← Chapters

နတ်သမီးနန်းဆောင်

Vol. 8 Ch. 112

နတ်သမီးနန်းဆောင်

Vol. 8 Ch. 112

အားလုံးသည် လဲကျသွားသော လူကိုမြင်သည်နှင့် ချက်ချင်းပင် သူတို့ရဲ့ တိုက်ခိုက်ရေး လက်နက် များကိုလျင်မြန်စွာ ထုတ်လိုက်ကြ၏။ ပိုင်ဖန်သည် ရှက်ရွံစွာဖြင့် တစ်ခွန်းမှ မဟရဲတော့ပေ။

မိုးကောင်းကင်သစ်တောထဲတွင် မိစ္ဆာသားရဲများ ကျူးကျော်နေလိမ့်မည်လို့ ဘယ်သူမှ မထင်ထားကြပေ။ ဖုန်းတောက်ဂိုဏ်း၏ မြေအောက် လှိုင်ဂူအခန်းငယ်တစ်ခုတွင် လူ၅ယောက်သည် အတူတကွ ရှိနေကြ၏။

၄ယောက်သည် သူတို့ရဲ့ မျက်နှာကို ဖုံးကွယ်ထားကြသည်။ မျက်နှာမဖုံးကွယ်ထားသောသူသည် ဝမ်းသာသောမျက်နှာအသွင်ဖြင့် " ဒီတစ်ခေါက်တော့ ငါ့ရဲ့လက်ထဲကဘယ်သူမှ မလွတ်မြောက်စေရဘူး....ဟားဟားဟား" လို့ အော်ဟစ်စွာ ရယ်မောရင်း ကြိမ်းဝါးလိုက်၏။

ရယ်မောနေချိန်တွင် ရုတ်တရက် "ဟုတ်လား......" ဟု အေးစက်စွာအသံသည် ထွက်ပေါ်လာခဲ့သည်။၅ယောက်လုံးသည် ထိုင်နေရာမှ ထလိုက်ကြပြီး "ဘယ်သူလဲ သတ္တိရှိရင် ထွက်ခဲ့စမ်း...." လို့ အော်ဟစ်လိုက်ကြ၏။

လေဟာနယ်အက်ကွဲကြောင်းထဲမှ ကျစ်ယန်သည် ထွက်ပေါ်လာခဲ့ပြီး "မင်္ဂလာပါ....အကြီးအကဲချင် " လို့ နှုတ်ဆက်လိုက်သည်။ ဝမ်ရိချင်သည် ကျစ်ယန်ကို တွေသည်နှင့် သူရဲ့လူများကို သတိထားဖို့ ဆိုလိုက်၏။

အတွင်းစည်းတပည့်သစ်ဖြစ်သော ကျစ်ယန်သည် နတ်သူငယ်အဆင့်ဖြစ်နေသည့်အပြင် လို့ဝှက်ခန်းကိုပါ ရှာတွေ့သွားမည်ဟု မထင်ထားပေ။ မျက်နှာဖုံးကွယ်ထားသော လူ၄ယောက်ထဲမှ ဟိုက်တုံလို့ခေါ်သောသူသည် ကျစ်ယန်ရဲ့မျက်နှာကို မှတ်မိသွားတဲ့အခါ "ဆရာ.....သူပဲ ၊ ညီလေးဝမ်ရန်ကို သတ်သွားတာ အဲ့ကောင်ပဲ " လို့ ဒေါသထွက်စွာဖြင့် ပြောလိုက်၏။

ဝမ်ရန်သည် ကျစ်ယန်ရဲ့သတ်ဖြတ်ခြင်းမခံရခင်တွင် ပုံရိပ်တချို့အား ဟိုက်တုံထံသို့ ပို့ခဲ့သည်။ ဝမ်ရိချင်သည် ချက်ချင်းပင် သွေးဆာနေသည့် သားရဲသဏ္ဍာန်အဖြစ်ကိုပြောင်းလဲလိုက်ပြီး "အဲ့ကောင်အမြန်ဆုံးသေတာကို ငါလိုချင်တယ်.....လို့ ဆိုလိုက်၏။

