ဓားနှလုံးသားများ
Vol. 18 Ch. 220-A
အရုဏ်တက် နတ်နန်းတော်အတွင်း ယွမ်ရှောင်သည် စစ်သေနာပတိချုပ် ချန်ရှောင်ရှေ့တွင် အကျပ်အတည်းတစ်ခုဖြင့် ရင်ဆိုင်နေရပြီး ထူးဆန်းသော အလှည့်အပြောင်းကို ရှင်းပြရန် အကြောင်းရှာမတွေ့ပေ။ စစ်ပွဲကို ခုလေးတင် ကြေညာပြီးဖြစ်၍ စစ်သည်များ အသင့်ပြင်ထားသောအခါ သူက ရွေးချယ်စရာ မရှိဘဲ သတင်းဆိုးကို ပြောခဲ့ရသည်။
"နတ်ဧကရီ… သူမ ပျောက်ကွယ်သွားပြီ။"
သူက ရှေးဦး အင်မော်တယ် ဘိုးဘေးနှင့် ဖန်ဆင်းရှင် အင်မော်တယ်အကြောင်း ပြောရန် မဖြစ်နိုင်ခဲ့ပေ။
"သူမက စစ်မှန်တဲ့ အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ပြီး လူသားမျိုးနွယ်ရဲ့ ကပ်ဘေးအတွက် ပဋိသန္ဓေယူခဲ့တယ်။ ဒါပေမယ့် တစ်ခုခု အသက်ဝင်လာပြီး ပြန်သွားရတဲ့အတွက် ကျုပ်ကို ကျန်တာအားလုံး တာဝန်ပေးထားခဲ့တယ်"
သူက အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီး လေးနက်စွာ ရှင်းပြလိုက်ရာစစ်သေနာပတိချုပ် မင်သက်သွားပြီး ယွမ်ရှောင်ကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိသည်။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက် သူက မယုံနိုင်ဟန်ဖြင့် မေးလာသည်။
"မင်း ငါ့ကို နောက်နေတာ မဟုတ်ဘူးမလား"
"မနောက်ဘူး"
"ဒါဆိုရင် ဘယ်ကို ပြန်သွားတာလဲ"
စစ်သေနာပတိချုပ်က အံကြိတ်၍ ဆက် မေးသည်။
"သာမန်လူသားတွေရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်တဲ့ နယ်မြေလောကတစ်ခုဆီ ဖြစ်မယ်ထင်တယ်"
ယွမ်ရှောင် ပြောသည်။
"သူမက ပြန်လာဦးမှာမလား"
စစ်သေနာပတိချုပ်၏ အသံက ထိုမေးခွန်းနှင့်အတူ တုန်ရီနေသည်။
"သေချာပေါက် ပြန်လာမှာပါ။ ခင်ဗျားက အင်မော်တယ်တစ်ပါးရဲ့ ဖခင်ပဲ။ သူမက ပြန်လာတွေ့မှာ သေချာတယ်"
ယွမ်ရှောင်က ရဲရဲကြီး အာမခံ၍ ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကာ အခြား ကပ်ဘေးကိုယ်ပွားများကို ရှာဖွေ၍ ချန်ရီနှင့် သူ၏ အဆုံးမသတ်သေးသော ဇာတ်လမ်းကို ဆက်ရပေလိမ့်မည်။ ထိုအာမခံချက်မှာ စစ်သေနာပတိချုပ်ကို နှစ်သိမ့်မှု အနည်းငယ် ပေးနိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ စစ်သေနာပတိချုပ်က ယွမ်ရှောင်၏ ယုံကြည်မှုရှိသော အဖြေကို ကြားရသဖြင့် အနည်းငယ် စိတ်အေးသွားသော်လည်း မျက်လုံးအကြောင်သားနှင့် နန်းပလ္လင်ကို စိုက်ကြည့်ရင်း အတွေးနက်နေခဲ့၏။
