← Chapters

ပထမဆုံး အဂ္ဂိရတ် ထုတ်ကုန် (၂)

Vol. 101 Ch. 1410

ပထမဆုံး အဂ္ဂိရတ် ထုတ်ကုန် (၂)

Vol. 101 Ch. 1410

"အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်..."

ထိုနာမည် သက်သက်သည်ပင် ထရီလျံပေါင်းများစွာသော လူများ အကြား၌ အမျိုးမျိုးသော ကြိုတင် မှန်းဆချက်များကို ဖြစ်ပေါ်စေခဲ့သည်။ ဝေ့ဝူယင်မှာ ကောင်းကင်ဓာတ်တော်ကို ဆေးဖော်ရာတွင် ထည့်သွင်း အသုံးပြုမည်ဟု ကတိပေးခဲ့လေရာ အဆိုပါ ထုတ်ကုန်ငါးမျိုးထဲတွင် တစ်ခု ပါဝင်လာနိုင်သည်ဟု မျှော်လင့်နေခဲ့ကြသူများစွာ ရှိပေသည်။ အထူးသဖြင့်... ဧကရီ၏ အသံက စိတ်လှုပ်ရှားမှုများနှင့် အတူ အနည်းငယ် တုန်ရီနေလေရာ ၎င်းက လူအများ၏ ယုံကြည်ချက်များကို ပိုမို ပြင်းထန် လာစေရန် အထောက်အကူပြုခဲ့သည်။

"ဝိညာဉ်ပင်လယ် အသက် ဆေးရည်..."

အကန့်အသတ်မဲ့ သိုင်းဂိုဏ်းကြီး၏ အဖွဲ့ အတွင်းတွင် အကန့်အသတ်မဲ့ သိုင်းဧကရာဇ်မှာ လက်ပိုက်လျက် ရပ်နေခဲ့သည်။ သူက တလက်လက် တောက်ပနေသော မျက်ဝန်းများနှင့် စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသမျှကို အသေးစိတ် အကဲခတ်နေခဲ့သည်။ ဧဒင်ကမ္ဘာတွင် တည်ရှိမှုတိုင်းကို လျစ်လျူရှုရန် ခက်ခဲလှလေရာ သူက အခြားသူများကြားတွင် ထင်ရှားနေပေသည်။

"အဲဒါက ဘာဖြစ်မယ်လို့ ထင်လဲ... ကောင်းကင်ဘုံ အမွေအနှစ် နဲ့ ပတ်သက်နေနိုင်လား"

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ နံဘေးတွင်တော့ မြင်းမြီးဆံပင်နှင့် ကလေးမလေးတစ်ဦး ရပ်နေခဲ့၏။ သူမက သိမ်မွေ့ကာ ချစ်စရာကောင်းသော ပုံသဏ္ဍာန်ရှိသော်လည်း ပိုင်ဆိုင်ထားသည့် အော်ရာက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်ကာ တည်ကြည်သော အမူအရာဖြင့် မေးလိုက်သည်။ သူမက အကန့်အသတ်သိုင်းဂိုဏ်းကြီး၏ မြေကြီးရှန့်ထိုများ ထဲမှ တစ်ယောက် ဖြစ်သည့် တရှန်း၏ ဆရာ တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီပင် ဖြစ်သည်။

"..."

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်က ပြန်မဖြေခဲ့ချေ။ ကျင့်ကြံသူ မြောက်များစွာမှာ သူတို့၏ ကိုယ်ပိုင် မှန်းဆချက်များကို လျင်မြန်စွာ ပြောဆို နေကြသော်လည်း သူက ထိုကဲ့သို့ ကလေးကလား မှန်းဆသည့် ကစားနည်းများကို စိတ်မဝင်စားပါချေ။

"သူတို့ ရှင်းပြလိမ့်မယ်..."

