ချန်တိ ရောက်ရှိလာခြင်း
Vol. 18 Ch. 222
စစ်မင်းသမီး နှင့် တစ္ဆေ သတ်ဖြတ်သူက နောက်တစ်ကြိမ် မင်သက်သွားကြပြီး သူတို့ရှေ့မှ မြင်ကွင်းမှာ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်သွားခဲ့သည်။ အချိန်တိုင်း အရေးကြီးနေပြီး မြို့ကို ဆယ်ရက်ကြာ ဝန်းရံပိတ်ဆို့ထားခြင်း အကြံဖြင့် နတ်ဆိုး စစ်တပ်၏ ချီတက်မှုကို တားဆီးထားစဉ် ယွမ်ရှောင်သည် သူ၏ ကိုယ်ပွားကို လျင်မြန်စွာ အသုံးချပြီး စစ်မင်းသမီးကို ဘိုးဘေးကျောင်းတော်မှ လှည့်စားခေါ်ထုတ်ခဲ့သည်။ လက်ရှိအကျပ်အတည်းကို ချိုးဖျက်ရန် သော့ချက်မှာ ဤ အခိုက်အတန့်တွင် ရှိနေသည်။ ဘိုးဘေးကျောင်းတော်၊ နတ်ဆိုးဧကရာဇ် သုံးပါး၊ ခရမ်းရောင်ဧကရာဇ်၊ နတ်ဆိုးသူတော်စင် ၁၀၈ ပါး နှင့် နတ်ဆိုး သန်းပေါင်းများစွာ စောင့်ကြပ်ထားသော်လည်း မိစ္ဆာမျိုးနွယ်၏ တန်ခိုးအာဏာနှင့် မယှဉ်နိုင်ခဲ့သောကြောင့် လနတ်သားက ဟိုဟိုဒီဒီ ပြေးလွှား၍ နောက်ဆုံးတွင် ရွှေအခွင့်အရေးတစ်ခု ရရှိခဲ့သည်။
"ထိပ်တန်းအဆင့် ဖန်ဆင်းရှင် တာအိုမျိုးစေ့ တစ်ခုပဲ။ အစ်ကိုကြီး၊ မင်း တကယ် ကံကောင်းပြီ"
ကြယ်ပြာက သူမကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသည်နှင့်တပြိုင်နက် လုံးဝ ကျေနပ်နေသည်။
"ခေါင်းတလား မြူခိုး"
ယွမ်ရှောင်၏ စကားလုံး နှစ်လုံး ရွတ်ဆိုလိုက်သောအခါ ရှေးဟောင်း ကြေးခေါင်းတလားအတွင်း မြူခိုးများဖြင့် လွှမ်းခြုံသွားသည်။ သူက အသူရာဓားဂိုဏ်းတွင် နတ်ဆိုးဆန်ဆန် ကျင့်ကြံသူတစ်ဦးကို မသန်မစွမ်း ဖြစ်အောင် ပြုလုပ်ရန် ဤ နည်းဗျူဟာကိုပင် အသုံးပြုခဲ့ကြောင်း ပြန်လည် သတိရမိသည်။ အကောင်းဆုံးမှာ ဤဗျူဟာသည် ခေါင်းတလား၏ ဝိညာဉ်၊ သားရဲအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပေ။ ခေါင်းတလား မြူခိုး နှင့် လနတ်သားတို့က အစောပိုင်း သူတော်စင် နယ်ပယ် ယွမ်ရှောင်အတွက် ဧကရာဇ်အဆင့် မိစ္ဆာများကို တိုက်ခိုက်ရန် ဝှက်ဖဲဖြစ်သည်။ သို့သော် သူက မလုံလောက်သေးဟု ခံစားနေရဆဲဖြစ်၍ သိုလှောင်အိတ်တစ်ခုအတွင်းမှ ဓားနှလုံးသား သောင်းချီကို ရှေ့တွင် သွန်ချလိုက်သည်။
