← Chapters

အခန်း (၃၉၁)

Vol. 27 Ch. 391

အခန်း (၃၉၁)

Vol. 27 Ch. 391

ယခုအချိန်တွင် ကောင်းကင်ဓါး အင်ပါယာက အရေးကြီးသော သတင်းနှစ်ခုကို ဆက်တိုက်ကြေငြာခဲ့သည်။

ပထမတစ်ခုအနေဖြင့် မိမိ၏ မျိုးရိုးနာမည် ( သို့ ) ဂိုဏ်း အားပြောင်းရန်မလိုအပ်ပဲ ကောင်းကင်ဓါး အင်ပါယာ၏ အမွေအနှစ်များအားလုံးအား ပိုင်ဆိုင်နိုင်ရန် အခွင့်အရေးရှိသည်။

အောင်မြင်နိုင်ချေမြင့်မားသည့် တပည့်များအား ပိုင်ဆိုင်ထားသော ကောင်းကင်ဘုရင်များအား မဆိုထားနှင့် မျှော်လင့်ချက်နည်းပါးသော ကောင်းကင်ဘုရင်များပင် သူတို့၏ တပည့်များအား ပါဝင်ယှဉ်ပြိုင်စေရန် စိတ်အားထက်သန်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲ၌ ပါဝင်ရန်သာလိုအပ်၏။ ၎င်း၌ အနိုင်ရပါက အကောင်းဆုံးဖြစ်သော်လည်း ရှုံးနိမ့်သွားသည့်တိုင်အောင် အတွေ့အကြုံကောင်းတစ်ခုအဖြစ် ယူဆနိုင်သည်။

သို့သော် ကောင်းကင်ဓါးအင်ပါယာက ထိုယိုပေါက်အား လျစ်လျူရှုထားခြင်းမရှိပေ။

သူက အနည်းငယ်ပြုံးလိုက်ပြီး သူ၏ ဓါးရည်ရွယ်ချက်စွမ်းအားထည့်သွင်းထားသော ဓါးပုံစံ တံဆိပ်ငယ်လေး (၃) ထောင်အား ပြုလုပ်လိုက်သည်။

“ ဒါက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကို ဖြန့်ဝေမယ့် ပြိုင်ပွဲ‌ဝင်ခွင့် လက်မှတ် (၃) ထောင်ပဲ…”

ထို ဓါးတံဆိပ် (၃) ထောင်စလုံးတွင် ကောင်းကင်ဓါးအင်ပါယာ၏ ဓါးရည်ရွယ်ချက်စွမ်းအားများ ပါဝင်နေပြီး ၎င်းတို့က သင့်တော်သည့် ပါရမီရှင်များထံသို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုလူများက ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်၏။

“ ဒီ ဓါးတံဆိပ်ကို ပိုင်ဆိုင်ထားတဲ့လူတွေပဲ ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နိုင်လိမ့်မယ်… ဒါပေမယ့် အထဲမှာ သတ်မှတ်ထားတဲ့ နာမည်တွေမပါဘူး… အားလုံးက ဗလာပဲ…”

ထိုစကားအား ကြားလျှင် ပတ်ဝန်းကျင်မှ ကောင်းကင်ဘုရင်များအားလုံး အံ့အားသင့်သွားကြသည်။

ထို့နောက် အနည်းငယ် ထိတ်လန့်သွားကြ၏။

ကောင်းကင်ဓါး အင်ပါယာက သေဆုံးချိန်နီးကပ်နေပြီဖြစ်သည့်တိုင် အင်ပါယာတစ်ယောက်သာ ဖြစ်နေသေးဆဲပင်။

ဓါးလက်မှတ်များ၌ ပြိုင်ပွဲဝင်မည့်လူများ၏ အမည်ကို တိုက်ရိုက်ထည့်သွင်းထားခြင်းမရှိချေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ကောင်းကင်ဓါးအင်ပါယာက လျှို့ဝှက်ပါရမီရှင်များအား ပါဝင်လာစေရန် တွန်းအားပေးနေခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်ဓါးအင်ပါယာက ဤ ဓါးတံဆိပ်များလက်ခံရရှိသော လူများကို အချင်းချင်းယှဉ်ပြိုင်စေပြီး ပြိုင်ပွဲဝင်မည့် လူများ၏ အမည်ကို မဟုတ်ပဲ သူပြုလုပ်ထားသော ဓါး တံဆိပ် (၃) ထောင်ကိုသာ အသိအမှတ်ပြု၏။

