← Chapters

အခန်း (၁၀၀)

Vol. 8 Ch. 100

အခန်း (၁၀၀)

Vol. 8 Ch. 100

လျိုယွမ်သည် သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ဝတ်စုံနှစ်စုံနဲ့အတူ ကျင့်စဥ်စာလိပ်တစ်ခုအား ကျစ်ယန်ကို ထုတ်ပေးလိုက်၏။ကျစ်ယန်သည် လက်ခံလိုက်ပြီး "စီနီယာအမယွမ်.....ကျွန်တော်နေမယ့်နေကရော " လို့ မေးလိုက်သည်။

ဒန်လင်းလို့ ခေါ်သော တပည့်သားတစ်ယောက်သည် ကျစ်ယန်ရဲ့ဘေးနားမှာ လာရပ်လိုက်ပြီး "စီနီယာအမယွမ်....ဒီကဂျူနီယာညီလေးကို ကျွန်တော်ပဲ လမ်းပြလိုက်ပါ့မယ်" လို့ ဝင်ပြောလိုက်၏။

လျိုယွမ်သည် ခေါင်းငြိမ့်လိုက်ပြီး "ငါလဲကိစ္စရှိတာနဲ့ အတော်ပဲ " လို့ ပြောကာ ကျစ်ယန်တို့ကို နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။ကျစ်ယန်နဲ့ ဒန်လင်းသည် နားနေဆောင်သို့ အတူလမ်းလျှောက်လာခဲ့ကြ၏။

လူသုံးယောက်သည် ကျစ်ယန်တို့နားကို ရောက်လာတဲ့အခါ ဒန်လင်းသည် ထိုလူတွေအား လက်နှစ်ဖက်ဆုပ်၍ "မင်္ဂ

လာပါ....စီနီယာအကိုဟွေ့" လို့ ရိုရိုသေသေနှုတ်ဆက်လိုက်သည်။

ချီဟွေ့သည် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး

ကျစ်ယန်ကို ကြည့်၍ "မင်းက ဂိုဏ်းသားအသစ်လား......"လို့ မေးလိုက်၏။ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "စီနီယာအကိုဟွေ့.....စောင့်ရှောက်ပေးပါအုံး "လို့ ပြောလိုက်သည်။

ချီဟွေ့သည် ကျစ်ယန်ပုခုံးအား ပုတ်လိုက်ပြီး "ရတနာရှာဖွေရေးခန်းမထဲမှာ မင်းကိုပြသာနာရှာတဲ့လူရှိရင် ငါ့နာမည်သာပြောလိုက် " လို့ ပြောကာ သူ့လူများနဲ့အတူ ထွက်ခွာသွားခဲ့၏။

ဒန်လင်းသည်လမ်းပြရင်း ချီဟွေ့အကြောင်းအနည်းငယ်ပြောပြလိုက်သည်။

ချီဟွေ့သည်လည်း မာရှန်ရဲ့တပည့်ရင်းတစ်ယောက်ဖြစ်ပြီး တတိယမြောက်တပည့်ပင်ဖြစ်၏။

မာရှန်တွင် တပည့်ရင်း ၅ယောက်သာရှိပြီး လျိုယွမ်သည် အငယ်ဆုံးတပည့်မလေးတစ်ယောက်ပင် ဖြစ်သည်။ကျစ်ယန်တို့သည် ရေကန်လေးနဲ့ နီးသော ဝါးအိမ်လေးများအနားကို ရောက်ရှိလာခဲ့၏။

ဝါးအိမ်လေးများသည် သေသပ်လှပစွာရှိနေပြီး ၁၀အိမ်လောက်သာ ရှိသည်။ရေကန်လေးထဲတွင်လည်း ရွှေငါး ငွေငါးလေးများစွာ ရှိနေခဲ့သည်။ ဒန်လင်းသည် ဝါ

းအိမ်လေးတစ်ခုရဲ့ တံခါးကို ဖွင့်လိုက်ပြီး "ဂျူနီယာညီလေး....ဒါမင်းနေရမယ့် နေရာပဲ " လို့ ပြောလိုက်၏။

