ပထမဆုံးသော ကံကောင်းခြင်း
Vol. 101 Ch. 1406
စင်မြင့်ထက်တွင်တော့...
“...”
ရင်းနှီးသည့် အော်ရာ တစ်ခုကို သတိပြုမိလိုက်ရာ ဧကရီရှောင်ချွမ်း၏ မျက်လုံးများမှာ တောက်ပလာခဲ့၏။ ချက်ချင်းပင် သူမ၏ မျက်လုံးများက ရွေ့လျားသွားကာ အင်ပါယာ မျိုးနွယ် အဖွဲ့ကို ရှာတွေ့လိုက်သည်။ သူတို့ထံမှ စိတ်လှုပ်ရှားနေသော အမူအရာများနှင့် ထူးဆန်းသော အကြည့်များကို တွေ့မြင်နိုင်သော်လည်း ထိုအတွက်ကြောင့်တော့ သူမ ဒေါသထွက်ခြင်း မရှိပါချေ။
မည်သို့ပင် ဆိုစေကာမူ... သူတို့မှာ သူမအတွက် လာခဲ့ကြသည်။ ပဋိပက္ခများ အကြားမှပင် အာရုဏ်ဦး ဖီဆန် ကြယ်တာရာနယ်မြေထဲကို ဝင်ရောက်လာခဲ့ခြင်းမှာ အတိုင်းအတာမရှိ ရဲရင့်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဝေ့ဝူယင် ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ခန့်မှန်းရခက်သော သဘောသဘာဝတို့ကို ထည့်သွင်းစဉ်းစားပါက ပို၍ပင် အထင်ကြီးသင့်သည်။
ဝေ့ဝူယင်နှင့် ဆက်နွယ်မှုရှိသော ယန်ချောင်ယွီ နှင့် ထျန်းမူယန်တို့ ကဲ့သို့ ပုဂ္ဂိုလ်များမှအပ ကျန်သူများမှာ သူတို့၏ အသက်ကို စွန့်စား၍ လာရောက်ကြခြင်း ဖြစ်သည်။ ထျန်းရှန်းယန်၏ ဒေါသကို တွေ့မြင်လိုက်ရသော အခိုက်၌ ဧကရီမှာ ကျေနပ်နေမိ၏။ ဤအရာအားလုံးအား ဖြစ်ပေါ်စေခဲ့သော သူမ၏ သွေးထိုး လှုံ့ဆော်မှုများကိုပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ကံဆိုးစွာပင်... သူမကို ဒုတိယ အကြိမ်မြောက် ရွေးချယ်ခွင့် ပေးခဲ့ပါက သူမ အလားတူပင် ထပ်မံ၍ လုပ်ဆောင်ခဲ့မှာ သေချာပေသည်။
ချိတ်ဆက်မှု သုံးခု အကြောင်းကို ရှင်းပြပြီး နောက်၌ ဧကရီက ဆက်လက်၍ ကြေညာလိုက်လေ၏။
“အဂ္ဂိရတ် အာဏာရှင်ဝေ့ ဦးစီး ကျင်းပမယ့် အဂ္ဂိရတ် ကုန်စည်ပြပွဲကို တစ်နာရီအတွင်း တရားဝင် စတင်ပါ့မယ်ရှင်... ဒီမတိုင်ခင် အချိန် အတွင်းမှာပင် အမှောင် ဟင်းလင်းပြင်ကျယ်ကြီးကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းပြီး ကြယ်တာရာတွေရဲ့ အရပ် မျက်နှာ အနှံ့အပြားကနေ ခရီးနှင်လာခဲ့ကြသူတွေကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ပထမဆုံး ကံကောင်းခြင်း ကို ပေးအပ်သွားပါမယ်...”
ဧကရီရှောင်ချွမ်း၏ အသံက စိတ်လှုပ်ရှားမှုနှင့်အတူ မြင့်တက်လာ သကဲ့သို့ နားထောင်နေသူများ၏ နှလုံးသားများမှာလည်း အလားတူ ပြင်းထန်စွာ တုန်ရီလာခဲ့ကြသည်။
“ကံကောင်းခြင်းလား...”
