← Chapters

ခရမ်းရောင်ဧကရာဇ်ကို အကွက်ချခြင်း

Vol. 18 Ch. 227

ခရမ်းရောင်ဧကရာဇ်ကို အကွက်ချခြင်း

Vol. 18 Ch. 227

ဘိုးဘေးကျောင်းတော်အတွင်း မြင့်မားသော အဆောက်အအုံတစ်ခုထိပ်ဖျားတွင် ခရမ်းရောင်ဧကရာဇ် ရပ်နေပြီး ဝင်ပေါက်တံခါးအပြင်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲကို စိုက်ကြည့်နေခဲ့သည်။

"ကောင်းကင်နယ်မြေမှာ အရုဏ်တက်နတ်ဧကရီနဲ့ ယွမ်ရှောင် ရှိတယ်။ နတ်ဆိုးတိုက်ကြီးမှာ လနတ်သားရဲ့ ထွန်းတောက်မှုကို မြင်တွေ့ရတယ်။ ဒီအချိန်မှာ ပါရမီရှင်တွေက နွေဦးရာသီရဲ့ အညွန့်အဖူးတွေလို ထွက်လာကြတယ်။ ဘယ်သူက အားလုံးကို သိမ်းပိုက်ပြီး ခေတ်အဆက်ဆက် အောင်ပွဲခံရမှာလဲ"

ခရမ်းရောင်ဧကရာဇ်၏ အကြည့်က လနတ်သားအပေါ်သို့ ကျရောက်သွားပြီး စိတ်အားထက်သန်မှုဖြင့် တောက်လောင်နေသည်။

"အရုဏ်တက်နတ်ဧကရီနဲ့ ယွမ်ရှောင်က ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေရတယ်။ ပါရမီရှင်တွေတောင် သေဆုံးသွားရင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားမှာပဲ။ မိစ္ဆာတွေက နတ်ဆိုးတွေကို ကူညီပေးပြီး တားမြစ်ကံကြမ္မာ ကာကွယ်ပေးထားတဲ့ လနတ်သားကတော့ တောင်တစ်လုံးလို ရပ်တည်နိုင်လိမ့်မယ်"

"ငါ လက်နက်ချလို့မရဘူး"

ခရမ်းရောင်ဧကရာဇ်က တီးတိုးရေရွတ်ရင်း ယွမ်ရှောင်နှင့် သူ၏ နောက်ဆုံး တွေ့ဆုံမှုကို ပြန်လည် အမှတ်ရခဲ့သည်။ ထိုစကားလုံးများက သူ၏ နားတွင် ရှိနေဆဲဖြစ်ကာ နှလုံးသားကို လောင်ကျွမ်းနေသဖြင့် နက်ရှိုင်းသော သတ်ဖြတ်လိုစိတ် မျက်လုံးများတွင် ထင်ဟပ်နေ၏။

"မင်းတို့ထဲက တစ်ယောက်ယောက်သေဆုံးရမယ်။ ဒီနေ့က မင်းရဲ့ အဆုံးသတ်ပဲ၊ ယွမ်ရှောင်"

ထို့နောက် ခရမ်းရောင်ဧကရာဇ်က လနတ်သားကို ဂုဏ်ပြုရန် လှေကားမှ ဆင်းသက်လိုက်သည်။ ကြီးမြတ်သော နတ်ဆိုးဧကရာဇ် ငါးပါးတွင်၊ သူက ကောင်းကင်ခွေးနှင့် အရင်းနှီးဆုံး ဖြစ်ခဲ့သော်လည်း ထိုနေ့ရက်များ ကုန်လွန်သွားပုံရသည်။ ထိုအချိန်တွင် အေးစက်သော သွေးနီရောင် အလင်းတစ်ခုက ခရမ်းရောင်ဧကရာဇ်၏ အနောက်တွင် ရုတ်တရက် ထွက်ပေါ်လာကာ တွားသွားတက်လာသည့် နွယ်ပင်များပမာလည်ပင်းတွင် ရစ်ပတ်ခဲ့၏။

"ဘယ်သူလဲ"

