ပြီးပြည့်စုံသော မြူနှင်း
Vol. 101 Ch. 1407
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ မစတင်ခင်မှာပင် ထရီလျံပေါင်း များစွာသော ပရိသတ်များမှာ အံ့သြဖွယ် ကောင်းလောက်အောင် ထူးခြားသည့် အတွေ့အကြုံမျိုးနှင့် စတင်ကာ ရင်ဆိုင်နေရပြီ ဖြစ်သည်။
“ငါ့ ကိုယ်ခန္ဓာက စပြီး ပြောင်းလဲနေပြီ...”
အသက်ခြောက်ရာ နီးပါးရှိပြီ ဖြစ်သည့် အဂ္ဂိရတ် အင်ပါယာ တစ်ဦးက ထိတ်လန့် တုန်လှုပ်နေသည့် လေသံဖြင့် သူ၏ အဖော်များကို အော်ဟစ်ပြောဆိုလိုက်သည်။ အရုဏ်ဦး မြူခိုး ကို သန့်စင်လိုက်သည်နှင့်အမျှ ကိုယ်ခန္ဓာက ပြောင်းလဲနေကြောင်း သူ ခံစားနိုင်သည်။ ထိုမြူခိုးမှာ နှိုင်းယှဉ်၍ မရအောင်၊ မဖော်ပြနိုင်လောက်အောင် နူးညံ့သိမ်မွေ့ကာ သန့်စင်ရန် လွယ်ကူလွန်းလှသည်။
ထိုကဲ့သို့သော အတွေ့အကြုံများမှာ ဤအဂ္ဂိရတ် ပညာရှင် တစ်ဦးတည်းထံတွင်သာ ကန့်သတ်ထားခြင်း မဟုတ်ပါချေ။ ထူးခြားသော အခြေခံ အုတ်မြစ်နှင့် နက်ရှိုင်းသော နားလည်မှုများကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း အင်အားစုများမှ ပုဂ္ဂိုလ်များစွာမှာလည်း သူတို့၏ ကိုယ်ခန္ဓာများကို စစ်ဆေးကြည့်ရှုသောအခါ အလားတူ ပြောင်းလဲမှုများ ရှိနေကို သတိပြုမိခဲ့ကြသည်။
ဧကရီရှောင်ချွမ်း တစ်ယောက် တောက်ပစွာ ပြုံးလိုက်မိ၏။ အာရုဏ်ဦး မြူခိုး၏ အရည်အသွေးကို တွေ့ရှိခဲ့ရစဉ် အခါက သူမ ကိုယ်တိုင်လည်း မမည်မျှ နက်ရှိုင်းစွာ တုန်လှုပ်ခဲ့ရသည်ကို ရှင်းလင်းစွာ အမှတ်ရနေဆဲ ဖြစ်သည်။ သို့သော်လည်း တက်ရောက်လာသည့် ထရီလျံပေါင်း များစွာသော ကျင့်ကြံသူများထံသို့ ပေးပို့နေသည့် အလွန့်အလွန် များပြားလှသော ပမာဏများကို ကြည့်ရင်း သူမ အံ့ဩတုန်လှုပ်မိသည်။ အာရုဏ်ဦး မြူခိုးလို အဖိုးတန် ရင်းမြစ်တစ်ခုက ထိုမျှ များပြားစွာ တည်ရှိနိုင်မည် ဖြစ်ကြောင်း သူမ မယုံကြည်နိုင်ခဲ့ချေ။
“အရုဏ်ဦး မြူခိုးရဲ့ အကျိုးသက်ရောက်မှုတစ်ခုကတော့ အဂ္ဂိရတ် ထုတ်ကုန်တွေကို သန့်စင်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ အရည်အသွေးကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်... ဒီပစ္စည်းကို သဘာဝ နေကြယ်ရဲ့ အစစ်အမှန်ဆုံး အမတေတွေ အပြင် အသန့်စင်ဆုံး မြူနှင်းတွေကိုပါ ရောနှောပြီး ဖန်တီးထားတာပါ”
ဧကရီ ရှောင်ချွမ်းက ရှင်းပြလိုက်၏။ ပွဲ၏ အဓိက အစီအစဉ် တင်ဆက်သူ တစ်ယောက် အနေဖြင့် အခြားသူများထံ အကျိုးသက်ရောက်မှုများကို လုံလောက်စွာ ရှင်းပြနိုင်ဖို့အတွက် ဒီအရင်းအမြစ်ကို သူမ အလျင်ဆုံး စမ်းသပ် သုံးစွဲခဲ့ရပြီး ဖြစ်သည်။
