← Chapters

အဂ္ဂိရတ် ကုန်စည်ပြပွဲ စတင်ခြင်း

Vol. 101 Ch. 1405

အဂ္ဂိရတ် ကုန်စည်ပြပွဲ စတင်ခြင်း

Vol. 101 Ch. 1405

ပရိသတ် အားလုံး ထိုကဲ့သို့ ထူးဆန်းကာ အံ့အားသင့်ဖွယ်ကောင်းသော လောက အသစ်ကို လေ့လာ နေကြချိန်တွင် မှန်ကဲ့သို့ မျက်နှာပြင် တစ်ခုမှာ သော ဘဲဥပုံစံသည် ၎င်း၏ ဗဟိုတွင် ပေါ်လာခဲ့သည်။ ချက်ချင်းပင် လူတိုင်း၏ အာရုံ စူးစိုက်မှုများမှာ မှန်ကြီးထံသို့ မှော်ဆန်စွာ ဆွဲဆောင်ခံရ၏။ မပြောပဲ သိသည့် နားလည်မှုမျိုးဖြင့် လူအုပ်ကြီးမှာ တိတ်ဆိတ်သွားခဲ့သည်။ ၎င်းမှာ ထိန်းချုပ်ခံနေရသည့် ခံစားချက်မျိုး မဟုတ်ပဲ သူတို့ကိုယ်တိုင် အာရုံများကို ကမ္ဘာ လောက၏ ဗဟိုဆီသို့ ဆောင်ကျဉ်းခဲ့ခြင်းဖြစ်သည်။

ထျန်းရှန်းယန်က မှန်ကဲ့သို့သော ဘဲဥ သဏ္ဍာန် မျက်နှာပြင်ကြီးကို လှမ်းကြည့်လိုက်၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ရွေ့လျား သွားကာ ဖျော်ဖြေပွဲ၏ ရှေ့ဆုံးတန်းသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ စင်မြင့်ထက်၌ ရှိနေသူကား…

"ဧကရီရှောင်ချွမ်း…"

မှန်ပေ၏။ သူမက အခြားလူ မဟုတ်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ ၏ နံပါတ်တစ် အလှပိုင်ရှင် ဧကရီ ရှောင်ချွမ်းပင် ဖြစ်လေသည်။ ထို့ကြောင့် သူမမှာ စင်မြင့်ပေါ်သို့ ရောက်ရှိသည်နှင့် လူတိုင်း၏ အာရုံ စူးစိုက်မှုကို ခြွင်းချက်မရှိ ဆွဲဆောင်နိုင် လေခဲ့သည်။

"အဲ့ဒါက တကယ်ပဲ ဧကရီ လား…"

"မေမေ… အဲ့ဒီ အဒေါ်က အရမ်းလှတာပဲ…"

သို့သော်လည်း ယခု တစ်ကြိမ်တွင်တော့ ထျန်းရှောင်ချွမ်းမှာ အင်ပါယာ မျိုးနွယ် ၏ တော်ဝင် မင်းမျိုးမင်းနွယ်နေရာ သို့မဟုတ် အဆုံးမဲ့ ကောင်းကင်၏ နတ်ဘုရား ဧကရာဇ် ၏ မိဖုရား နေရာကို ကိုယ်စားပြု၍ ထွက်ပေါ် လာခဲ့ခြင်း မဟုတ်ချေ။ သူမထံတွင် ဧကရာဇ်စံနှုန်းများနှင့် ကိုက်ညီသည့် ဝတ်စား ဆင်ယင်မှု ပုံစံ၊ သို့မဟုတ် ဆံပင်ပုံစံများ ရှိမနေခဲ့ချေ။ သူမက ငွေရောင် ဝတ်ရုံအောက်တွင် ကောင်းကင်ပြာရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထား၏။ ရိုးရှင်းသော်လည်း ၎င်းမှာ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ပေါ်ပေါ်လွင်လွင် ပြသနေလေရာ မျက်စိပသာဒ ဖြစ်လှသည်။