"ဘိုးဘေးတို့၊ ကျုပ်ကို ကူညီကြပါ"
သူက ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်ကို ဓားနှလုံးသားပုံအတွင်း တိုက်ရိုက် ထိုးစိုက်လိုက်ရာ များပြားလှသော စွမ်းအင်များ အပြာရောင် ဓားသွားအတွင်း တိုးဝင်လာကြသည်။ ဓားနှလုံးသား သောင်းချီက ရောင်စုံ ဓားစွမ်းအင် လေဝဲတစ်ခု ဖန်တီး၍ ဓားအော်ရာ နှင့် ဓားစက်ကွင်းရှိ နတ်ဆိုးစွမ်းရည်များကို မြှင့်တင်ပေးခဲ့၏။ ထိုအချိန်တွင် ယွမ်ရှောင်သည်လည်း ပျက်စီးနတ်ခန္ဓာဖြင့် အားဖြည့်ပေးထားသောကြောင့် မိစ္ဆာမျိုးနွယ်ဝင်ထက်ပင် ပို၍ မကောင်းဆိုးဝါးဆန်နေသည်။
စစ်မင်းသမီးက ဤကောင်လေးကို အစပိုင်းတွင် အထင်သေးခဲ့ပြီး ရုတ်တရက် တိုးမြင့်လာသော အင်အား၊ခေါင်းတလား မြူခိုး၊ ပျက်စီးနတ်ခန္ဓာနှင့် ဓား နှလုံးသားများ၏ အားဖြည့်မှုကြောင့် တုန်လှုပ်သွားသည်။
"ဒါ ဘယ်လို မိစ္ဆာကောင်မျိုးလဲ"
စစ်မင်းသမီး စကား မဆုံးမီ၊ ထူထပ်သော ခေါင်းတလား မြူခိုးမှာ လှိုင်းတစ်ခုအလား သူမ နှင့် တစ္ဆေ သတ်ဖြတ်သူကို လွှမ်းခြုံသွားသည်။ ရှေးဟောင်း ကြေးခေါင်းတလား၏ မြူခိုး စွမ်းအားက သူတို့၏ ခန္ဓာကိုယ်များသို့ စိမ့်ဝင်သွား၍ သွေး နှင့် နှလုံးသားများထံ ကျူးကျော်ဝင်ရောက်၍ သွေးကြောများတလျှောက် စီးဆင်းသွားသည်။ မိစ္ဆာ နှစ်ကောင်ကိုယ်တွင်းမှ မြင့်မြတ်သော ချီစွမ်းအင် အနှစ်သာရမှာ စတင် တိုက်စားခံလိုက်ရသည်။
"စစ်မင်းသမီး၊ ဒီ မြူခိုးက အဆိပ်သင့်စေတယ်။ သူ့ကို အမြန် သတ်ပြီး ထွက်သွားရမယ်"
တစ္ဆေ သတ်ဖြတ်သူက ဟစ်အော်သတိပေး၍ အနက်ရောင် ဝတ်ရုံကို ဆွဲဖြဲလိုက်သောအခါ အရပ်မြင့်မြင့်နှင့် ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင် ထွက်လာသည်။ သူ၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစိမ်းရောင် ဖြစ်ပြီး ရှည်လျားသော အစွယ်များ ရှိကာ ခန္ဓာကိုယ်အထက်၌ အကြေးခွံနက်များဖြင့် တန်ဆာဆင်ထား၏။ သွေးစင်းကြောင်း သုံးခု တည်ရှိသော သိုးဦးချိုတစ်စုံ သူ၏ နဖူးတွင် ထိုးထွက်နေကာ လှပ၍ လူသားဆန်သော