← Chapters

အခန်း (၃၉၂)

Vol. 27 Ch. 392

အခန်း (၃၉၂)

Vol. 27 Ch. 392

စုဝေးပွဲပြီးဆုံးပြီးနောက် တက်ရောက်ခဲ့ကြသည့် ကောင်းကင်ဘုရင်များ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတော့၏။

ထို့နောက် အမွေဆက်ခံသူပြိုင်ပွဲသတင်းက ကောင်းကင်ဘုရင်များ၏ ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်မှုများအောက်၌ တောင်ပိုင်းတိုက်ကြီးတစ်ခွင်သို့ တောမီးအလား ပျံ့နှံ့သွားခဲ့သည်။

အင်းပါယာတစ်ယောက်၏အမွေ…

မိမိ၏ မျိုးရိုး ၊ ဂိုဏ်း စသည်အား ပြောင်းစရာမလိုဘဲ ဆက်ခံနိုင်မည်။

ထို့အပြင် ကျန်အင်ပါယာများကလည်း မှော်ရတနာများ ၊ စိတ်ဝိညာဉ်ဆေးပင်များကို ဆုကြေးထည့်သွင်းထားကြသေး၏။

ထို့အပြင် ပြိုင်ပွဲ၌ အနိုင်မရလျှင်တောင် အကောင်းဆုံးစွမ်းဆောင်နိုင်ပါက ကျန်အင်ပါယာများ ၊ အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများ၏ တပည့်ဖြစ်လာရန်အခွင့်အရေးရှိပေသည်။

ထိုကိစ္စများအား ဘေးဖယ်ထားလျှင်ပင် တောင်ပိုင်းတိုက်ကြီးတစ်ခွင်မှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်ခြင်းက အလွန်ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်၏။

ဤသို့ဖြင့် တောင်ပိုင်းတိုက်ကြီးမှ ဘုရင်အဆင့် လူငယ်ကျင့်ကြံသူများ လာမည့်ပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ကြတော့သည်။

ကောင်းကင်ဓားအင်ပါယာ၏ ဓားတံဆိပ်များအား လက်ခံရရှိသူများ အနေဖြင့် အလွန်၀မ်းမြောက်ပျော်ရွှင်နေကြ၏။

ထို့အပြင် ၎င်းတို့အား စိန်ခေါ်မည့်သူများလည်း ထွက်ပေါ်လာကြချေပြီ။

စိန်ခေါ်သူအများစုက ချောမွေ့စွာ နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသော်လည်း တချို့မှာ တိုက်ပွဲ၌ အသက်ပေးလိုက်ကြရ၏။

သို့သော် သိပ်မကြာမီထွက်ပေါ်လာသော သတင်းတစ်ပုဒ်က လူတိုင်းအား ထိတ်လန့်သွားစေခဲ့သည်။

“ ရှေးဟောင်းဒေသမှာ ထိပ်သီး ပါရမီရှင်တွေအကြား တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်… ရှေးဟောင်းဒေသက နံပါတ်(၁) ပါရမီရှင် ချန်း၀မ်ကို ပြင်ပဒေသက စိန်ခေါ်သူတစ်ယောက်က ခေါင်းဖြတ်သတ်ခဲ့ပြီး ဓားတံဆိပ်ကိုယူသွားခဲ့တယ်….”

ရှေးဟောင်းဒေသတစ်ခုလုံး သတင်းကြောင့် အလွန်တုန်လှုပ်သွား၏။ ရှေးဟောင်းဒေသက သေးငယ်သော အစွန်အဖျားနယ်မြေလေးမဟုတ်ချေ။ ထိပ်တန်း(၂၀)အတွင်းမှ ဒေသကြီးတစ်ခုဖြစ်သည်။

ချန်း၀မ်ကလည်း ထိုဒေသရှိ ကောင်းကင်ဘုရင်(၃)ယောက်အနက်မှ တစ်ယောက်၏ တပည့်ဖြစ်ကာ ရှေးဟောင်းဒေသမှ နံပါတ်(၁) ပါရမီရှင်လည်းဖြစ်၏။ သို့သော် ကျန်ဒေသတစ်ခုမှရောက်လာသည့် အမည်မသိစိန်ခေါ်သူထံ သတ်ခံခဲ့ရသည်။

