← Chapters

အခန်း (၃၉၅)

Vol. 27 Ch. 395

အခန်း (၃၉၅)

Vol. 27 Ch. 395

အလွန်ထိတ်လန့်တုန်လှုပ်နေသော ကောင်းကင်ဓါးဂိုဏ်းမှ အကြီးအကဲများအား ဘေးဖယ်ထားဦးတော့…

ကျန်းချန်၏ ဓါးချက်ကိုမြင်ပြီးနောက် အလွန်မောက်မာသော ဒွန်ရွှမ်၏ ကျွန်များပင်လျှင် အမူအယာများ ပြောင်းလဲသွားကြ၏။ သူတို့၏ မျက်ဝန်းထဲမှ ထိတ်လန့်တုန်လှုပ်မှုများအား ဖုံးကွယ်ထား၍မရချေ။

သူတို့က ဒွန်ရွှမ်၏ အမိန့်ဟု မည်မျှပင် အသံကောင်းဟစ်ခဲ့စေကာမူ သူတို့၏ လုပ်ရပ်များက အထင်သေးစရာဖြစ်နေသည်။

ခွေးများ၌ပင် ခွေးကောင်းခွေးဆိုးဟူ၍ ရှိကြ၏။ တစ်ချို့ခွေးများကမူ အမဲလိုက်နိုင်စွမ်းရှိကြပြီး တစ်ချို့ခွေးများက မိမိ၏နေအိမ်ကို ကာကွယ်နိုင်စွမ်းသာရှိကြသည်။

ထို့အပြင် ဒွန်ရွှမ်၏ နောက်လိုက်များအကြား၌ ပေါ်တင်ပြိုင်ဆိုင်မှုများ မရှိသော်လည်း အတွင်းကြိတ်ပြိုင်ဆိုင်မှုများ ရှိနေခဲ့၏။

အတိအကျဆိုရလျှင် ဘုရင်အဆင့်ပါရမီရှင် (၃၂) ယောက်တို့က ၎င်းတို့၏ သက်ဆိုင်ရာ ဗဟုသုတများ အကူအညီများဖြင့် အကူအညီများစွာ ပေးစွမ်းနိုင်ခဲ့သည်။

သို့သော် တစ်ယောက်နှင့်တစ်ယောက် အယူအဆများ မတူကြပေ။

အသတ်ခံလိုက်ရသူက ၎င်းတို့ (၃၂) ယောက်ထဲတွင် နံပါတ် (၁) မဟုတ်ပေ။ သို့သော် သူက ထိပ်ဆုံး (၃) ယောက်ထဲ၌ ပါဝင်၏။

သူက ဓါးတံဆိပ်အား ကနဦးအဖြတ်၌ လက်ခံရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပေသည်။

သို့သော် နောက်ဆုံးတွင် ကျန်းချန်ထံမှ ဓါးတစ်ချက်ကိုပင် တားဆီးနိုင်ခဲ့ခြင်းမရှိချေ။ ယခုအချိန်တွင် ဒွန်ရွှမ်၏ နောက်လိုက်များ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မဆင်မခြင်လုပ်ခဲ့သောလူအား စိတ်ထဲမှ ပယ်ပယ်နယ်နယ် ကျိန်ဆဲလိုက်ကြသည်။

ဒွန်ရွှမ် ရောက်လာသည်အထိ စောင့်သည်က ပိုကောင်းသည်မဟုတ်ပေလော။

ထိုလူက မောက်မာစွာ မိမိသဘောဖြင့် ရူးရူးမိုက်မိုက်လုပ်ခဲ့၏။

အဆုံးတွင် သုတို့အားလုံးကို ချောက်နက်ကြီးအတွင်းသို့ ဆွဲချသွားချေပြီ။

ယခုသူတို့အနေဖြင့် ဘာဆက်လုပ်သင့်သနည်း ?

