← Chapters

အခန်း (၄၀၀)

Vol. 27 Ch. 400

အခန်း (၄၀၀)

Vol. 27 Ch. 400

“ ဂလု…”

ချွန်ရှောင်း တံတွေးတစ်လုပ်မြိုချလိုက်၏။ အံ့ဩမှုနှင့် ထိတ်လန့်မှုကို နှလုံးသားထဲ၌ မြိုသိပ်လိုက်ကာ ရင်ထိတ်စွာနှင့်

“ မင်း.. ဘယ်သူလဲ…”

“ ကျုပ်လား…?”

ကျန်းချန် မျက်မှောင်ကြုတ်လိုက်၏။

ထို ‘ယောက်က္ခမ’ ဆိုသူနှင့် စကားပြောချင်စိတ်မရှိတော့ပေ။

သို့သော် ချွန်ရှန်းအာ၏ မျက်နှာလေးကို တစ်ချက်လှည့်ကြည့်လိုက်ရင်း အံကြိတ်ကာ

“ ကျုပ်နာမည်က ကျန်းချန်… ဗဟိုသူတော်စင် အကယ်ဒမီက ကျောင်းသား…”

“ ငါ.. ငါမေးချင်တာက မင်း ဆရာဘယ်သူများလဲ…”

ချွန်ရှောင်း တည်ငြိမ်မှုများ ပျောက်ဆုံးနေချေပြီ။

နတ်ဘုရားအရင်းအမြစ် ဂျင်(၁၀၀၀)အား အလွယ်တကူ ထုတ်ပေးနိုင်သူထံ၌ အလွန်ခိုင်မာသော နောက်ခံရှိရမည်။

တစ်ကိုယ်လုံး ကြက်သီးများထကာ ဆိုးရွားသော ခံစားမှုတစ်ခု ရနေခဲ့၏။

သို့သော် သူ့မေးခွန်းက ကျန်းချန်အား ဒေါသထွက်သွားစေမည်ဟု မထင်ထားခဲ့ပေ။

“ ဟမ့်… ခင်ဗျားလို ပုရွက်ဆိတ်တစ်ကောင်က ကျုပ်ဆရာနာမည်ကို သိဖို့ ထိုက်တန်တယ်လို့ထင်လား…?”

သူက လက်ထဲမှ ရွှေဓားအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း..

“ ကျုပ်ထပ်မေးမယ်… ရှန်းအာကို ကျုပ်နဲ့ ထည့်မှာလား မထည့်ဘူးလား…”

“ ရှန်းအာကို ထားခဲ့စမ်း… မင်းက ဘယ်ကကောင်လဲ.. ငါ ဘုရင်ဖန် နှစ်သက်တဲ့ မိန်းကလေးကို ဘယ်ကသတ္တိနဲ့ လာလုနေဝာာလဲကွ…”

ကျန်းချန် စကားမဆုံးသေးမီ ရှန်းမိသားစု ကျန် တစ်ဖက်ခြမ်းမှ ကျယ်လောင်သော စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အုန်းကနဲ အသံနှင့်အတူ ရွှေရောင်ပုံရိပ်တစ်ခု ရောက်လာ၏။

ရွှေရောင်အလင်းများ ပျောက်ကွယ်သွားချိန် ကျန်းချန်အား အထင်အမြင်သေးစွာ ကြည့်နေသော ရွှေရောင် မျက်လုံး ၊ ရွှေရောင် အတောင်ပံနှစ်ချောင်းနှင့် အမျိုးသားတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ဘုရင်ဖန်ရောက်လာခြင်းက ချွန်မိသားစုအား စိတ်အေးသွားစေ၏။

အစတွင် ချွန်ရှောင်းတစ်ယောက် လက်လျှော့ကာ နောက်ဆုတ်လိုနေခဲ့သည်။ သို့သော် ဘုရင်ဖန်ရောက်လာခြင်းက သူ၏ သတ္တိများကို ပြန်လည်တိုးပွားသွားစေ၏။