ခရမ်းရောင်ဧကရာဇ်က ကျောစိမ့်သွား၍ လျင်မြန်စွာ လှည့်ကြည့်လိုက်သောအခါ

အမှောင်ထဲတွင် အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦး ရပ်နေပြီး အနက်ရောင် ဆံပင် နှင့် နီရဲသော မျက်လုံးများ ပိုင်ဆိုင်ထားသည်။ သူမ၏ အရေပြားက နှင်းကဲ့သို့ ဖြူဖွေး၍ ခြေထောက်များ အချိုးအစားကျနကာ သွေး နဂါးများကဲ့သို့ ဦးချိုများ ဦးခေါင်းအထက်တွင် ရှိနေသည်။ ထိုမျက်နှာက မိစ္ဆာတစ်ကောင်ကဲ့သို့ ဆွဲဆောင်အားပြင်းထန်၍ သဘာဝအတိုင်း ရှားပါးသော အလှတရားတစ်ခုပင်။

"အရှင်စစ်မင်းသမီး"

ခရမ်းရောင်ဧကရာဇ်က လေးစားမှု နှင့် ကြောက်ရွံ့မှု နှစ်မျိုးစလုံးကြောင့် လျင်မြန်စွာ ဒူးထောက်ချလိုက်သည်။ အဆုံးမဲ့ ငရဲပြည်မှ ဤမိစ္ဆာသည် မြင့်မားသော ရာထူးတစ်ခု ရှိပြီး ကြီးမားသော အာဏာကို ဆုပ်ကိုင်ထားကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။ စစ်မင်းသမီးက အေးစက်စက်မျက်နှာထားဖြင့် ခရမ်းရောင်ဧကရာဇ်၏ ဘေးမှ ဖြတ်လျှောက်သွား၍ ဘိုးဘေးကျောင်းတော်၏ တံခါးများကို မျက်နှာမူခဲ့၏။ မိစ္ဆာ သွေးက သူမ၏ ခန္ဓာကိုယ်မှ တိုးထွက်လာ၍ ခရမ်းရောင်ဧကရာဇ် ပတ်ပတ်လည်တွင် သွေး နဂါးများကဲ့သို့ ရစ်ပတ်ပြီး သွေးဆာလွန်းသော အရှိန်အဝါကြောင့် ဖိအားကြီးကြီး ခံစား​​​နေရကာ ဝိညာဥ်ပင် ဖိနှိပ်ခံလိုက်ရသည်။ သူ၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားပြီး နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီးတွင် ခရမ်းရောင်ဧကရာဇ် လေးစားကြောက်ရွံ့သော သတ္တဝါများမှာ တားမြစ်ကံကြမ္မာ နှင့် ဤ စစ်မင်းသမီးသာ ဖြစ်သည်။

"အရုဏ်တက်နတ်ဧကရီက ဘာကြောင့် ကောင်းကင်နယ်မြေရဲ့ တံခါးတွေကို ဖွင့်ထားပြီး ရှေးဦး အစီအရင်ကို ပိတ်ထားလဲဆိုတာ မင်း သိလား"

စစ်မင်းသမီးက ငရဲပြည် အနက်ပိုင်းမှ တက်လာသော လေသံမျိုးဖြင့် ရုတ်တရက် မေးလိုက်ရာ ခရမ်းရောင်ဧကရာဇ် ခဏတာ မင်သက်သွားပြီးနောက် ခေါင်းခါပြသည်။

"ကျွန်တော် မသိပါဘူး၊ အရှင်မ"

"အကြောင်းရင်းက ရိုးရှင်းတယ်။ အရုဏ်တက်နတ်ဧကရီနဲ့ ငါက နတ်ဆိုးတွေကို ကောင်းကင်နယ်မြေထဲကို ဆွဲဆောင်ပြီး ဆုတ်လမ်းမရှိရင် သူတို့ကို ချေမှုန်းပြီး မျိုးနွယ် တစ်ခုလုံး သုတ်သင်ရှင်းလင်းဖို့ ကြံစည်ထားတာကြောင့်ပဲ"

