သွေးမျိုးရိုး ပါရမီ အသက်ဝင်လာခြင်း၊ သွေးဝိညာဉ် နဂါးမျိုးစေ့
Vol. 18 Ch. 224
"မဟုတ်ဘူး"
စစ်မင်းသမီးက လက်ရှိအခြေအနေကို လက်မခံနိုင်ဟန်ဖြင့် အော်ဟစ်နေသည်။
"ငါက မြင့်မြတ်တဲ့ မိစ္ဆာမျိုးနွယ်ဝင်တစ်ကောင် ဖြစ်တယ်။ ငါ့ကို ထိန်းချုပ်ထားရင်တောင် ငါ့ဝိညာဉ်က လက်နက်ချမှာမဟုတ်ဘူး။"
သူမ၏ စကားလုံးများက ချည်နှောင်ရန် ကြိုးပမ်းနေသော မမြင်နိုင်သည့် သံကြိုးများကို ဆန့်ကျင်ရန် တိုက်ပွဲခေါ်သံတစ်ခု ဖြစ်သည်။ မပြောပြနိုင်လောက်သော အရှက်တရားတစ်ခု လွှမ်းခြုံလာ၍ သူမ၏ မိဘများ နှင့် အစ်ကိုသာ ဤအဖြစ်ကို သိရှိသွားလျှင်ဟူသော အတွေးမှာ သည်းမခံနိုင်လောက်အောင်ပင်။ သူမက အတွေးများနှင့် ရုန်းကန်နေစဉ် သွေးကပ်ဘေး စွမ်းအားသည် နဖူးပေါ်မှ ဦးချို နှစ်ခုကို ပစ်မှတ်ထားပြီး တုန်ခါမှုတစ်ခု နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်တလျှောက် ဖြတ်သန်းသွားသည်။ သူမ၏ ကိုးဆင့် သွေးမျိုးရိုး ပါရမီသည် အဆုံးမဲ့ ငရဲပြည်တွင် ပထမဆုံး ဖြစ်၍ တစ်ချိန်က ငရဲ ကိုးထပ်ကို တုန်လှုပ်စေခဲ့သော အဆုံးမဲ့ ငရဲပြည်၏ ဂုဏ်ယူမှု ဖြစ်ခဲ့သည်။ သို့သော် ကြီးမြတ်သော ကောင်းချီးအားလုံးကဲ့သို့ပင် ၎င်းကို အသက်သွင်းရန် အလွန် ခက်ခဲသဖြင့် အသက်ဆယ့်ခုနစ်နှစ်အထိ အဆင့်တစ်ခုပင် အသက်ဝင်မလာသေးရာ စိုးရိမ်တကြီး ဖြစ်စေခဲ့၏။
သုံးဆင့် သို့မဟုတ် လေးဆင့် သွေးမျိုးရိုး ပါရမီရှင်များသည် ဆယ်ကျော်သက်ဘဝ အစောပိုင်းတွင် သူတို့၏ ပါရမီများကို အသက်ဝင်လာအောင် ပြုလုပ်နိုင်ခဲ့ကြသဖြင့် ကျင့်ကြံမှု အရှိန်အဟုန်များ တိုးတက်လာသည်။ ခေတ်တစ်ခေတ်တွင် တစ်ကြိမ်သာ ပေါ်ထွန်းသော ပါရမီရှင် စစ်မင်းသမီးကို ကျော်တက်သွားကြသည့်အပြင်
ရက်စက်ကြမ်းကြုတ်သော အမှန်တရားအဖြစ် ဆယ့်ရှစ်နှစ်ပြည့်ပြီးလျှင် ဦးချိုများပေါ်မှ သွေးရုန်းစာလုံးများ လုံးဝပိတ်ဆို့သွားမည်ဖြစ်၍ သူမ၏ ဆယ့်ရှစ်နှစ်မြောက် မွေးနေ့ရောက်ရန်လည်း နှစ်ပတ်မျှသာ လိုအပ်တော့သည်။
