အခန်း (၁၀၃)
Vol. 8 Ch. 103
ကျစ်ယန်သည် အစီအရင်ပညာတစ်ချို့ လာရောက်လေ့လာကြောင်း ပြောလိုက်၏။
ဖုန်းတောက်ဂိုဏ်းတွင် စည်းကမ်းချက်တစ်ခုရှိသည် ။ မည်သည့်ခန်းမတပည့်မဆို ခန်းမတိုင်းမှာ ပညာလေ့လာနိုင်ခွင့်ရှိခြင်းဖြစ်၏။
ယဲ့လျာသည် ပြုံးလိုက်ပြီး "ဂျူနီယာမောင်လေးက အစီအရင်ပညာကိုလဲ စိတ်ဝင်စားမယ်လို့ မထင်ထားမိဘူး " လို့ ဆိုလိုက်သည်။ ရုတ်တရက် လူတစ်ယောက်ရဲ့ သတိပေးအော်သံသည် ထွက်ပေါ်လာခဲ့၏။
ကျစ်ယန်သည် အသံကို ကြားလိုက်သော်လည်း ဘာကိုဆိုလိုသည်ကို နားမလည်ပေ။
ယဲ့လျာသည် သူ့ရဲနားလည်နိုင်စွမ်းကို ဖော်ပြဖို့ အချိန်ရောက်လာသဖြင့် "ဂျူနီယာမောင်လေး....နင်ရောက်လာတာအချိန်ကောင်းပဲ " လို့ ဆိုကာ သူနဲ့အတူ လိုက်ခဲ့ဖို့ ကျစ်ယန်ကို ခေါ်သွားခဲ့၏။ အပြင်ဂိုဏ်းရဲ့အချောအလှလေးနဲ့အတူတွဲသွားနေသောအခါ အများစုသည် ကျစ်ယန်အား မနာလိုကြပေ။
ကျစ်ယန်သည် ယဲ့လျာနဲ့အတူ လူများစွာစုစည်းရှိနေသော ခန်းမတစ်ခုထဲကို ရောက်ရှိလာခဲ့၏။ အင်္ကျီအနီရောင် ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်သည် အားလုံးရဲ့ရှေ့တွင် ရှိနေခဲ့ပြီး "မင်းတို့အားလုံး အဆင့်သင့်ဖြစ်ပြီးလား...." လို့ မေးလိုက်သည်။
အားလုံးသည် အားတက်စွာဖြင့် အဆင့်သင့်
ဖြစ်ကြောင်း အော်ဟစ်လိုက်ကြ၏။ ယဲ့လျာသည် အစီအရင်ခန်းမရဲ့ စမ်းသပ်ပွဲအကြောင်းရှင်းပြလိုက်သည်။ အစီအရင်ခန်းမတွင် ဘိုးဘေးများဖန်တီးခဲ့သော အစီအရင်ဝင်္ကပါဟု ခေါ်သည့် နယ်မြေတစ်ခုရှိ၏။
အစီအရင်ခန်းမ၏ တပည့်သားများသည်
အစီအရင်ဝင်္ကပါနယ်မြေကို ဝင်၍ အစီအရင်အကြောင်း လေ့လာကြခြင်းပင် ဖြစ်သည်။ အစီအရင်ဝင်္ကပါထဲရှိ ဖန်တီးထားသော အစီအရင်များကို တစ်ကြိမ်ထပ် ပိုစမ်းသပ်ဖို့ ခွင့်မပြုထားပေ။
အကြီးအကဲကြီးသည် သူ့ရဲ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ကျစ်ယန်တို့အောက်တွင် လည်ပတ်နေသော အစီအရင်တစ်ခုပေါ်ထွက်လာခဲ့ပြီး အစီအရင်ဝင်္ကပါနယ်မြေကို ကူးပြောင်းသွားခဲ့၏။
ကျစ်ယန်သည် အစီအရင်ဝင်္ကပါထဲသို့ ရောက်သည်နဲ့ စိတ်ဝိညဥ်စွမ်းအားဖြင့် ထောက်လှမ်းစစ်ဆေးလိုက်သည်။ ကျစ်ယန်သည် သူ့ရောက်ရှိလာသောနေရာမှ အလံအဆောင်အစီအရင်ရှိသောနယ်မြေမှန်း သိလိုက်ရ၏။