“အဲဒီ အကျိုးသက်ရောက်မှုက ယေဘုယျအားဖြင့် သန့်စင်ခြင်းအတွက် ကောင်းမွန်တယ် ဆိုပေမယ့်... အဓိက အကျိုးကျေးဇူးကတော့ ဖော်စပ်ပြီးတဲ့နောက်ပိုင်းမှာ နည်းလမ်းတစ်ခုခုနဲ့ မြှင့်တင်ထားတဲ့ ထုတ်ကုန်တွေကို သန့်စင်ရလွယ်ကူအောင် မြှင့်တင်ပေးတာ ဖြစ်ပါတယ်”
ထိုအကြောင်းအား ပြောဆိုသည့် အချိန်၌ ဧကရီ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှု အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။
“ဥပမာပေးရရင်... အဲဒီလို အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို သန့်စင်ဖို့ ဆယ်ရက်ကြာတယ် ဆိုပါစို့... ရှင်တို့ ဘဝမှာ အရုဏ်ဦး မြူခိုးကို အနည်းဆုံး တစ်ကြိမ်လောက် သန့်စင်ဖူးတယ် ဆိုရင် အဲဒါက သန့်စင်တဲ့ ကြာချိန်ကို ငါးရက်အထိ လျှော့ချပေးနိုင်ပါတယ်...”
“...”
ကျင့်ကြံသူပေါင်းများစွာ၏ နှလုံးသား၊ ဝိညာဉ်နှင့် စိတ်များထဲတွင် မယုံကြည်နိုင်သည့် ခံစားချက်များ တိုးပွားလာခဲ့သည်။ အထူးသဖြင့် အဂ္ဂိရတ် အစည်းအရုံး အဖွဲ့ဝင်များထံတွင် ပိုမို၍ ထင်ရှားသည်။
“မဖြစ်နိုင်ဘူး...”
ထာဝရ အစည်းအရုံး၏ တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်က ထိုစကားကို ပြင်းပြင်းထန်ထန်ပင် ကန့်ကွက်လိုက်၏။ သန့်စင်ရမည့် အချိန်ကို တစ်ဝက် လျှော့ချပေးနိုင်သည်လား။ ၎င်းက စိတ်ကူးယဉ်ဆန်လွန်းလှသည်။
ဧကရီရှောင်ချွမ်း၏ အဓိပ္ပာယ်မဲ့သော ပြောဆိုချက်များကို ပြန်လည်ချေပသူက သူ တစ်ဦးတည်း မဟုတ်ပါချေ။ အဂ္ဂိရတ် ပညာရှင် အတော်လေးများများမှာ ထိုကဲ့သို့ အော်ဟစ်ခဲ့ကြခြင်း ဖြစ်သည်။ ကံမကောင်းစွာပင်... လူအုပ်ကြီး တစ်ခုလုံးနှင့် ယှဉ်လျှင်တော့ ၎င်းတို့မှာ သာမညဟု ဆိုနိုင်သည့် အသံများသာ ဖြစ်သည်။
“ဒါကို ကျွန်မ ကိုယ်တိုင် သက်သေခံနိုင်ပါတယ်...”
ဧကရီရှောင်ချွမ်းက လေးနက်သော လေသံဖြင့် ထပ်လောင်း ပြောကြားလိုက်၏။ အာရုဏ်ဦး မြူခိုး၏ အာနိသင်ကို အတည်ပြုရန် သူမထက် ပိုကောင်းသူ မည်သူ ရှိဦးမည်နည်း။ အမှန်အားဖြင့် ထိုလုပ်ရပ်များကြောင့် စော်ကားသလိုပင် သူမ ခံစားခဲ့ရသည်။ ဒေါသ အငွေ့အသက်များက သူမ၏ နှလုံးသားထဲတွင် တိုးပွား လာခဲ့၏။
လင်းရှန်ရှဲ့၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ သူမက ခပ်မြန်မြန်ပင် လက်ဟန် ချိပ်စည်းများကို ဖော်ထုတ်လိုက်ကာ ရွှေရောင်မြူခိုးများကို မဆိုင်းမတွ စတင် စုပ်ယူလိုက်သည်။
“တစ်စက္ကန့်လေးတောင် အချိန် မဖြုန်းနဲ့...”