စစ်မင်းသမီးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူမ၏ ဦးခေါင်းပေါ်တွင် အလွန် လက်ရာမြောက်ပြီး တော်ဝင်ဆန်သော ဦးချိုများ ရှိကာ တစ်ခုချင်းစီ၌ သွေးစင်းကြောင်း ကိုးခု အမှတ်အသားပြုထားသဖြင့် ကြီးမားသော စွမ်းအားကို ညွှန်ပြနေသည်။ သို့တိုင်အောင် ခေါင်းတလား မြူခိုးအောက်တွင်၊ သူမ၏ဦးချိုများပင် တောက်ပမှုကို ဆုံးရှုံးသွားပြီး
မိစ္ဆာ နှစ်ကောင်စလုံးမှာ ယွမ်ရှောင်အပေါ် လူသတ်လိုစိတ်ဖြင့် အာရုံစိုက်ထားကြ၏။
တခဏအကြာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားရန် နီးကပ်လာနေပြီး စစ်မင်းသမီးမှာ နီရဲသော သွေး ကြာပွတ်တစ်ချောင်း ကိုင်ဆွဲထားကာ ၎င်းအထက်တွင် အဆိပ်လူး ဆူးချွန်များဖြင့် ပြည့်နှက်နေပြီး သွေးရောင် သံမဏိ ကွင်းကိုးခုဖြင့် တန်ဆာဆင်ထားသည်။ ကျာပွတ်က အဆင့်မြင့် နဂါးငွေ့တန်း မှော် ရတနာတစ်ခု ဖြစ်ကာ တစ္ဆေ သတ်ဖြတ်သူ၏ လက်ထဲတွင် အနက်ရောင် သွေး တံခွန်တစ်လက် ဆုပ်ကိုင်ထားကာ ဝိညာဉ် ဆင့်ခေါ်ခြင်း အလံဟု လူသိများပြီး ဝိညာဉ်များကို ဖမ်းယူနိုင်၍ လှံအဖြစ်လည်း နှစ်မျိုးသုံးနိုင်သည်။
ဝှစ်
တံခွန်အတွင်းမှ သွေးနီရောင် မီးလျှံများ ဒီရေပမာ စီးထွက်လာ၍ တောင်ကျရေကဲ့သို့ ယွမ်ရှောင်ထံသို့ တဟုန်ထိုး ဝင်ရောက်လာ၏။ နှစ်ယောက် တစ်ယောက် တိုက်ပွဲတွင် သူ့အနေဖြင့် တစ်ယောက်ကို အရင် သတ်ဖြတ်ရန် လိုအပ်သောကြောင့် ဘယ်လက်ဖြင့် စစ်မင်းသမီးထံ အလင်းလုံးတစ်ခု ပစ်ခတ်၍ သူ၏ ညာလက်မှ ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်ကို ဓားမြှောင်အဖြစ် အသွင်ပြောင်းကာ တစ္ဆေသတ်ဖြတ်သူထံ ပစ်လိုက်၏။
ထန်
ရှေးဟောင်း ကြေးခေါင်းတလားအတွင်း မြည်သံတစ်ခု ပဲ့တင်ထပ်သွားသည်။
ကြယ်သတ်ဓားသိုင်း၊ ကြယ်ဖောက်ခွဲဓား
၎င်းက ကြယ်မိုးဓားကွက်ပြီးလျှင် ဒုတိယမြောက် ဓားမြှောင် ကျင့်စဉ် ဖြစ်ပြီး အမှောင်ညကို ထိုးဖောက်လာသော ကြယ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ နေလ နတ်ဓားသိုင်း၊ နေဖောက်သက်တန့်အကွက်နှင့် ပုံစံချင်းတူညီသည်။ ဓားမြှောင်မှာ စကြဝဠာတစ်ခုလုံး၏ အင်အားကို စုစည်းထားသော ဓားတစ်စင်းကဲ့သို့ ဓား နှလုံးသားများ နှင့် နတ်ဆိုးစွမ်းရည်၏ အင်အားဖြင့် တစ္ဆေ သတ်ဖြတ်သူကို ချက်ချင်း ရင်ဆိုင်လိုက်သည်။
