အခန်း (၁၀၂)
Vol. 8 Ch. 102
ဝါးအိမ်ငယ်လေးအတွင်းတွင် ကျစ်ယန်သည် မျက်လုံးစုံမှိတ်၍ စိတ်ဝိညဥ်ကမ္ဘာငယ်အတွင်းကို ဝင်သွားခဲ့သည်။ ကျစ်ယန်သည် သိုလှောင်ကွင်းလက်စွပ်များအတွင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ အစီအရင်အဆောင်များစွာကို တွေ့လိုက်ရ၏။
ကျစ်ယန်သည် ရုတ်တရက် စာလိပ်တစ်ခုကို သတိထားမိသွားသည်။ ကျစ်ယန်သည် ဖွင့်ဖတ်လိုက်တဲ့အခါ အလံအဆောင်အစီအရင် တစ်ခုအကြောင်းရေးသားထားမှန်းတွေ့လိုက်ရ၏။ အလံအဆောင်အစီအရင် ရတနာသည် ဖုန်းတောက်ဂိုဏ်း၏ ရှေးဦးဘိုးဘေးများရဲ့ ကျင့်ကြံရေးစွမ်းအားများနဲ့ ဖန်တီးထားခြင်းဖြစ်သည်။
ကျစ်ယန်သည် သူရရှိဖူးသော အစီအရင်ရတနာထက် အဆပေါင်းများစွာအင်အားကြီးသော အလံအဆောင်အစီအရင်ရတနာအား စိတ်ဝင်စားသွား၏။သို့သော် စာလိပ်ထဲတွင် အဆောင်အစီအရင်ရှိခဲ့ကြောင်းကိုသာ ဖော်ပြထားပြီး တည်နေရာကို မဖော်ပြထားပေ။
ကျစ်ယန်သည် စာလိပ်ကို ပြန်သိမ်းလိုက်ပြီး လုံရှန်ကို ဆင့်ခေါ်လိုက်၏။ လုံရှန်သည်
ကျစ်ယန်နဘေးကို ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် အလံအဆောင်အစီအရင်တည်နေရာကို ရှာဖွေကို စေခိုင်းလိုက်သည်။
အချိန်သည် တစ်ရက်ကြာပြီးနောက် ကျစ်ယန်သည် ဝါးအိမ်ငယ်အတွင်းမှ ထွက်ခွာလာခဲ့ပြီး အကြီးအကဲဟွမ်ရှိသော နေရာကို ပျံသန်းလာခဲ့၏။ကျစ်ယန်ရောက်ရှိလာသည်နှင့် ရှို့ဟွာသည် စိတ်ထဲကပင် ပြုံးပျော်နေခဲ့သည်။
အကြီးအကဲဟွမ်သည် လူစုံသွားသည်နှင့် သူ့ရဲ့ သိုလှောင်ကွင်းလက်စွပ်အတွင်းမှ အလယ်လတ်ရှိသော ဝိညဥ်လှေကို ထုတ်လိုက်၏။ အကြီးအကဲဟွမ်သည် ဝိညဥ်လှေပေါ်သို့ ဦးစွာ ခုန်တက်လိုက်ပြီး အားလုံးကို တက်စေခိုင်းလိုက်သည်။
ဝိညဥ်လှေကြီးရဲ့ အမြန်နှုန်းသည် အလွန်ပင် မြန်ဆန်လွန်းသဖြင့် နာရီဝက်အတွင်း ကြယ်သလင်းကျောက်ပင်လယ်ကို ရောက်ရှိလာခဲ့၏။ အကြီးအကဲဟွမ်နဲ့အတူ တပည့်သားများအားလုံးသည် မြေပြင်လွတ်တစ်နေရာအား ခုန်ဆင်းလိုက်ကြသည်။
သစ်သားကုလားထိုင်လေးပေါ်တွင် ငါးမျှားချိတ်တံဖြင့် ငါးဖမ်းနေသော လူသည် "ဝင်ခွင့်တံဆိပ်ပြားမရှိဘဲ ၊ ငါ့ကို လာမနှောက်ယှက်ကြနဲ့ " လို့ ငါးဖမ်းနေရင်းပင် ပြောလိုက်၏။ ကျစ်ယန်တို့အဖွဲ့သည် တံဆိပ်ပြားများကို ကိုင်ဆောင်လိုက်၏။