အကန့်အသတ်မဲ့ သိုင်းဧကရာဇ် တုန့်ပြန်သမျှက ထိုမျှသာ ဖြစ်သည်။ တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီက မဲ့ပြုံးပြလိုက်၏။ ရည်ရွယ်ချက်ရှိရှိ မဟုတ်သော်လည်း သူမမှာ အထူးတလည်ပင် ချစ်စရာ ကောင်းနေခဲ့သည်။

စင်မြင့်ထက်တွင်တော့...

ဧကရီမှာ ကျောက်စိမ်းသေတ္တာ၏ အဖုံးကို စတင်မြှောက်တင်လိုက်ချိန်တွင် အမှန်တကယ် စိတ်လှုပ်ရှားနေခဲ့သည်။

အဓိက အစီအစဉ် တင်ဆက်သူ အနေဖြင့် ဝေ့ဝူယင်က သူမကို ပဉ္စမမြောက်နှင့် နောက်ဆုံး အဂ္ဂိရတ် ထုတ်ကုန်မှ တစ်ပါး ကျန်ထုတ်ကုန်လေးမျိုးလုံး၏ အကျဉ်းချုပ်ကို ပေးအပ်ခဲ့သည်။ ထို့အပြင် အာရုဏ်ဦးမြူခိုးလိုမျိုး ပရိသတ်များထံ ပေးအပ်မည့် ကံကောင်းခြင်းအချို့ကိုလည်း မြည်းစမ်းခွင့် ရခဲ့သည်။

ဤသည်မှာ သူမ အနေဖြင့် မည်သည့်အရာကိုမျှ အမှားအယွင်း မရှိဘဲ တစ်နည်းအားဖြင့် တည်ငြိမ်မှုကို မဆုံးရှုံးစေဘဲ တစ်ဆင့်ချင်းစီကို ယုံကြည်ချက် အပြည့်ဖြင့် တင်ဆက်နိုင်စေရန် ဖြစ်ပေသည်။ သို့တိုင်အောင် နဖူးတွေ့ ဒူးတွေ့ အဂ္ဂိရတ် ထုတ်ကုန်ကို မိတ်ဆက် ပြသရမည့် အချိန်၌ သူမမှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်အောင် ရှိနေသေးဆဲ ဖြစ်သည်။

ကျောက်စိမ်း သေတ္တာကို အပြည့်အဝ မြှောက်တင်လိုက်သောအခါ၌ ပေါ်ထွက်လာသည်မှာကား... လက်ဖဝါးအရွယ်အစားရှိ အရည် ပန်းကန်လုံးတစ်လုံး ဖြစ်လေသည်။ အရည်များမှာ စိမ်းပြာရောင် ရှိ၏။ ၎င်းမှာ မဟာမြင်း လောကနယ်မြေ အတွင်းရှိ ရေငြိမ်ပင်လယ် ကဲ့သို့ မည်သည့် ဖြစ်တည်မှုကမျှ မသက်ရောက်နိုင်သည့် အလား မလှုပ်မယှက် ရှိနေပုံရသော်လည်း အတွင်းပိုင်းတွင်မူ လှုပ်ရှားမှုများစွာ ရှိနေပေသည်။

၎င်းတို့ကို မတူညီသော အရောင်များ၊ စူးရှသော အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် ငါးရှဉ့်ကဲ့သို့ အမျှင် ကိုးခု အဖြစ် ခွဲခြားနိုင်ပေသည်။

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အဖွဲ့သားများ အကြား၌ ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ နှလုံးသားက တဒုန်းဒုန်း မြည်ဟီး နေခဲ့လေ၏။ ပိုမိုနီးကပ်စွာ ကြည့်ရှုရန် သူ ခန္ဓာကိုယ်ကိုပင် ရှေ့ကို တိုးလိုက်မိသည်။ ချက်ချင်းပင် သူ၏ စိမ်းပြာရောင် မျက်လုံးများမှာ ပိုမို၍ ကျယ်လာခဲ့ကာ မျက်နှာအမူအရာမှာလည်း ထူးခြားသော အံ့အားသင့်မှု တစ်ခုဖြင့် ပြည့်နှက်လာခဲ့သည်။

"အနီရောင်... လိမ္မော်ရောင်..."