အဆုံးမဲ့ ငရဲပြည်တွင် သူမသည် ကြီးမြတ်မှုအတွက် ကံကြမ္မာပါလာသော်လည်း အောက်ခြေအဆင့်တွင် ပင်ပန်းစွာ ရုန်းကန်နေရသည်။ သူမ၏ မွေးဖွားမှုက ငရဲ ကိုးထပ်ကို တုန်လှုပ်စေခဲ့သော်လည်း ဆယ့်ရှစ်နှစ်မြောက် မွေးနေ့မှာ သူမအတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ရပေလိမ့်မည်။ အလားအလာမြင့်မားသော ပါရမီရှင်တစ်ယောက်မှာ အဆင့်တစ်ခုတောင် အသက်မသွင်းနိုင်သောကြောင့်
ဆယ့်ရှစ်နှစ်ပြည့်ရန် နီးကပ်လာသည်နှင့်အမျှ ပို၍ပို၍ စိတ်ပျက်အားငယ်လာသည်။ ထို့ကြောင့် အဆုံးမဲ့ ငရဲပြည်မှ ထွက်ခွာလာပြီး နတ်ဘုရားတိုက်ကြီးနှင့် နတ်ဆိုးတိုက်ကြီးထံ ရောက်ရှိလာခြင်းဖြစ်ပြီး တစ်ချိန်လုံး ဤစိတ်ဓာတ်ကျမှုကို ခံစားနေရသည်။ သို့သော် လက်ရှိတွင် သူမ၏ ကိုးဆင့် သွေးမျိုးရိုး ပါရမီ အသက်ဝင်လာကြောင်း ခံစားလိုက်ရသောအခါ ဝမ်းသာမျက်ရည်များ ကျဆင်းလာ၍ ချောက်နက်ကြီးအတွင်းမှ မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့ခဲ့၏။ သူမ၏ ဆယ့်ရှစ်နှစ်မြောက် မွေးနေ့ နီးကပ်လာသည်နှင့်အမျှ လှောင်ပြောင်သရော်သံများ၊ ရယ်မောသံများနှင့် နှာခေါင်းရှုံ့သံများ ပို၍ကျယ်လောင်လာပြီး စကားလုံးများ၏ ရက်စက်ကြမ်းကြုတ်မှုအရ သူမ ရင်ဆိုင်ခဲ့ရသော ဖိအားသည် မည်သူကိုမဆို စိတ်ဓာတ်ပျက်စီးသွားစေရန် လုံလောက်ခဲ့သည်။
စစ်မင်းသမီးက သေခြင်းကို ကြောက်လန့်မနေဘဲ ဆယ့်ရှစ်နှစ်ပြည့်လျှင် အဝေးတစ်နေရာတွင် ဘဝကို အဆုံးသတ်ရန် ဆန္ဒတစ်ခု ရှိခဲ့သည်။ သို့ရာတွင် သူမ ကြားရန် အိပ်မက်မက်နေခဲ့သော အသံတစ်ခု သူမ၏ ဦးချိုများမှ ကြည်လင်စွာ ထွက်ပေါ်လာပြီး ရုန်းများ တစ်ခုပြီးတစ်ခု အသက်ဝင်လာကာ သွေးနဂါးဦးချိုအသွင် စတင်ပြောင်းလဲလာ၍ နဂါးဘုရင်တစ်ပါး၏ သရဖူပမာ ခန့်ညားပေသည်။
အမှန်တကယ်တွင် သူမ၏ ဖန်ဆင်းရှင်မျိုးစေ့က သွေးဝိညာဉ် နဂါးမျိုးစေ့ ဖြစ်ကာ ဦးချိုများအတွင်း ချိတ်ပိတ်ထားခြင်း ခံခဲ့ရသည်။
ဝုန်း
နောက်ဆုံး ရုန်း အသက်ဝင်လာသောအခါ စွမ်းအင်လှိုင်းများ စစ်မင်းသမီး၏ သွေးကြောအတွင်း ပြန့်ထွက်လာကာ မိစ္ဆာသွေးနှင့် ရောနှော၍ သွေးကပ်ဘေး စွမ်းအားကို အားဖြည့်ပေးလိုက်၏။
"အမေနဲ့ အဖေက ပြောခဲ့တယ်။ ကိုးဆင့် သွေးမျိုးရိုး ပါရမီ အသက်ဝင်လာတဲ့နေ့မှာ ငရဲ ကိုးထပ်က မိစ္ဆာ နယ်ပယ်အားလုံးကို အမိန့်ပေးလိမ့်မယ်"