"ဝုန်း"
တစ္ဆေ တစ်ရာ ညချီတက်ပွဲ၏ စွမ်းအားအပြည့် ယွမ်ရှောင်က ထုတ်လွှတ်လိုက်ပြီး တစ္ဆေ သတ်ဖြတ်သူမှာ ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်နှင့် ခွန်အားချင်း တန်းတူညီသော မိစ္ဆာတစ်ကောင် ဖြစ်သည်။ ဝိညာဉ် ဆင့်ခေါ်တံခွန်၏ သွေးရောင် မီးလျှံများအတွင်း ဓားမြှောင်က မုန်တိုင်းပမာ ထိုးဖောက်ဝင်ရောက်လာ၍ တားဆီးမရနိုင်ပေ။ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုဖြင့် ၎င်းသည် တံခွန်၏ တိုက်ကွက်ကို ရင်ဆိုင်ပစ်ခဲ့သည်။
ဘန်း
တစ္ဆေ သတ်ဖြတ်သူသည် ဝိညာဉ် ဆင့်ခေါ် တံခွန်ကို လွှဲယမ်းပြီး ဓားမြှောင်ကို ရိုက်ထုတ်လိုက်သည်။
"ပျက်စီးစမ်း"
သူက ကြုံးဝါး၍ ကြမ်းတမ်းသော ရုပ်ပိုင်းဆိုင်ရာ အင်အား နှင့် တန်ဖိုးကြီးသော လက်နက်၏ စွမ်းအားဖြင့် ဓားဝိညာဉ်ကို ချေမွပစ်ရန် တွေးထား၏။ ဓားမြှောင်မှာ တံခွန်ရိုက်ချက်ကြောင့် လမ်းကြောင်းပြောင်းသွားသော်လည်း ခဏအတွင်း အံ့သြဖွယ်ကောင်းလောက်အောင် ပြန်ကွေ့လာပြီး အပြာရောင် အလင်းတန်းမှာ ကန်ရေပြင်အထက်တွင် ကျောက်တုံးတစ်ခု ပွတ်တိုက်သွားသကဲ့သို့ လေပေါ် လျှပ်တိုက်၍ တစ္ဆေ သတ်ဖြတ်သူ၏ နားထံ ထိမှန်သွားခဲ့သည်။
ဘန်း
ဓားမြှောင်က သူ၏ ညာဘက်နားမှ ဝင်၍ ဘယ်ဘက်မှ ထွက်သွားပြီး သွေးစွန်း ဦးနှောက် အပိုင်းအစများ လွင့်ထွက်လာ၏။
"အင့်…"
တစ္ဆေ သတ်ဖြတ်သူ၏ မျက်နှာ ပြာနှမ်း၍ ဒူးထောက်ကျသွားကာ မျက်လုံးအပြူးသားဖြင့် သေဆုံးသွားသည်။ တိုက်ပွဲ စတင်ချိန်မှ သေဆုံးချိန်အထိ တစ်ခဏအတွင်းသာ ဖြစ်ပျက်ခဲ့ပြီး စစ်မင်းသမီးသည် အလင်းလုံး၏ ကြောက်မက်ဖွယ် ပေါက်ကွဲမှု အင်အားကို ရင်ဆိုင် ဖယ်ရှားပြီးချိန်၌ တစ္ဆေ သတ်ဖြတ်သူ သေဆုံးနေကြောင်း မြင်တွေ့လိုက်ရ၏။
"သူက ဘယ်လိုလုပ် အဲ့လောက် အားကောင်းနေတာလဲ"
သူမ၏ နှလုံးက ပြင်းထန်စွာ ခုန်နေပြီး မျက်လုံးများ ထိတ်လန့်မှုကြောင့် နီရဲသွားသည်။