စန်းလော့ယန်၏ မျက်လုံးများမှာလည်း အလားတူပင် ပြူးကျယ်နေကာ အရောင် တစ်ခုချင်းစီကို မသိစိတ်ဖြင့် လိုက်လံ ရေရွတ်နေခဲ့သည်။ သူ၏ နံဘေးတွင်လည်း အလားတူ ပြုလုပ်နေကြသော အခြား အဂ္ဂိရတ်ပညာရှင်များ ရှိ၏။ အမှန်တကယ်အားဖြင့် ကျင့်ကြံသူ မြောက်များစွာမှာ အမျှင်တစ်ခုစီကို ရေတွက်ကာ ခွဲခြားရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

"မူလအလင်းလား..."

အင်ပါယာ ထျန်းမျိုးနွယ် အဖွဲ့ အတွင်းတွင်တော့ ထျန်းရှန်းယန်က ကျယ်လောင်စွာ အော်ဟစ်ကာ လူတိုင်း၏ အတွေးများကို ဖော်ထုတ်လိုက်သည်။

မူလအလင်း...

အနက်ရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မဲနယ်ရောင်၊ ခရမ်းရောင်၊ အဖြူရောင်...

"အဲဒါတွေ အားလုံးက မူလအလင်း စွမ်းအင် အမျှင်တွေလား... စီနီယာ အမ"

လင်းမင်က လင်းရှန်းရှဲ့ကို မေးလိုက်၏။ သို့သော်လည်း မိန်းကလေးမှာ အလွန်တုန်လှုပ်နေလေရာ ထိုမေးခွန်းကို လျစ်လျူရှုထားသည်။ သူမ၏ နှလုံးသားက လျင်မြန်စွာ ခုန်နေခဲ့၏။ သူမ၏ စိတ်တစ်ခုလုံးကို အဓိပ္ပာယ်ရှိသော မေးခွန်းတစ်ခုတည်းကသာ သိမ်းပိုက်ထားသည်။

၎င်းကတော့... "ဒီထုတ်ကုန်က ဘာအတွက်လဲ..." ဟူ၍ပင်။

အခြားတစ်ဖက်တွင်တော့ ထာဝရနတ်ဘုရား၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေခဲ့လေ၏။

ဧကရီက များလှစွာသော ကျင့်ကြံသူများ၊ အထူးသဖြင့် အဂ္ဂိရတ် ရှန့်ထို နှစ်ပါး၏ အမူအရာများကို လှည့်ပတ်ကြည့်ရှု လိုက်၏။ သူတို့၏ တုံ့ပြန်ပုံများက သူမ၏ နှလုံးသား အတွင်းရှိ မာနကို များစွာ သက်သာရာ ရစေခဲ့သည်။ သူမ ကိုယ်တိုင်လည်း အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်ကို ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ရစဉ် အခါက အလွန်အမင်း တုန်လှုပ်ခြောက်ခြားခဲ့သည်။

မူလအလင်း ရင်းမြစ်မှာ မြှင့်တင်ရန် အခက်ခဲဆုံး ကျင့်ကြံခြင်း အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင်ပင် ၎င်းကို သက်ရောက်နိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်အရေအတွက် လက်တစ်ဖက် ရေတွက်စာမျှသာ ရှိသည်။

ပုံမှန်အားဖြင့် ၎င်းတို့မှာ အလင်းစွမ်းအင်ကို သက်ရောက်စေသည့် လောကအလင်း ဆေးရည်၏ လုပ်ဆောင်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်များသာ ဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့မှာ မူလအလင်း ရင်းမြစ်ကို မသက်ရောက်ဘဲ ကြယ်တာရာ အမြုတေ အဆင့် ၏ အလင်းပြန်ခြင်း အဆင့် နောက်ပိုင်းတွင် မူလအလင်း ရင်းမြစ် ပြုစုပျိုးထောင်ထားသည့် စွမ်းအင်ကိုသာ သက်ရောက်ခြင်း ဖြစ်သည်။

ဧကရီက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း စတင်၍ ပြောကြားလိုက်လေ၏။

"အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်က အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်ပါတယ်... ဒါပေမဲ့ ပုံမှန် အဆင့်အတန်း မဟုတ်ပါဘူး"

သူမ ပြောဆိုခဲ့သည့် နောက်ပိုင်း စကားလုံးများက လူပေါင်းများစွာကို စိတ်ဝင်တစား ဖြစ်စေကာ ပိုမို၍ ရင်ခုန် လာခဲ့ကြသည်။ ဧကရီက ထိုအခြေအနေကို ကြာကြာ မထားပဲ ဆက်လက်၍ ရှင်းပြလိုက်၏။

"ကျွန်မတို့ရဲ့ ကြီးကျယ် ခမ်းနားလှတဲ့ သမိုင်းကြောင်းမှာ သာမန် စံနှုန်းတွေရဲ့ အကန့်အသတ်ကို ကျော်လွန်သွားတဲ့ ထုတ်ကုန်အနည်းငယ် ရှိခဲ့ဖူးပါတယ်... အဲဒီ အမျိုးအစားတွေထဲမှာ အများဆုံး သိကြတဲ့ ထုတ်ကုန်ကတော့ သူတော်စင် ခုနစ်ပါး မျှော်စင်ရဲ့ အဆုံးမဲ့ ကြယ်ပဲ့တင်ထပ်ခြင်း ဆေးလုံးပါပဲ”

"ကြယ်ပဲ့တင်ထပ်ခြင်း ဆေးလုံးနဲ့တောင် နှိုင်းယှဉ်နိုင်တယ်ပေါ့..."

ရုတ်တရက်... လှောင်ပြောင်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေသည့် ဟစ်အော်သံတစ်ခု ပဲ့တင်ထပ်လာကာ အဖွဲ့တိုင်း၏ နားစည် အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းကို ထာဝရ အစည်းအရုံး၏ သေမျိုး အာဏာရှင် အာဏာရှင် တစ်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်ကာ သူ၏ အသံက ဧဒင်ကမ္ဘာ တစ်ခုလုံးကို ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ သူက တမင်တကာ ပြုလုပ်ခဲ့ခြင်းလား သို့မဟုတ် အနီးကပ် ချိတ်ဆက်မှု၏ လုပ်ဆောင်ချက် တစ်ခုလား ဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။

ချက်ချင်း ဆိုသလိုပင် များလှစွာသော လူများမှာ အသံ၏ မူလရင်းမြစ်ကို သိရှိရန် အတွက် ထာဝရ အစည်းအရုံးအား ပုံဖော်ရန် စဉ်းစားလိုက်ကြကာ ၎င်းတို့ထံသို့ ချက်ချင်းပင် ဝိုင်းရံလာကြသည်။

"..."

ထာဝရနတ်ဘုရားမှာ တိတ်ဆိတ်စွာပင် ရပ်နေခဲ့၏။ သူ၏ ခုနစ်ရောင်ခြယ် မျက်ဝန်းများက စကားပြောဆိုခဲ့သူကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ စန်းလော့ယန်ကတော့ နှလုံးသားထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထိုသကောင့်သားမှာ ထာဝရ အစည်းအရုံးကို မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှေ့တွင် အရှက်ရစေဖို့ ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။

“ဒါ... ဒါက...”

ချက်ချင်းပင် တစ်လောကလုံး၏ အာရုံ စူးစိုက်မှုများကို ခံလိုက်ရလေရာ အဂ္ဂိရတ် ပညာရှင်မှာ ထိတ်လန့်သွားကာ နောက်သို့ အနည်းငယ် ဆုတ်လိုက်မိ၏။ ထရီလျံပေါင်းများစွာသော အကြည့်များက သူ့ကို အရှင်လတ်လတ် ကြိတ်ချေ နေသကဲ့သို့ ခံစားရသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သော်လည်း ထိုအတွေ့အကြုံမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်ကာ ချွေးများပင် အလွန်အကျွံ ထွက်လာခဲ့သည်။