ချန်း၀မ်အသတ်ခံခဲ့ရခြင်းအပေါ် လူများ မတုံ့ပြန်နိုင်သေးမီ ထိတ်လန့်ဖွယ် သတင်းအသစ်တစ်ပုဒ်ထွက်ပေါ်လာပြန်၏။

“ ရှေးဟောင်းစစ်မြေပြင်မှာ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတယ်.. သူ့ဆီက ဓားအရှိန်အဝါက အရမ်းကြမ်းတမ်းလွန်းတယ်… ဓားရည်ရွယ်ချက်ကိုတောင် ဆုပ်ကိုင်မိနေပြီလို့‌ကြားတယ်…”

…..

ရှေးဟောင်းစစ်မြေပြင်တွင်…

လာရောက်လေ့ကျင့်နေကြသော မူလဘုရင်အဆင့် ပါရမီရှင် လူငယ်(၃)ယောက်က သူတို့ရှေ့မှ အလွန်မောက်မာဟန်ရသော လူငယ်လေးအား ပျက်ယွင်းနေသော မျက်နှာများဖြင့် ကြည့်နေကြ၏။

ထို ‌အလွန်အမင်းမောက်မာဟန်ဖြင့် လူငယ်လေးအမည်က ဒွန်ရွှမ်ဖြစ်ပြီး သတင်းများထွက်ပေါ်နေသည့် လျှို့ဝှက် ပါရမီရှင်ဖြစ်ပေသည်။

ဒွန်ရွှမ်၏ နောက်ကျောဘက်၌ အနီရောင်တောက်တောက် ဆံနွယ်များက လေနှင့်အတူ ဝဲပါနေခဲ့ပြီး လက်ထဲ၌ ဓားရှည်တစ်ချောင်းအား ကိုင်ဆောင်ထား၏။

“ မင်းတို့(၃)ယောက် ငါ့ဆီမှာ အညံ့ခံမလား…? သေမလား…?”

ထိုလူငယ်(၃)ယောက်က သက်ဆိုင်ရာဒေသများမှ အစွမ်းထက်ပါရမီရှင်များဖြစ်ကြသည်။ ယခုတွင်မူ သူတို့နှင့် အဆင့်တူ လူတစ်ယောက်ထံမှ ဓားဖြင့်ထိုးညွှန်ကာ ခြိမ်းခြောက်ခြင်းခံနေရ၏။

နှလုံးသားထဲ၌ ဒေါသမီးများ တောက်လောင်လာခဲ့သည်။

သူတို့ထက် ငယ်ရွယ်သော လူတစ်ယောက်အား လက်နက်ချ အရှုံးပေးကာ အညံ့ခံရမည်လော..?

သူတို့လက်ထဲ၌ မှော်ရတနာကိုယ်စီ ဆုပ်ကိုင်ထားကြပြီး ဒွန်ရွှမ်အားစိုက်ကြည့်ကာ

“ ဘုရင်ဒွန်ရွှမ်… ဒီမှာ ရှိနေတဲ့လူတွေအားလုံးက မူဘုရင်အဆင့်က ပါရမီရှင်တွေချည်းပဲ.. မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းကောင်းတယ်ဆိုရင်တောင် ဒီလောက်ထိ မောက်မာမနေသင့်ဘူး…ပြီးတော့ မင်းက ကနဦးဓားရည်ရွယ်ချက်ကို နားလည်ထားတာပဲရှိတယ် အဆင့်(၁) ဓားရည်ရွယ်ချက်တောင် မဟုတ်သေးဘူး… မင်းကိုမင်း ဘုရင်ရွှမ်လို့ ထင်နေတာလား…?”