သူမ၏ ဆံပင်များမှာလည်း လွတ်လပ်စွာဖြင့် စီးဆင်းနေကာ ရှည်လျား ဖြောင့်စင်းလှသည်။ ၎င်းက ဂုဏ်ယူဝံ့ကြွားမှုနှင့် မာန်မာနကို ပြသသော အင်ပါယာ မျိုးနွယ် ၏ ဆံထုံး ပုံစံများနှင့် လုံးဝမတူပေ။ သို့သော်လည်း ဤကဲ့သို့သော ပုံစံပုံစံမျိုးကပင် သူမ၏ အလှကို ပိုမိုတိုးစေကာ ယခင် မာန်မာန ထောင်လွှားမှုများ ထုံလွှမ်းနေသည့် ပုံစံနှင့် ခြားနားစွာပင် အာရုံခံစားမှုကိုပင် နှိုးဆွပေးနိုင်သည့် ခံစားချက်ကို ပေးစွမ်းသည်။

“ဧကရီ…”

ကောင်းကင်ဧကရာဇ်ပိုင်မှာ ဧကရီ ပေါ်လာသည်ကို ကြည့်ရင်း အံ့အားသင့် သွားခဲ့၏။ သူမသည် အလွန်တရာ လှပလှသော မျက်နှာပေါ်တွင် ချိုသာသော အပြုံးကလေးနှင့် စင်မြင့်ထက်တွင် ရပ်နေခဲ့သည်။ သူမ၏ ဝတ်စားဆင်ယင်မှု… အထူသဖြင့် ကိုယ်ကြပ် ဝတ်စုံမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ မိဖုရား တစ်ဦး ဆင်မြန်းသင့်သည့် ဝတ်စားဆင်ယင်မှုနှင့် အလွန် ကွာခြားပေသည်။ သူမ၏ သားမြတ်များ မည်မျှ ကောင်းမွန်စွာ ပြည့်ဖြိုးနေသည်ကို ကြည့်ရင်း ထျန်းမူယန် ပင်လျှင် အံ့အားသင့် သွားခဲ့သည်။ ၎င်းက သူမ ခါတိုင်း ကမ္ဘာလောကကို ထုတ်ဖော် ပြသလေ့ ရှိသည့် အရွယ်အစားထက် အနည်းဆုံး တစ်ဆိုဒ်ခန့် ပိုကြီးပေသည်။

“အားလုံးကို ကျွန်မ တစ်ဖန် ပြန်လည် နှုတ်ဆက်ပါတယ်… ကျွန်မတို့ အကောင်းဆုံး ဒီဇိုင်းထုတ်ထားတဲ့ ဝိညာဉ်ကွန်ရက် ကမ္ဘာ တစ်ခုဖြစ်တဲ့ ဧဒင်ကမ္ဘာကနေ ကြိုဆိုပါတယ်… ဒီနေရာကို အာရုဏ်ဦး အာဏာရှင် အင်ပါယာ ကိုယ်တိုင် ဖန်တီးထားတာပါ…”

“ဧဒင်ကမ္ဘာ…”

ထိုနာမည်ကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ နှလုံးသားထဲတွင် ပြင်းထန်သော ခံစားချက် တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ လောက၏ အစွန်းများ၌ လှည့်ပတ် သွားလာနေကြသော နဂါးကြီးများမှာ ဟိန်းဟောက်လိုက်ကြကာ ထိုနာမည်ကို ကောင်းချီးပေးလိုက်ကြ သယောင် ရှိသည်။

“ဝိညာဉ်ကွန်ရက် ကမ္ဘာ…”