"သူမ ဘယ်လိုလုပ် ရုတ်တရက်ကြီး ထွက်သွားနိုင်ရတာလဲ…"
သူက ညည်းတွားလိုက်ပြီး ဖခင်တစ်ဦးအနေဖြင့် ဆယ့်ငါးနှစ်အရွယ် သမီးတစ်ယောက် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသောအခါ နှလုံးသားတွင် ဒဏ်ရာနက်နက်တစ်ခု ကျန်ရစ်ခဲ့သည်။
"ပျောက်ကွယ်သွားတဲ့အပြင် သူမက ရှေးဦး အစီအရင်ကိုပါ ယူသွားတာလား"
စစ်သေနာပတိချုပ်၏ အတွေးက အချိန်ကြာမြင့်စွာ ဝမ်းနည်းပူဆွေးမနေခဲ့ဘဲ အရေးကြီးသော လက်ရှိအခြေအနေထံ ပြန်လည်ရောက်ရှိလာ၏။ ယွမ်ရှောင်က မှိန်ဖျော့နေသော သစ်ကြားသီးအရွယ် ခေါင်းလောင်းတစ်ခုကို မြှောက်ပြလိုက်သည်။
"ကျုပ်တို့မှာ ဒါ ရှိနေသေးပေမယ့် အသက်မသွင်းနိုင်ဘူး"
"ဒါဆိုရင် မင်း ပြောချင်တာက ငါတို့ရဲ့ အဓိက အင်အား ပျောက်ဆုံးသွားရုံတင်မကဘဲ ငါတို့ရဲ့ အကြီးမြတ်ဆုံး ရတနာကိုပါ ဆုံးရှုံးသွားတာလား။ ငါတို့က အခု နတ်ဆိုးတိုက်ကြီးနဲ့ ခရမ်းရောင်ကောင်းကင်ကို လက်ဗလာနဲ့ ရင်ဆိုင်တိုက်ခိုက်ရတော့မှာလား"
"ဟုတ်ပါတယ်"
စစ်သေနာပတိချုပ်က မျက်မှောင်ကြုတ်၍ တင်းမာစွာ စိုက်ကြည့်နေပြီး ယွမ်ရှောင်က ခေါင်းညိတ်ပြခဲ့သည်။ ထို့ကြောင့် သူက ဦးခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး သမီးဖြစ်သူ ပျောက်ဆုံးသွားသည့်အပြင် လူသားမျိုးနွယ်အတွက် အန္တရာယ်ကြီး ကျရောက်နေပြီဖြစ်သည်။
"သူမရဲ့ ထွက်ခွာမှုက ရုတ်တရက် ဆန်လွန်းခဲ့တယ်။ သူမက မင်းအတွက် တစ်စုံတစ်ရာ ချန်ထားခဲ့သလား"
"ဟုတ်ကဲ့"
ယွမ်ရှောင်၏ မျက်လုံးများက တိုက်ခိုက်လိုစိတ် ပြင်းထန်မှုဖြင့် တောက်လောင်နေသည်။
"သူမက ကျုပ်အတွက် သူမရဲ့ အစွမ်းအချို့ ချန်ထားရစ်ခဲ့တယ်။ ကျုပ် သူတော်စင်နယ်ပယ်ကို ရောက်သွားပြီ"
ယင် စွမ်းအားကို စုပ်ယူခြင်းသည် ကောင်းကင်ကျိန်စာကို ချိုးဖျက်ခဲ့ပြီး စွမ်းအင်ပမာဏက နည်းနည်းနှောနှော မဟုတ်ချေ။
"မင်းအနေနဲ့ နတ်ဆိုးဧကရာဇ်တွေကို တိုက်ခိုက်နိုင်လား"
စစ်သေနာပတိချုပ်က လေးနက်စွာ မေးသည်။
"ဟုတ်ကဲ့။ ကျုပ်တာဝန် ထားလိုက်ပါ"
ယွမ်ရှောင်၏ မျက်လုံးတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။
"မင်းမှာ စစ်ပွဲအတွက် မဟာဗျူဟာတစ်ခု ရှိလား"
ချန်ရှောင်သည် ယွမ်ရှောင်မှာ ချန်ရီထက် ပို၍ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားကြောင်း ယုံကြည်ခဲ့သည်။
"ဒါကို အကောင်အထည် ဖော်နေပါပြီ"
ယွမ်ရှောင်က တည်ငြိမ်စွာ အသိပေးလိုက်၏။