စစ်မင်းသမီးက ကြောင်တောင်တောင် တီးတိုးရေရွတ်နေပြီး အမှောင်မိုက်ဆုံး အချိန်တွင် ထိုအိပ်မက် ဖြစ်တည်လာခဲ့၏။ တစ်ဘဝလုံး ကြီးမားလှသော ဖိအားအောက်တွင် အသက်ရှင်လာခဲ့ရသဖြင့် ဤစွမ်းအားမှာ ကိုယ်ပိုင်မဟုတ်လျှင်ပင် ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။
"အနည်းဆုံးတော့ ဒီပုံစံနဲ့ အဆုံးမဲ့ ငရဲပြည်ကို ပြန်သွားရင် ငါဟာ တခြားတစ်ယောက်ရဲ့ သွေးကျွန်ဖြစ်နေတာကို သိမှာ မဟုတ်ဘူး…"
စစ်မင်းသမီးက တစ်ချက်ပြုံး၍ အတွေးနက်နေပြီး တစ်သက်လုံး တောင့်တနေခဲ့သော ကိုယ့်ကိုကိုယ် သက်သေပြရန် အခွင့်အရေး တစ်ခု ရောက်ရှိလာခဲ့သည်။ ဒဏ်ရာများ ပျောက်ကင်းသွားပြီး သူမက အားတင်း၍ မတ်တပ်ထရပ်၍ ချောမောသော လူသားကို စိုက်ကြည့်နေမိ၏။
"ငါတို့ သဘောတူညီချက်တစ်ခု ပြုလုပ်လို့ ရမလား"
သူမက စိတ်လှုပ်ရှားနေခြင်းကို ထိန်းချုပ်၍ ယွမ်ရှောင်ထံ ကမ်းလှမ်းလိုက်သည်။
"အရင်ဆုံး အဝတ်အစားတစ်ခုခု ပြောင်းဝတ်လိုက်ပါလား။ မဟုတ်ရင် ငါ မင်းစကားတွေအပေါ် အာရုံမစိုက်နိုင်ဘူး"
ယွမ်ရှောင်က အကြည့်လွှဲ၍ ပြန်ဖြေလိုက်ပြီး တစ်ဖက်လူ၏ ဆွဲဆောင်အားကြောင့် အကြည့်ချင်းမဆုံလိုပေ။ မျက်နှာ နီမြန်းသွားကာ စစ်မင်းသမီးက ရှက်ရွံ့သွားပြီး တင်းကျပ်လုံခြုံ သော ဝတ်စုံတစ်ခု လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
"ဒီမယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အားလုံးကို ဖြတ်သန်းပြီးတဲ့နောက် ငါ့မှာ စဉ်းစားစရာတွေ အများကြီး ရှိခဲ့တယ်"
စစ်မင်းသမီးက တစ်လုံးချင်း ပြော၍ အသက်ပြင်းပြင်းရှူပြီး ယွမ်ရှောင်ကို စိုက်ကြည့်နေခဲ့၏။
" ငါ အသက်ရှင်ချင်တယ်။ မင်းရဲ့ အမိန့်တိုင်းကို လိုက်နာမယ်။ငါ့ကို အသက်ရှင်ခွင့်ပေးပါ"
"ဘာကြောင့် အသက်ရှင်ချင်စိတ် ရုတ်တရက် ပေါ်လာတာလဲ"
ယွမ်ရှောင်က အေးစက်စွာ မေးသည်။
"ငါဟာ တစ်ချိန်က အဆုံးမဲ့ ငရဲပြည်ရဲ့ လှောင်ရယ်စရာ ဖြစ်ခဲ့တယ်။ ငါ့မျိုးနွယ်နဲ့ မိဘတွေအတွက် စိတ်ပျက်စရာတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု ငါ့ရဲ့ ကိုးဆင့် သွေးမျိုးရိုး အသက်ဝင်လာပြီဆိုတော့ ကိုယ့်ကိုယ်ကို သက်သေပြချင်တယ်။ သူတို့ကို ဂုဏ်ယူစေချင်တယ်"
