← Chapters

စစ်မင်းသမီးကို လှည့်စားခြင်း

Vol. 18 Ch. 221

စစ်မင်းသမီးကို လှည့်စားခြင်း

Vol. 18 Ch. 221

တားမြစ်ကံကြမ္မာသည် ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ကို နယ်မြေ ကိုးဆယ့်ကိုးခုကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည့် သတင်းဆိုးက ပျံ့နှံ့နေပြီး လူသားမျိုးနွယ်ကို ပိုမိုစိတ်ပျက်အားငယ်စေသည်။ ငွေရောင် ဆံပင်နှင့် လူငယ်တစ်ဦးက တိတ်တဆိတ် ဘိုးဘေးကျောင်းတော်သို့ ဝင်ရောက်လာ၍ သွေးများ စွန်းထင်းနေသော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာကာ အတွင်းမှ ငြင်းခုံသံများ ကြားနေရသည်။

"ငါက ဒီမှာ နာရီဝက်လောက် စောင့်နေခဲ့တာလေ။ အခု မင်းတို့က မြို့ကို ပိတ်ဆို့ဖို့ ဆုံးဖြတ်ထားတာလား"

၎င်းက စစ်မင်းသမီး၏ အသံ ဖြစ်ပြီး အလွန် ဒေါသထွက်နေကာ ကူ ဧကရာဇ် နှင့် ကြာနီ သူမကို ဖြောင်းဖျရန် ကြိုးစားနေကြသော်လည်း အရာမရောက်ခဲ့ပေ။

စစ်မင်းသမီးက နီရဲသော မျက်လုံးများဖြင့် နတ်ဆိုးဧကရာဇ် နှစ်ပါးကို မထီမဲ့မြင်ပြု၍ တစ်ချက်ကြည့်ပြီး ခြံဝင်းမှ ထွက်ခွာသွားသည်။

"ငါ အတော်ငြီးငွေ့နေပြီ။ တစ္ဆေ အသက်၊ အဆုံးမဲ့ ငရဲပြည်ကို ပြန်သွားပြီး အင်အား နည်းနည်း ထပ်ခေါ်လာခဲ့"

သူမက အေးစက်စွာ အမိန့်ပေးသည်။

"ဟုတ်ကဲ့"

အနက်ရောင် ဝတ်ရုံဝတ် ငယ်သား တစ်ယောက်က ပြန်ဖြေပြီး စစ်မင်းသမီး၏ ဘေးမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ ထို့နောက် အခြားငယ်သားနှင့်အတူ သူမက လနတ်သား၏အနီးမှ ထွက်ခွာသွားသည်။

"စစ်မင်းသမီး"

လနတ်သားက ဦးညွှတ်၍ လေးစားစွာ နှုတ်ဆက်လိုက်ပြီး သူ၏အရပ်က မြင့်မားသော်လည်း တစ်ဖက်လူ၏ ရင်ဘတ်အထိသာ ရောက်နိုင်သည်။

"လတ်ဆတ်တဲ့ လူသား သွေးကို နှစ်သက်တယ်မလား"

လနတ်သား၏ ရုတ်တရက် မေးခွန်းကြောင့် စစ်မင်းသမီး၏ ခြေလှမ်းများ ရပ်တန့်သွားပြီး လှည့်ကြည့်လာခဲ့သည်။ လနတ်သား၏ မွေးရာပါ ဆွဲဆောင်မှုက မည်သည့် အမျိုးသမီးကိုမဆို အမှန်တကယ် ဆွဲဆောင်နိုင်စွမ်း ရှိပြီး ငွေရောင် ဆံပင်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ဟန်ပန်ကြောင့် မနှစ်သက်ဘဲ နေနိုင်ရန် ခက်ခဲလှသည်။

"သူ့ကို သတ်ပစ်လိုက်ရမလား"