ကျစ်ယန်သည် လျှပ်တစ်ပြက်အတွင်းပဲ ကိုယ်ပွားအား ချန်ထားခဲ့လိုက်ပြီး အလံအဆောင်အစီအရင်နားကို ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအားဖုံးကွယ်ထားခဲ့၏။
ကျစ်ယန်သည် အချိန်ဆွဲမနေဘဲ အလံအစီအရင်ကို ကာရံထားသော ဖျက်စီးခြင်းအစီအရင်များကို အလွယ်တကူ ပျက်စီးပျောက်ကွယ်အောင်လုပ်လိုက်သည်။ အစီအရင်ခန်းမရှိ အကြီးအကဲများသည် ပုံရိပ်ထင်သလင်းကျောက်ကို ကြည့်၍ ကျစ်ယန်ရဲ့လှုပ်ရှားမှုများကို သတိထားမိသွား၏။
ကျစ်ယန်သည် အစီအရင်ပေါင်းများစွာကို
အချိန်ပိုင်းဖျက်ဆီးနိုင်မယ်လို့ မထင်ထားကြပေ။ အိုလုရန်လို့ခေါ်သော အကြီးအကဲတစ်ယောက်သည် "မင်းတို့ထဲမှာ အဲ့တစ်ယောက်ကို သိတဲ့လူရှိလား " လို့ မေးလိုက်၏။
အိုလုရန်ရဲ့အသံကို ကြားလိုက်တဲ့အခါ ကျန်အကြီးအကဲများသည် တစ်ပြိုင်နက် ငြင်းလိုက်သည်။ အိုလုရန်သည် ပုံရိပ်ထင်သလင်းကျောက်ထဲတွင် ပေါ်နေသော ကျစ်ယန်ကို ကြည့်၍ " ဂိုဏ်းအကြီးအကဲတွေထဲမှာတောင် အစီအရင်ကို သူ့လောက်နားလည်မယ့်သူ မရှိသေးဘူးထင်တယ် " လို့ ပြောလိုက်၏။
အိုလုရန်ရဲ့စကားကို ကြားလိုက်တဲ့အခါ ကျန်အကြီးအကဲများသည် အစီအရင်ဝင်္ကပါအတွင်းကို ပြင်ပလူရောက်နေမှန်းသိလိုက်ရသည်။ အကြီးအကဲများသည် ချက်ချင်းပင်လှုပ်ရှားဖို့ ပြင်လိုက်သော်လည်း အိုလုရန်သည် မလှုပ်ရှားခိုင်းခဲ့ပေ။
အစီအရင်များမှာ ပိုသန်မာလာမှာဖြစ်သ၍ ကျစ်ယန်မှာ မကြာခင် လက်လျော့တော့မည်ဟု အိုလုရန်သည် ယုံကြည်ချက်ရှိနေခြင်းဖြစ်၏။ သို့သော် မိနစ်အနည်းငယ်အတွင်းရာချီသော အစီအရင်များမှာ ပျက်စီးပျောက်ကွယ်သွားပြီ ဖြစ်သည်။
အိုလုရန်သည် တဖြည်းဖြည်း မျက်နှာပျက်လာခဲ့ပြီး တစ်စုံတစ်ရာကို စဥ်းစားမိသွားပြီး "မဟုတ်မှလွဲရော အဲ့လူက အဲ့တာကိုယူဖို့ စဥ်းစားနေတာလား " လို့ ရေရွတ်လိုက်၏။
အိုလုရန်သည် ချက်ချင်းပင် အကြီးအကဲတစ်ချို့ကို စေလွှတ်လိုက်ပြီး ကျစ်ယန်အနားတွင် အခြေအနေသာ စောင့်ကြည့်ခိုင်းလိုက်သည်။ ကျစ်ယန်သည် အစီအရင်များကို ဖြေရှင်းနေချိန်အတွင်း သူ့အနီးနားရောက်ရှိလာသော အငွေ့အသက်တစ်ချို့ကို ခံစားလိုက်ရ၏။