သန်းသိန်းပေါင်းများစွာသော လူများမှာ နားများကို အစွမ်းကုန် ဆွံ့လိုက်ကြ၏။ အဂ္ဂိရတ်ကုန်စည်ပြပွဲတွင် သူတို့ အမျှော်လင့်ရဆုံးသော အဖြစ်အပျက်မှာ အဘယ်နည်း။
အိမ်ရှင် အဂ္ဂိရတ် ပညာရှင်က ပေးအပ်သည့် ကောင်းချီးများသာ ဖြစ်ပေသည်။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ကြီးမားလှသော အတိုင်းအတာနှင့် ကြယ်တာရာနယ်မြေမှ ရရှိသော ပတ်ဝန်းကျင် အရည်အသွေးများကို ထည့်သွင်းစဉ်းစားရလျှင် ထို ‘ကံကောင်းခြင်း’ ကို သူတို့ မျှော်လင့်တကြီး ဆွေးနွေးနိုင်ပေသည်။
“အချိန်ကျပြီ...”
အစစ်အမှန် ဒြပ်စင်ဂိုဏ်းသားများ စုဝေးနေသော အဖွဲ့တွင် လင်းမင်မှာ လင်းရှန်ရှဲ့၏ နံဘေးတွင် ရပ်နေခဲ့၏။ သူ၏ မျက်ဝန်းများက ဧဒင်ကမ္ဘာနှင့် နဂါးခုနစ်ကောင်ကို အံ့အားသင့်စွာဖြင့် လိုက်လံ ကြည့်ရှု နေခဲ့သည်။
သို့သော်လည်း သူ၏ စိတ်ထဲရှိ အသံပိုင်ရှင်ကတော့ အနည်းငယ် မကျေမနပ်ဖြစ်နေပုံရသည်။ အဘယ်ကြောင့်နည်း။ သူ ကိုယ်တိုင် အပြင်သို့ ထွက်ကာ ဧဒင်ကမ္ဘာကို စူးစမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သို့စေကာမူ... သူ့အနေဖြင့် လင်းမင်နှင့် ဆက်သွယ်ကာ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုတော့ ကြည့်ရှုနိုင်စွမ်း ရှိပေသည်။
“ဘာပဲဖြစ်ဖြစ်... နောက်မဆုတ်နဲ့...”
အသံပိုင်ရှင်က သူ့ စိတ်ခံစားချက်များကို ထိန်းချုပ်ရင်း လင်းမင်ကို သတိပေးလိုက်သည်။
“ဒီအခွင့်အရေးကို ပေါ့ပေါ့ဆဆ သဘော မထားနဲ့နော်”
တစ်ချိန်တည်းတွင်ပင် လင်းရှန်းရှဲ့ကလည်း ဆိုလိုက်၏။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း သူတို့ နှစ်ယောက်ကြားရှိ ဆက်ဆံရေးတွင် အဖုအထစ်များ ရှိခဲ့သော်လည်း မည်သို့ပင် ဆိုစေ... သူမမှာ လင်းမင် ကလေးဘဝတည်းက ယခုအချိန်အထိ သင်ကြား ပြသပေးခဲ့သော ဆရာ ဖြစ်နေဆဲ ဖြစ်သည်။ အခွင့်အရေးတိုင်းတွင် လင်းမင် ကြီးထွားလာသည်ကို သူမ မြင်တွေ့လိုနေဆဲ ဖြစ်သည်။
လင်းမင်က ခေါင်းညိတ်လိုက်၏။ အကယ်၍ သူတို့ သတိမပေးလျှင်ပင် ရရှိလာသမျှ အခွင့်အရေးတိုင်းကို သူ အမိအရ ဆုပ်ကိုင်မည် ဖြစ်သည်။ ၎င်းမှာ သူ လက်ရှိ ကျင့်ကြံခြင်း အခြေခံထိ ရောက်အောင် ဖွံ့ဖြိုးလာခဲ့သော အကြောင်းရင်းလည်း ဖြစ်သည်။
“ဒါက အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ အစစ်အမှန် ကံကြမ္မာကို ပြဌာန်းပေးလိမ့်မယ်... မင်းတို့တွေ မပေါ့ဆကြနဲ့ၑ
တစ်ချိန်တည်းတွင်ပင် မရေမတွက်နိုင်အောင် များပြားလှသော အကြီးအကဲပေါင်း များစွာမှာလည်း သူတို့၏ တပည့်သားမြေးများကို လေးနက် တည်ကြည်သော အကြည့်များဖြင့် အကြံပေး နေခဲ့ကြသည်။ ကနဦး ကောင်းချီးမှာ နောက်ထပ် ကောင်းချီးများကို ရည်ညွှန်းမည်ဖြစ်ပြီး၊ အဓိက ကံကောင်းခြင်းကတော့ နောက်ဆုံးတွင်မှ လာလိမ့်မည် ဖြစ်သည်။
အဂ္ဂိရတ် ကုန်စည်ပြပွဲများကို လူများ အဘယ်ကြောင့် ဤမျှ စိတ်ဝင်စားကြသနည်း။ ပညာဂုဏ်၊ သမားဂုဏ် မောက်လွန်းသည့် အဂ္ဂိရတ်ပညာရှင်များ၏ အတ္တ စင်မြင့်များကြောင့်သာ ဖြစ်သည်။ ပုံမှန်အားဖြင့် ကံကောင်းခြင်းများကို အမျိုးအစား ခုနစ်မျိုး ခွဲခြားထားလေ့ ရှိကာ တစ်ခုထက် တစ်ခု ပိုမို ကောင်းလာလေ့ ရှိသည်။
“အားလုံးပဲ... ပြင်ဆင်ကြတော့...”