"သာမန် လူသားတစ်ယောက်နဲ့ နတ်ဆိုးတစ်ကောင်က အဆုံးမဲ့ ငရဲပြည်ရဲ့ မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ရဲလား။ မင်းတို့ ဘယ်လို သေချင်လဲ"
သူမက ကြာပွတ်ကို ဆုပ်ကိုင်လျက်သားဖြင့် ဒေါမာန်ပြင်းသော သားရဲတစ်ကောင်ပမာ ယွမ်ရှောင်ထံ ပြေးဝင်တိုက်ခိုက်ခဲ့သည်။ သူမအနေဖြင့် ယွမ်ရှောင်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းမှာ သူ၏ ကိုယ်ပိုင် မဟုတ်ကြောင်း ပြောနိုင်သဖြင့် အားနည်းအောင် လုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခု မြင်တွေ့ခဲ့သည်။ မြင့်မြတ်သော ချီစွမ်းအားက သူမ၏ ခန္ဓာကိုယ်တစ်လျှောက် တိုးဝင်လာပြီး မီးလျှံကဲ့သို့ နီရဲစေကာ သူမ၏ သွေး ဦးချို နှစ်ခုလည်း တောက်ပလာသည်။
"သွေး ယဇ်ပူဇော်ခြင်း၊ နဂါးဝင်သက်"
စစ်မင်းသမီးသည် မိစ္ဆာမျိုးနွယ်၏ ကျင့်စဉ်တစ်ခုကို အသက်သွင်း၍ မြင့်မြတ်သော ချီစွမ်းအား ထွက်လာပြီး မီတာတစ်ထောင်ကျော် ရှည်လျားသော သွေးနီရောင် မီးလျှံ နဂါးအဖြစ်သို့ ပြောင်းလဲသွား၏။
"သေစမ်း"
သူမ၏ ပုံရိပ်က တစ်ခဏအတွင်း ဖြတ်ခနဲ ပျောက်ကွယ်သွားကာ နဂါးဝင်သက် တိုက်ကွက်နှင့် တပြိုင်နက်တည်း ယွမ်ရှောင်ကို ဘေးဘက်မှ တိုက်ခိုက်လိုက်သည်။ တာအိုဂါထာကို သွေးစွမ်းအားနှင့် ပေါင်းစပ်ထားသည့် မိစ္ဆာတစ်ကောင်၏ တန်ခိုးကို အပြည့်အဝ ထုတ်သုံးလိုက်သော်လည်း ယွမ်ရှောင်မှာ မိစ္ဆာများထက် ပို၍ အစွမ်းထက်နေ၏။
သူက ဘယ်လက်တွင် မိုးကြိုးများစွာ စုစည်း၍ ဧရာမ လက်ကြီးတစ်ဖက် ဖန်တီးကာ အရုဏ်တက်နတ်ဧကရီ၏ တိုက်ကွက်နှင့် ဆင်တူသည်။
"မင်း ဒါကို ဘယ်တုန်းက သင်ခဲ့တာလဲ"
ကြယ်ပြာက အံ့ဩတကြီး မေးသည်။
"ချန်ရီ နှစ်ခါ တိုက်ခိုက်တာ ကြည့်ပြီး ရသွားတာပဲ"
ယွမ်ရှောင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေ၍ ကြယ်ပြာ မင်သက်နေစဥ် မိုးကြိုး လက်ကြီးသည် နဂါးဝင်သက်အပေါ် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဘုန်း