ကျစ်ယန်သည် ဂရုစိုက် မနေဘဲ အစီအရင်ပေါင်းထောင်ကျော်ဖျက်ဆီးပြီးတဲ့နောက်
အလံအဆောင်အစီအရင်ထံကို ရောက်ရှိလာခဲ့သည်။ အလံအဆောင်အစီအရင်သည် အသက် မဲ့နေသည်မှာ နှစ်ပေါင်းသောင်းချီနေပြီ ဖြစ်၏။
ကျစ်ယန်သည် သူ့အားအသုံးချ၍ှ အလံအဆောင်အစီအရင်ကို လုယူရန်ကြိုးစားဖို့ စောင့်နေသော လူတစ်ချို့ရောက်နေမှန်းသိသော်လည်း အေးဆေးပင် အလံအဆောင်အစီအရင်ကို အသက်သွင်းဖို့ ကြိုးစားလိုက်သည်။
နာရီပိုင်းအနည်းငယ်ကြာပြီးနောက် အနက်ရောင်အလံအဆောင်အစီအရင်ကြီးသည် ရပ်တန့်နေရာမှ စတင်အဆက် မပြတ်လည်ပည်လာခဲ့၏။ အိုလုရန်သည် အံ့အားသင့်စွာအနေထားဖြင့် "အထွတ်အထိပ်အဆင့်အစီအရင်ဆရာလား " ရေရွတ်လိုက်သည်။
အိုလုရန်သည် ကျစ်ယန်ကို ပြသာနာမရှာချင်သော်လည်း ဂိုဏ်းအမွေအနှစ်ကို တခြားလူထံမထည့်ပေးလိုပေ။ ကျစ်ယန်သည် အလံအဆောင်အစီအရင်ကို အသုံးမပြုနိုင်သေးသဖြင့် ထည့်သိမ်းလိုက်ပြီး ထွက်ခွာဖို့ ဟန်ပြင်ချိန်တွင် အိုလုရန်နဲ့အတူ အကြီးအကဲများစွာသည် ကျစ်ယန်ရဲ့အနီးကပ်ဆုံး ကောင်းကင်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။
အိုလုရန်သည် တည်ငြိမ်စွာအနေအထားဖြင့် "ငါတို့ရဲ့ဘိုးဘေးအမွေနှစ်ကို ပြန်ထားခဲ့ရင် မင်းဒီနေရာက အေးဆေးထွက်သွားနိုင်ဖို့ ငါအာမခံတယ် " လို့ ဆိုလိုက်၏။ မျက်နှာဖုံးတပ်ဆင်ထားသော ကျစ်ယန်သည် အေးစက်စွာလေသံဖြင့် "မင်းတို့အဆင့်နဲ့ ငါ့ကို တားနိုင်မယ်ထင်နေတာလား....." လို့ ဆိုကာ အသူရာနတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
အကြီးအကဲကြီးများအားလုံးသည်
ကြောက္မက္ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဆန္ဒကို ခံစားလိုက်ရ၏။ ကျစ်ယန်မှာ အလွန်ပင်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားကြပေ။
အိုလုရန်နောက်ရှိ အကြီးအကဲတစ်ချို့သည် ကျစ်ယန်အား လွှတ်ပေးလိုက်ဖို့ တီတိုးတောင်းဆိုလိုက်ကြ၏။ အိုလုရန်သည်လည်း မတက်နိုင်တဲ့အဆုံး "ကျွန်တော်တို့ကို ခွင့်ပြုပါအုံး....." လို့ ပြောကာ ပျောက်ကွယ်သွားခဲ့သည်။