ထို့ကြောင့် ခရမ်းရောင်ဧကရာဇ်က အထိတ်တလန့် မျက်နှာပျက်သွားကာ နတ်ဆိုးများနှင့် သူ၏ ဆက်ဆံရေးကြောင့် နှလုံးခုန်မြန်လာကာ အချိန်မရွေး ထွက်ပြေးရန် အသင့်အနေအထား ပြင်လိုက်၏။

"စစ်မင်းသမီးက တားမြစ်ကံကြမ္မာနဲ့ မိတ်ဆွေတွေ မဟုတ်ဘူးလား။ ကျွန်တော် သိချင်တာက ဘာကြောင့်လဲ"

သို့သော် တစ်ဖက်လူ ဖွင့်ပြောလာသည့် အကြောင်းအရင်းကို နားမလည်သဖြင့် သူက စိုးရိမ်ပူပန်စိတ်ကို ဖိနှိပ်ရင်း စပ်စုခဲ့သည်။

"မိတ်ဆွေတဲ့လား။ အဲ့ဒီ မသေနိုင်တဲ့ စက်ဆုပ်စရာ အလောင်းက သူငယ်ချင်း ဖြစ်ဖို့ ထိုက်တန်လို့လား။ အဆုံးမဲ့ ငရဲပြည်မှာ ငါ့ရဲ့ အဆင့်အတန်း ဘယ်လောက် မြင့်မြတ်လဲဆိုတာ မင်း မသိဘူးလား"

စစ်မင်းသမီးက နှာခေါင်းရှုံ့သည်။

"ဟုတ်ကဲ့"

ခရမ်းရောင်ဧကရာဇ်က သူမ၏ မြင့်မြတ်သော ရာထူးကို အမှန်တကယ် သိထားကြောင်း ခေါင်းညိတ်ပြသည်။

"အကြောင်းရင်းက ရိုးရှင်းတယ်။ နတ်ဆိုးတွေက နတ်ဘုရားတိုက်ကြီးကို ကျူးကျော်ပြီး လူသားမျိုးနွယ်ကို ချေမှုန်းချင်ကြတယ်။ ဒါပေမယ့် ငါ အဲ့ဒီလို မဖြစ်စေချင်ဘူး။ ငါက နတ်ဘုရားတိုက်ကြီးနဲ့ နတ်ဆိုးတိုက်ကြီး နှစ်ခုလုံးမှာ အဆုံးမဲ့ ငရဲပြည်အတွက် ကြီးမားတဲ့ သွေးမွေးမြူရေး တစ်ခု ဖန်တီးဖို့ ရည်ရွယ်ထားတယ်။ သွေးကျွန်အတွက် လူသားတွေကို အသက်ရှင်လျက် လိုအပ်ပြီး အဲ့ဒီ စိတ်မထိန်းနိုင်တဲ့ အရူးကောင် နတ်ဆိုးတွေကို ချေမှုန်းပစ်ဖို့ လိုအပ်တယ်"

ထိုစကားကြောင့် ခရမ်းရောင်ဧကရာဇ်မှာ တောင့်တင်းသွားပြီး မိစ္ဆာများ လူသား သွေးကို နှစ်သက်ကြောင်း ကြားဖူးသည်။ အဆုံးမဲ့ ငရဲပြည်၏ စားပွဲများပေါ်တွင် လူသား သွေးမှာ အရသာရှိသော အစားအစာ ဖြစ်၍ နတ်ဆိုး သွေးမှာ နောက်ဆုံးရွေးချယ်စရာ ဖြစ်သည်။ ဤစကားဝိုင်းကြောင့် သူက နတ်ဆိုးမျိုးနွယ်အပေါ် အထင်သေးလာပြီး တားမြစ်ကံကြမ္မာ နှင့် လနတ်သားကို အရေးမစိုက်တော့ပေ။

