သော်လည်း ပြန်ကန်ထွက်လာခဲ့သည်။
" ဆရာတောင် အမှတ်အသား မချန်ထားနိုင်ဘူးလား။ ဒီမြေကြီးက ဘာနဲ့ လုပ်ထားတာလဲ"
ချန်တိ၏ မျက်လုံးများ အံ့ဩတကြီး ပြူးကျယ်လာသည်။
"ဒီမြေကွက်တစ်ကွက်တည်း မဟုတ်ဘူး။ တိုက်ကြီးတစ်ခုလုံးရဲ့ ဗဟိုအူတိုင်က ဒီ ပစ္စည်းနဲ့ ဖန်တီးထားတာ"
အဖြူရောင်ဝတ်လူက ဓားဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းလိုက်သော်လည်း သိသိသာသာ တုန်လှုပ်နေပြီး တပည့်မဘက်လှည့်ကြည့်ကာ ရှင်းပြခဲ့သည်။
"တိအာ၊ မင်း ကောင်းကင်ဘုံ နယ်မြေရဲ့ ဒဏ္ဍာရီကို ကြားဖူးလား"
"ကောင်းကင်ဘုံ နယ်မြေလား။ ဒဏ္ဍာရီအရ ငရဲ ကိုးထပ်နယ်မြေရဲ့ ငရဲ ကိုးထပ်ဟာ ကောင်းကင်ဘုံ နယ်မြေကနေ ဆင်းသက်လာတယ်၊ ဒါက ကျွန်မတို့ နယ်ပယ်ရဲ့ အခြေခံအုတ်မြစ်လား"
"မှန်တယ်"
အဖြူရောင်ဝတ်လူက အတွေးနက်နေရာမှ ခေါင်းညိတ်ပြလိုက်သဖြင့် ချန်တိ ခဏတာ မင်သက်သွားသည်။ ထို့နောက် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူမက တစ်ချက်ပြုံး၍ ခေါင်းခါခဲ့သည်။
"ဆရာ၊ ဒါက ဒဏ္ဍာရီတစ်ခုပါပဲ။ ငရဲ ကိုးထပ် နယ်ပယ်ရဲ့ လောကလွှာတစ်ခုသက်သက် ဖြစ်ရမယ်။ ပြီးပြည့်စုံတဲ့ လောကတစ်ခုတောင် မဟုတ်ဘူး။ ကောင်းကင်ဘုံ နယ်မြေက ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် တည်ရှိနိုင်မှာလဲ"
"ဒီလောက်ထိကြာအောင် ရှာမတွေ့ဘဲ ကျန်နေခဲ့တဲ့ အကြောင်းအရင်းလည်း ဖြစ်နိုင်တယ်…"
အဖြူရောင်ဝတ်လူက ကျယ်ဝန်းသော နယ်မြေကို စူးစမ်းနေစဉ် တောက်ပစပြုလာသည်။
"ငရဲ ကိုးထပ်ရဲ့ အချုပ်အခြာအာဏာအတွက် တိုက်ပွဲမှာ ဓားတာအို အထွတ်အထိပ် ရောက်ရှိခဲ့တယ်။ တကယ်လို့ ဒါက အမှန်တကယ် ကောင်းကင်ဘုံ နယ်မြေ ဖြစ်ခဲ့ရင် ဒီတစ်ကြိမ်တိုက်ပွဲမှာ ငါတို့ရဲ့ ထာဝရ ဓား အကျဉ်းထောင်က ရှေ့ဆုံးရောက်စေရမယ်"
ချန်တိသည် အာဏာအတွက် တောက်လောင်နေသော သူ၏ ရည်မှန်းချက်ကို ကောင်းစွာ နားမလည်နိုင်ခဲ့ပေ။ ကောင်းကင်ဘုံ နယ်မြေက အမှန်တကယ် မည်သည်ကို ဆိုလိုသည်ကြောင်း သူမ ဉာဏ်မမီ ဖြစ်နေသည်။
"ဆရာ၊ ပျက်စီးနေတဲ့ ဒီနယ်မြေမှာ ဘာမှ မရှိဘူး။ ဒါက ဘာ အသုံးဝင်နိုင်မှာလဲ"
သူမက ခပ်တိုးတိုး မေးလိုက်ခြင်း ဖြစ်သည်။