ထိုအရာက သွေးချောင်းစီးသတ်ဖြတ်ခြင်းတစ်ခုအား ဦးတည်နေခဲ့သည်။

၎င်းက ပြိုင်ပွဲ၏ ဖုံးကွယ်ထားသော ပဏာမ ရွေးချယ်ခြင်းနှင့် တူညီပေသည်။

ထို့အပြင် ပဏာမရွေးချယ်ပွဲ၏ အကျယ်အဝန်းအား တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ ဖြန့်ကျက်ခဲ့၏။

ဤ ဓါး တံဆိပ် (၃) ထောင်ကိုသာ ဖြန့်ဝေပြီးပါက နန်ကျိုးတစ်ခုလုံး မုန်တိုင်းထဲသို့ရောက်သွားပေလိမ့်မည်။

သူတို့က ၎င်းအား နားလည်သော်လည်း မည်သည့်စကားမှ မဆိုကြချေ။

သူတို့ တပည့် ၊ သားမြေးများအတွက် စိုးရိမ်နေလျှင် ဓါးတံဆိပ်ရရှိရန် ကြိုးစားခြင်းအား လက်လွှတ်လိုက်ရုံသာ။ ၎င်းတို့အနေဖြင့် ကျန်သည့်လူများထံမှ စိန်ခေါ်ခြင်းခံရမည်မဟုတ်သလို အသက်အန္တရာယ်လည်း ရှိတော့မည်မဟုတ်ပေ။

သို့သော် တစ်နည်းအားဖြင့်ဆိုရလျှင် ဓါးတံဆိပ်အားပိုင်ဆိုင်နိုင်သူများမှာ ပါရမီရှင်များသာ ဖြစ်ပေလိမ့်မည်။

ပါရမီရှင်များအနေဖြင့် စိန်ခေါ်မှုများအား ကြောက်ရွံ့နေပါက မည်သို့ အဆင့်မြင့်မြင့်ရောက်နိုင်မည်နည်း။

ပတ်ဝန်းကျင်မှ ကောင်းကင်ဘုရင်များအားလုံး ခေါင်းညိတ်လက်ခံကြသည်ကိုမြင်လျှင် ကောင်းကင်ဓါးအင်ပါယာလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ညာလက်အား ဝှေ့ယမ်းလိုက်၏။

ဓါးတံဆိပ် (၃) ထောင်က မီးတောက်ငယ် (၃) ထောင်အဖြစ်ပြောင်းလဲ၍ နဂါးဒေသမှထွက်ခွာကာ ‌နန်ကျိုးတစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။

ခေါင်းမော့ကြည့်နေသည့် ‌ရွှမ်ယီ၏ မျက်ဝန်းများ တစ်ဖျတ်ဖျတ်လက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဓါးတံဆိပ် (၃) ထောင်၏ (၃) ပုံ (၁) ပုံက နေရာတစ်ခုတည်းသို့ ဦးတည်သွားသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောကြောင့်ပင်။

၎င်းတို့ ဦးတည်ရာက ရှေးဟောင်းစစ်မြေပြင်ဖြစ်ပေသည်။

စဉ်းစားကြည့်လိုက်လျှင် သူ၏ တပည့်များလည်း ဤမုန်တိုင်းထဲ ပါသွားနိုင်ချေများသည်။

တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရွှမ်ယီက တပည့်များအတွက် အသက်ကယ်ဝှက်ဖဲများ ပြုလုပ်ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် ထိုအထဲတွင် သူထည့်သွင်းပေးထားသည့် ဓါးရည်ရွယ်ချက်စွမ်းအားပါဝင်သော ဓါး (၂) ချောင်းအားပိုင်ဆိုင်ထားသည့် ကျန်းချန်အား စာရင်းထဲမှ ဘေးဖယ်ထားလိုက်သည်။