ကျစ်ယန်သည် အခန်းအတွင်းကို ဝင်လိုက်သည့်အခါ ကြာပန်းသဏ္ဍာန်ရှိသော ကျင့်ကြံစရာနေရာလေးကို တွေ့လိုက်ရသည်။

ဒန်လင်းသည် နေရာပြပြီးနောက် "ဂျူနီယာညီလေး......မင်းဒီည စောစောအနားယူလိုက်တော့နော် ၊ မနက်ကြရင် မိတ်ဆက်ပွဲအခမ်းအနားကို သွားဖို့ ငါမင်းကို လာခေါ်မယ်" လို့ ပြောလိုက်၏။

မိတ်ဆက်ပွဲအခမ်းအနားဆိုသည်မှာ ပြင်ပဂိုဏ်းသားသစ်အချင်းချင်းအပြင် စီနီယာအကိုအမများနဲ့ တွေ့ဆုံပွဲတစ်ခုဆိုလဲ မမှားပေ။ ကျစ်ယန်သည် ဒန်လင်းကို နှုတ်ဆက်လိုက်ပြီး ကြာပန်းသဏ္ဍာန်နေရာလေးပေါ်တွင် လဲှအိပ်ချလိုက်၏။

ကျစ်ယန်သည် သူ့မိဘများအကြောင်းသိရဖို့ တိတ်ဆိတ်စွာဖြင့် စုံစမ်းရန် ဆုံးဖြတ်ထားသည်။ အချိန်သည် တစ်ညတာကုန်ဆုံးသွားပြီးနောက် "ဂျူနီယာညီလေး......မင်းအဆင်သင့်ဖြစ်ပြီလား " ဟုသော အသံသည် ထွက်ပေါ်လာခဲ့၏။

ကျစ်ယန်သည် အပြင်ဘက်သို့ ထွက်လာခဲ့ပြီး "စီနီယာအကိုလင်း.....ငါတို့သွားကြရအောင်" လို့ ဆိုလိုက်သည်။ ကျစ်ယန်နဲ့ဒန်လင်းသည် ခမ်းနားစွာပြင်ဆင်ထားသော ခန်းမကြီးတစ်ခုကို ရောက်ရှိလာခဲ့သည်။

ခန်းမအတွင်းတွင် လူပေါင်းများစွာ ရှိနေခဲ့ပြီး ကျစ်ယန်အားကြည့်ကာ အမျိုးမျိုးဝေဖန်နေကြ၏။ မိန်းကလေးတပည့်သားအများစုသည် ကျစ်ယန်ကို ကြည့်၍ "ဂျူနီယာမောင်လေးက ချောလိုက်တာ ၊ ငါ့ကိုသာပြန်ကြိုက်ရင် ဘယ်လောက်ကောင်းမလဲ " လို့ အချင်းချင်းပြောဆိုနေကြသည်။

လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယဲ့လျာဟုခေါ်သော မိန်းမလှလေးတစ်ဦးသည် ကျစ်ယန်ကို ကြည့်၍ "ငါ့ကိုလိုက်နှောက်ယှက် မယ့်သူ နောက်တစ်ယောက်ပေါ်လာတော့မယ်ထင်တယ် " လို့ ပြောလိုက်၏။

ကျစ်ယန်သည် ရောက်ရောက်ချင်း ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ထိုင်ခုံများရှိရာကို ကြည့်လိုက်တဲ့အခါ မိန်းမချောလေး တစ်ယောက်ကို ပြန်တွေ့လိုက်ရတဲ့အခါ သူ့စိတ်ထဲတွင် ပျော်ရွင်သဖွယ်ခံစားလိုက်ရသည်။

ကျစ်ယန်သည် သူ့အား မျက်တောင်ပင် မခတ်ဘဲ ကြည့်နေတဲ့အခါ ယဲ့လျာသည် တခြားဘက်သို့ မျက်နှာလွဲလိုက်ပြီး "ဇာတ်လမ်းကတော့ စပြီထင်တယ် " လို့ ရေရွတ်လိုက်၏။ ယဲ့လျာရဲ့ ခုံချင်းကပ်မိန်းမလှလေးသည် ပြုံးစွာဖြင့် "နောက်ဆုံးတော့ ကျွန်မရှင့်အနားမှာ နေခွင့်ရပြီ " လို့ စိတ်ထဲပင် ရေရွတ်လိုက်သည်။