မိုးကြိုး နှင့် မီးလျှံ ထိပ်တိုက်ရင်ဆိုင်၍ မီးနဂါး ဟိန်းဟောက်နေရာ ရှေးဟောင်း ကြေးခေါင်းတလား တစ်ခုလုံး တုန်လှုပ်သွားသည်။ ကျန်တစ်ဖက်တွင် စစ်မင်းသမီးသည် ကြာပွတ်ကို ပြင်းထန်စွာ လွှဲရိုက်လိုက်သောအခါ ယွမ်ရှောင်က အပြာရောင် ဓားသွားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။
ကြယ်သတ်ဓားသိုင်း
ပျက်စီးနတ်ခန္ဓာဖြင့် ကိုင်စွဲထားသောကြောင့် ဓားက အလွန် အားကောင်းလာပြီး သံမဏိ ကြာပွတ်နှင့် ရင်ဆိုင်မိသောအခါ တစ်ချက်တည်းဖြင့် စစ်မင်းသမီးကို နောက်ဆုတ်သွားစေသည်။ ပျက်စီးနတ် ခန္ဓာ၏ ခွန်အားက အမှန်တကယ် ကြောက်မက်ဖွယ်ရာကောင်းပြီး ယွမ်ရှောင်နှင့် လနတ်သား ပူးပေါင်းခြင်းသည်
တစ်ပေါင်းတစ် ရလဒ် နှစ်ထက် ပိုသည်။
ဘုန်း
ယွမ်ရှောင်က နဂါးဝင်သက်ကို မိုးကြိုးလက်ကြီးဖြင့် ချေမွပစ်လိုက်ပြီးနောက် အဖြူရောင်အလင်းတန်းပမာ တရစပ် တိုက်ခိုက်နေသည်။
ကြယ်သတ်ဓားသိုင်း၊ ကြယ်ကြွေဓားကွက်
ဓားနှလုံးသားများ၏ စွမ်းအားဖြင့် အားဖြည့်ထားသော ဓားက နတ်ဆိုးတစ်ကောင်ကဲ့သို့ အရိုင်းဆန်၍ လျင်မြန်သည်၊ တိကျသည်၊ ရက်စက်သည်၊ အေးစက်သည်။
"မင်း..."
စစ်မင်းသမီး၏ မျက်နှာ မည်းနက်သွားကာ တိုက်ပွဲအောက်စည်းသို့ ရောက်နေသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေသည်။
ဘုန်း
စစ်မင်းသမီးသည် ကြယ်တစ်လုံး၏ အလေးချိန် သူမအပေါ် ဖိနှိပ်လာသည်ကို ခံစားလိုက်ရပြီး ဒူးများ ကွေးညွှတ်သွား၍ သွေးများ ပန်းထွက်လာ၏။
"မင်းက သေချင်နေတာပဲ"
သူမက အော်ဟစ်ကြုံးဝါးနေစဥ် ယွမ်ရှောင်၏ ဓား နောက်တစ်ကြိမ် ဝင်ရောက်လာပြီး မျက်တောင်တစ်ခတ်အတွင်း ရင်ဘတ်ကို ခုနစ်ချက် တိတိ ထိုးခုတ်ပစ်ခဲ့သည်။
ဇွပ် ဇွပ် ဇွပ်
ဓားချက်တိုင်းက သေကွင်းသေကွက်များကို လွဲချော်သွားသော်လည်း မြင့်မြတ် ချီစွမ်းအားကို ထုတ်လွှတ်ရန် အသုံးပြုရသည့် သွေးကြောများကို ပြတ်တောက်သွားစေသည်။
"အင့်…"