မည်သို့ပင်ဖြစ်စေ ကျန်းချန်အား သတ်ရန် သူတို့ (၃၂) ယောက်အတူတကွ တိုက်ခိုက်နိုင်သော်လည်း ထိုတိုက်ပွဲတွင် သူတို့ဘက်မှ အသက်ပေါင်းမည်မျှ ပေးဆပ်ရမည်ကိုလည်း မပြောနိုင်ချေ။

ကျန်းချန် အစောနားက ပြသခဲ့သော ခွန်အားဖြင့် ဆိုလျှင် တိုက်ပွဲဖြစ်လာပါက သူတို့ဘက်ကလည်း အကျအဆုံးတော်တော်များပေလိမ့်မည်။

ထို့ကြောင့် မည်သူမှ ကံဆိုးစွာဖြင့် ကျန်းချန်၏ ဓါးဖြင့် ထိတွေ့မည့်လူများ မဖြစ်လိုကြပေ။

ထို့ကြောင့် အချိန်တစ်ခုကြာသည်အထိ ကောင်းကင်ဓါးဂိုဏ်း၏ ကောင်းကင်ယံတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားခဲ့၏။

“ မင်းတို့ ကျွန်ကောင်တွေဆီကနေပြီး ဒွန်ရွှမ်ရဲ့ အဆင့်ကို ငါသိလိုက်ပြီ…”

ကျန်းချန်၏ စကားများက ဒွန်ရွှမ်၏ နောက်လိုက်များအား အကြီးအကျယ်မျက်နှာပျက်သွားစေခဲ့သည်။

“ မူလဘုရင်တစ်ယောက်က သူ့ကိုယ်သူ ဒွန်ရွှမ်လို့ခေါ်ရဲတာလား… လေနဲ့အတူ သူ့လျှာပြတ်ပါသွားမှာ ‌မကြောက်ဘူးလား…”

ကျမ်းချန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏လက်ထဲမှ ရွှေရောင်ဓါးအား ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ၎င်းက သူ ရှေးဟောင်းစစ်မြေပြင်တွင် တွေ့ရှိခဲ့သော မှော်ရတနာတစ်ခုဖြစ်ပြီး ၎င်း၏ စွမ်းအားက အဆင့် (၆) သို့ ရောက်ရှိ‌နေချေပြီ။

၎င်း၏ ပုံစံက အလွန်ထူးခြားပြီး နတ်အလင်းများဖြင့် တောက်ပနေခဲ့သည်။

သူ၏ ကျင့်ကြံမှုဖြင့် ထိုဓါး၏ စွမ်းအားကို အပြည့်အဝထုတ်လွှတ်ရန် မလုံလောက်သော်ငြား ၎င်းက မူလဘုရင်တစ်ယောက်အား သွေးပျက်ခြောက်ခြားသွားစေပြီး လူသားဘုရင်တစ်ယောက်အား ထိတ်လန့်သွားစေရန် လုံလောက်၏။

ကောင်းကင်ထက်မှ ဘုရင်အဆင့် ကျင့်ကြံသူ (၃၂) ယောက်လောက်အား ရှင်းလင်းခြင်းမှာ သူ့အတွက် စာမဖွဲ့လောက်ချေ။

“ ရွှမ်ယီဆိုတာ ဘာမှမဟုတ်ဘူး… ဒီတိုင်း ကံကောင်းပြီး နာမည်လေး အနည်းအပါးကြီးနေရုံပဲရှိတာ… ငါ လူသားဘုရင်အဆင့်ကိုရောက်တာနဲ့ သူ့ကိုစိန်ခေါ်ပြီး ငါ့စွမ်းအားနဲ့လမ်းစဉ်ကို သက်သေထူမယ်…”

မူလက ငြိမ်သက်နေသော ကောင်းကင်ထားဂိုဏ်းအထက်မှ တိမ်စိုင်များက ဖရိုဖရဲလှုပ်ရှားလာ၏။

တိမ်ပင်လယ်ကြီးက နှစ်ခြမ်းကွဲထွက်သွားပြီး အလယ်ဗဟို၌ အနီးရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထိုနေရာမှ အေးစက်မောက်မာသော စကားသံထွက်ပေါ်လာခြင်းဖြစ်ပြီး ကြောက်မက်ဖွယ် ဖိအားတစ်ခုက ပတ်၀န်းကျင်တစ်ခွင်လုံးသို့ အတိုင်းအဆမရှိ ပျံ့နှံ့သွား၏။