ဝိညာဉ်ကွန်ရက် ကမ္ဘာ ဆိုသည်က အဘယ်နည်း။ ၎င်းက မည်သည်ကို ဆိုလိုကြောင်း လူများ မသိကြသော်လည်း… အသစ်အဆန်း တစ်ခုအား တွေ့ရှိလိုက်ရသလို စိတ်လှုပ်ရှားမှုကို ခံစားစေခဲ့သည်။ ဤသည်မှာ အတွေ့အကြုံသစ်တစ်ခုဖြစ်ပြီး သူတို့၏ အမြင်များမှာ သေချာပေါက် ကျယ်ပြန့်လာခဲ့သည်။

ဤထူးဆန်းသော ကမ္ဘာကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားရန်အတွက် အပြောကျယ်လွန်းလှသည့် ဟင်းလင်းပြင်ကျယ်ကြီးကို ရဲရဲဝံ့ဝံ့ ဖြတ်သန်း လာခဲ့မိသည့် အတွက် လူ သန်းသိန်းပေါင်းများစွာမှာ ပျော်ရွှင် နေမိကြသည်။

“တကယ်လို့ ရှင်တို့ အနေနဲ့ အချိန်ပိုင်းဆိုင်ရာ၊ နေရာပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကွဲလွဲမှုတွေကို ခံစားခဲ့ရမယ်ဆိုရင် ကျွန်မတို့ ဘက်က တောင်းပန်ချင်ပါတယ်… ရှင်တို့တွေရဲ့ စိတ်ထဲမှာ မသက်မသာ ခံစားနေရမယ် ဆိုရင် ပတ်ဝန်းကျင်မှာ ရှိတဲ့ အဂ္ဂိရတ်တာအို အုပ်ထိန်းသူ နဂါးတွေကိုသာ ကြည့်ပေးပါ… ဒီသတ္တဝါကြီးတွေက ရှင်တို့ကို ချက်ချင်း ကူညီပေးပါလိမ့်မယ်…”

ဧကရီမှာ ပရိသတ်များကို တောင်းပန်ရင်း ရှင်းပြနေရသော်လည်း သူမ၏ စကားလုံးများက အင်ပါယာ မျိုးနွယ် နှင့် လုံးဝ မသက်ဆိုင်သလို ခံစား နေရသည်။ ထို့အပြင်… သူမ၏ အမူအရာကလည်း ခင်ပွန်း ဖြစ်သူနှင့်အတူ မရေမတွက်နိုင်သော အသက်များကို ဆုံးဖြတ်ပေးခဲ့သည့် မွေးရာပါ ဧကရီ တစ်ဦးနှင့် မတူတော့ပဲ ထူးချွန် လှပသော အစီအစဉ် တင်ဆက်သူ မိန်းကလေး တစ်ဦးနှင့် ပိုတူနေခဲ့သည်။

“စိတ်မပူပါနဲ့… ကွန်ရက် အခြေတည်သွားတာနဲ့ အမျှ ဒီခံစားချက်တွေ အားလုံးက ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်… ဒါကြောင့် ခဏလောက် သည်းခံပေးကြပါ”

ဧကရီ၏ နှုတ်ခမ်းထက်ရှိ အပြုံးကို ကြည့်ရင်း လူတိုင်း၏ နှလုံးသားများထဲတွင် ခွင့်လွှတ်လိုစိတ်များ တဖွားဖွား ပေါက်ဖွား လာခဲ့သည်။ အမျိုးသား ဖြစ်စေ… အမျိုးသမီး ဖြစ်စေ… သို့မဟုတ် သားများရဲဖြစ်စေ… သူမသည် ရိုးရှင်းစွာပင် အလွန် လှပလွန်းသည်။

“ပထမဆုံး အနေနဲ့ ဒီဧဒင်ကမ္ဘာရဲ့ လုပ်ဆောင်ချက်တွေ အကြောင်းကို ရှင်းပြချင်ပါတယ်...”