တစ်ချိန်တည်း၌ သူမက ဘေးနားရှိ လင်းမင်ကို သတိပေးလိုက်သည်။ လူငယ်မှာ ယခုတိုင် အံ့အားသင့်နေဆဲ ဖြစ်ပြီး အခြားလူ အများစုကဲ့သို့ ရွှေရောင်မြူခိုးများကို သာမန်အားဖြင့်သာ ရှူရှိုက် သန့်စင်နေခြင်း ဖြစ်သည်။ ဤသည်မှာ တစ်နာရီသာ ကြာမြင့်မည့် အခွင့်အရေးဖြစ်သည်။ ၎င်းကို အမိအရ မဆုပ်ကိုင်နိုင်ပါက ဘယ်တော့မှ ပြန်လည် ရရှိတော့မည် မဟုတ်ပါချေ။
ထာဝရ အစည်းအရုံး အဖွဲ့ဝင်များကြားတွင် စန်းလော့ယန်မှာ နှလုံးသား အတွင်း မွေးဖွားလာသည့် မကောင်းသော ခံစားချက်ကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။ သူ၏ နံဘေးတွင်တော့ စန်းယွန်းလီ ရှိနေခဲ့ပြီး သူမ ဖုံးကွယ်ထားသော မျက်နှာဖုံးမှာ ဤဧဒင်ကမ္ဘာတွင် အာနိသင် မရှိလေရာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ ထိုအခိုက်၌ သူမသာလျှင် မကပဲ အခြား မည်သူမျှ သူတို့၏ ရုပ်သွင်များကို ဖုံးကွယ်နိုင်စွမ်း မရှိခြင်းပင် ဖြစ်လေသည်။
စန်းယွန်းလီ ထာဝရ နတ်ဘုရားကို လှမ်းကြည့်လိုက်၏။ အစ ပထမက ထိုလူအိုကြီးမှာ အမျိုးမျိုးသော ဖုံးကွယ်ရေး လျှို့ဝှက် ဝင်္ကပါများ၊ အစီအရင်များနှင့် သာမန် အဖွဲ့ဝင်တစ်ဦးအဖြစ် ရောနှောနေထိုင်ဖို့ စီစဉ် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤဧဒင်ကမ္ဘာတွင်တော့ သူ၏ ခန့်ညားထည်ဝါသော အသွင်အပြင်မှာ အပြည့်အစုံပင် ပေါ်လွင်နေခဲ့သည်။
ထာဝရ နတ်ဘုရားမှာ ရွှေရောင်မြူခိုးများကို သူ၏ အော်ရာနှင့် အတူ တွန်းလှန်နေ၏။ သူ၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း ထင်သလောက် တည်ငြိမ်မှုမရှိကြောင်း သိသာသည်။ ကျန်ထာဝရ အစည်းအရုံး အဖွဲ့ဝင်များ... လူငယ် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... သူတို့အားလုံးမှာလည်း ထာဝရ နတ်ဘုရား၏ ဦးဆောင်မှု အတိုင်း လိုက်လံ လုပ်ဆောင်နေကြကာ ရွှေရောင်မြူခိုးများကို သန့်စင်ခြင်း မပြုခဲ့ကြချေ။ သူတို့ အားလုံးမှာ ဝေ့ဝူယင်၏ ထောင်ချောက် အတွင်း ကျဆင်းသွားရမည်ကို အလွန်ပင် သတိထား နေခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း... စန်းလော့ယန်ကတော့ ရွှေရောင်မြူခိုးများကို စစ်ဆေးပြီးနောက် စန်းယွန်းလီထံ သတင်းစကား တစ်ခုကို ပို့လွှတ်လိုက်၏။
“ဒီအခွင့်အရေးကို မဖြုန်းတီးနဲ့... မြူခိုးကို သန့်စင်လိုက်... သမီး”
စန်းယွန်းလီ အံ့အားသင့်သွားခဲ့၏။ သူမက စန်းလော့ယန်ဘက်သို့ လှည့်ကြည့်လိုက်ရာ လူအိုကြီးမှာ ရွှေရောင်မြူခိုးများအား တက်ကြွစွာ သန့်စင်နေသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ...”
သူမက မေးခွန်းထုတ်လိုက်၏။ ၎င်းက အလွန် အန္တရာယ်ရှိကာ အခွင့်အရေး တစ်ခု ဟန်ဆောင်ထားသော ကပ်ဘေးဆိုးကြီး တစ်ခုပင် ဖြစ်နိုင်သည်။
“ဒါက အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ အဂ္ဂိရတ်ကုန်စည်ပြပွဲ ဖြစ်နေလို့ပဲ...”