နာကျင်မှုကြောင့် စစ်မင်းသမီး၏ မျက်နှာက ဖြူဖျော့သွားပြီး ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများတွင် ယုံကြည်မှု ကင်းမဲ့ကုန်သည်။ ယွမ်ရှောင်၏ ဓားက နောက်တစ်ကြိမ် ထိုးစိုက်လိုက်ပြီး ဓားဖျားမှာ စစ်မင်းသမီး၏ နှလုံးသားတည့်တည့်တွင် ထောက်ထားကာ မိစ္ဆာတစ်ကောင်၏ အဓိက သေကွင်းသေကွက်ဖြစ်၍ တစ်ကြိမ် ထိုးဖောက်ခံရရုံဖြင့် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
"မလှုပ်နဲ့"
ယွမ်ရှောင်၏အမိန့်ကြောင့် စစ်မင်းသမီးမှာ ကျောစိမ့်သွားကာ ရုန်းကန်နေရာမှ သေခြင်းတရားခြိမ်းခြောက်မှုအောက်တွင် ချက်ချင်း မလှုပ်မယှက် တောင့်တင်းသွားခဲ့၏။ ထိုအချိန်တွင် သူမက ကြေးခေါင်းတလားအတွင်း ဒူးထောက်နေရပြီး အဖြူရောင်ဝတ် လူငယ်မှာ ရှေ့တွင် ရပ်နေ၍ မျက်လုံးများ အေးစက်တင်းမာနေကာ အောင်နိုင်သူဖြစ်ကြောင်း ရှင်းလင်းနေသည်။
"ငါ့ကို သတ်ရဲရင် သတ်လိုက်၊ ငါက သေရမှာ မကြောက်ဘူး"
စစ်မင်းသမီးက မထီမဲ့မြင် စိုက်ကြည့်၍ စိန်ခေါ်နေသည်။
"တကယ်လို့ ငါ ဒီမှာ သေဆုံးခဲ့ရင်၊ မင်းရဲ့ လူသားမျိုးနွယ် တစ်ခုလုံး သူတို့ရဲ့ အသက်နဲ့ ပေးဆပ်ရလိမ့်မယ်"
"မင်းက သေခြင်းကို မကြောက်ဘူး ဆိုပေမယ့် ခြေထောက်တွေ ဘာလို့ အဲ့လောက် တုန်နေတာလဲ"
ယွမ်ရှောင်က သူမ၏ သွယ်လျသော ခြေတံရှည်များ တုန်လှုပ်နေကြောင်း မြင်နိုင်သဖြင့် လှောင်ပြုံးတစ်ခု သူ၏ နှုတ်ခမ်းများတွင် ဖြစ်ပေါ်လာသည်။
"မင်းက ဘာလိုချင်တာလဲ။ နတ်ဆိုးတွေကို ဆန့်ကျင်ဖို့ ငါ့ကို ခြိမ်းခြောက်ချင်တာလား။ အဆုံးမဲ့ ငရဲပြည်ရဲ့ မင်းသမီးတစ်ပါးကို ပြန်ပေးဆွဲတဲ့ ရာဇဝတ်မှုအတွက် အပြစ်ဒဏ်ကို သိရဲ့လား"
"မင်း သေချာလား။ ငါက ဒီဖန်ဆင်းရှင် မျိုးစေ့ကို တိုက်ရိုက် မသိမ်းပိုက်နိုင်ဘဲ သွေး အခြေခံကို ကျင့်ကြံဖို့ ခန္ဓာကိုယ်ကို အသုံးပြုရမှာလား။ ပြီးတော့ အဲ့ဒါ ရင့်ကျက်သွားပြီးမှ သွေးအတွက် သူမကို သတ်ဖြတ်ရမှာလား"
ယွမ်ရှောင်က သူမကို လျစ်လျူရှု၍ ကြယ်ပြာနှင့် စိတ်ချင်းဆက်သွယ်နေသည်။
"ဟုတ်တယ်။ သူမရဲ့ မျိုးရိုးက အဆင့်မြင့်တယ်။ မင်းရဲ့ လက်ရှိ ရုပ်ခန္ဓာက ဒါကို တိုက်ရိုက် ကိုင်တွယ်ဖို့ အရမ်း အားနည်းလွန်းတယ်။ မိစ္ဆာတွေရဲ့ အဆိုအရ သူမမှာ သွေးမျိုးရိုး ကိုးဆင့် ရှိပေမယ့် တစ်ခုတောင် မဖွင့်ရသေးဘူး။ ဒါကြောင့် အဆုံးမဲ့ ငရဲပြည်မှာ သူမက အပြည့်အဝ နိုးထမလာသေးတဲ့ သွေးပါရမီရှင်တစ်ယောက်ပဲ။ သူမရဲ့ သွေးက မင်းအတွက် အလွန် တန်ဖိုးကြီးတယ်"