ဝတ်ရုံနက်ခြုံထားသော ငယ်သားက စစ်မင်းသမီးကို အကြံတောင်းခဲ့ပြီး ဘိုးဘေးကျောင်းတော်တွင် နတ်ဆိုးဧကရာဇ် သုံးယောက် နှင့် ခရမ်းရောင်ဧကရာဇ်သာ သူတို့နှင့် စကားပြောဆိုခွင့် ရှိပြီး အခြားသူများအတွက်မူ အမှန်တကယ် သေလမ်းရှာနေခြင်း ဖြစ်သည်။ စစ်မင်းသမီးက ထိုငယ်သားကို တုံ့ပြန်မနေဘဲ လနတ်သားကို အနီရောင် မျက်ဝန်းများဖြင့် စစ်ဆေးရင်း မေးခွန်းထုတ်နေခဲ့သည်။

"မင်းအကြောင်း ပြောစမ်းပါဦး"

"ကျွန်တော်က လနတ်သားလို့ လူသိများပါတယ်၊ နတ်ဆိုးဧကရာဇ် လေးပါးရဲ့ တပည့်တစ်ဦးပါ"

လနတ်သားက အလွန်ရိုသေလေးစားဟန်ဖြင့် ဖြေလိုက်ခြင်း ဖြစ်၏။

"မြေခွေးလေးတစ်ကောင်ပဲ။ ဒီကို လာခဲ့"

စစ်မင်းသမီးက နူးညံ့စွာ ပြုံး၍ သွယ်လျသော လက်တစ်ဖက်ဖြင့် လက်ယပ်ခေါ်လိုက်သည်။ လနတ်သားက သူမထံ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး ထိုမိစ္ဆာမ၏ အရှိန်အဝါမှာ ပြင်းထန်လွန်း၍ စော်ကားမိမည်ကို စိုးရိမ်သောကြောင့် မော်မကြည့်ဝံ့ချေ။ သူမ၏ တင်းကျပ်သော အနက်ရောင် သားရေဝတ်စုံမှာ ရင်ဘတ်နေရာ၌ ပေါက်ကွဲထွက်လာတော့မည်ကဲ့သို့ ထင်မှတ်ရသည်။ ယွမ်ရှောင်သည် အဝေးတစ်နေရာမှ အံ့ဩတကြီး ဖြစ်နေပြီး သူမ၏ အချိုးအစားများက မယုံနိုင်လောက်အောင် ဆွဲဆောင်အားပြင်းထန်လွန်း၍ ကျောက်ရန်ရန်ပင် မျိုးနွယ်စု ကွာခြားချက်ကို မယှဉ်နိုင်ခဲ့ပေ။

"မင်းရဲ့ ပုံစံအမှန်ကို ပြစမ်း"

စစ်မင်းသမီးက ရုတ်တရက် အမိန့်ပေးသည်။

"ကျွန်တော့်ရဲ့ ပုံစံလား"

လနတ်သားက ခဏတာ တုံ့ဆိုင်းသွားပြီး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အမြီးသုံးချောင်း မြေခွေးအဖြစ် ပြောင်းလဲသွားသည်။

"သေးအောင်လုပ်"

သူမက နောက်တစ်ကြိမ် အမိန့်ပေးလိုက်ပြန်သဖြင့် လနတ်သားမှာ ရွေးချယ်စရာ မရှိဘဲ၊ သေးငယ်သော မြေခွေးလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ စစ်မင်းသမီးက ထိုင်ချလိုက်၍ သူ့ကို သူမ၏ ရင်ဘတ်တွင် ပွေ့ပိုက်ကာ သူမ၏ မျက်လုံးများ တောက်ပနေ၍ တီးတိုးရေရွတ်ခဲ့သည်။

"အကောင်ငယ်လေး၊ မင်းက တကယ် ချစ်စရာကောင်းတာပဲ"

သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ဖြင့် အဖြူရောင် မြေခွေးကို ပွတ်သပ်နေစဥ် အိမ်မွေးသားရဲတစ်ကောင်ပမာ ဆက်ဆံခံနေရသဖြင့် လနတ်သားက တိတ်ဆိတ်နေသည်။ မြေခွေး နှင့် မိစ္ဆာကြားအတွင် မည်သူက မည်သူ့ကို ဆွဲဆောင်နေသည်​ကြောင်း မသေချာခဲ့ပေ။ သူ၏ မျက်နှာထားမှာ ဝမ်းနည်းပူဆွေးနေပြီး မြေခွေးတစ်ကောင်၏ ဝမ်းနည်းမှုသည် အထူးသဖြင့် နှလုံးသားကို ထိခိုက်စေပုံရသည်။ စစ်မင်းသမီး အပါအဝင် မိန်းမများသည် ချစ်စရာ အရာများအပေါ်တွင် နူးညံ့မှု ရှိပြီး ကျားမ မခွဲခြားနိုင်လောက်အောင် ချောမောသော လနတ်သားကို စွဲမက်နေပုံရ၏။ ထိုအချက်မှာ ယွမ်ရှောင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သော်လည်း ၎င်းကြောင့် သူ၏ တာဝန်ကို ပို၍ လွယ်ကူလာစေခဲ့သည်။

"မြေခွေးလေး၊ မင်းက လတ်ဆတ်တဲ့ လူသား သွေးအကြောင်း ပြောခဲ့တယ်နော်"

စစ်မင်းသမီးက အမြီးသုံးချောင်း မြေခွေးကို ပွေ့ပိုက်ထားရင်း အမွေးများကို ညင်သာစွာ ပွတ်သပ်ပြီး နူးညံ့သော အသံဖြင့် မေးလိုက်သည်။

"ဟုတ်ကဲ့။ ကျွန်တော် ကောင်းကင်နယ်မြေမှာ တော်တော်ကြာကြာ နေခဲ့ပြီး တော်တော်လေး ရင်းနှီးကျွမ်းဝင်ပါတယ်"

လနတ်သားသည် မျောက် သူတော်စင် နှင့် မီးသူတော်စင်တို့ထံ အကြိမ်များစွာ စုံစမ်းမေးမြန်းပြီးနောက် စစ်မင်းသမီးအကြောင်း သတင်းအချက်အလက် အချို့ ရရှိခဲ့သည်။

"ကျွန်တော် နေရာတစ်ခု သိထားပါတယ်။ မိန်းကလေးကျောင်းတစ်ခုဖြစ်ပြီး အင်မော်တယ်နတ်ပြည်ထောင်ရဲ့ မြင့်မြတ်တဲ့ မိသားစုတွေက မိန်းကလေးငယ်တွေ တက်ရောက်တဲ့နေရာပါ။ အခု စစ်ပွဲကြောင့် သူတို့အားလုံးကို မြေအောက် နန်းတော်တစ်ခုမှာ အကာအကွယ် ပေးထားပါတယ်"

"မိန်းကလေးငယ်တွေလား"

သူမ၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။

"ဟုတ်ကဲ့"

"မင်းလို သာမန်သားရဲတစ်ကောင်က ငါ့အကြိုက်ကို ဘယ်လိုလုပ် သိနေတာလဲ"

ထို့နောက် သူမသည် ပွေ့ပိုက်ထားသော မြေခွေးလေးကို တစ်ချက်ငုံ့ကြည့်၍ လေသံမှာ ရုတ်တရက် အေးစက်သွားသည်။

"နတ်ဆိုး မျိုးနွယ်က ကြမ်းတမ်းပြီး ပရမ်းပတာနိုင်တယ်။ အမှုထမ်းဖို့ မသင့်တော်ပါဘူး။ ကျွန်တော်က မင်းသမီးကို အမှုထမ်းချင်ပါတယ်၊ အဆုံးမဲ့ ငရဲပြည်ရဲ့ အနက်ပိုင်းအထိ အရှင်မနောက်ကို လိုက်ပါဖို့ သစ္စာချင်ဆိုပါတယ်"

လနတ်သားက အလန့်တကြား ဖြစ်သွားဟန်ဖြင့် ရှင်းပြလိုက်သောအခါ စစ်မင်းသမီးက ကျေနပ်စွာ ရယ်မော၍ စိတ်အခြေအနေ ကောင်းမွန်လာပုံရသည်။

"မင်းက တော်တော်လေး ချစ်စရာကောင်းတယ်။ မြေခွေးလေး"