"ကောင်းကင်ဘုံ နယ်မြေရဲ့ အံ့ဩဖွယ်ရာတွေက မင်း တွေးကြည့်နိုင်တာထက် ကျော်လွန်နေတယ်။ ဒါကို ဖြည်းဖြည်းချင်း တူးဖော်ဖို့ လိုအပ်တယ်။ ဒါ မရှိရင် ငရဲ ကိုးထပ်လည်း မရှိဘူး။ ငရဲ ကိုးထပ်ရဲ့ အခြေခံအုတ်မြစ်အနေနဲ့ ဒါက အရာအားလုံးပဲ"
"ဒါက တကယ် အဲ့လောက် ထူးခြားလို့လား။ ဆရာ၊ ဒါဆိုရင် ဒီသတင်းအချက်အလက်ရဲ့ တန်ဖိုးက မယုံနိုင်လောက်အောင် မြင့်မားရမယ်၊ ဟုတ်တယ်မလား"
"ငါ ထာဝရ ဓား အကျဉ်းထောင်ကို ချက်ချင်း အကြောင်းကြားလိုက်မယ်"
အဖြူရောင်ဝတ်လူက ချန်တိ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းနာမည်လည်း ပါဝင်မှာပါ။ ဒါပေမယ့် မင်း ပြန်ရောက်ရင် ပါးစပ်ပိတ်ထားပြီး အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရမယ်"
"ကျေးဇူးတင်ပါတယ်၊ ဆရာ"
ချန်တိ၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပလာသည်။
"ပြီးတော့ မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ"
အဖြူရောင်ဝတ်လူက လက်ကို သူမ၏ ပခုံးမှ ပါးပြင်အထက်သို့ ရွှေ့လိုက်ပြီး ကလူကျီစယ်ဟန်ဖြင့် ဆွဲညှစ်လိုက်သဖြင့် သူမကို ခေါင်းငုံ့သွားစေသည်။
"ဒီညအတွက် လိမ္မာရမယ်။ နားလည်လား"
သူက ချန်တိ၏ ငယ်ရွယ်သော မျက်နှာကို တဏှာခိုးဝေနေသော မျက်လုံးများဖြင့် ကြည့်နေသည်။
"ဟုတ်ကဲ့"
"စိတ်မပူပါနဲ့၊ မင်း လိမ္မာသရွေ့၊ မုဟန်က ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး"
"ဟုတ်ကဲ့"
ထိုစကားကြောင့် သူမအပေါ် စိတ်နှစ်ထားပြီး တက်ကြွရွှင်လန်းသော လူငယ်လေးအကြောင်း တွေးမိလိုက်သော်လည်း သူမ လိုချင်သော အနာဂတ်ကို ပေးစွမ်းနိုင်သူ မဟုတ်ချေ။
"အရင်ဆုံး ဒီနေရာမှာ တခြား ဝင်ပေါက်တွေ ရှိသေးလား ရှာကြည့်ရအောင်"
အဖြူရောင်ဝတ်လူက ဓားပျံပေါ်သို့ ခုန်တက်၍ ထွက်ခွာရန် အသင့်ပြင်ထားသည်။
"တခြား ငရဲ ရှစ်ထပ်ကရော ဒီနေရာကို ရှာတွေ့သွားပြီလို့ ဆရာ ထင်လား"
"ပြောရခက်တယ်။ ဒီနေရာက ထာဝရ ဓား အကျဉ်းထောင်နဲ့ အဆုံးမဲ့ ငရဲပြည်ကြားက အလွှာတစ်ခုပဲ။ ငါတို့ဘက်မှာ အတားအဆီး ကျိုးပျက်သွားခဲ့တယ်။ ဒါကြောင့် အဲ့ဒီ ယုတ်မာတဲ့ မိစ္ဆာမျိုးနွယ်လည်း ဝင်ပေါက်တစ်ခု ရှာတွေ့သွားနိုင်တယ်…"