မှန်ပေသည်။ နတ်ဘုရားအရင်းအမြစ် ဂျင်တစ်ထောင်က အလွန်အဖိုးတန်လှ၏။

သို့သော် ရှေးဟောင်းစစ်မြေပြင် အစီအရင်များကွယ်ပျောက်သွားပြီးနောက် မြေအောက်နန်းတော်များအတွင်း နတ်ဘုရားအရင်းအမြစ်များစွာ ရှာဖွေတွေ့ရှိလေ့ရှိသည်။

ထို့အပြင် ရှေးဟောင်းစစ်မြေပြင်ရှိ ထူးဆန်းသော သားရဲများထံမှ နတ်ဘုရားအရင်းအမြစ် အစိတ်အပိုင်းများ ရရှိနိုင်သေး၏။

သို့ဖြစ်ရာ နတ်ဘုရားအရင်းအမြစ်များက ယခင်တုန်းကကဲ့သို့ အလွန်အဖိုးတန်နေသေးသော်လည်း ယခင်ကလောက် ရှားပါးခြင်းမရှိတော့ချေ။

ကောင်းကင်ဘုရင်အင်အားစုများမှ ကောင်းကင်ဘုရင်များက မိမိတို့ သားမြေးများအား နတ်ဘုရားအရင်းအမြစ်များ ဆုချခြင်းက အလွန်ဆန်းကျယ်သောအရာ မဟုတ်တော့ပေ။

ထို့အပြင် ဘုရင်ဖန်၏ နောက်ကွယ်တွင်ရှိနေသည်က ကောင်းကင်ဘုရင်မဟုတ်ချေ။ အင်ပါယာတစ်၀က်အဆင့် ရှေးဟောင်းကျင့်ကြံသူဖြစ်၏။

[ ED Note- ဒီနေရာမှာ Eng ဘာသာပြန်သူက ရုတ်တရက် ဘုရင်ဖန်ရဲ့ အဘိုးကို ကောင်းကင်ဘုရင်အဆင့်ကနေ အင်ပါယာတစ်၀က်အဆင့်ပြောင်းသွားပါတယ် ]

[ Tl Note- အထက်က Noteက ကျနော်ရေးနေတဲ့ Siteမှာ Editor က ရေးထားတာပါ… ]

ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများ မဆိုထားနှင့် သာမန် အင်ပါယာတစ်၀က်အဆင့်များပင် ထိုရှေးဟောင်းလျှို့ဝှက် အင်ပါယာတစ်၀က်အဆင့်နှင့် ရင်ဆိုင်ရပါက ခေါင်းကိုက်သွားပေလိမ့်မည်။

ကျန်းချန်က ချွန်ရှောင်း၏ ပြောင်းလဲသွားသောအမူအရာကိုမြင်လျှင် ပြုံးလိုက်၏။

ထို့နောက် ဘုရင်ဖန်ဆိုသူအား လှမ်းကြည့်လိုက်သည်။

“ မင်းက ဘုရင်ဖန်ဆိုတာလား…?”

အေးစက်စွာမေးလိုက်၏။

“ မင်းက ကျန်းချန်ထင်တယ်… မင်းနာမည်ကို ချွန်ခေါင်းဆောင်ဆီက ကြားဖူးတယ်… ကျွတ်ကျွတ်…”

ဘုရင်ဖန်၏ အကြည့်များက ကျန်းချန်နံဘေးမှ နတ်ဘုရားအရင်းအမြစ်ပုံထံသို့ ရောက်သွားသည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသော်လည်း မျက်၀န်းများထဲ၌ လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။

“ နတ်ဘုရားအရင်းအမြစ် ဂျင်(၁၀၀၀)…! အင်း.. လွယ်တဲ့ ပမာဏတော့မဟုတ်ဘူး..? မင်းက အဲ့လောက်အများကြီး ထုတ်ပေးနိုင်တယ်ပေါ့… ဒါပေမယ့် ပြန်ပြီး စုဆောင်းဖို့ရော လွယ်ပါ့မလား…?”

