← Chapters

အခန်း (၉၉)

Vol. 8 Ch. 99

အခန်း (၉၉)

Vol. 8 Ch. 99

သို့သော် နဖူးစက်တွင် ကျစ်ယန်ကဲ့သို့ အနီရောင်စာလုံးလေးတစ်ခု မပါဝင်ခဲ့ပေ။ ကျစ်ယန်သည် သွေးချီမျှင်ကိုယ်ပွားကို ကြည့်၍ "စိတ်ဝိညဥ်တစ္ဆေကျင့်စဥ္က ငါရဲ့စွမ်းအားတွေ ကုန်စရာမလိုတဲ့အပြင် နတ်သူငယ်အဆင့်၅ လောက်ရှိတဲ့အရှိန်အဝါမျိုးရှိနေတာပဲ" လို့ ရေရွတ်လိုက်၏။

ကျစ်ယန်၏ သွေးချီမျှင်ကိုယ်ပွားသည် လက်ထဲတွင် ဓားတစ်ချောင်းကို အလိုအလျောက်ဖန်တီးလိုက်ပြီး ဇောင်မန်ဟိုရဲ့ ဒိုင်းကာအကာအကွယ်ကို ​အနီးကပ်တိုက်ခိုက်လိုက်သည်။ ဇောင်မန်ဟိုရဲ့ တင်းပုတ်ဒိုင်းကာအကာအကွယ်သည် တစ်ချက်လေးနဲ့ပင် တစ်စစီပျက်စီးသွား၏။

ဇောင်မန်ဟိုသည် ထိပ်လန့်သွားပြီး နောက်သို့ လျင်မြန်စွာ ရှောင်ရှားလိုက်၍ "ကောင်လေး......မင်းကံကောင်းတယ်မှတ်ပါ ၊ ငါရဲ့ရတနာကို အနှေးအမြန် ငါပြန်လာရှာမယ် " လို့ ပြောကာ ထွက်ပြေးဖို့ ကြံစည်လိုက်သည်။

သို့သော်ဇောင်မန်ဟိုသည် ညာဖက်လက်တစ်ချောင်းလုံး နာကျင်လာတဲ့အတွက် ကြည့်လိုက်တဲ့အခါမှာတော့ သွေးချီမျှင်အနည်းငယ်မှာ သူ့လက်အတွင်းကို တိုးဝင်သွားမှန်း မြင်လိုက်ရ၏။ ဇောင်မန်ဟိုသည် ကြောင်အစွာဖြင့် "မဖြစ်နိုင်တာလို့......" လို့ ရေရွတ်ပြီး ခန္ဓာကိုယ်အတွင်းကို စစ်ဆေးလိုက်သည်။

သွေးချီမျှင်များနဲ့ ဖွဲ့စည်းထားသော ကိုယ်ယန်ကိုယ်ပွားသည် ချက်ချင်းပင် ပျောက်သွားခဲ့ပြီး ဇောင်မန်ဟိုရဲ့ ခန္ဓာကိုယ်အတွင်းရှိ သွေးချီမျှင်များနဲ့အတူ ပေါင်းစပ်သွားခဲ့၏။

ဇောင်မန်ဟိုသည် အခြေအနေကို သိသွားတဲ့အခါ သေရတော့မည်ကို သိကာ တုန်လှုပ်သွား "အကြီးအကဲကို မကောင်းစိတ်ဝင်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် ၊ အကြီးအကဲ တောင်းဆိုတာကို မန်ဟိုဘာမဆိုလုပ်ပေးပါ့မယ် " လို့ ပြောကာ အသက်ရှင်ခွင့်ပေးဖို့ တောင်းဆိုပါတော့သည်။

ကျစ်ယန်သည် အေးစက်စွာအသံဖြင့် "ပြန်လာခဲ့ကြတော့....." လို့ ရေရွတ်လိုက်သည်။ဇောင်မန်ဟိုသည် သူ့ခန္ဓာကိုယ်အတွင်းမှ အနီအနက်ရောနှောနေသောသွေးချီမျှင်များစွာသည် ကျစ်ယန်ရဲ့ နဖူးအတွင်းကို ပြန်လည်ဝင်သွားတဲ့ခါမှသာ အသက်ကောင်းကောင်းရှုနိုင်တော့၏။