အဖြူရောင်ဝတ်လူက အေးစက်စက် ဖြေပြီးနောက် ဓားပျံကိုယ်စီဖြင့် ခရီးနှင်ခဲ့ရာ
နာရီအနည်းငယ်အတွင်း မရေမတွက်နိုင်သော ဒေသများကို စူးစမ်းရှာဖွေခဲ့၍ နတ်ဆိုးအချို့ကို စစ်ဆေးမေးမြန်းခဲ့ကြသည်။
"ကျန်ငရဲ ရှစ်ထပ်ဆီက သတင်းအစအန မကြားရသေးဘူး"
အဖြူရောင်ဝတ်လူက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
"ဒီအောက်မှာ တခြား တိုက်ကြီးတစ်ခု ရှိတယ်လို့ ပြောကြတယ်။ သူတို့က စစ်ဖြစ်နေကြတာလား။ ငါတို့ လူသားမျိုးနွယ်ရော ရှိနေတာများလား"
ချန်တိက အနံ့အသက်ဆိုးရွားသော နတ်ဆိုးတိုက်ကြီးတွင် အချိန်ကြာမြင့်စွာ နေရသည့်အတွက် စိတ်မရှည် ဖြစ်လာသည်။
"အောက်မှာ ဓားကျင့်ကြံသူတွေရော ရှိပါ့မလား ငါ တွေးမိတယ်။ အဲ့ဒီ အောက်က နယ်မြေမှာ အင်မော်တယ် စွမ်းအင် အရှိန်အဝါ ပိုများပြားပုံရတယ်"
"ဓားကျင့်ကြံသူတွေ ရှိရင်တောင်၊ သူတို့ရဲ့ အဆင့်တွေက သိပ်မြင့်မှာ မဟုတ်ပါဘူး"
ချန်တိက အထင်သေးစွာ မှတ်ချက်ပေးခဲ့သည်။
"သွားကြည့်ကြတာပေါ့"
ဓားအလင်းတန်း နှစ်ခုက ကောင်းကင်မှ ထိုးဆင်းလာပြီး သူတို့၏အရှိန်သည် နတ်ဆိုးစစ်တပ်၏ ချီတက်နှုန်းထက် များစွာသာလွန်၍ မယုံနိုင်လောက်သော အရှိန်ဖြင့် တိမ်တိုက်များကို ထိုးဖောက်ဝင်ရောက်သွားသည်။ မကြာမီပင် သန်း ၁၀၀ ကျော် အရေအတွက်ရှိသော နတ်ဆိုး စစ်တပ်တစ်ခု မြင်ကွင်းထဲသို့ ဝင်ရောက်လာသော်လည်း အဖြူရောင်ဝတ်လူက တုန်လှုပ်ခြင်း မရှိပေ။ သူ၏ မျက်လုံးများက အခြား အုပ်စုတစ်ခုဖြစ်သော ခရမ်းရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူသားများအပေါ် ကျရောက်သွားသည်။
"သူတို့က တော်တော် သတ္တိရှိကြတာပဲ။ လူသား ကျင့်ကြံသူ တစ်သန်းက နတ်ဆိုး သန်း ၁၀၀ ကို ဆန့်ကျင် တိုက်ခိုက်ရဲတယ်ပေါ့"
ချန်တိက အနည်းငယ် အံ့ဩသွားသည်။
"မင်း မှားနေတယ်၊ သူတို့ တစ်ဖက်တည်းပဲ"
အဖြူရောင်ဝတ်လူက အေးစက်စက် ရယ်သံဖြင့် ပြောလာ၍ သူမ နားမလည်နိုင် ဖြစ်သွားသည်။
"ဒါက လုံးဝ လွဲချော်နေပြီ"
ထိုအချိန်၌ ကောင်းကင်နယ်မြေမှ ရှေးဦး ခေါင်းလောင်းဖြင့် အသံချဲ့ထားသော စစ်ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။
" ဓားကျင့်ကြံသူတွေ သေဆုံးခဲ့တဲ့ ရှေးဟောင်း ခေတ်တစ်ခုလား"
