← Chapters

အခန်း (၄၀၁)

Vol. 27 Ch. 401

အခန်း (၄၀၁)

Vol. 27 Ch. 401

နူးညံ့သိမ်မွေ့သော စကားများ နောက်မှ ပြင်းထန်သော တိုက်ခိုက်မှုက ကပ်ပါလာခဲ့သည်။

ငွေ‌ဖြူရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီးနောက် မူလက တောက်ပနေသော ရွှေရောင်အလင်းများ မှေးမှိန်သွားတော့၏။

၎င်းတို့က ဘာမှမဟုတ်တော့သည့်အလား လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က ရွှေရောင်စွမ်းအားပင်လယ်ကြီးအတွင်းမှ သက်တောင့်သက်သာဖြင့် လမ်းလျှောက်ထွက်လာ၏။

ဘုရင်ဖန်တိုက်ခိုက်ခဲ့သော ရွှေရောင်အလင်းများက အပြင်ပန်းကြည့်လျှင် အလွန်အစွမ်းထက်ဟန်ရသော်လည်း ကျန်းချန်အား အနားသို့ပင် ကပ်နိုင်ခြင်းမရှိချေ။

“ ဓားတံဆိပ် (၃)ခုရှိတာနဲ့ ဒီလောက်တောင် မောက်မာလို့ရတာလား…”

ကျန်းချန်က တုန်လှုပ်နေသော ဘုရင်ဖန်အား တစ်ချက်ကြည့်ကာ နံဘေးမှ ချွန်ရှန်းအာကို ညင်သာစွာပွေ့ဖက်လိုက်သည်။ သူ့အသံက တည်ငြိမ်နေ၏။

သို့သော် ထိုတည်ငြိမ်မှုနောက်၌ ‌အေးစက်မှုများ ကပ်ပါနေကြောင်း လူတိုင်းခံစားနိုင်ကြသည်။

ရွှစ်..ရွှစ်..ရွှစ်

ရွှစ်..ရွှစ်

စူးရှရှလေတိုးသံ (၅)ခုထွက်ပေါ်လာ၏။

ချွန်မိသားစု အိမ်တော်ထဲမှတိုင်း ကျန်းချန်နံဘေး၌ ထွက်ပေါ်လာသော ကျောက်စိမ်းဓားငယ်လေး (၅)ခုကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။

ထိုကျောက်စိမ်း ဓားငယ်လေးများက လေထဲ၌ အထက်အောက် လွင့်မျောနေခဲ့ပြီး ၎င်းတို့၌ ကောင်းကင်ဓားအင်ပါယာ၏ အမှတ်အသားရှိနေပေသည်။

ထို့အပြင် ၎င်းတို့အားလုံး သွေးများလည်း စွန်းပေနေ၏။

ရွှစ်…

ကျန်းချန်လက်ထဲ၌ နောက်ထပ်အလင်းတန်းတစ်ခု ဖြစ်ပေါ်လ ပြီး ကျန်းချန်၏ ကိုယ်ပိုင် ဓားတံဆိပ်ထွက်ပေါ်လာသည်။

သူက ၎င်းအား ပထမ ဓားတံဆိပ်(၅)ခုအကြား အသာအယာချထားလိုက်၏။

“ ငါ့မှာ ဓားတံဆိပ် (၆)ခုရှိတယ်.. ဒီတော့ မင်းငါ့ကို ဒူးထောက် အရိုအသေပေးသင့်တယ် မထင်ဘူးလား…?”

ဘုရင်ဖန်၏ မျက်နှာက ဖြူဖျော့သွားလေသည်။ အစပိုင်းတွင် သူက ကျန်းချန်အား သေးငယ်သော ပုံရိပ်လေးတစ်ခုဟုသာထင်မှတ်ခဲ့၏။ သို့သော် မမျှော်လင့်ထားစွာဖြင့် သူ ဤတစ်ကြိမ် သံပြားအား ကန်မိချေခဲ့ချေပြီ။

သို့သော် သူက နောက်မဆုတ်ဘဲ အေးစက်စွာပြောလိုက်သည်။

“ ဓါးတံဆိပ်အရေအတွက်က တိုက်ခိုက်နိုင်စွမ်းနဲ့

ထပ်တူမကျဘူး…”