"ဒါပေမယ့် မင်းက ဒီမှာ ရှိနေသေးတယ်။ ဘယ်လိုလုပ် အကောင်အထည် ဖော်နိုင်မှာလဲ"
"ကျုပ်ပုံစံက ချန်ရီနဲ့ မတူဘူး။ သူမက တပ်ဖွဲ့တွေကို စိတ်အားထက်သန်အောင် လုပ်နိုင်ပြီး တိုက်ပွဲကို ဦးဆောင်နိုင်တယ်။ ကျုပ်က ဓားကိုင်ပြီး သတ်ဖြတ်ဖို့ပဲ သိတယ်။ အရှင်က ရှေ့တန်းကို ထိန်းသိမ်းထားပေးပါ။ ကျုပ်အမိန့်ကိုတော့ လိုက်နာရမယ်"
"ကောင်းပြီ"
ယောက္ခမ နှင့် သမက်၊ ချန်ရီ၏ ဘဝတွင် အရေးအကြီးဆုံး အမျိုးသား နှစ်ယောက်က စည်းလုံးသွားကာ သူမအစား ရန်သူများကို ရင်ဆိုင်ရန် တာဝန်ယူခဲ့ကြသည်ဖြစ်ရာ နှစ်သိမ့်မှု ပေးစွမ်းနိုင်လောက်ပေသည်။ ယွမ်ရှောင်သည် စကားပြောနေစဥ် ကပ်ဘေးကျောက်သလင်းကို ဆုပ်ကိုင်ထားသဖြင့် တုန်ခါလာ၍ နွေးထွေးနေကြောင်း သိနိုင်သဖြင့် ချန်ရီမှာ ဤနေရာတွင် ရှိနေဆဲဖြစ်ကာ သူတို့နှင့် ဆက်သွယ်နိုင်ခြင်းပင်။
"သူမရဲ့ ရုတ်တရက် ထွက်ခွာမှုကို ကျုပ်တို့ကြားမှာပဲ ထားလိုက်ရအောင်"
"ငါ နားလည်ပါတယ်"
စစ်သေနာပတိချုပ်က သဘောတူခဲ့ပြီး အကယ်၍ ဤသတင်း ပေါက်ကြားသွားခဲ့လျှင် ကောင်းကင်နယ်မြေ၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပျက်စီး၍ လူသား သန်းပေါင်းများစွာ သေကြေပျက်စီးကြပေလိမ့်မည်။
"ရှေးအစီအရင် ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အချက်ကို ငါတို့ ဘယ်လို ကိုင်တွယ်ကြမလဲ"
"ကျုပ် နတ်ဆိုးစစ်တပ်ကို အချိန်ဆွဲထားဖို့ ကြိုးစားနေတယ်"
ယွမ်ရှောင်၏ အဖြေစကားကြောင့်
စစ်သေနာပတိချုပ် နောက်တစ်ကြိမ် မင်သက်သွားသည်။
"ဒါပေမယ့်က မင်း ဒီမှာ ရှိနေတယ်လေ။ ဘယ်လိုလုပ် အချိန်ဆွဲမှာလဲ"
ယွမ်ရှောင်က စကားတစ်ခွန်းမှ မပြောဘဲ နန်းတော်အပြင်သို့ ထွက်ခွာသွားသဖြင့် သူလည်း အနီးကပ် လိုက်ပါလာခဲ့၏။ ကောင်းကင်နယ်မြေ၏ အဆင့်မြင့် အရာရှိများ ချဉ်းကပ်လာကြပြီး သူတို့၏ မျက်နှာများ စိုးရိမ်စိတ်သန်းနေသည်။
" ဘာကြောင့် ရှေးအစီအရင်ကို ပိတ်ထားလိုက်တာလဲ"
ဤအချက်က နတ်ဆိုးများ စိတ်တိုင်းကျ သတ်ဖြတ်ရန် တံခါးဖွင့်ပေးလိုက်သည်နှင့် မခြားသောကြောင့် သူတို့ စိတ်ပူနေကြ၏။
"မဟာဗျူဟာအရ လှည့်ကွက်တစ်ခုပါပဲ။ မေးခွန်းတွေ မလိုဘူး"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သောကြောင့် အရာရှိများ ကြောင်အအ ရပ်နေမိကြသည်။
"ဓားသူတော်စင် စွန်း၊ ဓားဂူ သုံးခုမှာ ဓားနှလုံးသား စုစုပေါင်း ဘယ်လောက် ရှိလဲ"