အဖြူရောင်ဝတ်လူက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်မိ၏။
"ဒီဧကရီက တော်တော်လေး လှတယ်"
အဖြူရောင်ဝတ်လူက နတ်ဘုရားတစ်ပါးအလား မြင့်မားသော နေရာမှ နတ်ဧကရီကို စောင့်ကြည့်နေရင်း ဧရာမနတ်ဆိုးကြီးထံ လှမ်းကြည့်လိုက်ပြန်သည်။
"အလောင်း နတ်ဆိုးတစ်ကောင် ရှိနေတယ်"
"အလောင်း နတ်ဆိုးလား။ ဒါက စက်ဆုပ်စရာကောင်းတယ်။ ဆရာ၊ ကျွန်မတို့ အခု ထွက်သွားလို့ မရဘူးလား"
ချန်တိက စိုးရိမ်တကြီး တောင်းဆိုခဲ့သည်။
"မင်းက လူသားတွေကို ကူညီဖို့ အစီအစဉ် မရှိဘူးလား"
"ညစ်ညမ်းတဲ့ နတ်ဆိုးတွေက ဓားဝိညာဉ်ရဲ့ သန့်စင်မှုကို ညစ်နွမ်းစေနိုင်တယ်။ ကျွန်မက ဒီလို ညစ်ညမ်းတဲ့ အရာတွေကို ဘယ်တုန်းကမှ မသတ်ဖြတ်ခဲ့ဖူးဘူး"
"ဒီအလောင်းနတ်ဆိုးက တကယ်ပဲ ကိုင်တွယ်ရခက်တဲ့ အကောင်ပဲ။ ဒါမျိုးက သတ်လေလေ ပိုအားကောင်းလေလေဆိုတဲ့ အမျိုးအစားပဲ။ ဒါကို အနိုင်ယူဖို့ အထူး နတ်ဆိုးသန့်စင်အိုး လိုအပ်တယ်။ သတင်း ထာဝရ ဓား အကျဉ်းထောင်ကို ပို့ပြီးပြီ။ တစ်ယောက်ယောက်က မကြာခင် အိုးကို ယူလာလိမ့်မယ်။ အရင်ဆုံး ဒီသီးသန့်စကြဝဠာကို သွားပြီး ဘာတွေ ဖြစ်နေလဲ ကြည့်ကြရအောင်"
သို့သော် အဖြူရောင်ဝတ်လူ၏ ဦးဆောင်မှုဖြင့် ချန်တိသည် ကောင်းကင်နယ်မြေသို့ တိတ်ဆိတ်စွာ လိုက်ပါလာရခဲ့ရပြီး ထိုအချိန်တွင် ကောင်းကင်နယ်မြေ၏ ရှေးဦး အစီအရင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
"ဒီလူ့ကမ္ဘာက သိပ် မဆိုးပါဘူး။ လိုအပ်တာ အားလုံး ရှိတယ်"
နောက်ဆုံးတွင် သူတို့က အရက်ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်သွားကြသည်။
"ဆိုင်ရှင်၊ ငါတို့ကို အရက်နည်းနည်း ယူလာပေး"
အဖြူရောင်ဝတ်လူက အော်ခေါ်ခဲ့သည်။
"စစ်ပွဲ ဖြစ်တော့မယ်။ မင်းတို့က အရက်သောက်ချင်စိတ် ရှိသေးတာလား"
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီးဖြစ်သော အရက်ဆိုင်ပိုင်ရှင်က ထူးဆန်းသော ကျင့်ကြံသူနှစ်ယောက်ကို ကြည့်၍ ရေရွတ်လိုက်သည်။
"စိတ်ဓာတ်ကို အားပေးဖို့နဲ့ နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ အရက်လိုအပ်တယ်။ သေရည် သုံးခွက် ကုန်သွားရင် ဓားရဲ့တန်ခိုး ရှစ်ဆ တိုးတက်လာမယ်"