တတိယဓားသခင်လည်း အလွန်ထိတ်လန့်သွားခဲ့သည်။ ဓားပေါ်၌ တင်ထားသောလက်က ဓားဆွဲထုတ်ရန်ပင် အနည်းငယ်မျှ မလှုပ်ရှားနိုင်တော့ချေ။

“ ဒွန်ရွှမ်ဆိုတာ မင်းလား…”

ကျန်းချန်၏ စကားသံက ရေခဲတမျှ အေးစက်နေ၏။

ထိုအကောင်က သူ့ဆရာအား ဘယ်တုန်းကမှ ပေါ်တင်ပစ်မှတ်မထားခဲ့ချေ။

သို့သော် အကြိမ်ပေါင်းများစွာ သွယ်ဝိုက် တိုက်ခိုက်နေခဲ့၏။

ရွှမ်ယီအား နင်းခြေကာ ကျော်တက်လိုသည့် စိတ်ကူးကပင် ကျန်းချန်အတွက် လက်မခံနိုင်စရာဖြစ်နေချေပြီ။ ယခုတွင် ထိုကောင်က ရွှမ်ယီအား ရန်သူအဖြစ်ပင် သတ်မှတ်နေ‌ပြီဖြစ်၏။

ကျန်းချန် သည်းမခံနိုင်တော့ချေ။

“ မင်းကိုယ်မင်း ငါ့ဆရာရဲ့ ပြိုင်ဘက် ဖြစ်နိုင်တယ်လို့ ထင်နေတာလား… ဟာသပဲ… ငါ့ဆရာ မူလဘုရင်အဆင့်မှာတုန်းက လူသားဘုရင်တွေတောင် သူ့ရှေ့ အီးကျယ်ကျယ်မပေါက်ရဲဘူး… မင်းအရမ်းအစွမ်းထက်တယ်ဆိုရင် ဘာလို့အဆင့်တက်တဲ့အထိ စောင့်နေမှာလဲ… အခုသွားပြီး စိန်ခေါ်လိုက်လေ… သူရဲဘောကြောင်တဲ့ ကြွက်တစ်ကောင်လို လုပ်မနေစမ်းပါနဲ့…”

ကျန်းချန်၏ လှောင်ပြောင်မှုကြောင့် ဘာကိုမှ ဂရုမစိုက်ဟန်ရသော ဒွန်ရွှမ်၏ အမူအရာ ကြီးစွာပြောင်းလဲသွား၏။

“ ကျွတ်ကျွတ်… သနားစရာပဲ… မင်းကို အစွမ်းထက်တယ်ထင်လို့ ငါနဲ့ ဓားလေ့ကျင့်ဖို့ ဓားကျွန်အဖြစ် ခေါ်ချင်ခဲ့တာ… ဒါပေမယ့် မင်းက စေတနာကို နားမလည်ဘူး… ဒီလိုဆိုမှတော့ သေလိုက်တော့…”

ဒွန်ရွှမ်၏ ပတ်၀န်းကျင်မှ အလင်းများပျောက်ကွယ်သွားချိန် ငယ်ရွယ်နုနယ်သော မျက်နှာလေး ထွက်ပေါ်လာ၏။ သူ၏ ပုံစံက သိမ်မွေ့ကာ ကျက်သရေရှိဟန်ရသော်လည်း မျက်၀န်းများကမူ အတိုင်းအဆမဲ့စွာ အုံ့မှိုင်းနေပေသည်။

သူ့လက်ထဲတွင် နဂါးပုံစံထွင်းထုထားသော ရွှေရောင် ရှေးဟောင်းဓားရှည်တစ်လက်ကိုင်ထားပြီး ၎င်းမှ အေးစက်ကာ ထက်မြိသော အလင်းများ ထွက်ပေါ်နေသည်။