စကားလုံးတိုင်းသည် သူမ ကြာမြင့်စွာ တန်ဖိုးထားခဲ့သော အိပ်မက်များကို သယ်ဆောင်ထားသည်။
"မင်းက ငါ့အမိန့်အားလုံးကို လိုက်နာမယ်လို့ သေချာလား"
ယွမ်ရှောင်က မျက်ခုံးပင့်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်မ သေချာပါတယ်"
"ကိုယ့်ကိုကိုယ် ယဇ်ပူဇော်ခိုင်းရင်ရော လုပ်မှာလား"
သူက တစ်ချက်ပြုံး၍ မေးသည်။
"မင်းက ဒီလိုလုပ်ချင်လို့ ငါ့ကို အသက်ရှင်ခွင့်ပေးထားတာမလား။ မင်းက လူသားမျိုးနွယ်မှာ တော်တော် စိတ်ဓာတ်ညစ်ပတ်တဲ့ ကောင်ပဲ"
စစ်မင်းသမီးက သူမ၏ နှုတ်ခမ်းကို ကိုက်၍ အေးစက်စက် ရယ်မော၍ မထီမဲ့မြင် လှည့်ကြည့်လိုက်သည်။
"တကယ်လို့ မင်း ငါ့ကို ဆက်ပြီး စော်ကားနေမယ်ဆိုရင် ဒီအခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်နော်"
ယွမ်ရှောင်က ခဏတာ ရပ်တန့်သွား၍ ဆက်ပြောသည်။
"အသက် နဲ့ ဂုဏ်သိက္ခာ။ မင်းအနေနဲ့ တစ်ခုပဲ ရွေးချယ်နိုင်တယ်။ တကယ်လို့ မင်းက အဆုံးမဲ့ ငရဲပြည်ကို ပြန်သွားပြီး ကိုယ့်ကိုယ်ကို သက်သေပြချင်တယ်ဆိုရင် ငါ့ရှေ့မှောက်မှာ ဂုဏ်သိက္ခာကို မေ့ထားလိုက်။ ရွေးချယ်"
"ကျွန်မ အသက်ကို ရွေးချယ်ပါတယ်"
လက်သီးများကို ဆုပ်ထားရင်း စစ်မင်းသမီးသည် စိတ်အတွင်း၌ အလွန် မသက်မသာ ဖြစ်နေဟန်ဖြင့် နောက်ဆုံးတွင် ဦးခေါင်း ငုံ့လိုက်ပြီး မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
"ဉာဏ်တဲ့ ရွေးချယ်မှုပဲ"
ယွမ်ရှောင်က မှတ်ချက်ချ၍ သေးငယ်သော အနက်ရောင် သားရဲလေးဘက်လှည့်ကာ မေးလိုက်သည်။
"ကြယ်ပြာ၊ တကယ်လို့ ငါက နောက်ပိုင်းမှာ သွေးအခြေခံကို ပြန်ယူခဲ့ရင် သူမ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိသလား"
"ရှိတယ်။ ဒါကို သူမကိုယ်တွင်းမှာ သွေး အခြေခံကို ကျင့်ကြံတယ်လို့ သဘောထားလိုက်။ မင်း လိုအပ်တဲ့အခါ ယူလိုက်ရုံပဲ။ သွေးအခြေခံကို ဆုံးရှုံးသွားရင် သူမက သတိလစ်သွားနိုင်ပေမယ့် သွေးကပ်ဘေး စွမ်းအားအချို့ ထောက်ပံ့ပေးနေရင် ခဏတာ အသက်ရှင်နေနိုင်တယ်။ မင်းအလုပ် ပြီးသွားတဲ့အခါ ပြန်ထည့်လိုက်ရုံပဲ"