ထိုအချိန်၌ ယွမ်ရှောင်သည် ဓားကျင့်ကြံသူများဘက်လှည့်ကာ မေးခွန်းထုတ်ခဲ့၏။
"ဓား နှလုံးသားလား"
ဓားသူတော်စင်စွန်းက သခင်မသုံးယောက်နှင့် လျင်မြန်စွာ တိုင်ပင်ပြီး ချက်ချင်း ပြန်ဖြေသည်။
"၅၀,၀၀၀ လောက် ရှိမယ်ထင်တယ်။ အများစုကတော့ သူတို့ရဲ့ အကောင်းဆုံး အချိန်ကို ကျော်လွန်သွားကြပြီ"
"အဲ့လောက် များသလား"
" ဓားသုံးခုအတွက် အခက်ခဲဆုံး အချိန်တွေ ဖြစ်ခဲ့ပြီး ငါတို့ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ မျိုးဆက်ဟောင်းတွေမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ရောက်လာမယ့် ပျက်စီးခြင်းကို ရင်ဆိုင်နေရချိန်မှာ သူတို့က အခက်အခဲကို သည်းခံခဲ့ကြပြီး အနာဂတ် မျိုးဆက်တွေရဲ့ လုံခြုံမှုအတွက် အစွမ်းရှိသမျှ ပေးဆပ်ခဲ့ကြတယ်"
ဓားသူတော်စင်စွန်းက သက်ပြင်းချ၍ သူကိုယ်တိုင်လည်း မျိုးဆက်ဟောင်း ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ဓားနှလုံးသားတစ်ခု အမွေချန်ရစ်ရန် တာဝန်ရှိပေသည်။ သူ၏ ရှေ့ဆောင်များဖြစ်သော ဓား သူတော်စင် မျိုးဆက်သုံးခုသည်လည်း အလားတူ တာဝန် ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။
"ငါတို့က ဓားနှလုံးသားတွေကို တိုက်ပွဲအတွက် လူငယ်တွေဆီမှာ ဖြန့်ဝေပေးဖို့ စဥ်းစားထားတယ်"
နန်းကုန်းရှုက ဝင်ပြောသည်။
"မဟုတ်ဘူး၊ အားလုံး ငါ့ကို ပေးပါ"
ယွမ်ရှောင်၏တောင်းဆိုချက်ကြောင့် ဓားကျင့်ကြံသူများ ဆွံ့အကုန်သည်။
"မင်းကို အကုန်ပေးရမှာလား"
"ဟုတ်တယ်၊ မြန်မြန်လုပ်။ အချိန် မရှိတော့ဘူး"
သူက တရွေ့ရွေ့ ချဥ်းကပ်လာနေသော နတ်ဆိုးတိမ်တိုက်များကို စိုက်ကြည့်ရင်း တိုက်တွန်းလိုက်သည်။
"ကောင်းပြီ"
တိုက်ပွဲအတွက် ပြင်ဆင်ရန် သူတို့က ဓား နှလုံးသား ၅၀,၀၀၀ ကျော်ကို ယူဆောင်လာသဖြင့် တွန့်ဆုတ်မနေဘဲ ဓားနှလုံးသား အားလုံး ပါဝင်သော သိုလှောင်အိတ်ကို ယွမ်ရှောင်ထံ ပေးအပ်လိုက်ကြသည်။ ဤ ဓားနှလုံးသားများသည် ဓားသမား မျိုးဆက်ပေါင်းများစွာမှ သူတို့၏ မျိုးဆက်သစ်များသို့ နောက်ဆုံး ချစ်ခြင်းလက်ဆောင်များ ဖြစ်သောကြောင့် ဓားသူတော်စင် စွန်း၏ လက်များက ၎င်းတို့ကို ပေးအပ်နေစဉ် တုန်ရီနေသည်။ အများစုမှာ သူ၏ မျိုးဆက်မှ ဖြစ်ပြီး သူငယ်ချင်းများ၊ ညီအစ်ကိုများ၊ ဆရာများ၏ အမွေဖြစ်ကာ မျိုးဆက်ဟောင်းကျင့်ကြံသူ အနည်းငယ်သာ ကျန်ရစ်၏။