သူက သူ၏နောက်ကွယ်မှ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူအားကိုးဖြင့် အလွန်ယုံကြည်မှုရှိနေခဲ့သည်။

အကယ်၍ သူရှုံးခဲ့လျှင်တောင် ကျန်းချန်သူ့အား သတ်ရဲမည်မထင်ပေ။

သို့သော် ကျန်းခန်က အသာအယာပြုံးလိုက်၏။

“ အိုး… တကယ်လား…”

ကျန်းချန်၏စကားကြောင့် ဘုရင်ဖန်၏ ဆံပင်များပင် ထောင်သွားသလိုခံစားလိုက်ရသည်။ အလွန်အန္တရာယ်များသော အခြေအနေအား ခံစားမိလိုက်ပြီး တစ်ကိုယ်လုံး ကြက်သီးများ ထသွားခဲ့၏။

‘ သူငါ့ကို တကယ်သတ်တော့မှာလား…’

“ ငါ့အဘိုးက….”

သူ၏ စကားပင် မဆုံးသေးချေ…

ဘန်း…

ရွှေဓါးက ဓါးအိမ်အတွင်းမှ ထွက်လာခဲ့သည်။

မီတာ (၃) ထောင်ကျော် ရှည်လျားကာ အလွန်တောက်ပသော ရွှေရောင် ဓါးအလင်းတန်းကြီးတစ်ခု ပြေးထွက်လာ၏။

၎င်းက ကောင်းကင်မှ တိမ်နှင့် လေများအားလုံးကို ပိုင်းဖြတ်သွားပြီး ဘုရင်ဖန်ရှိရာသို့ ရောက်ရှိသွား၏။ ထိုးနောက် ဘုရင်ဖန်အား သွေးမှုန်များအဖြစ် ပြောင်းလဲပေးလိုက်သည်။

“ မင်း ဘုရင်ဖန်ကို တကယ်သတ်လိုက်တာလား… နေဦး မင်းဘာလုပ်ခဲ့တယ်ဆိုတာကို သိရဲ့လား…”

ကျန်းချန်၏ ဓါးချက်အောက်၌ ဘုရင်ဖန်သေဆုံးသွားသည်ကို ကြည့်ပြီး ချွန်ရှောင်း၏ နှလုံးသားတစ်ခုလုံး အဆုံးမရှိသော ဒေါသနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့သည်။

သူ၏ အချစ်ဆုံးမြေးဖြစ်သူက ပက်လယ်နက်ဒေသ ချွန်မိသားစုပိုင်နက်အတွင်းသေဆုံးသွားကြောင်း သိသွားပါက ရွှေဂဠုန်ဘုရင် ( ဘုရင်ဖန်၏အဘိုး အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ ) က ဘာလုပ်မည်ကို စိတ်ကူးကြည့်၍ပင်ရနိုင်သည်။

ချွန်မိသားစုတစ်ခုလုံးသာမက ပင်လယ်နက်ဒေသ‌တစ်ခုလုံး ရွှေဂဠုန်ဘုရင်၏ ဒေါသကို ခံရနိုင်ချေရှိသည်။ ချွန်ရှောင်း၏ အမြင်တွင် လျှို့ဝှက်ဘုရင် (ရွှမ်ယီ) ပင်လျှင် ရွှေဂဠုန်ဘုရင်၏ လက်စားချေခြင်းကို တားဆီးရန် အကြောင်းပြချက်မရှိပေ။

ချွန်ရှောင်း အတွေးများမှ နိုးထလာပြီးနောက် ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ ပထမအကြီးအကဲ ၊ ဒုတိယအကြီးအကဲ ၊ တတိယအကြီးအကဲ… ဒီမောက်မာတဲ့ကောင်စုတ်ကို မြန်မြန်ဖမ်းကြ…”

သူက ချွန်မိသားစုအား ကယ်တင်နိုင်မည့်နည်းလမ်းကို ချက်ချင်းစဉ်းစားနိုင်ခဲ့သည်။

သူက ကျန်းချန်အား ဖမ်းပြီး ချွန်ရှန်းအာနှင့်အတူ ရွှေဂဠုန်ဘုရင်ထံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