"စစ်မင်းသမီး။ အရှင်မ ဆိုလိုတာက အရှင်မနဲ့ အရုဏ်တက်နတ်ဧကရီ နတ်ဆိုးတွေကို ချေမှုန်းပြီးရင် သက်ရှိ သတ္တဝါအားလုံးကို အဆုံးမဲ့ ငရဲပြည်အတွက် ထောက်ပံ့ရေး သွေးဘဏ်အဖြစ် အသုံးပြုဖို့ သဘောတူညီချက် ရရှိထားတာလား"

ခရမ်းရောင်ဧကရာဇ်၏ အကြည့်က ပြင်းထန်လာသည်။

"အတိအကျတော့ မဟုတ်ဘူး။ ငါက သူမကို လှည့်စားခဲ့တယ်"

စစ်မင်းသမီးက အေးစက်သော အပြုံးတစ်ခုဖြင့် ဆက်ပြော၏။

"ငါက သူမကို နတ်ဆိုးတွေကို ချေမှုန်းရာမှာ ကူညီဖို့ပဲ သဘောတူခဲ့တယ်။ အသေးစိတ် မဆွေးနွေးခဲ့ဘူး။ နတ်ဆိုးတွေက လူသားတွေထက် အားကောင်းတဲ့အပြင် လောကအတားအဆီး ပြဿနာတွေကြောင့် အဆုံးမဲ့ ငရဲပြည်က အစွမ်းထက်သူ အနည်းငယ်သာ ဒီကို လာနိုင်တယ်။ ဒါကြောင့် ငါက နတ်ဆိုးတွေကို အရင် ချေမှုန်းပြီး နောက်ပိုင်းမှာ အရုဏ်တက်နတ်ဧကရီကို ဖြုတ်ချဖို့ ကြံစည်ထားတယ်။ ဓားခုတ်ကောင်ကို စာကလေးက ချောင်းနေတာမျိုးပေါ့"

"အရှင်မ၊ တကယ်လို့ နတ်ဆိုးတွေကို ချေမှုန်းပြီး အရုဏ်တက်နတ်ဧကရီကို သတ်ဖြတ်ခဲ့ရင် လူထုကို စီမံခန့်ခွဲဖို့၊ သွေးဘဏ် တည်ဆောက်ဖို့နဲ့ အရှင်မအတွက် ကြွယ်ဝချမ်းသာတဲ့ လူသား ခေတ်တစ်ခု ဖန်တီးဖို့ အရည်အချင်းရှိတဲ့ လူသား ကိုယ်စားလှယ်တစ်ဦး လိုအပ်တယ်မလား။ အရုဏ်တက်နတ်ဧကရီက ကိုယ်စားလှယ်လုပ်ဖို့ သဘောတူမယ့်အစား အသေခံသွားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လိုလိုလားလား တာဝန် အမှုထမ်းချင်ပါတယ်"

ခရမ်းရောင်ဧကရာဇ်၏ မျက်လုံးများ တောက်ပလာကာ အလျင်အမြန် တောင်းဆိုခဲ့၏။

"မင်းက ဉာဏ်ကောင်းပါတယ်။ ငါက ဘာကြောင့် မင်းကို တစ်ယောက်တည်း လာတွေ့လဲဆိုတာ နားလည်တယ်မလား"

စစ်မင်းသမီးက အတည်ပြုသည့်အနေဖြင့် ခရမ်းရောင်ဧကရာဇ်၏ ဦးခေါင်းကို ပုတ်လိုက်၏။

"မိစ္ဆာမျိုးနွယ်ကို အမှုထမ်းရမှာ ကျွန်တော့်ရဲ့ တစ်သက်တာအတွက် ဂုဏ်ယူစရာပါပဲ"

ခရမ်းရောင်ဧကရာဇ်က ကျေနပ်စွာ ပြုံး၍ ဦးညွှတ်ခဲ့သည်။

"လူသား သွေးဘဏ် တည်ဆောက်ပြီးရင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်ပြည်ထောင်ရဲ့ မင်းမျိုးမင်းနွယ်တွေက ကင်းလွတ်ခွင့် ရလိမ့်မယ်။ လူသားမျိုးနွယ်ကတော့ ဝက်တွေလို တစ်သက်တာလုံး လှောင်အိမ်ထဲမှာ ချုပ်နှောင်ထားခံရပြီး ကျင့်ကြံခွင့် မရှိဘူး။ ဆေးဝါးတွေနဲ့ အသက်ရှည်အောင် မွေးမြူပေးရမယ်"