"ဓားနှလုံးသားတွေက ဓားတာအိုရဲ့ လေးစားစရာ စွန့်လွှတ်မှု ဖြစ်ပြီး ဝိညာဉ် ၅၀,၀၀၀ ကျော် ကွယ်လွန်သွားရင်တောင် သူရဲကောင်းဆန်တဲ့ ဝိညာဉ်တွေဟာ လောကကြီးမှာ တောက်ပမြဲ တောက်ပနေဆဲပါပဲ"
စစ်သေနာပတိချုပ်က ချီးကျူး၍ သူတို့ကို အမှန်တကယ် လေးစားပြီး သာမန်ပါရမီနှင့် ဓားကျင့်ကြံသူ ဘိုးဘေးများပင် မသေဆုံးခင် ဓားနှလုံးသား ဖန်တီးရန် ပြင်းထန်လှသော နာကျင်မှု ဝေဒနာကို သည်းခံခဲ့ကြရသည်။ အကယ်၍ သူတို့သာ လုပ်ငန်းစဉ် မပြီးမြောက်ခင် သေဆုံးသွားခဲ့လျှင်၊ ဓားနှလုံးသား ဖန်တီးခြင်း ကျရှုံးသွားမည်ဖြစ်သောကြောင့် စိတ်ဓာတ်ခိုင်မာစွာ တောင့်ခံထားရပေလိမ့်မည်။ ဓားနှလုံးသားတစ်ခု ထွက်ပေါ်လာသော အချိန်သည် ဓားကျင့်ကြံသူတစ်ယောက် မျက်စိမှိတ်ပြီး ဤလောကမှ ထွက်ခွာသွားသည့် အခိုက်အတန့် ဖြစ်လေ့ရှိ၏။ ယွမ်ရှောင်၏လက်ထဲ ရောက်နေသော ဓား နှလုံးသား ၅၀,၀၀၀ ကျော်၏ အလေးချိန်နှင့် တန်ဖိုးသည် ဧရာမတောင်ကြီးပမာ လေးလံပေသည်။
"ကျုပ်လုပ်နိုင်တာက ဓားလမ်းစဥ်ဘိုးဘေးတွေရဲ့ နောက်ဆုံးလက်ဆောင်ကို အင်အားတစ်ရပ်အဖြစ် ဖန်တီးပြီး အကန့်အသတ်ရောက်အောင် ထုတ်လွှတ်ရမယ်။ ဒီစစ်မြေပြင်ကို ခင်ဗျားတို့လက်ထဲ ထားခဲ့မယ်။ ကျုပ်အမိန့်ကို စောင့်ကြပါ"
ယွမ်ရှောင်က ဓားနှလုံးသားများကို စုစည်းနေစဉ် သူ၏ မျက်လုံးများ နီမြန်းနေသည်။ ထို့နောက် သူက ကောင်းကင်နယ်မြေ၏ အစွမ်းထက်ကျင့်ကြံသူများနှင့် ဧကရာဇ်လေးယောက် ဘက်လှည့်ကာ လေးနက်စွာ မှာကြားပြီး ဓားပျံနှင့် ထွက်ခွာသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။ကောင်းကင်အထက်တွင် နတ်ဆိုး တိမ်တိုက်များ ရွေ့လျားနေပြီး နတ်ဆိုးအရေအတွက် သန်း ၁၀၀ ကျော်သည် ကောင်းကင်နယ်မြေ၏ တံခါးဝသို့ တဖြည်းဖြည်း ပို၍ နီးကပ်လာနေသဖြင့် ဓားတာအိုကျောက်တိုင်ပင် မြင်ကွင်းအတွင်း ရောက်ရှိလာသည်။
"ဒီ လူသားတွေ သတ္တိတော့ ရှိသားပဲ၊ ကောင်းကင်နယ်မြေရဲ့ တံခါးကို ဖွင့်ထားကြတယ်၊"
နတ်ဆိုးများက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ကြသည်။ ကောင်းကင်နယ်မြေတွင် ကာကွယ်ရေး အလွှာ နှစ်ခု ရှိပြီး ပထမတစ်ခုမှာ ကောင်းကင်နယ်မြေ၏ တံခါးဖြစ်၍ ဒုတိယတစ်ခုမှာ ရှေးအစီအရင် ဖြစ်ကာ ၎င်းသည် သီးသန့်စကြဝဠာ တစ်ခုဖြစ်သောကြောင့် ဝင်ပေါက်ထွက်ပေါက် တစ်ခုတည်းသာ ရှိသည်။ အခြား နေရာများမှ ဖြတ်ကျော်လာရန် နတ်ဘုရားယာဉ်များ လိုအပ်ပြီး အလွန် ရှားပါးသဖြင့် နတ်ဆိုးတိုက်ကြီးတွင် တစ်ခုမှ မရှိပေ။