အပြင်ပန်း၌ ချိုမြိန်စွာ ရှင်းပြနေသော်လည်း ထျန်းရှောင်ချွမ်း ၏ အတွင်းစိတ်အသံကတော့ အပြင်ပန်းအသံနှင့် လုံးဝ ကွဲပြား ခြားနား နေခဲ့လေသည်။

“ခွေးစုတ်ခွေးပြတ်…”

စင်မြင့်ပေါ်တွင် ရပ်နေရင်းကပင် သတ်ဖြတ်လိုစိတ်များမှာ သူမ၏ နှလုံးသား အတွင်း ထွက်ပေါ်လာ နေခဲ့၏။ သူမ အနေဖြင့် သန်းထောင်ပေါင်းများစွာသော ပရိသတ်ကို မျက်နှာချိုသွေးရမည်ဖြစ်သည်။ မင်းမျိုးမင်းနွယ်ဝင် တစ်ယောက် ဆိုသည့် ပုံရိပ်ကို ထာဝရ ဖျက်ဆီးပစ်ကာ အဆင့်အတန်းကို နှိမ့်ချပစ်ရမည် ဖြစ်သည်။

အကယ်၍ သူမသာ တတ်နိုင်ပါက ဝေ့ဝူယင်ဆိုသော ခွေးစုတ်ခွေးပြတ်နှင့် ဤအဝတ်အစားများအား ရွေးချယ် ပေးခဲ့သော ဝူယုတို့ကို သတ်ဖြတ် ပစ်လောက်ပြီး ဖြစ်သည်။

အတွင်းစိတ် အတွေးများ မည်သို့ပင် ရှိစေကာမူ ဧကရီရှောင်ချွမ်းမှာ သူမ၏ တာဝန်များကို ချောမွေ့စွာဖြင့် ဆက်လက် ထမ်းဆောင်နေခဲ့၏။ သူမ၏ အပြုံးတိုင်း၊ ဟန်ပန်တိုင်း၊ အကြည့်တိုင်းက ပရိသတ်၏ အာရုံ စူးစိုက်မှုများကို သိမ်းကျုံး ယူဆောင်သွားလျှက် ရှိနေခဲ့ပေသည်။

“ဝိညာဉ်ကွန်ရက်ကမ္ဘာ ဖြစ်တဲ့ ဒီဧဒင်ကမ္ဘာမှာ အဓိကလုပ်ဆောင်ချက် သုံးခု ရှိပါတယ်...”

ဧကရီရှောင်ချွမ်းက စတင်၍ ရှင်းပြလိုက်၏။ သူမ၏ စကားလုံးများက အလွန်ရိုးရှင်းကာ ကလေးများပင် နားလည်နိုင်ရန် ရည်ရွယ်၍ ကြိုတင် စီစဉ် ထားခြင်း ဖြစ်သည်။ ဧကရီ၏ စကားများ အရ ဆိုလျှင်... ဧဒင်ကမ္ဘာ၏ အဓိက လုပ်ဆောင်ချက်ကို ချိတ်ဆက်မှု သုံးမျိုး အဖြစ် ခွဲခြားထားသည်။ ၎င်းတို့မှာ အနီးကပ် ချိတ်ဆက်မှု၊ တည်နေရာ ချိတ်ဆက်မှုနှင့် ရုပ်ပုံပွား ချိတ်ဆက်မှုတို့ ဖြစ်သည်။ ချိတ်ဆက်မှု တစ်ခုချင်းစီမှာ ဝိညာဉ်ကွန်ရက်ကမ္ဘာနှင့် ကျင့်ကြံသူ တစ်ဦးချင်းစီတိုင်း၏ အကြားတွင် ထူးခြားသော ဆက်နွယ်မှုမျိုးကို ဖန်တီးပေးသည်။ ၎င်းမှာ ကျင့်ကြံသူပေါင်းများစွာ ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာ ကွဲလွဲမှုများ၏ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