"ကောင်းပြီလေ။ ရှေးဦး အစီအရင် ရုတ်တရက် ပျောက်ကွယ်သွားတယ်။ ငါ့အတွက် မနက်ဖြန် အသက်ရှင်ဦးမှာလားတောင် မသိဘူး။ အရက်သောက်လည်း အလကားပါပဲ"
ပိုင်ရှင်က သေရည်အိုး အများအပြား ယူလာပြီး မျက်လုံးများတွင် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ ထိုနောက် ဆိုင်ရှင်က နတ်ဆိုးများနှင့် တိုက်ပွဲဝင်ရန် သေရည်ဆိုင်ကို ထားရစ်ပြီး ထွက်ခွာသွားခဲ့၏။
"တစ်နိုင်ငံလုံးရဲ့ စိတ်ဓာတ်ကတော့ မဆိုးဘူး"
အဖြူရောင်ဝတ်လူက ပြတင်းပေါက်ကို မှီထားရင်း ကောင်းကင်နယ်မြေ၏ အခြေအနေကို သေရည်သောက်ကာ စောင့်ကြည့်နေသည်။
"ဆရာ၊ ကျွန်မ ဒီနားပတ်ပတ်လည် လျှောက်ကြည့်လိုက်ဦးမယ်"
ချန်တိက သေရည်မကြိုက်သောကြောင့် ထရပ်၍ တောင်းဆိုလိုက်သည်။
"သွားလေ။ ပြဿနာရှိရင် မင်းရဲ့ဓားနဲ့ အချက်ပြလိုက်"
" သူတို့ကို ကူညီဖို့ လာတာ မဟုတ်ဘူးလား"
ဆိုင်ထွက်ပေါက် ရောက်နေသော သူမက နောက်ပြန်လှည့်ကြည့်၍ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။
"ဒါကို နားလည်ဖို့ မင်းက အရမ်း ငယ်သေးတယ်"
အဖြူရောင်ဝတ်လူ၏ စကားကြောင့် ချန်တိ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း ခွန်းတုံ့ပြန်ရဲခြင်း မရှိပေ။ အကယ်၍ သူမသာ အသက်မငယ်လျှင် ထိုကာမဘီလူးအနေဖြင့် ကြိုက်နှစ်သက်မည် မဟုတ်ပါချေ။
"ကယ်တင်ရှင်အစစ်က လူတွေ အလွန် စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ အချိန်ကိုက် ထွက်လာတတ်ရတယ်။ အဲ့ဒီလိုဆိုရင် သူတို့က အမြဲတမ်း မှတ်မိကြလိမ့်မယ်။ ဒီစစ်ပွဲမှာ ကျင့်ကြံသူ တစ်ဝက်လောက် ကျဆုံးပြီး လောကကြီး ပြိုလဲလုနီးပါး ဖြစ်နေတဲ့အချိန်မှာ ထာဝရ ဓား အကျဉ်းထောင်ရဲ့ ဓားနတ်ဘုရားတွေကကောင်းကင်ဘုံ နယ်မြေကို တူးဖော်နေကြလိမ့်မယ်။ ဒီနေရာရဲ့ သက်ရှိ သတ္တဝါတွေကတော့ ငါ၊ ကုပိုင်ရီ၊ တစ်ကိုယ်တော် ဝတ်ရုံဖြူရဲ့ ကြီးမြတ်တဲ့ လုပ်ရပ်တွေကို တေးသီချင်းတွေ ချီးကျူးသီဆိုနေကြလိမ့်မယ်။ ဒီမြင်ကွင်းက တော်တော်လေး လှတယ်လို့ မင်း မထင်ဘူးလား"
ကုပိုင်ရီသည် သေရည် အရသာခံသောက်ရင်း ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေရာမှ အရှက်မရှိပြောလိုက်သောကြောင့် ချန်တိကို ဆွံ့အသွားစေခဲ့လေသည်။