ထို့ကြောင့် နတ်ဆိုးစစ်တပ် နှင့် ခရမ်းရောင်ကောင်းကင် စစ်တပ်အနေဖြင့် ကောင်းကင်နယ်မြေကို ကျူးကျော်ရန် ပထမဆုံး ခံတပ်မှာ တံခါး ဖြစ်သည်။ ရှေးအစီအရင်ကဲ့သို့ ကြောက်မက်ဖွယ် မဟုတ်သော်လည်း ဤတံခါးသည် အစွမ်းထက်သော ကာကွယ်ရေး အစီအရင်တစ်ခု ဖြစ်သည်။
အဇူရာ သစ်ရွက် အဖွဲ့ကို ချေမှုန်းပြီးနောက် အရုဏ်တက်နတ်ဧကရီသည် တံခါးကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ပုံမှန်ဆိုလျှင် ကာကွယ်ရေး အလွှာ နှစ်ခုလုံးကို အသက်သွင်း၍ အားဖြည့်ထားသင့်သည်။ ဤတံခါးကို ထိန်းချုပ်ခြင်းမှာ သူမအတွက် မခက်ခဲသည့်တိုင် ၎င်းကို ဖွင့်ထားဆဲဖြစ်ကာ နတ်ဆိုးများနှင့် ခရမ်းရောင်ကောင်းကင် စစ်သည်များကို စိန်ခေါ်နေသကဲ့သို့ ထင်မှတ်ရ၏။ ထို့နောက် အံ့သြဖွယ် သတင်းတစ်ခုက နတ်ဆိုး စစ်တပ်အကြားတွင် ရုတ်တရက် ပျံ့နှံ့လာသည်။
"ကောင်းကင်နယ်မြေက တံခါးကို ဖွင့်ထားရုံတင်မဟုတ်ဘဲ ရှေးအစီအရင်ကိုလည်း ရုပ်သိမ်းထားတာလား"
ခရမ်းရောင်ကောင်းကင် နှင့် နတ်ဆိုးတိုက်ကြီး၏ ကျင့်ကြံသူများ နားမလည်နိုင် ဖြစ်သွားကာ အရုဏ်တက်နတ်ဧကရီ မည်သို့ လှည့်ဖျားနေကြောင်း စဥ်းစားရခက်နေပြီး ထင်ကြေးပေါင်းစုံ ထွက်ပေါ်လာသည်။ နတ်ဆိုး တိမ်တိုက်များအကြားတွင် နတ်ဆိုးသူတော်စင် နှစ်ပါးဖြစ်သော မျောက် သူတော်စင် နှင့် မီးသူတော်စင်သည် ငွေရောင် ဆံပင်နှင့် လူငယ်တစ်ဦးကို ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုထံ ခေါ်ဆောင်လာသည်။ ဦးတည်ရာမှာ အလောင်း အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသော တောင်ကြီးတစ်ခုဖြစ်ကာ ငွေရောင် ဆံပင်နှင့် လူငယ်က လနတ်သားဖြစ်ပေသည်။ မျောက်သူတော်စင်က မူလတွင် စိတ်မပါသော်လည်း တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်သည် လနတ်သားအပေါ် စိတ်ဝင်စားမှု ရှိကြောင်း မီးသူတော်စင်မှ ပြောခဲ့သဖြင့် လိုက်ပါလာခဲ့သည်။ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးတိုက်ကြီးတစ်ခုလုံး၏ အထွတ်အထိပ် အုပ်စိုးသူ ဖြစ်သည်။
ကြောက်မက်ဖွယ် အလောင်းတောင် တောင်ကို စိုက်ကြည့်နေရင်း လနတ်သား သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားကာ တစ်ဖက်လူ၏ခန္ဓာကိုယ်မှာ မျက်လုံးများ၊ နားများ၊ ပါးစပ်များနှင့် ခြေလက်အင်္ဂါများစွာ ပုံမကျပန်းမကျ စုဝေးထားသဖြင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသည်။