စန်းလော့ယန်က တိုတောင်းစွာပင် ဆိုလိုက်၏။ သူက အခြားမည်သည့်အရာကိုမှ ထပ်မံဖြည့်စွက် ရှင်းပြခြင်း မရှိခဲ့ချေ။
“...”
စန်းယွန်းလီ မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူမက ခေါင်းခါကာ အာရုဏ်ဦး မြူခိုးများကို သန့်စင်ဖို့ ငြင်းဆန်ခဲ့ပေသည်။ ပေါ့ဆခြင်းထက် မိမိ၏ အသက် အန္တရာယ် အတွက် သတိထားခြင်းက ပိုမို၍ ကောင်းမွန်ပေသည်။ အတိတ်ဘဝမှာတုန်းက ပေါ့ဆမှုကြောင့် သူမ တစ်ခါ သေခဲ့ဖူးသည်။ ထို့အပြင် သူမအတွက် အဂ္ဂိရတ် ထုတ်ကုန်များကို မြန်ဆန်စွာ သန့်စင်ရန် ထိုအာရုဏ်ဦး မြူခိုးဆိုသည့် အရာကို မလိုချေ။
စန်းလော့ယန်မှာ မွေးစားသမီး ဖြစ်သူ၏ တုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်ပျက်သွားခဲ့၏။ သို့သော်လည်း နှလုံးသားထဲမှ သက်ပြင်းတစ်ချက် ချလိုက်ရုံသာ တတ်နိုင်သည်။
အာရုဏ်ဦး မြူခိုးကို မသန့်စင်ခဲ့သည်က ထာဝရ အစည်းအရုံးတစ်ခုတည်းသာ မဟုတ်ပါချေ။ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းမှာလည်း ကံကောင်းမှုကို ရယူခြင်းထက် သတိထားခြင်းကို ပိုမို ကျင့်သုံးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ အင်ပါယာ မျိုးနွယ်ဝင် အများစုမှာ ဒွိဟ ဖြစ်နေခဲ့ကြသော်လည်း ထျန်းလင်းယုက တော်ဝင် မင်းသား၊ မင်းသမီးများအား အာရုဏ်ဦး မြူခိုးကို သန့်စင်ရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။ တွန့်ဆုတ်နေသူများကို သူမက ရိုက်ပုတ်တော့မလိုပင် ပြုမူခဲ့သည်။
ထျန်းမူယန်၊ ယန်န်ချောင်ယွီနှင့် ကောင်းကင် ဧကရာဇ်ပိုင်တို့မှာ မြူခိုးကို စိတ်အားထက်သန်စွာ စတင် သန့်စင်ခဲ့ကြသူများထဲတွင် ပထမဆုံး ဖြစ်လေရာ ကျင့်ကြံခြင်း ဈာန်ဝင်စားမှု အတွင်းသို့ လျင်မြန်စွာပင် ဝင်ရောက် သွားခဲ့ကြသည်။ အခြားသူများနှင့် ခြားနားစွာပင် သူတို့မှာ ဝေ့ဝူယင်၏ ကောင်းချီး အပေါ် မည်သည့်စိုးရိမ်စိတ်မှ မရှိခဲ့ပေ။
အင်ပါယာ မျိုးနွယ်ဝင်များ အာရုဏ်ဦး မြူခိုးကို စတင် စုပ်ယူနေကြောင်း တွေ့မြင်လိုက်သော အခါမှသာ ဧကရီရှောင်ချွမ်းမှာ စိတ်သက်သာရာ ရခဲ့တော့သည်။ ဤမြူခိုးများမှာ ထာဝရ အစည်းအရုံး ဦးဆောင် ကျင်းပသည့် မဟာစက်ဝန်း ရှန့်ထို ညီလာခံတွင် ပေးအပ်ခဲ့သည့် ကြယ်အမတေ မြူခိုးများထက် အဆပေါင်း များစွာ ပိုကောင်းပေသည်။
ထို့အပြင်... ကြယ်အမတေ မြူခိုးလို အကန့်အသတ် မရှိပဲ အရုဏ်ဦးမြူခိုးများကို ကြီးမားသော ပမာဏဖြင့် ထောက်ပံ့ပေးထားလေရာ လူတစ်ဦး စုပ်ယူနိုင်သည့် ပမာဏများမှာ သူတို့၏ ခန္ဓာကိုယ် ပါရမီနှင့် အရည်အချင်းများ အပေါ်တွင်သာ လုံးဝမူတည်ပေသည်။ ထို့အပြင်အရုဏ်ဦး မြူခိုးတွင် မည်သည့်ပြဿနာမှ မရှိကြောင်း သူမ သိရှိထားသည်။