သူမက မြေခွေးလေး၏ မျက်နှာကို ဆွဲညှစ်၍ ယခင်က စိတ်ဆိုးနေသော စိတ်အခြေအနေမှာ အံ့ဩဖွယ် ကောင်းလောက်အောင် ရွှင်လန်းလာသည်။

"ကောင်းပြီ၊ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ဒါပေမယ့် ငါ့ကို သစ္စာဖောက်ရဲရင် သေတာထက်ဆိုးတဲ့ ကံကြမ္မာနဲ့ တွေ့ရလိမ့်မယ်။ ငါ အမုန်းဆုံးက သစ္စာမရှိတဲ့ နောက်လိုက်ပဲ"

သူမက သူ၏ လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်၍ အေးစက်တင်းမာစွာ သတိပေးခဲ့၏။

"ကျွန်တော် သစ္စာဆိုပါတယ်၊ ကျွန်တော့်ရဲ့ တန်ဖိုးမရှိတဲ့ အသက်က မင်းသမီးအတွက်ပဲ ဖြစ်စေရပါမယ်"

သေးငယ်သော မြေခွေးလေး စိတ်လှုပ်ရှားစွာ ကတိပြုလိုက်၏။

"ဒါဆိုရင် အရင်ဆုံး မင်းရဲ့သွေးကို ဆက်သစမ်း"

စစ်မင်းသမီးက ရုတ်တရက် ပါးစပ်ဟ၍ ချွန်ထက်သော သွားစွယ် နှစ်ချောင်း ထွက်ပေါ်လာကာ လနတ်သားကို မြှောက်ကိုင်ပြီး လည်ပင်းကို ကိုက်ချလိုက်သည်။

လနတ်သား၏ ပျက်စီး နတ်ခန္ဓာက အလွန် မာကျောသော်လည်း.ခုခံမနေဘဲ စွမ်းအားကို ရုတ်သိမ်းကာ သူ၏ သွေးလွှတ်ကြောကို ထိုးဖောက်ခွင့် ပြုလိုက်သည်။

"အား...."

စစ်မင်းသမီးက သူ၏ သွေးကို သောက်နေပြီး မြေခွေးမျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသော်လည်း ရုန်းကန်မနေဘဲ စိတ်ထဲမှ အကြိမ်တစ်ထောင်မက ကျိန်ဆဲနေခဲ့သည်။ ကံကောင်းစွာဖြင့် စစ်မင်းသမီးက အချိန်အကြာကြီး မသောက်ခဲ့ဘဲ ရှည်လျားသော လျှာဖြင့် နှုတ်ခမ်းများကို သပ်၍ ကျေနပ်စွာ ပြောလာသည်။

"နတ်ဆိုး သွေးက ပုံမှန်ဆိုရင် အနံ့ဆိုးတယ်။ ဒါပေမယ့် မင်းရဲ့သွေးကတော့ တော်တော်လေး ကောင်းတယ်။ မင်းက ငါ့အတွက် မွေးဖွားလာသလိုပဲ"

"စစ်မင်းသမီးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်"

မြေခွေးလေးက အားနည်းစွာ ပြောလိုက်ပြီး မြှောက်ပင့်မှုကို သူမမှာ ကျေနပ်နေပုံရကာ စိတ်ဓာတ်တက်ကြွစာ အမိန့်ပေးခဲ့သည်။

"ဒါဆိုရင် မင်း ပြောခဲ့တဲ့ မိန်းကလေးကျောင်းဆီကို သွားရအောင်"

"မင်းသမီး၊ စစ်ကူတွေ မရောက်မချင်း ဘိုးဘေးကျောင်းတော်မှာ မနေသင့်ဘူးလား"

သူမ၏ နောက်လိုက်က နှိမ့်ချစွာ သတိ​ပေးလာခဲ့သည်။

"ဟမ့်"

စစ်မင်းသမီးက သူ့ကို အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်သည်။

"ကျွန်တော် စည်းကျော်မိတဲ့အတွက် တောင်းပန်ပါတယ်"