ကျစ်ယန်သည် မြေပြင်ကို သက်ဆင်းလိုက်ပြီး "မင်းခန္ဓာကိုယ်ထဲမှာ ငါရဲ့သွေးချီမျှင်၁မျှင်ချန်ထားခဲ့တယ် ၊ အဲ့တစ်မျှင်က မင်းအသက်ကို နှုတ်ယူဖို့ လုံလောက်တယ် " လို့ ပြောလိုက်သည်။

ဇောင်မန်ဟိုသည် ကျစ်ယန်ဆိုလိုသည်ကို နားလည်သည့်အတွက် ".....အကြီးအကဲအပေါ် မန်ဟို သစ္စာမဖောက်ရဲပါဘူး...... "လို့ ​ဆိုလိုက်၏။ တစ်ချိန်ထဲမှာပဲ ​တုန်ခါနေသော မြေကြီးအတွင်းမှ အမှောင်ဒြပ်စင်မီးတောက်တစ်မျိုးပေါ်ထွက်လာခဲ့သည်။

ကျစ်ယန်ရဲ့ နတ်မီးတောက်ကပင် ကြောက်ရွံသလို ခံစားနေရ၏။ ဇောင်မန်ဟိုသည် သူ့လက်ဖဝါးအတွင်းမှ သံချိတ်ကြိုးသဖွယ် စွမ်းအားဖြင့် အမှောင်ဒြပ်စင်မီးတောက်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။သို့သော် အမှောင်ဒြပ်စင်မီးတောက်ရဲ့ စွမ်းအားပြင်းထန်မှုကြောင့် ဇောင်မန်ဟိုရဲ့ စွမ်းအားများ ပျက်စီးသွားခဲ့ပြီး လက်ဖဝါးတစ်ခုလံူးပင် ဒဏ်ရာရသွားခဲ့၏။

ကျစ်ယန်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်မီးတောက်ကို လည်ပတ်စေလိုက်ပြီး "ငါစမ်းကြည့်မယ်....."လို့ ပြောကာ ဇောင်မန်ဟိုအား နောက်ဆုတ်ခိုင်းလိုက်သည်။ကျစ်ယန်သည် လက်ဖဝါးတွင် နတ်မီးတောက်အား ထုတ်လိုက်ပြီး အမှောင်ဒြပ်စင်မီးတောက်ထံသို့ ပစ်လွှတ်လိုက်၏။

ကျစ်ယန်၏ နတ်မီးတောက်သည် အမှောင်ဒြပ်စင်မီးတောက်အား ပတ်လည်ဝိုင်းနေခဲ့သည်။ နတ်မီးတောက်သည် သူနဲ့ပူးပေါင်းဖို့ အမှောင်ဒြပ်စင်မီးတောက်အား ဆွဲဆောင်နေခဲ့၏။ နတ်မီးတောက်သည် အမှောင်ဒြပ်စင်မီးတောက်လောက် မသန်မာပင်မယ့်

ကျစ်ယန်နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့အတွက် သူ့ရဲ့အသိဉာဏ်မှာ တဖြည်းဖြည်းမြင့်မားလာခဲ့သည်။

အမှော်ဒြပ်စင်မီးတောက်သည် အမှောင်သလင်းနယ်မြေတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ပြီး ကလေးတစ်ယောက်အသိဉာဏ်လောက်သာရှိ၏။ နတ်မီးတောက်သည် သူကြုံတွေ့ခဲ့သောအရာများစွာကို ပြသပြီးတဲ့နောက် အမှောင်ဒြပ်စင်မီးတောက်သည် တွန်းကန်မနေတော့ဘ​ဲ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်သည်။