"မင်းနဲ့ လနတ်ဆိုးဧကရာဇ်ကြားက ပြဿနာကို ငါ သိပြီးပြီ"
တားမြစ်ကံကြမ္မာ၏ အသံက လနတ်သား၏ နားတွင် ပဲ့တင်ထပ်နေသည်။
"သူက မင်းရဲ့ဆရာကို စွပ်စွဲပြီး သတ်ဖြတ်ခဲ့တယ်။ မင်းက သူနဲ့ ကောင်းကင်တစ်ခုတည်းအောက်မှာ အတူမနေဘူးလို့ သစ္စာဆိုထားတယ်။ စိတ်ချပါ၊ ငါက တရားမျှတအောက် စီရင်ပေးမယ်"
တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်နှင့် တိုက်ရိုက် တွေ့ဆုံခြင်းက အန္တရာယ်များလွန်းသော်လည်း ချက်ချင်း အသတ်မခံရသရွေ့ မည်သည့် ဆွေးနွေးမှုမဆို လနတ်သားအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သည်။ အနည်းဆုံး စစ်ပွဲအတွင်း သူက နတ်ဆိုးစစ်တပ်အကြားတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သည်။ တားမြစ်ကံကြမ္မာ၏ သဘောထားကြောင့် မီးသူတော်စင် နှင့် မျောက်သူတော်စင် နှစ်ယောက်လုံး စိတ်အေးသွား၍ သက်ပြင်းချလိုက်မိကြသည်။ တစ်ယောက်က နတ်ဆိုးတိုက်ကြီး၏ အနာဂတ်အတွက် စိုးရိမ်ပူပန်နေပြီး နောက်တစ်ဦးက မျောက်မျိုးနွယ်၏ ကံတရားအတွက် ပူပန်ကြောင့်ကြနေသည်။ သို့သော် တားမြစ်ကံကြမ္မာတွင် ပို၍ အရေးကြီးသော ကိစ္စများလည်း ရှိနေခဲ့သည်။
"သူမက ကောင်းကင်နယ်မြေရဲ့ တံခါးကိုရော ရှေးအစီအရင်ကိုပါ အသက်မသွင်းထားဘူး။ ဒီ လုပ်ရပ်ကို မင်းတို့ ဘယ်လို ထင်လဲ"
တစ်ဖက်လူက မောက်မာစွာ စစ်ကြေညာခဲ့သော်လည်း တံခါးကို ဖွင့်ထားသဖြင့် ရူးသွားကြပုံပေါ်ပြီး တားမြစ်ကံကြမ္မာပင် အဖြေထုတ်မရ ဖြစ်နေသည်။
"အရှင်ဧကရာဇ်။ ကျွန်တော်က လူသားမျိုးနွယ်ရဲ့ စစ်ရေးနည်းဗျူဟာတွေကို သေချာ လေ့လာခဲ့ပါတယ်။ ဒါကို ဗလာခံတပ် မဟာဗျူဟာလို့ ခေါ်တယ်။ ကျုပ်တို့ကို ခြိမ်းခြောက်ပြီး အချိန်ဆွဲဖို့ ရည်ရွယ်တာ ဖြစ်ရမယ်။ ဒီအချက်ကို ကျုပ်တို့က မသိချင်ယောင်ဆောင်ပြီး တိုက်ရိုက် တိုက်ခိုက်သင့်တယ်။ သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ရိုက်ချိုးပစ်ရမယ်"
မျောက်သူတော်စင်က ဦးညွှတ်၍ ယုံကြည်မှုရှိစွာ အခိုင်အမာ ပြောလိုက်သည်။
"မင်းက လူသားမျိုးနွယ် စစ်ပညာမှာ ကျွမ်းကျင်တယ်။ ဒါပေမယ့် သူတို့က ဒီအကြောင်း မသိဘူးလို့ မင်း ထင်နေတာလား။ တကယ်လို့ သူတို့က ထောင်ချောက် ဆင်ထားခဲ့ရင်ကော ဘယ်လိုလုပ်မလဲ"
မီးသူတော်စင်က နှာခေါင်းရှုံ့၍ ချက်ချင်းထောက်ပြလိုက်သောကြောင့် မျောက်သူတော်စင် တိတ်ဆိတ်သွားလေသည်။