ဧကရီ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားကာ ရှင်းပြလိုက်၏။

"အနီးကပ် ချိတ်ဆက်မှုက ကိုယ့်ရဲ့ အာရုံ စူးစိုက်မှုနဲ့ ရည်ရွယ်ချက်အပေါ် မူတည်ပါတယ်... တကယ်လို့ ရှင်တို့ အနေနဲ့ ဒီခမ်းနားတဲ့ စင်မြင့်ပေါ်မှာ ပြသထားတဲ့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုရင်... ဒီထုတ်ကုန်ကို ကြည့်ရှုနေတဲ့သူ အားလုံးကလည်း အဲဒီမှတ်ချက်ကို အလားတူ ကြားရပါလိမ့်မယ်..."

"ဘာ... ဘာလဲ..."

သေမျိုး အာဏာရှင် အာဏာရှင်မှာ နောက်သို့ ဆက်ဆုတ်နေရင်း မတော်တဆ ချော်လဲတော့မလိုပင် ဖြစ်သွားခဲ့သည်။

စန်းလော့ယန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤသည်မှာ သူတို့၏ နယ်မြေ မဟုတ်ဘဲ အရာအားလုံးက ဝေ့ဝူယင် ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည်ကို သဘောပေါက်လိုက်သည်။ ပေါ့ဆစွာ လုပ်ဆောင် ပြောဆိုခြင်းများကို ရှောင်ရှားတာ အကောင်းဆုံးဖြစ်သည်။

"ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်.... ဆေးရည် လမ်းစဉ်ကို အထူးတလှယ် လိုက်စားတဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေနဲ့ ဒီဆေးရည်အသစ်ရဲ့ အာနိသင်တွေအပေါ် ခင်ဗျားရဲ့ စိတ်ဝင်စားမယ် ဆိုတာ ကျုပ်တို့ အားလုံး မျှော်လင့်ထားပြီးသားပါပဲ...”

ရုတ်တရက် ခပ်သြသြနှင့် ဆွဲဆောင်မှုရှိသည့် အသံ တစ်ခု ထွက်ပေါ်လာကာ အားလုံး၏ အာရုံ စူးစိုက်မှုများကို ဖမ်းစားသွားသည်။ အသံပိုင်ရှင်ကတော့ အခြားလူ မဟုတ်...။ ထာဝရနတ်ဘုရားပင် ဖြစ်လေသည်။

ချက်ချင်းပင်... အားလုံး၏ အကြည့်များက ထာဝရနတ်ဘုရားဘက်သို့ ရွေ့လျားသွားခဲ့သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် အဆုံးမဲ့ လေးပင်သည့် ဖိအားများ ကျရောက်လာသည့်တိုင် ထာဝရ နတ်ဘုရားကတော့ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိချေ။

လျှို့ဝှက် နယ်မြေ တစ်ခုအတွင်းတွင်တော့ ဝေ့ဝူယင်မှာ ထာဝရ နတ်ဘုရားကို စိတ်ထဲမှ ချီးကျူးလိုက်မိ၏။ ထိုလူအိုကြီးမှာ ဧဒင်ကမ္ဘာ၏ လုပ်ဆောင်ပုံ နိယာမများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့ရုံမျှသာ မက ပြိုလဲလုနီးပါး ဖြစ်နေသော ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်ထံမှ အာရုံများကိုပါ လွှဲပြောင်း ရယူနိုင်ခဲ့သည်။ ထို့အပြင် သူက လှောင်ပြောင်မှုကိုပင် သိလိုစိတ် အဖြစ် ပြောင်းလဲ ဖြေရှင်းကာ အလွန်လှပစွာ နိဂုံးချုပ်ခဲ့သည်။

"ကျုပ် အပါအဝင် လူတိုင်းမှာလည်း ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်ထက် မလျော့တဲ့ သိလိုစိတ်တွေ ရှိနေပါတယ်... ဒါကြောင့် ဒီဆေးရည်က ဘာကြောင့် ခေတ်သစ်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ ဆေးလုံးနဲ့ တူညီတဲ့ အဆင့်အတန်း ရှိတယ်ဆိုတာ ပြောပြပေးပါလား"

***

All Chapters