ကျစ်ယန်သည် မီးတောက်နှစ်ခု ပေါင်းစပ်ရန်အတွက် ထိုင်ချလိုက်ပြီး "အန္တရာယ်ပေးမယ့်သူရှိရင် အရှင်မထားနဲ့ " လို့ ဇောင်မန်ဟိုအား စေခိုင်းလိုက်၏။ ဇောင်မန်ဟိုသည် နတ်သူငယ်အဆင့်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ဘယ်သူမှ အနီးမကပ်လာအောင် သတိပေးလိုက်သည်။

တစ်နာရီကြာပြီးနောက် မီးတောက်၂ခုသည် ပေါင်းစည်း၍ သွားပြီး ခရမ်းနက်ရောင်မီးတောက်အဖြစ်ကို ပြောင်းလဲသွား၏။ ကျစ်ယန်သည် လက်ဖဝါးဖြန့်လိုက်တဲ့အခါ ခရမ်းနက်ရောင်မီးတောက်လေးသည် ကျစ်ယန်လက်ဖဝါးပေါ်သို့ရောက်ရှိလာခဲ့သည်။

ဇောင်မန်ဟိုသည် လက်နှစ်ဖက်ဆုပ်ကာအရိုအသေပြု၍ "အမှောင်ဒြပ်စင်မီးတောက်ကိုပိုင်ဆိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်အကြီးအကဲ......." လို့ ဆိုလိုက်၏။ ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး "အလိုရှိရင် မင်းကို ခေါ်လိုက် မယ် " လို့ ပြောကာ ဇောင်မန်ဟိုရှေ့မှ ပျံသန်းသွားခဲ့သည်။

ဇောင်မန်ဟိုသည် စိတ်ပျက်သောအမူအယာဖြင့် ခေါင်းတစ်ချက်ခါလိုက်ပြီး မူလနေရာမှ ပျောက်ကွယ်သွားခဲ့၏။ ကျစ်ယန်သည် လမ်းတစ်လျှောက်ရှိ ဆေးအမယ်အများစုအား ခူးယူစုဆောင်းနေခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် လူ၂ယောက်သည် ကျစ်ယန်ရဲ့အနီးအနားကို ရောက်ရှိလာခဲ့၏။ ထို၂ယောက်သည် ကျစ်ယန်ကို တွေ့တဲ့အခါ စိတ်အေးသွားခဲ့သည်။

လျိုယွမ်သည် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် "ဂျူနီယာမောင်လေး......နင်ဘာမှမဖြစ်ဘူးနော် " လို့ မေးလိုက်၏။ ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်၍ "ကျွန်တော်ကို စိတ်ပူပေးလို့ အကြီးအကဲနဲ့စီနီယာအမကို ကျေးဇူးတင်ပါတယ် " လို့ ပြောလိုက်သည်။

မာရှန်သည် ကျစ်ယန်ခန္ဓာကိုယ်အား စစ်​ဆေးကြည့်လိုက်ပြီး "ငါတို့ဒီနေရာက အရင်ဆုံးထွက်ခွာသွားကြရအောင် " လို့ ဆိုကာ လေဟာနက်အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်၏။

ကျစ်ယန်သည် မာရှန်တို့နဲ့အတူ ရတနာရှာဖွေရေးခန်းမကို ပြန်လာခဲ့သည်။ မာရှန်သည် တည်ငြိမ်သောမျက်နှာထားဖြင့် "ငါခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ မိုးကောင်းကင်သစ်တောကို မသွားစေနဲ့ " လို့ လျိုယွမ်အား ပြောကာ ထွက်သွားခဲ့၏။

မာရှန်သည် ကျစ်ယန်တို့နဲ့ ဝေးရာကို ရောက်တဲ့အခါဒေါသထွက်စွာမျက်လုံးဖြင့် "ငါပိုင်နက်ထဲမှာ လာသောင်းကျန်းရဲတဲ့အတွက် ပြန်ပေးဆပ်ရမယ် " လို့ ကြိမ်းဝါးလိုက်သည်။

All Chapters