ယခင်ကတည်းက ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးဖြစ်သော တပည့်များအားလုံးကို ရွှမ်ယီက ဓါးရည်ရွယ်ချက်စွမ်းအားပါသော ဓါးငယ်လေးတစ်ချောင်းဆီ ပေးထားခဲ့၏။ သို့သော် ထိုအချိန်က သူက အထွတ်အထိပ်အဆင့် (၅) ဓါးရည်ရွယ်ချက်သို့ မရောက်သေးချေ။

၎င်းတို့က ကျန်းချန်၏ ဓါးရည်ရွယ်ချက် ဓါးငယ်လေးများနှင့်မတူပဲ အင်ပါယာတစ်ဝက်အဆင့်များအား သတ်နိုင်ခြင်းမရှိချေ။

သို့သော် သာမန်အင်ပါယာတစ်ဝက်အဆင့်များအနေဖြင့် ဒဏ်ရာအပြင်းအထန်တော့ရသွားပေလိမ့်မည်။

သူ၏ တပည့်များအား (၁) ကြိမ် (၂) ကြိမ်ခန့်သာ ကာ‌ကွယ်ပေးနိုင်ပြီး ဘဝတစ်လျောက်လုံး အနီးမှ ကာကွယ်ပေးသွားနိုင်မည်မဟုတ်ကြောင်းရွှမ်ယီနားလည်ထား၏။

ကောင်းကင်ဓါးအင်ပါယာက နန်ကျိုးမဟာပြိုင်ပွဲကြီးအကြောင်းကြေငြာပြီးသည်နှင့် လူတိုင်း နေရာ၌ တည်ငြိမ်စွာထိုင်လျှက် ကျန်အင်ပါယာများအား ကြည့်နေခဲ့ကြသည်။

ထိုအချိန်တွင် အင်ပါယာ ယွမ်ထျန်းဇောင်က ဖြည်းညင်းစွာ ထလိုက်ပြီး

“ ဒီ စုဝေးပွဲလုပ်ရတဲ့ ရည်ရွယ်ချက်အနေနဲ့ နန်ကျိုး မဟာပြိုင်ပွဲကြီးအပြင် နောက်ထပ်တစ်ခု ရှိသေးတယ်… အဲ့ဒီ ကိစ္စကို အရင်က အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတွေနဲ့ ဆွေးနွေးခဲ့ဖူးတယ်… အခု အားလုံးကို ပြောပြမယ်…”

ရုတ်တရက် အင်ပါယာ ယွမ်ထျန်းဇောင်၏ မျက်နှာက လေးနက်သွားပြီး

“ အင်ပါယာ ကုယွမ်က အဆုံးမဲ့ ပင်လယ်သားရဲမျိုးနွယ်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ရှာတွေ့ခဲ့တယ်… ပင်လယ်သားရဲမျိုးနွယ်က လျှို့ဝှက်ဆန်းကျယ်တဲ့ အမွေတစ်ခုကို ရယူနိုင်ခဲ့ပြီး ပင်လယ်သားရဲ အင်ပါယာအသစ်တစ်ယောက် ထွက်အပေါ်လာခဲ့တယ်…”

ပင်လယ်သားရဲအင်ပါယာ…?

ယခင်ကတည်းက ဤသတင်းအား ကြားဖူးပြီးဖြစ်သော အင်ပါယာတစ်ဝက်အဆင့်များမှလွဲလျှင် ကျန်လူတိုင်း၏ အမူအယာများပျက်ယွင်းသွားခဲ့ကြသည်။

ယခင်ကတည်းက နန်ကျိုးမှ စုစုပေါင်း တိုက်ခိုက်ရေးအင်အားက ပင်လယ်သားရဲမျိုးနွယ်ကနှင့် ညီမျှနေခဲ့သည်။ ယခုတွင် ကောင်းကင်ဓားအင်ပါယာက ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး မကြာခင်သေဆုံးတော့မည် ဖြစ်သည့်အပြင် ပင်လယ်သားရဲမျိုးနွယ်တွင် နောက်ထပ် အင်ပါယာအသစ်တစ်ယောက်ထွက်ပေါ်လာခဲ့သည်။

‘ ဒါဆိုရင် နန်ကျိုးရဲ့ အခြေအနေက အများကြီးပိုပြီး ဆိုးရွားသွားမှာ မဟုတ်ဘူးလား…’