နောက်ဆုံးတွင် တောင်ပိုင်းတိုက်ကြီးက ယခင်တုန်းကနှင့် မတူတော့ချေ။ လျှို့ဝှက်ဘုရင်က တောင်ပိုင်းတိုက်ကြီးမှ စည်းမျဉ်းများကို ပြောင်းလဲခဲ့သည်။ ရှေးဟောင်းဘုရင်များ မည်မျှပင် သတ္တိရှိစေကာမူ လျှို့ဝှက်ဘုရင်၏ စည်းမျဉ်းများကို ချိုးဖျက်ရဲမည်မဟုတ်ပေ။

အကယ်၍ ချွန်မိသားစုသာ တရားခံကို ထုတ်မပြနိုင်ပါက ရွှေဂဠုန်ဘုရင်၏ ဒေါသများ ချွန်မိသားစုထံသို့ ရောက်လာပေလိမ့်မည်။ အကယ်၍ ချွန်မိသားစုသာ ဘုရင်ဖန်အား သတ်လိုက်သော လူသတ်သမားအား လွှဲပြောင်းပေးနိုင်ပါက ရွှေဂဠုန်ဘုရင်ပင်လျှင် ချွန်မိသားစုအား တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

သူ့အနေဖြင့် လျှို့ဝှက်ဘုရင်အား ရန်မစရဲလောက်ပေ။

ချွန်ရှန်းအာက ချွန်ရှောင်း၏ အကြင်နာကင်းမဲ့လှသော စကားများကို ကြားလျှင် ထိတ်လန့်သွား၏။ ထို့နောက် သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် သူမ၏ အဖေဖြစ်သူအား ကြည့်လိုက်သည်။

သူမ၏မျက်ဝန်းများအတွင်း၌ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မယုံကြည်ခြင်းများ ပြည့်နှက်နေခဲ့သည်။

သူမအဖေ အဘယ်ကြောင့် ဤမျှ အကြင်နာကင်းမဲ့နေကြောင်းသူမနားမလည်နိုင်တော့ချေ။

သို့သော် ချွန်ရှောင်းကမူ ချွန်ရှန်းအာ၏ ခံစားချက်များအား လုံးဝ ဂရုမစိုက်နိုင်အားပေ။

“ နေဦး…”

ချွန်ရှောင်း အေးစက်စွာပြောလိုက်၏။

“ တစ်ခုခုအမှားအယွင်းဖြစ်သွားလို့မရဘူး… အကြီးအကဲတွေအားလုံး ဖမ်းချုပ်အစီအရင်ကို အမြန်ခင်းကျင်းလိုက်တော့… ဒီမောက်မာတဲ့ကောင်ကို မလွတ်မြောက်စေနဲ့…”

ချွန်ရှောင်းက စကားဆုံးသည်နှင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။

ရွှေရောင် ချည်မျှင်အလင်းတန်းလေးတစ်ခုထွက်ပေါ်လာပြီး ချွန်ရှန်းအာထံသို့ ရောက်ရှိသွားခဲ့သည်။ သူက သူမအား ဤနေရာ၌ ချုပ်နှောင်ထားချင်နေသည်။

ထိုအခါ ကျန်းချန်၏ မျက်ဝန်းထောင့်စွန်းမှတစ်ဆင့် အေးစက်သော အငွေ့အသက်များထွက်ပေါ်လာပြီး တုံ့ဆိုင်းမနေပဲ ရွှေဓါးအား ထပ်မံဝှေ့ယမ်းလိုက်သည်။

ချွန်ရှောင်း၏ စိတ်ဝိညာဉ်အနှစ်သာရ စွမ်းချည်မျှင်လေးက ချွန်ရှန်းအာထံသို့ မရောက်မီ ရွှေရောင်ဓါးအလင်းကြောင့် ထက်ခြမ်းကွဲလျှက် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်။

ဟား.. ဟား.. ဟား…..