စစ်မင်းသမီးက သာမန်အရာတစ်ခုကို ဆွေးနွေးနေသကဲ့သို့ ပေါ့ပေါ့တန်တန် ပြောခဲ့သည်။

"ဟုတ်ကဲ့ပါ။ ခရမ်းရောင်ကောင်းကင် ကိုယ်စား၊ အရှင်မရဲ့ ကျေးဇူးတော်အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ အရှင်မရဲ့ အမှုတော်မှာ သေဆုံးတဲ့အထိ ထမ်းရွက်ဖို့ အသင့်ပြင်ထားပါတယ်"

"အရုဏ်တက်နတ်ဧကရီရဲ့ သူတော်စင်ဆန်တဲ့ အမူအရာက ငါ့ကို ရွံရှာစက်ဆုပ်စေတယ်။ မင်းကတော့ ပညာရှိပါတယ်"

"ကျွန်တော်က ဒီလောက် မဟုတ်ပါဘူး"

ခရမ်းရောင်ဧကရာဇ်က နှိမ့်ချစွာ ပြောသည်။

"စကားမစပ်"

စစ်မင်းသမီး မျက်ခုံးပင့်လိုက်သည်။

"မင်းက အဲ့ဒီ မသေနိုင်တဲ့ အလောင်းရဲ့ အမိန့်တွေကို လိုက်နာပြီး နတ်ဘုရားတိုက်ကြီးမှာ အရပ်သားတွေကို သတ်ဖြတ်မယ်လို့ ကြားထားတယ်။ အဲ့ဒါတွေက ငါ့ သွေး ဝက်တွေမဟုတ်ဘူးလား"

"အရှင်မင်းသမီး၊ စိတ်ချပါ၊ ကျွန်တော် စစ်ဆင်ရေးကို ချက်ချင်း ရပ်တန့်ဖို့ အမိန့်ပေးလိုက်ပါမယ်"

ခရမ်းရောင်ဧကရာဇ်က တုန်ခါသွား၍ အလျင်အမြန် လျှောက်တင်ခဲ့၏။

"မြန်မြန် လှုပ်ရှား"

စစ်မင်းသမီး၏ အမိန့်ပေးသံက မကျေနပ်ဟန်ဖြင့် တင်းမာနေသည်။

"ဟုတ်ကဲ့"

"စစ်ဆင်ရေးကို ရပ်တန့်ပြီးရင် မင်းရဲ့ စစ်တပ်ကို နတ်ဆိုး တပ်ဖွဲ့နောက်ကွယ်မှာ ပုန်းအောင်းခိုင်းပြီး ငါ့အမိန့်ကို စောင့်နေ"

"ဟုတ်ကဲ့"

ခရမ်းရောင်ဧကရာဇ်က သဘောတူကြောင်း ခေါင်းညိတ်သည်။

"အခု သတင်းပို့လိုက်တော့"

စစ်မင်းသမီးက လက်ပိုက်၍ ဘိုးဘေးကျောင်းတော်ဘက်သို့ အေးစက်စက် လှောင်ပြုံးတစ်ခုဖြင့် ကြည့်နေသည်။

"အဲ့ဒီ မသေနိုင်တဲ့ အလောင်းကောင်က ငါ ထင်တာထက် ပိုဉာဏ်ကောင်းတယ်။ထောင်ချောက်ထဲကို ဝင်လာမယ့်အစား ဆယ်ရက် ပိတ်ဆို့ဖို့ ရွေးချယ်ခဲ့တယ်။ ကောင်းပြီလေ၊ ငါက ဘိုးဘေးကျောင်းတော်ကို အရင်ဆုံး ဖြိုခွင်းလိုက်မယ်။ သူ ထောင်ချောက်ထဲ ဝင်လာမလား ကြည့်ကြတာပေါ့။ မင်း ဘာသတင်းမှ မကြားသေးဘူးမလား။ အရုဏ်တက်နတ်ဧကရီနဲ့ ကိုးကောင်းကင် အင်မော်တယ် စစ်တပ်က ကျောင်းတော်ရဲ့ တံခါးဝကို ရောက်နှင့်ပြီ။ ပရမ်းပတာအခြေအနေ ရောက်ရင် မင်းက တားမြစ်ကံကြမ္မာကို အလစ်အငိုက်မှာ ဖမ်းဆီးစေချင်တယ်"