ကောင်းကင်ဓါးအင်ပါယာက သူ၏ လက်ရှိအခြေအနေနှင့် သူ၏ အမွေဆက်ခံသူ ကိစ္စအား ချက်ချင်းကြေငြာခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။

“ ဒီသတင်းက မှန်တယ်မှားတယ်တော့ မသေချာသေးဘူး… ဒါပေမယ့် ပင်လယ်သားရဲမျိုးနွယ်က လျှို့ဝှက်အမွေအနှစ်တစ်ခု ရခဲ့တယ်ဆိုတာတော့အမှန်ပဲ…”

ကောင်းကင်အင်ပါယာ ယွမ်ထျန်းဇောင်ကပဲ ဆက်လက်ပြီး

“ ဒါကြောင့်မို့လို့ နန်ကျိုးက ကောင်းကင်ဘုရင်နဲ့ အထက်အဆင့်တွေကို ခေါ်ယူပြီးတော့ လေ့လာရေးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်… ကျုပ် ယွမ်ထျန်းဇောင်ရဲ့ ဦးဆောင်မှုအောက်မှာ ကျုပ်တို့အားလုံး အဆုံးမဲ့ပင်လယ်ဆီ ခရီးတစ်ခေါက်ထွက်ပြီး ပင်လယ်သားရဲတွေကို နှိမ်နင်းရင်း သတင်းစုံစမ်းကြည့်ကြမယ်…”

“ ကံမကောင်းစွာနဲ့ ပင်လယ်သားရဲမျိုးနွယ်မှာသာ အင်ပါယာအသစ်တစ်ယောက် တကယ်ရှိနေခဲ့ရင်…”

ယွမ်ထျန်းဇောင်က ရွှမ်ယီအား စိုက်ကြည့်လိုက်သည်။

ထိုအခါ ရွှမ်ယီကလည်း တုံ့ဆိုင်း‌မနေပဲ

“ တကယ်အရေးတကြီး လိုအပ်လာတဲ့အချိန်ကျရင် အင်ပါယာ ချင်းစုန်ကို လှုပ်ရှားဖို့အတွက် တောင်းဆိုပေးပါမယ်…”

နန်ကျိုးက သူ၏ မွေးရပ်မြေဖြစ်ပေသည်။ အဆုံးမဲ့ ပင်လယ်သားရဲများ ကျူးကျော်ခြင်းက နန်ကျိုးမှ လူသားများအတွက် ကပ်ဘေးကြီးတစ်ခုပင်။ ထို့ကြောင့် သူ့အနေဖြင့် ဘေးမှ လက်ပိုက်ရပ်ကြည့်နေ၍မရချေ။

ရွှမ်ယီ၏ ကတိစကားကို ကြားလျှင် ယွမ်ထျန်းဇောင်၏ တင်းမာနေသော အမူအယာများ ပြန်လည်ပြေလျော့သွားတော့သည်။

အင်ပါယာ ချင်းစုန်သာ ရှိပါက ပင်လယ်သားရဲမျိုးနွယ်မှာ နောက်ထပ်အင်ပါယာအသစ်တစ်ယောက် ထွက်ပေါ်လာသည့်တိုင်အောင် စိတ်ပူစရာမလိုပေ။

ယွမ်ထျန်းဇောင်က ဆက်ပြောလိုက်၏။

“ အရမ်းကောင်းတယ်… ဘုရင်ရွှမ်က ကျုပ်တို့ရဲ့ မျှော်လင့်ချက်ပဲ… တကယ်လို့ သတင်းသာအမှန်ဆိုရင် ပင်လယ်သားရဲမျိုးနွယ်စုရဲ့အမွေကို ဖျက်ဆီးဖို့ ဒါမှမဟုတ် အရယူဖို့ ငါတို့ကြိုးစားကြမယ်… မင်းတို့အားလုံး မေးစရာရှိသေးလား…”

“ မရှိပါဘူး…”

ကောင်းကင်ဘုရင်များနှင့် အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကျယ်လောင်စွာ ပြန်လည်တုံ့ပြန်လိုက်ကြသည်။

All Chapters