စကားဆုံးသည်နှင့် သူ့နောက်ကျောမှ ရွှေရောင်အတောင်နှစ်ချောင်းက ပြင်းထန်စွာ လှုပ်ခတ်လာပြီး ကျန်းချန်ရှိရာသို့ ရွှေအလင်းများ ပစ်လွှတ်လိုက်သည်။

“ ဒီဘုရင်ရဲ့ အမျိုးသမီးကို ဘယ်ကောင်မှ ခေါ်သွားလို့မရ‌ဘူးကွ…”

“ မင်း သေလိုက်တော့…”

ဘုန်း…

‌ထောင်ပေါင်းများစွာသော ရွှေအလင်းများ ကျန်းချန်ရှိရာသို့ မျက်စိတစ်မှတ်အတွင်း ရောက်သွား၏။

အခိုးအငွေ့များနှင့် ဖုန်မှုန့်များက ပတ်၀န်းကျင်တစ်ခွင်သို့ ဝုန်းကနဲ ပျံ့နှံ့သွားပြီး လူတိုင်း တုန်လှုပ်သွားကြသည်။

ထိုရွှေအလင်းများ၌ မူလဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ရန် လုံလောက်သော စွမ်းအားများ ပါ၀င်နေ၏။

ဘုရင်ဖန်က မူလဘုရင်အဆင့်၌သာ ရှိသေးကြောင်း သိထားရန်လိုအပ်သည်။

“ ဘုရင်ဖန်… ကျေးဇူးပြုပြီး ညှာတာပါဦး…”

ချွန်ရှောင်း အလွန်စိတ်ပူသွား၏။

သူက အစပိုင်းတွင် ကျန်းချန်အား အလွန်အထင်သေးနေခဲ့သည်။

သို့သော် နတ်ဘုရားအရင်းအမြစ် ဂျင်(၁၀၀၀)ဆိုသည့်အရာက သာမန်လူများ ထုတ်ပေးနိုင်သော အရာမဟုတ်ပေ။

သူ့နောက်ခံက အလွန်ကြီးမားနိုင်၏။

သူသာ ချွန်မိသားစု၌ သေဆုံးသွားပါက ဘုရင်ဖန်က ကိစ္စမရှိသော်လည်း ချွန်မိသားစုအနေဖြင့် အလွန်ပြသနာများသွားနိုင်သည်။

ဘုရင်ဖန်က ချွန်ရှောင်းအား ထီမထင်ဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး

“ နတ်ဘုရားအရင်းအမြစ် ဂျင်(၁၀၀၀)က ခင်ဗျားကို အရမ်းကြောက်သွားစေတာလား ခေါင်းဆောင်ချွန်…?”

သူက စကားပြောရင်း ဓားတံဆိပ်(၃)ခု ထုတ်ယူလိုက်ပြီး လေထဲသို့ ပစ်လိုက်သည်။

ထို တံဆိပ်တစ်ခုချင်းဆီ၌ သွေးများစွန်းပေနေ၏။

“ ဟောဒီက ဓားတံဆိပ်(၃)ခုကိုလည်း ချွန်မိသားစုဆီကို စေ့စပ်လက်ဆောင်အဖြစ် ကျုပ်ပေးသွားဦးမယ်…”

ထို ဓားတံဆိပ်(၃)ခုက ကောင်းကင်ဘုရင်အဆင့်များ နောက်ခံရှိသော ပါရမီရှင်(၃)ယောက်ကို ဖော်ညွှန်းနေသည်။ ၎င်းတို့က အလွန်သန်မာပြီး အဆင့်ကျော်တိုင်ခိုက်နိုင်စွမ်း ရှိသူများဖြစ်၏။

သို့သော် ၎င်းတို့အားလုံးကို ဘုရင်ဖန်က သတ်ခဲ့သည်လား…?

အစပိုင်းတွင်း ချွန်ရှောင်းတစ်ယောက် အလွန်တုန်လှုပ်သွားသော်လည်း ချက်ချင်း ၀မ်းသာလုံး ဆို့သွား၏။

ဘုရင်ဖန်၏ အပြုအမူက ဘာကိုဆိုလိုသနည်း..?