“ ဟမ့် ရွှမ်ယီလား..? သူက ငါထက် နှစ်နည်းနည်းစောပြီး ကျင့်ကြံခဲ့ရုံပဲရှိတာ…”

“ ငါ့ဆရာက ငါ့ကို ထန်းလုံရေကန်ထဲမှာ (၁၀)နှစ်တိတိကျင့်ကြံစေခဲ့တဲ့အတွက် ငါက (၁၆)နှစ်မှာပဲ ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တယ်…”

ဒွန်ရွှမ်၏ ဆံနွယ်များ လေထဲ၌ တစ်ဖျတ်ဖျတ်လွင့်ပျံနေပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

သို့သော် ထိုစကားများက ကျန်ပါရမီရှင်(၃)ယောက်ကို ထိတ်လန့်သွားစေ၏။

ထန်းလုံရေကန်…

၎င်းက နန်ကျိုးမှ အလွန်လျှို့ဝှက်ဆန်းကျယ်သော နယ်မြေတစ်ခုဖြစ်သည်။ ၎င်းက တစ်ချိန်လုံး ပျောက်ကွယ်နေခဲ့ပြီး သာမန်လူများအနေဖြင့် ၎င်းအား ရှာတွေ့ရန် မလွယ်ကူပေ။

ထို့အပြင် ထိုရေကန်အတွင်း၌ အစစ်အမှန် နဂါးတစ်ကောင် နေထိုင်သည်ဟူ၍လည်း ကောလဟာလများရှိနေ၏။

ထိုသတင်းက ကောလဟာလမျှသာဖြစ်ပြီး မည်သူမှ အတည့်ပြုနိုင်ခြင်းမရှိသေးချေ။ သို့သော် ထန်းလုံရေကန်အတွင်း၌ နဂါးချီ ရှိနေခြင်းကတော့ အမှန်တရားပင်။

နဂါးချီက အလွန်အစွမ်းထက်သည်မှန်သော်လည်း ၎င်းအား တိုက်ရိုက်စုပ်ယူ သန့်စင်၍တော့မရချေ။

ထိုနေရာတွင် တစ်လလောက် ကျင့်ကြံ‌နိုင်ပါက ခန္ဓာကိုယ်စွမ်းအားအလွန်တိုးတက်လာပေလိမ့်မည်။

ယခင်တုန်းက ထန်းလုံးရေကန်၌ ကျင့်ကြံဖူးသူမရှိခြင်းမဟုတ်ပေ။ ရှိသည်။

အကြာဆုံးကျင့်ကြံနိုင်ခဲ့သူ၏ စံချိန်က (၃)လသာဖြစ်၏။

ထိုကံကောင်းသူက နောက်ပိုင်းတွင် ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့သည်။

သို့သော် ကောင်းကင်ဘုရင်အလယ်အဆင့်သို့သာ ရောက်နိုင်ခဲ့၏။

သို့တိုင် သူ၏ အစွမ်းထက် ရုပ်ခန္ဓာခွန်အားကို အားကိုးပြီး ကောင်းကင်ဘုရင်အဆင့်၌ မည်သူမှ စိန်မခေါ်ရဲ‌သော လူတစ်ယောက် ဖြစ်ခဲ့သည်။

ယခု ထို ဒွန်ရွှမ်ဆိုသည့် လူငယ်က ထိုနေရာ၌ (၁၀)နှစ်တောင် ကျင့်ကြံခဲ့သည်တဲ့လား…?

သူ့ ခန္ဓာကိုယ်နှင့် ရုပ်ခွန်အားက မည်မျှ အစွမ်းထက်နေပေလိမ့်မည်နည်း…?

သာမန် စိတ်ဝိညာဉ်မှော်ရတနာများဖြင့် သူ၏ ခန္ဓာကိုယ်အား ဒဏ်ရာမရစေနိုင်ဟုပြောလျှင် လွန်မည်ထင်ပေ။

ထိုအချိန်တွင် ဒွန်ရွှမ်၏ အေးစက်သောစကားသံ ထွက်ပေါ်လာသည်။

“ မင်းတို့ ဘာတွေစဉ်းစားနေတာလဲ.. မြန်မြန် အဖြေမပေးသေးဘူးလား...?”