အနီးကပ် ချိတ်ဆက်မှု၏ အဓိကလုပ်ဆောင်ချက်မှာ ဧဒင်ကမ္ဘာ အတွင်းရှိ လူတစ်ဦးချင်းစီ ခံစားနိုင်သည့် အပြန် အလှန်ဆက်ဆံရေးနှင့် ဆက်နွယ်နေသော အဓိက လုပ်ငန်းစဉ် ဖြစ်သည်။ မိမိ တွေ့ချင်သည့် လူများကို စဉ်းစားရုံဖြင့် သူတို့၏ အနားသို့ သွားရောက်နိုင်ပြီး အချိန်မရွေး ကြားသိ ခံစားနိုင်ပေသည်။

တည်နေရာ ချိတ်ဆက်မှု၏ အဓိကလုပ်ဆောင်ချက်ကတော့ လူတစ်ဦးချင်းစီ၏ မြင်ကွင်းများကို ပြောင်းလဲခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ အပြန်အလှန်ဆက်ဆံမှု ကို ခွင့်ပြုခြင်း ဖြစ်သည်။ လူများမှာ သူတို့ လိုချင်သည့် တည်နေရာနှင့် ရှုထောင့်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်သည်။ သို့သော်လည်း... ဘေးနားတွင် ရှိသည့် လူများနှင့် ကွဲကွာသွားမည်တော့ မဟုတ်ပါချေ။

အချို့သော လူများမှာ ထိုအယူအဆကို ချက်ချင်းစမ်းသပ်ခဲ့ကြကာ ဧကရီရှောင်ချွမ်းကို အထက်စီးစီးမှ ကြည့်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုအခါ သူတို့၏ ပါးနပ်မှုအတွက် ကောင်းကင်ချိုင့်ဝှမ်း၏ အံ့သြဖွယ်မြင်ကွင်းကို ဆုချခံခဲ့ရသည်။ တံတွေး မြိုချသံများပင် ဆူညံစွာ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း ချက်ချင်းပင် ဧကရီရှောင်ချွမ်းမှာ ထိုအရာကို သတိပြုမိကာ သူမ၏ အပေါ်တည့်တည့်ရှိ နေရာကို ဝင်ရောက်ခွင့် ပိတ်ပင် ခဲ့သည်။

ရုပ်ပုံပွား ချိတ်ဆက်မှုမှာ လူတစ်ဦးချင်းစီ၏ ရုပ်ပုံပွားပုံစံ ဖြစ်သည်။ ဆိုလိုသည်က လူတစ်ဦးချင်းစီ၏ ကျင့်ကြံခြင်း အခြေခံ ပုံစံတူ အဖြစ် ပုံသွင်းထားခြင်း ဖြစ်သည်။ လူအများစုက ဤကမ္ဘာတွင် သူတို့၏ ကျင့်ကြံခြင်းအဆင့် တစ်ခုလုံး ရှိနေသည်ဟု ခံစားရသော်လည်း အမှန်တကယ်တွင် ထိုခံစားချက်က မှားယွင်းသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အနေဖြင့် ဤကမ္ဘာတွင် မူရင်းခွန်အား၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ အသုံးပြုနိုင်မှာ ဖြစ်သောကြောင့်ပင် ဖြစ်၏။ အဆိုပါ ကန့်သတ်ချက်က လူတိုင်းအတွက် အတူတူပင် ဖြစ်လေရာ ပွဲသို့ တက်ရောက်လာသူတိုင်း၏ မူရင်းခွန်အားနှင့် ဧဒင်ကမ္ဘာရှိ စွမ်းအားတို့ အကြားတွင် ကွာခြားမှု မရှိသလောက် ဖြစ်ပေသည်။

ဧကရီ ရှောင်ချွမ်း တစ်ယောက် ချိတ်ဆက်မှု လုပ်ဆောင်ချက်သုံးခုကို တစ်ပြိုင်နက်တည်း အသုံးပြုရန် ရှုပ်ထွေးသော နည်းလမ်းများကို အသေးစိတ် ရှင်းပြနေချိန်တွင် အင်ပါယာ မျိုးနွယ်၏ တည်နေရာကတော့ အတော်လေး ပူနွေးလာနေခဲ့သည်။ ထျန်းရှန်းယန်၏ မျက်လုံးများထဲတွင် ဒေါသများမှာ မထိန်းချုပ်နိုင်စွာ တောက်ပလာနေခဲ့၏။

“သူက ငါတို့ကို သက်သက် အရှက်ခွဲနေတာ...”