ကြယ်ပြာက အသေးစိတ် ရှင်းပြလိုက်သည်။
"အလုပ်ရှုပ်လိုက်တာကွာ"
ယွမ်ရှောင်က စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။
"တကယ်လို့ မင်းက ဒါကို အရမ်း အလုပ်ရှုပ်တယ်လို့ ထင်ရင် တခြား နည်းလမ်းတစ်ခု ရှိသေးတယ်"
ကြယ်ပြာက ခပ်ညစ်ညစ် ပြုံး၍ အကြံပေးလာခဲ့၏။
"ဘာလဲ"
"သူမက ရှားပါးတဲ့ ကိုယ်ပွား မျိုးစေ့ တစ်ခုလည်း ဖြစ်တယ်။ လနတ်သားလိုမျိုး ဖန်တီးဖို့ မင်းရဲ့ ဝိညာဉ်ကို အစိတ်အပိုင်းတစ်ခု ခွဲထုတ်နိုင်တယ်။ ဒါပေမယ့် ဒါကြီးက မိန်းမအစစ်တစ်ယောက်နော်"
"ဖန်ဆင်းရှင်က ကိုယ်ပွားကို အသုံးပြုပြီး ငါ့ကို ဗိုက်ပြည့်စေမှာလား။ စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ။ ဒီကိုယ်ပွားနဲ့ဆို၊ မင်းရဲ့ အင်မော်တယ် ခရီးမှာ ချစ်သူတစ်ယောက် မလိုအပ်တော့ဘူး"
လနီက ဝမ်းသာအားရဖြင့် ဖြတ်ပြောလိုက်သည်။
"မင်းရဲ့ ရွေးချယ်မှုက ဘယ်လိုလဲ"
"ငါ မိန်းမတစ်ယောက် ဖြစ်လာရမယ့်အစား သေတာက ပိုကောင်းတယ်"
ကြယ်ပြာ၏ မေးခွန်းကြောင့် ယွမ်ရှောင်သည် စစ်မင်းသမီး၏ ခန္ဓာကိုယ်ကို တစ်ချက်ဝေ့ကြည့်ကာ သွယ်လျသော ခြေတံရှည်များနှင့် ဆွဲဆောင်အားပြင်းလွန်းသော ကောက်ကြောင်းများကြောင့် အံ့မခန်း လှပကြောင်း လက်ခံလိုက်သော်လည်း အံကြိတ်ငြင်းဆန်ခဲ့သည်။
မြေအောက် နန်းတော်အထက်တွင် မိန်းကလေးတစ်ဦးက ဓားပျံစီးနင်း၍ ဖြတ်သန်းသွားချိန်တွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ရှေ့တွင် ပြိုကျပျက်စီးနေသော နန်းတော်တစ်ခု ရှိနေပြီး မြေအောက်မှ အသံများကို ကြားနိုင်၍ မိန်းမတစ်ယောက်၏ ငိုသံ ထွက်ပေါ်နေကာ ကြားရသူတိုင်းကိုပင် မျက်ရည်ဝဲစေနိုင်လောက်ပေသည်။
"နေ့ခင်းကြောင်တောင်ကြီး ဒီလို အကြမ်းဖက်မှုမျိုး ကျူးလွန်ရဲတာ ဘယ်သူလဲ"
သူမက မျက်မှောင်ကြုတ်၍ စဥ်းစားရင်း ဓားအော်ရာ ၆၀၀ ကျော်ရှိသော ဓားဝိညာဥ်ကို ဆွဲကိုင်၍ ဆင်းသက်လာခဲ့လေသည်။