အပြင်ဂိုဏ်းရှိ ယောကျာ်းသားတပည့်များစွာသည် ယဲ့လျာကို ကြည့်နေသော ကျစ်ယန်ကို ကြည့်၍ "ငါတို့ရဲ့ပြိုင်ဘက်အသစ်ပေါ်လာပြန်ပြီထင်တယ် " လို့ အချင်းချင်း ပြောဆိုလိုက်ကြ၏။

ခန်းမအတွင်းအလွန်ပင်ဆူညံနေသဖြင့် အကြီးအက​ဲတစ်ယောက်သည် သူ့စွမ်းအားအရှိန်အဝါကို ထုတ်လွင့်လိုက်ပြီး "အားလုံးတိတ်နေကြစမ်း " လို့ အသံစွမ်းအင်လှိုင်းဖြင့် ပြောလိုက်သည်။

အသံများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့၏။ ခန်းမရှေ့ဆုံးတွင် နန်ဟွမ်လို့ ခေါ်သော အကြီးအကဲတစ်ဦးသည် အားလုံးကို ဝေ့ပတ်ကြည့်လိုက်ပြီး "ဂိုဏ်းသားသစ်၆ယောက်က ဘယ်သူတွေလဲ ၊ ငါရှေ့ထွက်လာခဲ့ " လို့ ပြောလိုက်သည်။

လူအုပ်စုကြီးသည် နန်ဟွမ်စကားကို ကြားလိုက်တဲ့အခါ "ဂိုဏ်းသားသစ်က ၅ယောက်ထဲ မဟုတ်ဘူးလား "လို့ အချင်းချင်းတီးတိုးစွာ ပြောလိုက်၏။

ပြိုင်ပွဲတွင် အနိုင်ရ၍ ဂိုဏ်းသားသစ်ဖြစ်လာသော ကျစ်ယန်တို့၅ယောက်သည်

နန်ဟွမ်ရှေ့တွင် လျှပ်တစ်ပြက်ထွက်လာခဲ့သည်။

တစ်ယောက်သည် ကျန်နေခဲ့သဖြင့် ဘယ်သူဖြစ်မလဲဟု အားလုံးသည် ပတ်ကြည့်နေကြ၏။ယဲ့လျာ၏ ဘေးမှ မိန်းမလှလေးသည် တစ်ချက်ခုန်လိုက်ပြီး ကျစ်ယန်ဘေးနားတွင် ရပ်လိုက်လေသည်။ အားလုံးရဲ့ မျက်လုံးများသည် ကျစ်ယန်ဘေးရှိ မိန်းမလှလေးပေါ် ကျရောက်သွားကြ၏။

သူနားရှိ မိန်းကလေးမှာ ချောမောလှပနေလိမ့်မယ်လို့ ယဲ့လျာကပင် သတိမထားမိပေ။နန်ဟွမ်သည် သူ့ရဲ့မွေးရာပါ စွမ်းအင်

ဖြစ်သော ​သိမ်းဌက် မျက်လုံးအလင်းအားဖြင့် ၆ယောက်လုံးရဲ့ စွမ်းအား

ကို စစ်ဆေးကြည့်လိုက်သည်။

တပည့်ဂိုဏ်းသားများထဲမှ ထျန်းရှောင်လို့ ခေါ်သောသူသည် "အကြီးအကဲဟွမ်......ကျွန်တော်၁ခုလောက်တောင်းဆိုလို့ရမလား " လို့ မေးလိုက်၏။နန်ဟွမ်သည် လက်နောက်ပစ်လိုက်ပြီး "မင်းက ဘာတောင်းဆိုမလို့လဲ " ဟု ပြန်မေးလိုက်သည်။

All Chapters