အကြီးအကဲဟွမ်သည် သူ့ရဲ့ဝိညဥ်လှေပေါ်သို့ ပြန်တက်သွား၍ ပျံသန်းသွားလေသည်။ ငါးမျှားနေသော သူသည် တံဆိပ်ပြားများကို တွေ့တဲ့အခါ မီးအိမ်ငယ်သဏ္ဍာန်ရှိသောအရာကို ထုတ်၍ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်၏။
ကျစ်ယန်တို့ ကြည့်နေစဥ်မှာပဲ ရေကန်ကြီးအတွင်းမှ ၉ဆင့်ပင်ရှိသော မျှော်စင်ကြီးတစ်ခုသည် ရေပြင်ပေါ်ကို ထွက်ပေါ်လာခဲ့သည်။ မျှော်စင်ကြီးရဲ့ နာမည်ကတော့ ကြယ်သလင်းကျောက်ပင် ဖြစ်၏။
ကျစ်ယန်တို့သည် အထဲကို ခုန်ဝင်သွားခဲ့ကြ၏။ မျှော်စင်အတွင်း ရောက်လာတဲ့ကြယ်သလင်းကျောက် မျှော်စင်အကြောင်း ရေးသားဖော်ပြထားသော စာလုံးအချို့သည် နံရံပေါ်တွင် အလိုအလျောက်ထွက်ပေါ်လာခဲ့၏။
ကြယ်သလင်းကျောက် မျှော်စင်တွင် အဆင့် နဝမဆင့်ထိပင်ရှိပြီး အထပ်တစ်ထပ်စီတွင် အခန်း၃ခန်းစီသာရှိသည်။ နတ်သူငယ်အဆင့်အောက် ကျင့်ကြံသူတွေသည် မျှော်စင်ရဲ့ ပဉ္စမအထပ်ကို ကျော်လွန်၍ မကျင့်ကြံဖို့ သတိပေးထား၏။
ကျစ်ယန်သည် လင်ရှို့ဟွာအား သတိထားလေ့ကျင့်ဖို့ ပြောလိုက်ပြီး ဆဋ္ဌမအထပ်ကို လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားခဲ့သည်။ ကျစ်ယန်သည် ပထမဆုံးအခန်းကို ဖွင့်လိုက်ခင်မှာပဲ အခန်းဝကို ပိတ်ဆို့ထား သော အပြာရောင်လျှပ်စီးအကာအကွယ်ကို တွေ့လိုက်ရ၏။
သို့သော် ကျစ်ယန်သည် အကာအကွယ်အား အလွယ်တကူပင် တိုးဝင်သွားခဲ့သည်။
ကျစ်ယန်သည် အကာအကွယ်ကို တိုးဖောက်ပြီးတဲ့အခါ စွမ်းအားအရင်းအမြစ်ကျယ်ပြားလှသော ကြယ်သလင်းကျောက်ပင်လယ်ရဲ့ အောက်ခြေတစ်နေရာကို ရောက်ရှိလာခဲ့၏။
ကျစ်ယန်သည် စိတ်ဝိညဥ္အာရုံကို ဖြန့်ကျက်ကြည့်လိုက်တဲ့အခါ အနီးအနားတစ်ဝိုက်တွင် ကျင့်ကြံနေသော လူအနည်းငယ်ရှိမှန်း သိရှိသွားခဲ့၏။ ကျစ်ယန်သည်
နတ်သူငယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်၍ အဆင့်တစ်ဆင့်ကို ထိုးဖောက်ရန် သာမန်ကျင့်ကြံလျှင် အချိန်များစွာ ကုန်ဆုံးမည်ဖြစ်သည်။
ကျစ်ယန်သည် ငြိမ်သက်စွာအနေအထားဖြင့် ကြယ်သလင်းကျောက်ပင်လယ်အတွင်းရှိ အရင်းအမြစ်များစွမ်းအင်များကို စုပ်ယူ
ကြည့်လိုက်၏။ ကျစ်ယန်သည် တခဏလေးအတွင်း စွမ်းအားများစွာ စုပ်ယူနိုင်လိမ့်မည်လို့ မထင်ထားပေ။
ကြယ်သလင်းကျောက်ပင်လယ်အတွင်းရှိ
ချီစွမ်းအင်များစွာသည် ကျစ်ယန်ရဲ့ဒန်တျန်အတွင်းသို့ ဒလဟောဝင်ရောက်လာခဲ့၏။