ပါရမီရှင်(၃)ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုအထဲမှ အငယ်ဆုံးလူက အံကြိတ်လိုက်ပြီး…

“ မင်းက အရမ်းအစွမ်းထက်တယ်ဆိုပေမယ့်.. တစ်ကြိမ်မှ မတိုက်ခိုက်ဖူးဘဲ ငါတို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ…”

ထိုစကားအားကြားလျှင် ဒွန်ရွှမ်က ဒေါသမထွက်ဘဲ ၀မ်းသာစွာရယ်မောလိုက်ပြီး

“ ကောင်းပြီ… သတ္တိတော့ရှိသားဘဲ.. ဒီလောက်မှ သတ္တိမရှိရင်လည်း ငါ့နောက်လိုက်ဖြစ်လာဖို့ မထိုက်တန်ဘူး…”

စကားဆုံးသည်နှင့် ဒွန်ရွှမ်က သူ၏ညာလက်အား ညင်သာစွာဝှေ့ယမ်းလိုက်သည်။

သူ၏ ကျင့်ကြံဆင့်က မူလဘုရင်အဆင့်၌သာရှိသေးကြောင်း ထင်ရှားသော်လည်း ကြောက်မက်ဖွယ် ရုပ်ခန္ဓာခွန်အားက လေဟာနယ်ကိုပင် လှိုင်းထသွား‌စေ၏။

ဘုန်း…

ပါရမီရှင် (၃)ယောက်လုံး ပေ(၁၀၀၀)အကွာသို့ လွင့်စင်သွားခဲ့သည်။

ထိတ်လန့်မှုများ ပြည့်နေသော မျက်၀န်းများဖြင့် ဒွန်ရွှမ်အား လှမ်းကြည့်လိုက်ကြ၏။

ထို့နောက် ချက်ချင်း ဦးညွှတ်ဂါ၀ရပြုလိုက်ကြသည်။

“ ကျုပ်တို့ အရှင်သခင်ကို ဂါ၀ရပြုပါတယ်…”

“ ဟားဟားဟား…”

ဒွန်ရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထို(၃)ယောက်အား ဦးဆောင်ကာ ရှေးဟောင်းစစ်မြေပြင်မှ ထွက်ခွာသွားတော့သည်။

ရက်အနည်းငယ်အကြာတွင် နန်ကျိုးတစ်ခုလုံး တုန်လှုပ်သွား၏။

ဒွန်ရွှမ်ဆိုသည် လူငယ်က ရုန့်ရင်းကြမ်းတမ်းသော ခွန်အားကိုအသုံးပြုကာ အချိန်တိုအတွင်း ပါရမီရှင်(၃၀)အား နောက်လိုက်အဖြစ် စုဆောင်းခဲ့သည်။

“ ကျုပ်နာမည်… ဒွန်ရွှမ်ဘဲ.. အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်…”

ထိုကြွေးကြော်သံနှင့်အညီ သူ၏ခွန်အားကိုလည်း သက်သေပြခဲ့သည်။ သူ၏ နောက်လိုက်(၃၀)အနက် ဓားတံဆိပ်ပိုင်ဆိုင်ထားသူများ ပါ၀င်နေခဲ့၏။

သို့သော် ထိုကြောက်မက်ဖွယ် ရုပ်ခန္ဓာပိုင်ရှင်ရှေ့တွင် ၎င်းတို့အားလုံး ဦးညွှတ်ခဲ့ကြရသည်။

“ တစ်နေ့ကျရင် ငါ့လက်နဲ့ ငါကိုယ်တိုင် ထာ၀ရအင်ပါယာကို တည်ထောင်မယ်… မင်းတို့အားလုံး အဲ့အခါကျရင် ထာ၀ရ အင်ပါယာရဲ့ ၀န်ကြီး(မှူးမတ်)တွေ ဖြစ်လာလိမ့်မယ်…”

ဒွန်ရွှမ်က ငယ်ရွယ်သေးသော်ငြား အလွန်ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်၏။

ကတိသစ္စာပြုခဲ့ပြီးနောက် လူအုပ်ကြီးအား နန်ကျိုး အစွန်အဖျားဒေသတစ်နေရာသို့ ဦးဆောင် ခေါ်သွားခဲ့သည်။

ဦးတည်ရာအရပ်က…

အဇူရာဒေသ…!

နောက်လိုက်များအားလုံး ဒွန်ရွှမ်အား ပဟေဠိဖြစ်စွာ ကြည့်လိုက်ကြ၏။

All Chapters