ကြယ်ပြာက လေးနက်စွာ ရှင်းပြလိုက်သောအခါ စစ်မင်းသမီး၏ တင်းမာနေသော နှလုံးသား အနည်းငယ် ပေါ့ပါးသွားသည့်တိုင်အောင် မျက်ရည်များ မျက်နှာထက်သို့ စီးကျလာ၏။ ယွမ်ရှောင် ပြောခဲ့သည့်အတိုင်းပင် ယခုအချိန်မှစ၍ သူမသည် ဂုဏ်သိက္ခာကင်းမဲ့သော သွေးကျွန်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
"ငါက သူမကို သနားနေတာ မဟုတ်ဘူး။ လျှို့ဝှက်သူလျှိုတွေကို နေရာတိုင်းမှာ ထားခြင်းက ကျင့်ကြံမှုကို မနှောင့်နှေးစေရုံတင်မကဘဲ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတချို့လည်း ရရှိနိုင်တယ်"
ယွမ်ရှောင်က ကြယ်ပြာနှင့် ဆွေးနွေးနေသည်။
"ငါ မင်းကို ယုံကြည်ပါတယ်"
ကြယ်ပြာက နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။
"ငါလည်း ယုံကြည်တယ်။ နောက်ဆုံးကျရင် မိစ္ဆာ နို့ရည် အရင်းအမြစ် သေသွားမှာကို ငါ သည်းမခံနိုင်ဘူး"
လနီက ဝင်ပြောသည်။
"ဒါပေမယ့် အဆုံးမှာတော့ သူမက သေဆုံးဖို့ ကံကြမ္မာပါလာတယ်။ ဖန်ဆင်းရှင် အင်မော်တယ် အပြည့်အဝ ရင့်ကျက်လာတာနဲ့အမျှ မိစ္ဆာသွေး ပြန်လည် ရောက်ရှိလာလိမ့်မယ်"
ကြယ်ပြာက လေးနက်စွာ ပြောသည်။
"အဲ့ဒီအချိန်အထိ ဘယ်လောက်ကြာမှာလဲ"
စစ်မင်းသမီးက နှုတ်ခမ်းကို ကိုက်လျက် မေးသည်။
"ဘယ်လောက်ကြာမှာလဲ ဟုတ်လား။ ဒါက အချိန်အကြာကြီးပါ။ အနည်းဆုံးတော့ မင်းရဲ့ မူလ သက်တမ်းထက် ပိုကြာလိမ့်မယ်"
ကြယ်ပြာက တစ်ချက်ပြုံး၍ ပြောလိုက်သောကြောင့် သူမကို စိတ်အေးသွားစေသည်။
"အဆုံးမဲ့ ငရဲပြည်မှာ ကျွန်မရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရရှိသရွေ့ သေဆုံးရတာ နောင်တရစရာ မရှိပါဘူး"
"မင်းသဘောပဲ"
ယွမ်ရှောင်က ဘာဆက်ဖြစ်မည်ကို ဆုံးဖြတ်ချက်များ မချလိုဘဲ သေခြင်းနှင့် ရှင်ခြင်း အရာအားလုံးကို ကံကြမ္မာအတိုင်း စီရင်စေချင်ခဲ့သည်။
"မင်းရဲ့ တိုက်ခိုက်ရေး အစွမ်းကို စမ်းသပ်ကြည့်လိုက်"
ယွမ်ရှောင်က အကြံပြုသည်။ စစ်မင်းသမီး၏ ခန္ဓာကိုယ်သည် သွေးကပ်ဘေးဖြင့် အားဖြည့်ပေးထားသော်လည်း တိုက်ပွဲတွင် သူမ၏ ကိုယ်ပိုင်သိုင်းကွက်များအပေါ် မှီခိုနေရဆဲဖြစ်သည်။ ၎င်းမှာ ကိုယ်ပွားတစ်ခု ရှိခြင်းနှင့် ကွဲပြားသဖြင့်