သူက လျင်မြန်စွာ ဦးညွှတ်တောင်းပန်ခဲ့သည်။

"မင်း နေချင်ရင် ကိုယ့်ဘာသာ နေခဲ့"

"ကျွန်တော် မလုပ်ဝံ့ပါဘူး"

စစ်မင်းသမီးက သေးငယ်သော အဖြူရောင် မြေခွေးလေးကို ပွေ့ပိုက်ရင်း ငယ်သားကို လျစ်လျူရှုကာ ၎င်း၏ လမ်းညွှန်မှုအတိုင်း ဘိုးဘေးကျောင်းတော်မှ တိတ်တဆိတ် ထွက်ခွာသွားသည်။ သူတို့သည် ရှေးဦး အစီအရင် တစ်ချိန်က ကာကွယ်ထားခဲ့သော ဒေသအတွင်း စွန့်စားဝင်ရောက်သွားကြသည်။ ဤနေရာတွင် တိုက်ပွဲဝင်ရန် အသင့်အနေအထားရှိသော လူသား စစ်သည်များကို မြင်တွေ့နိုင်သော်လည်း သူတို့က အဆောက်အအုံများ၊ မြစ်များ၊ နှင့် ဥမင်လှိုဏ်ခေါင်းများအတွင်း ပုန်းအောင်းနေကြပြီး နတ်ဆိုးများကို ဆန့်ကျင်ရန် ပြောက်ကျား စစ်ဗျူဟာနှင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သော စစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်ထားကြသည်။

စစ်မင်းသမီးက လူသားများအပေါ် အထင်သေးပြီး နတ်ဆိုးမျိုးနွယ်ထက်ပင် မနှစ်မြို့သော်လည်း လူသားသွေးမှာမူ သူမကို ဆွဲဆောင်နိုင်ခဲ့သည်။ လနတ်သားသည် သူမ၏ ကိုယ်တွင်း၌ လုံးဝ ကွဲပြားခြားနားသော ကျင့်ကြံရေး စနစ်တစ်ခုကို ခံစားနိုင်ခဲ့ပြီး နှလုံးသား၊ သွေးလွှတ်ကြောများ နှင့် သွေးပြန်ကြောများတွင် အမြစ်တွယ်နေသော စနစ်တစ်ခုဖြစ်၍ ဒန်တန် နှင့် ဆင်တူသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့နေသည်။ မိစ္ဆာမျိုးနွယ်သည် ဟန်ချက်အညီဆုံး မျိုးနွယ်တစ်ခု ဖြစ်ကာ သွေးစွမ်းအားဖြင့် သန်မာသော ရုပ်ခန္ဓာ၊ တာအိုဂါထာများနှင့် မှော်ရတနာများ အသုံးပြုနိုင်စေခဲ့၏။ ရှင်းရှင်းပြောရလျှင် သူတို့က လူသား နှင့် နတ်ဆိုး မျိုးနွယ်နှစ်ခုလုံး၏ ကျင့်ကြံမှုကို ကျင့်သုံးနိုင်ကြသည်။ သို့ရာတွင် အားနည်းချက်အဖြစ် သူတို့၏ တာအို အတတ်ပညာမှာ လူသားများအောက် နိမ့်ကျပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားက နတ်ဆိုးများအောက် အားနည်းပေသည်။ အကယ်၍ မိစ္ဆာမျိုးနွယ်သာ လူသားများ နှင့် နတ်ဆိုးများထက် အမှန်တကယ် သာလွန်ခဲ့လျှင် ထိုမျိုးနွယ် နှစ်ခု လုံး ဆက်လက်တည်ရှိမည်မဟုတ်ပေ။ ကျင့်ကြံဆင့်တူလျှင် မိစ္ဆာများက နတ်ဆိုးများထက် အားကောင်းပြီး နတ်ဆိုးများ လူသားများထက် အားကောင်းသည်ဟု ဆိုနိုင်သော်လည်း တိုက်ခိုက်မှုများတွင် အစွမ်းကုန် ထုတ်သုံးသော လူသား ဓားကျင့်ကြံသူများမှာမူ ချွင်းချက် ဖြစ်၍ အစွမ်းထက် ဓားသိုင်းဖြင့် မည်သူ့ကိုမဆို ထိုးသတ်နိုင်သည်။