အနီးတဝိုက်တွင် ကျင့်ကြံနေသော နတ်သူငယ်အဆင့်အကြီးအကဲများသည်
ရုတ်တရက် ချီစွမ်းအားများနည်းပါလာသည်ကို ခံစားသိရှိသွားခဲ့သည်။
အချိန်သည် ၁ပတ်ပင် ကြာပြီးတဲ့နောက် ကျစ်ယန်သည် ကြယ်သလင်းကျောက်ပင်လယ်အတွင်းမှ ထွက်ခွာလာခဲ့၏။ ကျစ်ယန်သည် ကံကောင်းစွာဖြင့် နတ်သူငယ်အဆင့်၄ကို ထိုးဖောက်နိုင်မယ်လို့ မမျှော်လင့်ထားပေ။
ကျစ်ယန်သည် ပြင်ပဘက်တွင် သူ့အားရပ်စောင့်နေသော လင်ရှိုဟွာကို တွေ့လိုက်ရ၏။ လင်ရှို့ဟွာသည် အရေးကြီးကိစ္စပြောစရာရှိ၍ သူ့နောက်လိုက်ခဲ့ဖို့ ပြောလိုက်သည်။ လေများပြင်းထန်စွာ တိုက်နေသော သစ်ပင်ကြီးအောက်တွင် ကျစ်ယန်တို့၂ယောက် တည်ရှိနေခဲ့၏။
ကျစ်ယန်သည် တည်ငြိမ်စွာအသံနဲ့ပင် " ဒါဆို မင်းက သားရဲမိစ္ဆာခေါင်းဆောင်ကို လာရှာတာပေါ့ " လို့ ပြောလိုက်သည်။ လင်ရှို့ဟွာသည် ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲတွင် "ရှင်ကြောင့် ရှိနေတယ်ဆို ပိုမှန်လိမ့်မယ် " လို့ ဆိုလိုက်၏။
လင်ရှို့ဟွာသည် ကျစ်ယန်အား နှုတ်ဆက်လိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ကျစ်ယန်သည် ပြန်တော့မည်ချိန်တွင် လုံရှန်ထံမှ အလံအဆောင်အစီအရင်ရဲ့ တည်နေကို သိလိုက်ရ၏။ ကျစ်ယန်သည် ချက်ချင်းပင်ပျံသန်းလိုက်ပြီး အပြင်ဂိုဏ်းရှိ အစီအရင်ခန်းမ ကို ဦးတည်လာခဲ့သည်။
အစီအရင်ခန်းမနားကို ရောက်လာတဲ့အခါ
ကျစ်ယန်သည် စိတ်ဝိညဥ်စွမ်းအားဖြင့် နေရာတစ်ခုအား စစ်ဆေးလိုက်၏။ အစီအရင်ခန်းမရဲ့ မြေအောက်တစ်နေရာတွင် ရပ်တန့်စွာရှိနေသော အနက်ရောင်အလံတစ်ခုရှိနေခဲ့သည်။
အလံရဲ့ ဘေးပတ်လည်တွင် အထပ်ထပ်ကာရံထားသော အဆင့်၄အထက်ရှိသော အသက်ဝင်နေသည့် အဆောင်အစီအရင်များစွာကို မြင်တွေ့လိုက်ရ၏။ ကျစ်ယန်သည် တစွတ်ထိုးဝင်ဖို့စိတ်ကူးမရှိပေ။
ကျစ်ယန်သည် အစီအရင်ခန်းမအတွင်းကို ဝင်လာခဲ့၏။ အဝါရောင်ဝတ်ဆင်ထားသော ချူလန်လို့အမည်ရှိသူသည် ကျစ်ယန်နားကို ရောက်ရှိလာခဲ့ပြီး "ဒီနေရာက မင်းကို မကြိုဆိုဘူး " လို့ ခပ်တင်းတင်းပဲ ပြောလိုက်သည်။
ချူလန်ရဲ့နောက်ကို ရောက်ရှိလာသောမိန်းမလှလေးသည် ကျစ်ယန်ပခုံးကို ကိုင်လိုက်ပြီး "ဂျူနီယာမောင်လေးက အစီအရင်ခန်းမကို လာတာ ကိစ္စရှိလို့လား " လို့ ချွဲနွဲစွာပင် ပြောလိုက်၏။ ချူလန်သည် ဒေါသထွက်သွားပင်မယ့် မိန်းမလှလေးယဲ့လျာရဲ့စကားကို ဖြတ်မပြောရဲပေ။