ကောင်းကင်ဘုရင်အဆင့် အင်အားစုများအား အနည်းငယ်မျှ မကြောက်ရွံ့ဟူသော သဘောပင်။

ထို့အပြင် ချွန်မိသားစုအတွက် ကတိတစ်ခုလည်းဖြစ်၏။ ချွန်မိသားစု၌ ပြသနာတစ်ခုခုဖြစ်ပါက ဘုရင်ဖန် လာရောက် ကူညီပေလိမ့်မည်။

ကျန်းချန်အား ဘာကြောင့် စိုးရိမ်နေတော့မည်နည်း။

“ မင်းမှာလည်း ဓားတံဆိပ်ရှိမယ်ထင်တယ်… ရှိတော့ရော ဘာဖြစ်လဲ… ငါ(၃)ယောက်တောင် သတ်ခဲ့ပြီးပြီ… နောက်တစ်ယောက် တိုးလာရုံပဲ ရှိမှာပေါ့…”

ဘုရင်ဖန်၏ ရယ်မောလိုက်ရင်း သူ၏ ‌အတောင်ပံများအား ထပ်မံ ပုတ်ခတ်လိုက်သည်။ ပထမတစ်ကြိမ်ထက် ပိုပြင်းထန်သော ရွှေအလင်းများ ထွက်ပေါ်လာ၏။

ကျန်းချန်၏ ပုံရိပ်က ရွှေအလင်းများ၏ လွှမ်းခြုံမှုအောက်၌ နစ်မြုပ်ပျောက်ကွယ်သွားသည်။

ဘုန်း..ဘုန်း..

ဘုန်း..ဘုန်း..ဘုန်း…

ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်နေပြီး ချွန်ရှောင်း၏ မျက်နှာထက်မှ အပြုံးကလည်း ပို၍ တောက်ပလာခဲ့သည်။

သို့သော်တစ်ဖက်တွင်မူ ချွန်ရှန်းအာ၏ မျက်နှာလေးက တဖြည်းဖြည်းညှိုးငယ်လာပြီး မျက်ရည်များပင် ဝိုင်းလာခဲ့သည်။

သူမ၏ ကျင့်ကြံဆင့်က အစောပိုင်း အခြေတည်ဝိညာဉ်အဆင့်၌ရှိပြီး မနိမ့်ကျသလို မြင့်လည်းမမြင့်မားပေ။

သို့ဖြစ်ရာ တိုက်ပွဲနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိမြင်နိုင်ခြင်းမရှိချေ။

သို့သော် ရွှေအလင်းမှ စွမ်းအားများနှင့် ပတ်၀န်းကျင်မှ လူများ၏ အမူအရာများအရ မကြာခင် ကျန်းချန်သေဆုံးတော့မည်ဟု ယူဆနိုင်သည်။

ထိုသို့တွေးမိလိုက်လျှင် ချွန်ရှန်းအာ မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာ၏။

ထို့နောက် သူမ မျက်၀န်းများက တစ်စုံတစ်ခုအား ဆုံးဖြတ်လိုက်ဟန်ဖြင့် တစ်ချက်လက်သွားခဲ့သည်။

သူမအား ထိန်းသိမ်းထားသော အကြီးအကဲများ သတိလွတ်နေသည်ကို အခွင့်ကောင်းယူပြီး ဓားဆွဲထုတ်ကာ လေထဲသို့ ခုန်တက်ပြီး ရွှေအလင်းများအတွင်းသို့ ပြေး၀င်ရန်ပြင်လိုက်၏။

“ အစ်ကိုချန်… ကျွန်မ ရှင်နဲ့အတူသေမယ်…”

သို့သော် ရွှေအလင်းပင်လယ်ကြီးအတွင်း သူမ မရောက်သေးမီ သူမ၏ ခန္ဓာကိုယ်လေးအား သိမ်မွေ့သော စွမ်းအားများက လာရောက်ရစ်ပတ်ပြီး နေရာ၌ ရပ်သွားစေခဲ့သည်။

မူလက မောက်မာစွာ ရယ်မောနေခဲ့သော ဘုရင်ဖန်လည်း ရုတ်တရက် မျက်နှာတည်သွား၏။

သူ့အကြည့်များက ရွှေအလင်းပင်လယ်၏ အလယ်ဗဟိုသို့ ရွေ့သွားခဲ့သည်။

ထိုနေရာမှ နူးညံ့သော စကားသံတစ်ခု ထွက်ပေါ်လာ၏။

“ ရှန်းအာ… ကိုယ့်ကို စိတ်မပူနဲ့… ဒီဘဲစုတ်လေးက ကိုယ့်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး…”

All Chapters