ယွမ်ရှောင်သည် အနီးကပ် ရောက်နေသောကြောင့် စစ်မင်းသမီး၏ အစွမ်းအစကို ထောက်လှမ်းနိုင်ခဲ့ပြီး ဆွဲဆောင်အားပြင်းသော ခန္ဓာကိုယ်မှာ အလွန်လျင်မြန်စွာ ရွေ့လျားနေသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။

"ဘယ်မှာလဲ"

သူမက လူသားကလေးငယ်များ၏ သွေးအပေါ် စွဲလန်းနေပြီး ဤမျှ လတ်ဆတ်၍ အရသာရှိသော သွေးမှာ အဆုံးမဲ့ ငရဲပြည်တွင် ရှားပါးသောကြောင့်ပင်။ သူမ၏ ရည်ရွယ်ချက်က ရှင်းလင်းပြီး နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို မျိုးဖြုတ်ချင်သော်လည်း မိစ္ဆာမျိုးနွယ်ကမူ မလုပ်ချင်ကြပေ။ သူတို့က သွေးအတွက် လူသားမျိုးနွယ်ကို ကျွဲနွားများအဖြစ် မွေးမြူထားရန် ပို၍ ​ ထားရှိရန် ပို၍လိုလားကြ၏။

"ငါတို့ ရောက်ခါနီးနေပြီ။ စစ်မင်းသမီး"

လနတ်သားသည် သူမကို ဘိုးဘေးကျောင်းတော်မှ အဝေးတစ်နေရာရှိ အဆောက်အအုံတစ်ခု ဦးဆောင်သွားကာ စစ်မင်းသမီး ထွက်ခွာသွားကြောင်း နတ်ဆိုးဧကရာဇ် သုံးပါး မသိလိုက်ရပေ။ သူတို့ ရှေ့မှောက်တွင် ပြိုကျပျက်စီးနေသော နန်းတော်တစ်ခု တည်ရှိနေသည်။

"ဒီမှာလား"

သူမက အံ့ဩတကြီး မေးလိုက်သည်။

" ရယ်စရာကောင်းတဲ့ လှည့်ကွက်တစ်ခုပါပဲ။ သူတို့အားလုံး အောက်က မြေအောက် နန်းတော်တစ်ခုမှာ ပုန်းအောင်းနေကြတာလေ"

လနတ်သားက အေးစက်စက် ရယ်မော၍ ရှင်းပြလိုက်၏။

"မျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာက ပျက်စီးတော့မှာတောင် ပုန်းအောင်းနေတာက ဘာ အကျိုးရှိမှာလဲ"

စစ်မင်းသမီးက ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် အပျက်အစီးများအတွင်း ဝင်ရောက်သွားသည်။ လနတ်သားက သူမထံမှ ခုန်ထွက်ပြီး မြေအောက် နန်းတော်သို့ လမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိလိုက်သည်။

"အရသာရှိတဲ့ လူသား သွေးများစွာ အသင့်ရှိနေပါတယ်၊ စစ်မင်းသမီး"

စစ်မင်းသမီးက မယုံနိုင်လောက်အောင် ရှည်လျားပြီး၊ မွှေးရနံ့ရှိသော လျှာကို ဆန့်ထုတ်လိုက်ရာ မြူခိုးတစ်ခု သူမ၏ ခံတွင်းမှ ထွက်ပေါ်လာသည်။ မြေခွေးတစ်ကောင် နှင့် မိစ္ဆာ နှစ်ကောင်က မြေအောက် နန်းတော်၏ လှေကားများမှတဆင့် လျင်မြန်စွာ ဆင်းသက်သွားကြပြီး ခဏအကြာတွင် ကျယ်ဝန်းသော မြေအောက် ခန်းမတစ်ခုရှေ့တွင် ထွက်ပေါ်လာကြ၏။ သို့သော် ခန်းမအတွင်း အပျက်အစီးများဖြင့် ပြည့်နှက်နေသဖြင့် အချိန်အကြာကြီး စွန့်ပစ်ခံထားရကြောင်း ရှင်းလင်းနေသည်။