ချွန်ရှောင်း ရယ်မောလိုက်၏။

ကျန်းချန်တိုက်ခိုက်လိုက်သည့် အချိန်တွင် အကြီးအကဲများက အလံတစ်ခုဆီဆွဲထုတ်ကာ အစီအရင်ခင်းကျင်းလိုက်ချေပြီ။

ချွန်မိသားစု ကောင်းကင်ထက်တွင် မိုင် (၁) ထောင်အကျယ်ရှိသော ငွေရောင် အလင်းစက်ဝိုင်းကြီးတစ်ခု ရုတ်တရက်ပေါ်လာပြီး ထိုအတွင်မှလေထုအား အေးခဲသွားစေကာ အဆုံးမဲ့ လေးလံမှုများ ကြီးစိုးလာခဲ့သည်။ ထိုအစီအရင်ဖြင့် ဆိုပါက ကျန်းချန်၌ အလွန်ထူးခြားသော ခွန်အားကို ပိုင်ဆိုင်ထားလျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်ဟု ချွန်ရှောင်း ယုံကြည်နေခဲ့သည်။

သို့သော် တရားသေအာမခံရဲခြင်းမရှိသေးချေ။

ကျန်းချန်၏ နောက်ကြောင်းများအား သူမသိလျှင်ပင် ထိုလူငယ်က အစောပိုင်းတွင် ကောင်းကင်ဓါးအင်ပါယာ၏ ဓါးတံဆိပ်များစွာ ထုတ်ပြခဲ့သည်။ ၎င်းက ထိုလူငယ် အလွန်ထူးခြားကြောင်းသက်သေပြရန် လုံလောက်ပေသည်။ ထို့ကြောင့် ချွန်ရှောင်းက ထပ်မံအော်ဟစ်လိုက်၏။

ဤတစ်ကြိမ်တွင် သူ၏စကားများက ချွန်မိသားစု မင်္ဂလာပွဲထံတက်ရောက်လာသော ဧည့်သည်များထံ ဦးတည်ထားသည်။

“ အားလုံးပဲ… အခု ကျုပ်တို့အားလုံး ကံကြမ္မာက ဒီကောင်လေးနဲ့ ဆက်စပ်နေတယ်… ဘာလုပ်နေကြတာလဲ… ကပ်ဘေးကြီး ရောက်လာတဲ့ထိ စောင့်နေကြမှာလား…”

ချွန်မိသားစု ဧည့်သည်များ၏ မျက်နှာများ ဖြူဖျော့သွားလေသည်။ သူတို့က ချွန်ရှောင်း၏ ဖိတ်ကြားမှုကြောင့် ‌ဤနေရာသို့ တက်ရောက်လာကြခြင်းဖြစ်သည်။

သူတို့အားလုံး ပင်လယ်နက်ဒေသမှ အဆင့်အတန်းမြင့် ပုဂိုလ်များချည်းသာ။

သူတို့က ချွန်ရှောင်း၏ အတွေးများအား သဘာဝကျကျနားလည်ထားကြသည်။

သို့သော် ကျန်းချန်၏ နောက်ကွယ်မှ နောက်ခံကိုလည်း အလွန်ထိတ်လန့်နေကြ၏။

ယခုတွင် ချွန်ရှောင်းက သူတို့အား ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်လိုက်ချေပြီ။

အကယ်၍ သူတို့ ယခုမလှုပ်ရှားပါက ရွှေဂဠုန်ဘုရင်ရောက်လာသောအခါ အပြစ်ပေးခံရပေလိမ့်မည်။

ချွန်မိသားစုက သူတို့အား ချောက်နက်ကြီးထဲသို့ တွန်းချလိုက်လေပြီ။ ဧည့်သည်များအားလုံး ချွန်မိသားစုအား မုန်းတီးသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

ချွန်ရှောင်းက ၎င်းတို့၏ အမူအယာများကို မြင်လိုက်လျှင် စိတ်ထဲ၌ ငြီးငြူလိုက်၏။

ချွန်မိသားစုအနေဖြင့် ယနေ့ ဤဘေးကပ်ဆိုးမှ လွတ်မြောက်သွားလျှင်ပင် အနာဂတ်၌ ပင်လယ်နက်ဒေသ၌ ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

သို့သော် ၎င်းကိစ္စများက နောက်မှ ဖြစ်လာမည့် ကိစ္စများဖြစ်ကာ ယခု ကိစ္စကို အရင်ဖြေရှင်းရန် လိုအပ်သည်။

All Chapters