စစ်မင်းသမီးက ခရမ်းရောင်ဧကရာဇ်ကို မထီမဲ့မြင် စိုက်ကြည့်၍ အေးစက်စက် ရယ်မောနေခဲ့၏။

"ဟုတ်...ဟုတ်ကဲ့"

ဤအမိန့်ကို ကြားရသောအခါ ခရမ်းရောင်ဧကရာဇ် တုန်လှုပ်သွားသည်။

" ခရမ်းရောင်ကောင်းကင်နတ်ပြည်ထောင် မင်းမျိုးမင်းနွယ်တွေရဲ့ အနာဂတ်က မင်းရဲ့ လှုပ်ရှားမှုအပေါ် မူတည်နေတယ်။ ကောင်းကောင်းလုပ်၊ မဟုတ်ရင် မင်းကို အစားထိုးဖို့ လူသားတွေ အများကြီး ရှိတယ်။ အဲ့ဒီအခါကျရင် မင်းရဲ့ အိမ်တော်တစ်ခုလုံး အဆုံးမဲ့ ငရဲပြည်အတွက် ညစာ ဖြစ်သွားလိမ့်မယ်"

"ကျွန်တော် နားလည်ပါတယ်၊ အရှင်မ။ ကျွန်တော် အမိန့် နာခံပါမယ်"

ခြိမ်းခြောက်စကားကြောင့် ခရမ်းရောင်ဧကရာဇ်က အသက်ပြင်းပြင်းရှူ၍ လေးနက်စွာ ခေါင်းညိတ်လိုက်ရသည်။

"သွားတော့"

စစ်မင်းသမီးက လက်ယမ်း၍ မောင်းထုတ်လိုက်သောအခါ ခရမ်းရောင်ဧကရာဇ်သည် လေးစားစွာ ဦးညွှတ်၍ တာဝန်အသစ်ကို ဆောင်ရွက်ရန် နောက်ဆုတ်သွားသည်။ သူ ထွက်ခွာသွားသည်နှင့်တပြိုင်နက် စစ်မင်းသမီးက သက်ပြင်းချ၍ ရင်ဘတ်ကို ငုံ့ကြည့်ကာ ရေရွတ်လိုက်သည်။

"မင်း ပြောခိုင်းထားတဲ့အတိုင်း စကားလုံးတိုင်းကို ငါ အမိန့်ပေးခဲ့ပြီးပြီ။ အခု မင်း ကျေနပ်ပြီလား"

" ငါနဲ့ ယှဉ်ရင် မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က လိုသေးတယ်"

"မင်းက တကယ်ပဲ ဟန်ဆောင်တဲ့နေရာမှာ ဘုရင်တစ်ပါးပဲ"

"ငါ့ကို ဘုရင်—မဟုတ်ဘူး၊ သရုပ်ဆောင် ဧကရာဇ်လို့ ခေါ်လိုက်"

သူမ၏ နှလုံးသားအတွင်းမှ စကားသံတစ်ခု ထွက်ပေါ်လာသည်။ လနတ်သား၏ သရုပ်ဆောင်မှုကို တွေးမိသောအခါ သူမက နှုတ်ခမ်းကိုက်၍ ထူးဆန်းသော မျက်နှာထား ရှိနေ၏။