ထျန်းရှန်းယန်က အရိုင်းဆန်စွာ လှပနေသည့် ဧကရီ၏ ပုံရိပ်ကို စိုက်ကြည့်ရင်း အံကို တင်းတင်းကြိတ်လိုက်မိသည်။ ဧကရီမှာ သူ့ အတွက် ဂုဏ်ကျက်သရေရှိသော အရှင်သခင်မ တစ်ယေက် ဖြစ်သလို စံပြပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဘေးနားရှိလူများ၏ မျက်နှာ အမူအရာများမှာလည်း ပြောင်းလဲ သွားခဲ့သော်လည်း သူတို့သည်လည်း အတူတူပင် အကူအညီမဲ့မှုကို ခံစားနေခဲ့ကြရသည်။

ထျန်းမူယန်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားခဲ့သော်လည်း သူက တွေးနေသည့်အရာကိုတော့ ပြောဆိုခြင်းမပြုခဲ့ပေ။ တကယ်တမ်းအားဖြင့် ထိုဖြစ်ရပ်က အတော်လေး ရယ်စရာကောင်းပြီး စိတ်သက်သာရာ ရသလိုပင် ခံစားရသည်။

ဝေ့ဝူယင်ဘက်မှ သူ၏ အဂ္ဂိရတ် ကုန်စည်ပြပွဲကို ဧကရီ၏ 'မတော်တဆ' သေဆုံးမှု သို့မဟုတ် ထိုကဲ့သို့သော သဘောမျိုးဖြင့် စတင်လိမ့်မည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ စစ်ပွဲတစ်ခု အတွက် ပြင်ဆင်နေကြောင်း အင်ပါယာ မျိုးနွယ်ဝင် အများစု ရှင်းရှင်းလင်းလင်း သိရှိ ထားပေခဲ့သည်။ ချိပ်ပိတ် နယ်မြေ အတွင်း၌ အင်ပါယာ ထျန်းကလန်မှာ အင်အား အကြီးဆုံး ဖြစ်ပေသည်။ သူ၏ စစ်ပွဲအတွက် ပြင်ဆင်မှုမှာ ထျန်းမျိုးနွယ် အတွက် မဟုတ်လျှင် အခြား ဘယ်အဖွဲ့အစည်း ရှိဦးမည်နည်း။

တစ်နည်းအားဖြင့် ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆင်တူစွာပင် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သူက ဌာနချုပ် တစ်ခုကို အခိုင်အမာ တည်‌ထောင်ခဲ့သည်။ မြေကြီး ရှန့်ထို အဆင့် လက်အောက်ငယ်သား ရှစ်ဆယ်ကျော်ကို ထုတ်ဖော်ပြသခဲ့သည်။ ထို့အပြင်... မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး အင်အားစုများစွာကိုလည်း သိမ်းသွင်းခဲ့သည်။

ကောင်းကင် ဧကရာဇ်ပိုင် တစ်ယောက်ကတော့ ဧကရီကိုသာ မျက်တောင် မခပ်စတမ်း ကြည့်နေခဲ့၏။ အဝတ်ကြားမှ ခြေသလုံးသား ဖွေးဖွေးလေးများ ပေါ်ထွက်လာတိုင်း သူ့ နှလုံးသားထဲတွင် ပူနွေးသော ခံစားချက်များ ထွက်ပေါ် လာနေခဲ့သည်။ သူမက ရိုးရှင်းစွာပင် လှပလွန်းလှသည်။ လည်ချောင်းများက ခြောက်ကပ်နေလေရာ နှုတ်ခမ်းအား လျှာဖြင့် သပ်လိုစိတ်ကို မနည်း ထိန်းချုပ်ထားရသည်။