၎င်းပတ်၀န်းကျင်တွင် သွေးဆာသော အငွေ့အသက်များလည်း ယှက်သိုင်းနေ၏။

အဆုံးမဲ့သော သတ်ဖြတ်ငွေ့များက အစိုင်အခဲဖြစ်လုနီးပါး ဖွဲ့စည်းနေပြီး နဂါးဓားအတွင်း၌ ပုန်းကွယ်နေခဲ့သည်။

၎င်းအား အသုံးမပြုရသေးသည့်တိုင် ကြည့်မိသူတိုင်း ကျောရိုးတစ်လျှောက် ‌အေးစက်သွားသလို ခံစားနေရ၏။

“ သေစမ်း…”

ဒွန်ရွှမ်က စကားများများပြောမနေတော့ဘဲ အနိမ့်သံဖြင့်ဟစ်အော်လိုက်ပြီး နဂါးဓားဖြင့် ဒေါင်လိုက် ခုတ်ချလိုက်သည်။

နဂါးဓားအတွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာ၏။

ထို့နောက် ဒွန်ရွှမ်၏ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအားများ မီးတောင်တစ်ခုအလား ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ဖြည်းဖြည်း နဂါးတစ်ကောင်ပုံစံပြောင်းကာ သူ့အား လွှမ်းခြုံသွားလေသည်။

“ ဒါက နဂါးစိတ်ဝိညာဉ်ခန္ဓာကိုယ်ပဲ…”

ဒွန်ရွှမ်၏ နောက်လိုက်တစ်ယောက်က အံ့အားသင့်သွားပြီး ဂုဏ်ယူစွာ ဟစ်ကြွေးလိုက်သည်။

ထို့နောက် ကျန်းချန်အားကြည့်လိုက်ပြီး မောက်မာသော လေသံဖြင့်

“ ကျန်းချန်… မင်းတော့ သေပြီကွ…”

နဂါးဝိညာဉ်ခန္ဓာ…?

ကျန်းချန်၏ မျက်၀န်းများ တစ်ဖျတ်ဖျတ်ဖြစ်သွားသည်။ ထိုခန္ဓာအကြောင်း ယခင်တုန်းကပဲ ကြားဖူးခဲ့ပြီး နန်ကျိုး၌ ပိုင်ဆိုင်သူအနည်းငယ် ထွက်ပေါ်ခဲ့ဖူး၏။

ပြီးပြည့်စုံသော နဂါးဝိညာဉ်ခန္ဓာက မှော်ရတနာများအား ‌ကြောက်စရာမလိုဟု ဆိုရိုးရှိသည်။ ရုပ်ခွန်အားတစ်ခုတည်းဖြင့် ရတနာအားလုံးကို ချိုးဖျက်နိုင်၏။

သို့သော် သူက အနည်းငယ်မျှ ‌ကြော်ရွံ့သွားခြင်းမရှိချေ။

အုန်း…

ရွှေရောင်ဓားက ကောင်းကင်သို့ ဟိန်းဟောက်ကာ ပြေး၀င်သွားပြီး နဂါးဓားနှင့် ထိတွေ့စဉ် အသံကျယ်ကြီး ထွက်ပေါ်လာ၏။

“ အားလုံး ဆုတ်ကြ…”

ကျန်းချန်နှင့် ဒွန်ရွှမ် စတင်တိုက်ခိုက်စဉ် တတိယဓားသခင်အပေါ် ကျရောက်နေသည့် ဖိအားများ ပျောက်ကွယ်သွားသည်။

သူက နောက်သို့အမြန်လှည့်လိုက်ပြီး ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များအား ချက်ချင်းပြန်ဆုတ်ရန် အော်ဟစ်လိုက်၏။

ဒွန်ရွှမ်နှင့် ကျန်းချန်တို့၏ ထိပ်တိုက်တွေ့ဆုံမှုက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဘုရင်အဆင့်ကျင့်ကြံသူများပင် အနီးကပ်ကြည့်ရှုနိုင်စွမ်းမရှိချေ။

ဒွန်ရွှမ်၏ နောက်လိုက်များလည်း အကွာအဝေးတစ်ခုအထိ နောက်ဆုတ်သွားကြ၏။

All Chapters