ဘိုးဘေးကျောင်းတော်တွင် နတ်ဆိုးပေါင်းများစွာက စိတ်လှုပ်ရှားနေကြပြီး အရုဏ်တက်နတ်ဧကရီနှင့် ယွမ်ရှောင်ဆိုသော သူရဲကောင်း နှစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့လျှင်၊ နတ်ဆိုးတိုက်ကြီး၏ အနာဂတ်၌ အန္တရာယ် ရှိနိုင်သည်။ သူတို့က လနတ်ဆိုး ဧကရာဇ်ကို ဆုံးရှုံးခဲ့ရသော်လည်း ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ရရှိခဲ့ပြီး နတ်ဆိုးထု၏ နှလုံးသားများတွင် အနာဂတ်အတွက် အဆုံးမရှိသော မျှော်လင့်ချက်ကို လှုံ့ဆော်ပေးခဲ့သည်။

နတ်ဆိုးများ အောင်ပွဲခံနေစဉ် သတင်းတစ်ခု ရောက်ရှိလာသည်။

"ကိုးကောင်းကင် အင်မော်တယ် စစ်တပ်က လျှို့ဝှက်စွာ စုစည်းပြီး ဘိုးဘေးကျောင်းတော်ဘက် ချီတက်လာနေပါတယ်"

ကောင်းကင်တွင် မြင့်မားစွာ ဝဲပျံနေသော ငှက်နတ်ဆိုးများက အလျင်အမြန် အစီရင်ခံလိုက်သည်။ ကောင်းကင်နယ်မြေ၏ လမ်းထောင့်များတွင် အဆိပ်ပြင်းသော အင်းဆက်နတ်ဆိုးများ နှင့် မြွေနတ်ဆိုးများလည်း ထိုလှုပ်ရှားမှုကို ခံစားမိခဲ့ကြသည်။ လနတ်သား၏ အစီအစဉ်အရ နတ်ဆိုး မျိုးနွယ်မှ အရေအတွက် နှစ်သိန်းစီ စေလွှတ်ခဲ့၍ ရှေးဦး အစီအရင်ကို စမ်းသပ်ရန် အဖွဲ့တစ်ဖွဲ့ ချီတက်မည်ဖြစ်သော်လည်း လူသားမျိုးနွယ်ဘက်မှ စတင်တိုက်ခိုက်လာ၏။ ဤသတင်းက ဘိုးဘေးကျောင်းတော်ရှိ နတ်ဆိုးများကို စိုးရိမ်သွားစေပြီး အများစုမှာ စနစ်တကျ ဖွဲ့စည်းထားသော ကောင်းကင်နယ်မြေ အပြင်ဘက်ရှိ နတ်ဆိုး စစ်တပ်၏ စစ်သည်များ မဟုတ်ပေ။

"အရုဏ်တက်နတ်ဧကရီ ဘိုးဘေးကျောင်းတော်ကို စိန်ခေါ်တိုက်ခိုက်နေတာလား"

ခရမ်းရောင်ဧကရာဇ်က ထူးဆန်းသော အိမ်တော်တစ်ခုအတွင်း အလျင်အမြန် ဝင်ရောက်သွား၍ ကူဧကရာဇ်၊ ကြာနီ နှင့် နတ်ဆိုးသူတော်စင် ၁၀၈ ပါး စုဝေးနေကြသဖြင့် နတ်ဆိုး မျိုးနွယ်၏ အသစ်စက်စက် ဘုရင်တစ်ပါးဖြစ်လာသော လနတ်သားလည်း ရှိနေသည်။

"သူမက တားမြစ်ကံကြမ္မာကို တိုက်ပွဲထဲ ခေါ်ဆောင်လာဖို့ အတင်းအကျပ် ဖိအားပေးနေတယ်။ ဒါပေမယ့် ဒီလိုလှုပ်ရှားမှုက ဘာအားသာချက် ရှိလို့လဲ"

မီးသူတော်စင်က ရေရွတ်၍ လနတ်သားထံ အကြံတောင်းလိုဟန်ဖြင့် စိုက်ကြည့်သည်။

"မီးသူတော်စင်၊ စစ်မင်းသမီးကို ဖိတ်ခေါ်လိုက်ပါ၊"