မျက်နှာဖုံးကွယ်ထားသော လူ၄ယောက်သည်လည်း ဝမ်ရိချင်နဲ့ သဏ္ဍာန်တူသော သားရဲအဖြစ်ကို ပြောင်းလဲလိုက်ပြီး ကျစ်ယန်ပတ်လည်ကို ခုန်အုပ်လိုက်သည်။ ကျစ်ယန်သည် အသူရာနတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်လိုက်တဲ့အခါ ကျစ်ယန်ခန္ဓာကိုယ်မှ နီညိုရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့၏။

ကျစ်ယန်သည် စိတ်ဝိညဥ်တစ္ဆေကျင့်စဥ္ကို အသက်သွင်းလိုက်တဲ့အခါ ကျစ်ယန်၏ နဖူးတည့်တည့်မှ အနီရောင်သွေးလျှပ်စီးမျှင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် သွေးလျှပ်စီးမျှင်ကို ထိန်းချုပ်လိုက်သည်နှင့် သွေးလျှပ်စီးမျှင်လေးသည် တစ်ပြိုင်နက်ထဲမှာပဲ သားရဲ၅ကောင်လုံးရဲ့ ပင်မအသက်နေရာကို စက္ကန့်ပိုင်းအတွင်းထိုးဖောက်သွားခဲ့၏။

သားရဲ၅ကောင်ထဲတွင် ဝမ်ရိချင်တစ်ယောက်ထဲသာ နတ်သူငယ်အဆင့်ကို ရောက်ရှိသေးသဖြင့် အသက် မဲ့သွားသည့် သူ့ ရဲ့ သားရဲခန္ဓာကိုယ်ထဲမှ လိမ္မော်ရောင်ဝိညဥ်လုံးလေး ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် စုပ်ယူကာ သိမ်းဆည်းလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။ မိုးကောင်းကင်သစ်တောရဲ့ အစွန်အဖျားတွင် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေလေသည်။

ပိုင်ဖန်သည် တိုက်ခိုက်နေရင်း "ဆရာတူအကိုဖုန်.....ငါတို့ဒီမှာပဲ သေရ​တော့မယ်ထင်တယ် " လို့ ပြောလိုက်၏။ ရိဖုန်သည် အကာအကွယ်အစီအရင်အဆောင် တစ်ခုကို အသက်သွင်းလိုက်ပြီး အကာအကွယ်ထဲဝင်ဖို့ အားလုံးကို သတိပေးလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ ရိဖုန်ရဲ့ အကာအကွယ်ထဲ အားလုံးရောက်ရှိလာကြ၏။ အများစုသည် ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားကြပြီဖြစ်သည်။ လျိုယွမ်သည် ကျစ်ယန်ကို မတွေ့ရှိသဖြင့် စိုးရိမ်နေစဥ္ ကျစ်ယန်သည် သူ့ဘေးကို ရောက်ရှိလာခဲ့၏။

မိစ္ဆာသားရဲကောင်များသည် သူ့အားရှောင်ဖယ်၍ တခြားသူများကိုသာ တိုက်ခိုက်နေသဖြင့် လျိုယွမ်သည် အံ့အားသင့်နေခဲ့သည်။ လျိုယွမ်သည် ကျစ်ယန်ကို မြင်မှာသာ စိတ်ချမ်းသာသွားခဲ့၏။

လျိုယွမ်ကို တိတ်တဆိတ်ကာကွယ်ပေးနေသော လုံရှန်သည် ကျစ်ယန်ရောက်ရှိလာတဲ့အခါ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

မိစ္ဆာသားရဲပေါင်းများစွာသည် အကာအကွယ်အစီအရင်အား ဖျက်ဆီးနေသဖြင့် အကာအကွယ်အစီအရင်သည် တဖြည်းဖြည်း အက်ကွဲလာခဲ့၏။