ယန်ချောင်ယွီကတော့ ထျန်းမူယန်လိုမျိုး သူမ၏ အတွေးများကို ထိန်းချုပ် မထားခဲ့ပါချေ။

“အနည်းဆုံးတော့ ဝေ့ဝူယင်က ဧကရီကို လူသိရှင်ကြား ကွပ်မျက်တာမျိုး၊ မဖွယ်မရာ ပြုကျင့်တာမျိုး မလုပ်ခဲ့ဘူး... ဒါကတောင် အတော် ကံကောင်းနေပြီ”

အကယ်၍ ဝေ့ဝူယင်သာ ဆန္ဒရှိပါက ဧကရီ၏ အခြေအနေများက ပိုမို ဆိုးရွားနိုင်ကြောင်း သူမက ထောက်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရာကပင် ထျန်းရှန်းယန်၏ ဒေါသကို ပိုမို နှိုးဆွပေး သကဲ့သို့ ဖြစ်ကာ သူက ယန်ချောင်ယွီကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူ၏ လျှို့ဝှက်အော်ရာက ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ပြီ ဖြစ်သည်။ ဤနေရာ၌ ကျင့်ကြံခြင်း အခြေခံ အပြည့်အစုံ မရှိသော်လည်း မည်သို့ပင် ဆိုစေ... သူက မြေကြီးရှန့်ထိုတစ်ဦး ဖြစ်နေဆဲ ဖြစ်ပေသည်။

“...”

ယန်ချောင်ယွီမှာ ထျန်းရှန်းယန်၏ တုန့်ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သူမ၏ မျက်လုံးများထဲ၌ လှောင်ပြောင်လိုသည့် အငွေ့အသက်များ ပြည့်နှက် လာခဲ့သည်။

“နင် အဲဒီလောက် သတ္တိရှိနေရင် နင့် ဧကရီကို သွားပြီး ကယ်တင်လိုက်ပါလား... အဲဒီလို လုပ်ဖို့ အရည်အချင်း မရှိရင်လည်း ငြိမ်ငြိမ်လေး ကုပ်နေ... ဘေးနားက လူတွေဆီကို ဒေါသတွေ လာပုံချပြီး သူရဲကောင်း လိုလို လုပ်ပြ မနေနဲ့...”

“...”

အင်ပါယာ မျိုးနွယ်ဝင် အားလုံးမှာ တိတ်ဆိတ် ဆွံ့အသွားကြ၏။ ယန်ချောင်ယွီ ပြောသည့် စကားလုံးများက ပြင်းထန်သော်လည်း အမှန်တရားကို ကိုယ်စားပြု နေပေသည်။

“...”

ထျန်းရှန်းယန်မှာ ဝန်ခံလိုခြင်း မရှိသော်လည်း ယန်ချောင်ယွီ ပြောတာ မှန်ကန်ပေသည်။ လက်ရှိ သူ့ထံတွင် ဧကရီကို သွားရောက် ကယ်တင်နိုင်သည့် စွမ်းရည် မရှိပါချေ။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကျောက်တောင်ကို ကြက်ဥနှင့် ပေါက်သလို အချည်းနှီး ဖြစ်ပေလိမ့်မည် ဖြစ်သည်။ သူ မလုပ်ရဲချေ။ စစ်ပွဲ တစ်ခု၏ မီးရှို့ရင်း အချည်းနှီး ကိုယ့်ကိုယ်ကို သေကြောင်းကြံရလောက်အေင် သူက မိုက်မဲသူ တစ်ယောက် မဟုတ်ချေ။ အေးစက်စက်ဖြင့် နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း သူ၏ လျှို့ဝှက် အော်ရာက တဖြည်းဖြည်း ပြန်လည်ကာ လျော့ကျသွားခဲ့သည်။

***

All Chapters