ယွမ်ရှောင်က လနတ်သားကို သူမနှင့် တိုက်ခိုက်စေခဲ့သည်။ သူမကို မိစ္ဆာသွေး အသုံးပြုခွင့် ပေးထားသောကြောင့် ကိုယ်တွင်းသို့ စွမ်းအင်အစစ်အမှန် ပြန်လည်ရောက်ရှိလာသောအခါ မျက်လုံးများ သွေးရောင် တောက်ပလာ၏။
"ဘယ်လို ခံစားရလဲ"
ယွမ်ရှောင်က စစ်ဆေးသည်။
"အရမ်း အားကောင်းတယ်၊ ပြင်းထန်တယ်၊ အံ့ဩစရာကောင်းတယ်…"
စစ်မင်းသမီးက တီးတိုးရေရွတ်ရင်း တစ်ကိုယ်လုံးကို ငုံ့ကြည့်၍ ပိုမိုပြင်းထန်သော အလှတရားများ တိုးတက်လာခဲ့သည်။ တစ်ကိုယ်လုံး ဖြတ်သန်း စီးဆင်းနေသော ကပ်ဘေးသွေးကြောင့် ယခင်ကထက် ပို၍ ဆွဲဆောင်မှု ရှိလာပုံပေါ်ပြီး မိစ္ဆာမျိုးနွယ်၌ ရှားပါးသော အလှတရားပြယုဂ်ဖြစ်ပေသည်။ ထို့နောက် သူမက အစွမ်းအစကို စမ်းသပ်ခဲ့ပြီး လက်ဝါးရိုက်ချက်တစ်ခု ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သောအခါ သွေးလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ မိစ္ဆာသွေး၏ စွမ်းအားက မွေးရာပါ ညစ်ညမ်းပြီး လူသတ်နိုင်စွမ်း ရှိကာ အသက်၏ ဘေးအန္တရာယ် ဖြစ်၍ ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်နှင့် အနည်းငယ် ဆင်တူသည်။ သူမ၏ နယ်ပယ် ပြောင်းလဲမသွားသော်လည်း လူသတ်နိုင်စွမ်း အဆမတန် မြင့်တက်လာခဲ့ပြီး ယွမ်ရှောင်ကို အူကြောင်ကြောင်ဖြင့် ငေးကြည့်နေခဲ့မိသည်။
"ကောင်းပြီ၊ ဒါဆိုရင် အားလုံး ပြီးဆုံးသွားပြီ"
စစ်မင်းသမီး၏ ကိုယ်တွင်းအတွင်း၌ မိစ္ဆာ မျိုးစေ့ကို သယ်ဆောင်ထားသရွေ့ ယွမ်ရှောင်နှင့် အတူရှိနေသကဲ့သို့ အမြဲတမ်း ဆက်သွယ်နိုင်သည်။ ကျန်တစ်ဖက်တွင်လည်း လနတ်သားသည် လုံလောက်သော ပျက်စီးအဆီအနှစ်ကို စုပ်ယူပြီးနောက် အခြေတည်အဆင့် နတ်ဆိုးသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ကာ တစ်ကြိမ်တည်းဖြင့် အဆင့် နှစ်ဆင့် ခုန်ပျံကျော်လွှားသွားသည်။
"အခြေတည်အဆင့် သူတော်စင် နတ်ဆိုး နယ်ပယ်၊ ငါက ငါ့ဆရာအတွက် လက်စားချေနိုင်ပြီ"
ယွမ်ရှောင်၏ မျက်လုံးများသည် လနတ်သား၏ နားတွင် ဝတ်ဆင်ထားသော အဖြူရောင် ကျောက်စိမ်း နားကပ်ကို ကြည့်နေရင်း အေးစက်တင်းမာလာသည်။နတ်ဆိုး စစ်သည်များက ကောင်းကင်နယ်မြေကို ဝန်းရံထားပြီး ခရမ်းရောင်ကောင်းကင် စစ်တပ်သည် အောက်နယ်မြေများသို့ ချီတက်နေစဉ် နောက်ဆုံးတွင် သူက စစ်မင်းသမီး ဟူသော ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားတစ်ဦးကို ရထားသည့်အတွက် အသာစီး ရရှိခဲ့သည်။