ထျန်းလင်းယုက အင်ပါယာ မျိုးနွယ်မှ တော်ဝင် မျိုးနွယ်မှ မင်းသား နှင့် မင်းသမီးများ ကို အော်ဟစ် သတိပေးလိုက်၏။ ချက်ချင်းပင် အားလုံး၏ အမူအရာများက လေးနက်စွာသာ အာရုံစိုက် လိုက်ကြသည်။ အင်ပါယာ ကလန်သားမှာ အဂ္ဂိရတ် ကုန်စည်ပြပွဲများ၏ သဘော သဘာဝနှင့် ပတ်သက်၍ နက်ရှိုင်းစွာ နားလည်ထားသည်ဟု ဆိုနိုင်ပေသည်။ သူတို့ထဲမှ အများစုမှာ အသက်အရွယ်နှင့် မလိုက်အောင်ပင် အဂ္ဂိရတ် ကုန်စည်ပြပွဲ တစ်ခု၌ ပါဝင်ခဲ့ဖူးပေသည်။ ထိုအရာမှာ မင်းမျိုးမင်းနွယ် ဖြစ်ခြင်း၏ အကျိုးကျေးဇူး တစ်ခုပင် ဖြစ်သည်။ သူတို့မှာ အမြဲတမ်း ဖိတ်ကြားခံရသူများ ဖြစ်သည်။
ထျန်းမူယန်က သဲ့သဲ့လေး ပြုံးလိုက်သည်။ ထျန်းလင်းယုမှာ မျိုးနွယ်စု အတွင်းမှ လူငယ်လေးများကို မည်သူ့ထက်မဆို ပို၍ ဂရုစိုက်သည်။ သူမက အမြဲတမ်းလိုလို အခြားသူများ အတွက် ဘေးကင်းရေးကိုသာ ဦးစားပေးကာ ထိုအတွက် မိမိ အသက်ကိုပင် စွန့်လွှတ်ရန်ပင် ဆန္ဒရှိသူဖြစ်သည်။ သူမကို အင်ပါယာ ကလန် အတွင်း မွန်မြတ်သော နှလုံးသားပိုင်ရှင် တစ်ယောက်ဟု တင်စားနိုင်ပေသည်။
အင်ပါယာ မျိုးနွယ်၏ ပြင်ဆင်နေပုံကို ကြည့်ရင်း ဧကရီရှောင်ချွမ်း တစ်ယောက် စိတ်ထဲမှ ကျေနပ်စွာ ခေါင်းညိတ် လိုက်မိသည်။ ထို့နောက် သူမက ကြေညာလိုက်လေ၏။
“ကျွန်မ အနေနဲ့ ပထမ ဦးဆုံး မိတ်ဆက် ပေးချင်တာကတော့... အရုဏ်ဦး မြူခိုးလို့ ခေါ်တဲ့ အရာပါပဲ”
ဝမ်... ဝမ်...