ကူဧကရာဇ်၏ မျက်နှာက မည်းနက်နေပြီး ကောင်းကင်နယ်မြေသို့ ရောက်ရှိချိန်မှ ယခုအထိ ရက်အနည်းငယ်သာ ကုန်ဆုံးသွားသေးသော်လည်း အဖြစ်အပျက်များမှာ အလွန်အမင်း ထူးဆန်းနေသည်။

"ဟုတ်ကဲ့"

မီးသူတော်စင်က တာဝန်ကို လက်ခံပြီး သူမကို ခေါ်ဆောင်ရန် ထွက်ခွာသွားသည်။

"ငါတို့ရဲ့ မိတ်ဆွေ သုံးယောက် ထွက်သွားလောက်ပြီ။ မလိုအပ်ပါဘူး"

ထောင့်တစ်ခုတွင် ထိုင်နေသော လနတ်သားက အေးစက်စွာ စကားပြောလိုက်သည်။ စာအုပ်တစ်အုပ် ကိုင်ထားသော

မျောက် သူတော်စင်က လူသားစစ်ဗျူဟာအကြောင်း ​လေ့လာ​နေရာမှ ရပ်တန့်သွား၏။

"သူတို့ ဘာလို့ ပျောက်ကွယ်သွားမှာလဲ"

"လနတ်သား၊ ကျေးဇူးပြုပြီး ရှင်းပြပါ"

အခြားနတ်ဆိုးသူတော်စင်များလည်း နားမလည်နိုင် ဖြစ်နေပုံရသည်။ မိစ္ဆာမျိုးနွယ်က မဟာမိတ်များ ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် လူသွေးအပေါ် လောဘကြီးသည့်တိုင်အောင် နတ်ပြည်ထောင်တစ်ခု နှစ်ခု ပေးလိုက်လျှင် ပူးပေါင်းမှုကို ဖျက်သိမ်းစရာ မလိုချေ။ အခန်းထဲရှိ မျက်လုံးအားလုံး လနတ်သားထံသို့ လှည့်ကြည့်လာကြသည်။

"တားမြစ်ကံကြမ္မာဧကရာဇ်က ဘာကြောင့် ချက်ချင်း တိုက်ခိုက်မယ့်အစား ဝန်းရံပိတ်ဆို့ဖို့ ရွေးချယ်ခဲ့တာလဲ။ အရုဏ်တက်နတ်ဧကရီကို ကောင်းကင်နယ်မြေကနေ ထွက်ခွာပြီး ငါတို့ကို ရင်ဆိုင်ဖို့ အတင်းအကျပ် ဖိအားပေးခဲ့လဲဆိုတာ နားမလည်နိုင် ဖြစ်နေကြတယ်မလား"

လနတ်သားက ထရပ်ပြီး သူ နှင့် တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်အကြားမှ ဆွေးနွေးမှုကို ထုတ်ဖော်ပြောလိုက်ရာနတ်ဆိုးများ၏ မျက်နှာထားများ နားထောင်နေရင်း သိသိသာသာ ပြောင်းလဲသွားကြသည်။

"မိစ္ဆာတွေက အရုဏ်တက်နတ်ဧကရီနဲ့ အမှန်တကယ် မဟာမိတ်ဖွဲ့ထားတာလား"

"ငါ သံသယဝင်ခဲ့သလိုပဲ။ သူတို့ရဲ့ လောဘက ငါတို့ စဥ်းစားနိုင်တာထက် ကျော်လွန်နေတယ်"

"ဒီလိုဆိုရင်၊ မိစ္ဆာ သုံးယောက်နဲ့ အရုဏ်တက်နတ်ဧကရီ ပူးပေါင်းလိုက်ရင် ဧကရာဇ် နယ်ပယ် ကျင့်ကြံသူ လေးယောက်တောင် ရှိနေပြီ"

နတ်ဆိုးသူတော်စင်များက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကံကောင်းစွာဖြင့် ဘိုးဘေးကျောင်းတော်တွင်လည်း လနတ်သား နှင့် ခရမ်းရောင်ဧကရာဇ်အပါအဝင် ဧကရာဇ်နယ်ပယ် ကျင့်ကြံသူ လေးယောက် ရှိနေသည် မဟုတ်ပါလော။

All Chapters