"ပထမဆုံး၊ စစ်သေနာပတိချုပ်ကို ဘိုးဘေးကျောင်းတော်ဆီ ချီတက်ဖို့ အကြောင်းကြားမယ်"
ယွမ်ရှောင်က အတွေးနက်နေရင်း စစ်မင်းသမီးထံ လှည့်ပြောခဲ့သည်။
"မင်းက ငါနဲ့အတူ ဘိုးဘေးကျောင်းတော်မှာ နတ်ဆိုးတွေကို ချေမှုန်းဖို့ ကူညီရမယ်"
"ဟုတ်ကဲ့…"
စစ်မင်းသမီးက ယွမ်ရှောင်၏ အမိန့်မှာနတ်ဆိုးများကို သတ်ဖြတ်ရန် ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ပို၍ စိတ်အေးသွားသည်။ ကျွန်တစ်ယောက်ဖြစ်နေခြင်းက အရှက်ရစရာ ဖြစ်သော်လည်း အဆုံးမဲ့ ငရဲပြည်တွင် သူမ၏ ဂုဏ်သိက္ခာကို အဖတ်ဆည်နိုင်ချေရှိ၍ အနည်းငယ် နှစ်သိမ့်ပေးနိုင်ခဲ့သည်။
ဘုန်း
ယွမ်ရှောင်တို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရှေးဟောင်း ကြေးခေါင်းတလား၏ အပြင်ဘက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု တုန်လှုပ်သွားသည်။
"အပြင်ဘက်မှာ မိန်းကလေးတစ်ယောက် ရောက်နေပြီး တော်တော်ကြာအောင် တိုက်ခိုက်နေခဲ့တာပဲ"
ကြယ်ပြာက ရုတ်တရက် သတိပေးခဲ့၏။
"ဘာလို့ စောစောက မပြောခဲ့တာလဲဟ"
ယွမ်ရှောင်က စိုက်ကြည့်လိုက်သည်။
" မင်းရဲ့ သွေး အခြေခံ ဖန်တီးမှုကို နှောင့်ယှက်လို့ မဖြစ်ဘူး"
ကြယ်ပြာက ပြန်ပြောသည်။
ယွမ်ရှောင်နှင့် ငယ်သားနှစ်ယောက် ခေါင်းတလားအပြင် ထွက်လိုက်သောအခါ ရှေ့တည့်တည့်တွင် နောက်ကျော၌ လိပ်ပြာပုံ ဖဲပြား ချည်ထားသော မိန်းကလေးတစ်ဦး ရပ်နေပြီး သူတို့ကို အေးစက်စက် စိုက်ကြည့်နေသည်။
"ဓားကျင့်ကြံသူတစ်ယောက်၊ ဓားအော်ရာ အလွှာ ၆၀၀ တောင် ရှိနေတာလား"
ယွမ်ရှောင်က မင်သက်သွားသည်။
"အဆုံးမဲ့ ငရဲပြည်က စစ်မင်းသမီးလား"
ချန်တိက စစ်မင်းသမီးကို ချက်ချင်း မှတ်မိသွားသော်လည်း ကျန်နှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ မယုံနိုင်ဟန်ဖြင့် အံ့သြတကြီးဖြစ်သွားလေသည်။
"လူသား၊ မိစ္ဆာ၊ နတ်ဆိုး၊ အားလုံးက မဟာမိတ်ဖွဲ့ထားကြတာလား။ တော်တော်ထူးဆန်းတဲ့ အိပ်ဖော်အိပ်ဖက်တွေပဲ"