ရုတ်ချည်းဆိုသလိုပင် အပြင်ကမ္ဘာရှိ လူတိုင်း၏ အစစ်အမှန် ခန္ဓာကိုယ်များထက်သို့ ကျဆင်းနေသည့် နေရောင်ခြည်မှာ ပိုမို၍ တောက်ပလာကာ ရွှေရောင် မြူခိုးများမှာ ကြွယ်ဝစွာ စီးဆင်း ဝင်ရောက်လာခဲ့တော့သည်။
ဧဒင်ကမ္ဘာရှိ လူများမှာလည်း သူတို့၏ ပတ်ဝန်းကျင်တွင် ပုံရိပ်ယောင် ရွှေရောင်မြူခိုးများ ဝန်းရံနေသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ ကမ္ဘာနှစ်ခုလုံးမှ ခံစားမှုများကို ပုံတူကူးယူကာ ချိတ်ဆက်ထားခြင်းပင် ဖြစ်သည်။
“အရုဏ်ဦး မြူခိုးဟာ အာရုဏ်ဦး ဖီဆန် နေကြယ်ကို အသုံးပြုပြီး စနစ်တကျ သန့်စင်ထားတဲ့ ပစ္စည်း တစ်ခု ဖြစ်ပြီးတော့ သေမျိုးနယ်ပယ်ရဲ့ အမတေတွေနဲ့ လျှို့ဝှက် ရည်ရွယ်ချက် အပိုင်းအစတွေ ပါဝင်နေပါတယ်... ဒီပစ္စည်းရဲ့ အံ့သြဖွယ် ကောင်းတဲ့ ဂုဏ်သတ္တိတွေအကြောင်း ကျွန်မ ထပ်မပြောတော့ပါဘူး... ရှင်တို့ ကိုယ်တိုင် ကျင့်ကြံကြပါ... ကိုယ်တိုင် ခံစားကြည့်ကြပါ...”
ဧကရီရှောင်ချွမ်းက တရွေ့ရွေ့ လှုပ်ရှားနေသည့် ရွှေရောင် မြူခိုးများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ကြေညာလိုက်၏။ သူမကိုယ်တိုင်လည်း ယခင်က ၎င်းကို ခံစားခဲ့ဖူးလေရာ နှလုံးသားမှာ လောဘဖြင့် ဟိန်းဟောက်နေခဲ့လေသည်။
“အရုဏ်ဦး မြူခိုး...”
ထျန်းမူယန် တစ်ယောက် အံ့အားသင့်သွားခဲ့၏။ သို့သော်လည်း သူ များများစားစား စဉ်းစားခြင်း မပြုပါချေ။ အရုဏ်ဦး မြူခိုး တစ်ဆုပ်ခန့်ကို မဆိုင်းမတွပင် စုပ်ယူလိုက်၏။ ချက်ချင်းပင် သူ၏ လျှို့ဝှက် ဝိညာဉ်မှာ အတိုင်းမသိ ပျော်ရွှင်စွာဖြင့် ဟိန်းဟောက်လာကာ လျှို့ဝှက် အမြုတေမှာလည်း တောက်ပစွာ လင်းလက် လာခဲ့တော့သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင်... ချီပျစ်ခဲခြင်း အဆင့်မှ အဆင့်နိမ့် လူငယ်များစွာ အဆင့် ချိုးဖျက်မှုများနှင့် ကြုံတွေ့လာရသည်။ တဒင်္ဂ အတွင်းမှာပင် သူတို့မှာ နူးညံ့စွာ စီးဆင်းခြင်း အဆင့်ကို ဝင်ရောက်နိုင်ခဲ့ကြသည်။ ဒြပ်စင် မွေးဖွားခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြသည်။ ဒြပ်စင်ချီကို စတင် ဖန်တီးနိုင်ခဲ့ကြသည်။ အချို့က ချက်ချင်းပင် အခြေခံဒြပ်စင်များကို ဖန်တီးနိုင်ခဲ့ကြကာ အချို့မှာလည်း အဆင့်မြင့်ဒြပ်စင်များကို ဖန်တီးနိုင်ခဲ့ကြသည်။ ကွဲပြားခြားနားသော်လည်း ထိုကဲ့သို့ အချင်းအရာများက ဆက်တိုက်ပင် ဖြစ်ပေါ်နေခဲ့လေသည်။
“ငါ... ငါ အချိန် လျှို့ဝှက် လမ်းစဉ်ကို ခံစားမိသလိုပဲ...”
ရွှေရောင် မြူခိုးများကို စုပ်ယူရင်း ကောင်းကင် ဧကရာဇ်ပိုင်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။ ထိုအခိုက်တွင်ပင် လျှို့ဝှက် လမ်းစဉ်နှင့် လောကီ သင်္ကေတများ၏ အမျိုးမျိုး အထွေထွေသော နက်နဲမှုများက သူ့အတွက် ပိုမို ရှင်းလင်းလာခဲ့သည်။
ပထမဆုံးသော ကံကောင်းခြင်းမှာ စတင်ခဲ့ပြီ ဖြစ်ကာ ၎င်းမှ လူတိုင်း အကျိုးအမြတ်များကို ရရှိခဲ့လေသည်။
***