"ဟင်"

စစ်မင်းသမီးက လနတ်သားကို အေးစက်စက် စိုက်ကြည့်၍ ကျဥ်းမြောင်းသွားသည်။

"လူသားကလေးတွေ ဘယ်မှာလဲ"

"ကောင်းကင်မှာလေ"

လနတ်သားက အထက်သို့ ညွှန်ပြလိုက်စဥ်

ဧရာမအရိပ်တစ်ခု ဘုန်းခနဲ ဆင်းသက်လာ၍ ခေါင်းတလားကြီးဖြစ်ကာ အဖူံးအထက်၌ အပြာရောင် မျက်ဝန်းတစ်စုံ တည်ရှိနေ၏။

ဘန်း

၎င်းက အဖုံးပွင့်လာ၍ လနတ်သား၊ စစ်မင်းသမီး၊ နှင့် ဝတ်ရုံနက် မိစ္ဆာတို့​ကို အတွင်း၌ ပိတ်လှောင်လိုက်သည်။

"တစ္ဆေ သတ်ဖြတ်သူ"

စစ်မင်းသမီး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကာ တစ္ဆေ သတ်ဖြတ်သူဟု အမည်ရသော ဝတ်ရုံဝတ်နက် ပုံရိပ်ကို အမိန့်ပေး၍ သတိကြီးကြီးဖြင့် ကျောချင်းကပ်ထားလိုက်သည်။

"မြေခွေးလေး" .

စစ်မင်းသမီး၏ မျက်လုံးများက အေးစက်သော သွေးမီးလျှံများဖြင့် တောက်လောင်နေပြီး မဝေးလှသော နေရာမှ အဖြူရောင် မြေခွေးကို စိုက်ကြည့်နေသည်။ ၎င်းက ငွေရောင် ဆံပင် လူငယ်အဖြစ် ပြန်လည် ပြောင်းလဲသွားကာ လည်ပင်းပေါ်ရှိ သွားရာကို ပွတ်သပ်ရင်း အေးစက်စက် ပြန်ကြည့်နေခဲ့သည်။ ထို့နောက် လနတ်သား၏ အနောက်မှ အဖြူရောင်ဝတ် လူငယ်တစ်ဦး ပေါ်ထွက်လာပြီး အပြာရောင် ဓားတစ်လက်ကို ကိုင်စွဲထား၍ ဓားအော်ရာ အလွှာ ၅၀၀ ကျော် ၎င်း၏ပတ်ပတ်လည်တွင် ရစ်ပတ်နေသည်။

"လူသား၊ ယွမ်ရှောင်"

စစ်မင်းသမီးသည် ကောင်းကင်နယ်မြေရှိ အင်မော်တယ်စစ်ပွဲအကြောင်း မသိထားသဖြင့် ဆန့်ကျင်ဘက် ရန်သူနှစ်ယောက် အတူတကွ ရပ်တည်နေမည်ဟု မထင်ထားခဲ့ပေ။

"မင်းတို့က ငါ့ကို ထောင်ချောက်ဆင်ပြီး သတ်ဖြတ်ဖို့ ကြံစည်ထားတာလား"

ထိုအတွေးက သူမကို ဒေါသထွက်ရမည့်အစား ရယ်မောစေခဲ့သည်။

"လူငယ်လေး နှစ်ယောက်အတွက်တော့ တော်တော်သတ္တိရှိတဲ့ အကြံပဲ"

စစ်မင်းသမီးက အထင်သေးစွာ နှာခေါင်းရှုံ့နေစဥ် လနတ်သားသည် ရုတ်တရက် မြူခိုးတစ်ခုအဖြစ် ပြောင်းလဲ၍ ယွမ်ရှောင်ကိုယ်တွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ လူငယ်လေး နှစ်ယောက်မှာ ချက်ချင်း တစ်ယောက်တည်း ဖြစ်သွားလေသည်။

All Chapters