ရိဖုန်သည် စိတ်ပျက်စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး တိုက်ခိုက်ဖို့ အဆင့်သင့် ပြင်ခိုင်းလိုက်သည်။ ကျစ်ယန် သိုလှောင်ကွင်းလက်စွပ်ထဲမှ အစီအရင်စာရွက်လေး တစ်ခု ထုတ်လိုက်ပြီး "စီနီယာအကိုဖုန်...."လို့ ခေါ်လိုက်ပြီး အစီအရင်စာရွက်ကို ပေးလိုက်သည်။

ရိဖုန်သည် ကျစ်ယန်ပေးသော စာရွက်ကို မမြင်ဖူးသဖြင့် အံ့အားသင့်နေသော်လည်း အရေးကြီးနေသဖြင့် လျင်မြန်စွာ အသက်သွင်းလိုက်၏။ ရိဖုန်သည် အစီအရင်စာရွက်ကို အသက်သွင်းလိုက်တဲ့အခါ အပြာရောင်အစီအရင်စက်ဝိုင်းနဲ့အတူ အဖြူရောင်ကြယ်တံခွန်သည် သူတို့အဖွဲ့အား လွှမ်းခြုံသွားခဲ့သည်။

ရိဖုန်သည် အကာအကွယ်အစီအရင်ကို သေချာကြည့်လိုက်ပြီး "အဆင့်၅အကာအကွယ်အစီအရင်တစ်ခုလား....." လို့ အံ့အားသင့်စွာပြောလိုက်၏။ ရိဖုန် စကားကြောင့် တစ်ဖွဲ့လုံးသည် ကျစ်ယန်အား ထူးဆန်းစွာ အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ရိဖုန်ပထမဆုံးအသက်သွင်းလိုက်သော အကာအကွယ်အစီအရင်မှာ အဆင့်၂ အစီအရင်လေးတစ်ခုပင် ဖြစ်၏။ မိစ္ဆာသားရဲများကတော့ အကာအကွယ်အစီအရင်အား အဆက်အပြတ် ဖျက်ဆီးနေလေသည်။

မိနစ်အနည်းငယ်ကြာတဲ့နောက် အတွင်းဂိုဏ်းအကြီးအကဲများနဲ့ အပြင်ဂိုဏ်းအကြီးအကဲ များစွာ ရောက်ရှိလာပြီး

မိစ္ဆာသားရဲများကို လိုက်လံ သတ်ဖြတ်နေကြ၏။

ဖုန်းတောက်ဂိုဏ်း၏ လုံခြုံသော ခန်းမတစ်ခုထဲတွင် ရတနာရှာဖွေခြင်းခန်းမရဲ့ တပည့်များအားလုံးသည် အကြီးအကဲများရဲ့ စစ်ဆေးစမ်းသပ်ခြင်းကို ခံနေရသည်။ အကြီးအကဲများသည် မိစ္ဆာသားရဲများပါလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။

ကျစ်ယန်သည် စစ်ဆေးစမ်းသပ်ခံရပြီးနောက် သူတို့စေလွှတ်သော နတ်သမီးနန်းဆောင်နေရာကို ရောက်ရှိလာခဲ့သည်။ နတ်သမီးနန်းဆောင်ဆိုသည်မှာ မှော်အဂ္ဂိရတ်ခန်းမရဲ့ အဆင့်မြင့်သူတွေသာ နေရသည့် နေရာမျိုးဖြစ်၏။

ကျစ်ယန်သည် နတ်သမီးနန်းဆောင်ရှေ့ကို ရောက်တဲ့အခါ တန်းစီနေသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ကျစ်ယန်သည် တန်းစီနေရင်း ဆေးဖော်စပ်နေသော ရနံအငွေ့အသက်ကို ခံစားလိုက်ရ၏။

All Chapters