အခန်း (၁၀၄)
Vol. 8 Ch. 104
ကျစ်ယန်သည်လည်း လျှပ်တစ်ပြက်အတွင်းပင် ပျောက်ကွယ်သွားခဲ့ပြီး ကိုယ်ပွားခန္ဓာကိုယ်နဲ့ ပြန်လည်ပေါင်းစပ်လိုက်၏။ ကျစ်ယန်သည် လူအများရှိရာထံသို့ ပြန်လည်ရောက်ရှိသည်နှင့် အရေးပေါ်အချက်ပေးသံထွက်ပေါ်လာတဲ့အတွက်
အစီအရင်ဝင်္ကပါ နယ်မြေထဲမှ ထွက်ခွာလာကြရသည်။
အပြင်ဘက်သို့ ရောက်ရှိသည်နှင့် ကျစ်ယန်သည် ယဲ့လျာအား နှုတ်ဆက်၍ ပြန်လည်ထွက်ခွာလာခဲ့၏။ ကျစ်ယန်သည် ဝါးအိမ်ငယ်အတွင်းကို ပြန်ရောက်ရှိလာသည်နှင့် စိတ်ဝိညဥ်ကမ္ဘာငယ်အတွင်းကို ဝင်လိုက်သည်။
ကျစ်ယန်သည် အလံအဆောင်အစီအရင်ကို ထုတ်လိုက်ပြီး စစ်ဆေးကြည့်လိုက်၏။
ကျစ်ယန်သည် သွေးဝိညဥ်မျှင်လေးတစ်ခုကို အလံအဆောင်အစီအရင်ထဲသို့ ထည့်သွင်းလိုက်သည်။ ကျစ်ယန်သည် အလံအဆောင်အစီအရင်လက်နက်ကို ပြန်သိမ်းထားလိုက်ပြီး ကျင့်ကြံမှုအဆင့်မြှင့်တင်ဖို့ နည်းလမ်းရှာဖို့ ဆုံးဖြတ်လိုက်၏။
နတ်သူငယ်အဆင့်၄လောက်နဲ့ သူ့မိဘများအကြောင်းစုံစမ်းဖို့ မဖြစ်နိုင်သေးဘူးလို့ သတ်မှတ်ထားခြင်းဖြစ်သည်။ ရုတ်တရက် ပေါက်ကွဲသံတစ်ချို့ကို ကြားလိုက်ရတဲ့အခါ ဂိုဏ်းသားအများစုသည် ပြင်ပကို ထွက်ရှိလာကြ၏။
ကျစ်ယန်သည် အဂ္ဂိရတ်မှော်ဆေးဖက်ဝင်ထဲတွင် ပါသော နတ်ဘုရားအသွင်ပြောင်း
အသီးကို ကောင်းကင်ယံတွင် တွေ့လိုက်ရလိုက္မယ္လို့ မထင်ထားခဲ့ပေ။နတ်ဘုရားအသွင်းပြောင်းအသီးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ပျောက်ကွယ်သွားခဲ့ပြီး ဒဏ္ဍာရီသဖွယ်သာ ဖြစ်ခဲ့ခြင်းပင် ဖြစ်၏။
စက္ကန့်ပိုင်းအတွင်းမှာပဲ နတ်ဘုရားအသွင်ပြောင်းအသီးဝန်းကျင်တွင် တိုက်ခိုက်နေသော လူတချို့ထွက်ပေါ်လာခဲ့သည်။ တိုက်ခိုက်နေသောသူများသည် အတွင်းဂိုဏ်းအကြီးအကဲများဖြစ်နေလိမ့်မည်လို့ ဘယ်သူမှ မထင်ထားပေ။
ဂိုဏ်းသားများအားလုံးစုဝေးနေချိန်တွင်
"မင်းတို့အားလုံး တော်သင့်ပြီ....." ဟုသော အသံစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ တိုက်ခိုက်နေသော အကြီးအကဲများသည် ထိုအသံကြားသည်နှင့် ချက်ချင်းပင် ရပ်တန့်သွားခဲ့ပြီး "ဂိုဏ်းချူပ်ကို နှုတ်ဆက်ပါတယ် " လို့ ဆိုကာ ဂါဝရပြုလိုက်ကြသည်။
နတ်သူငယ်အဆင့်၇ရှိသော ရှန်းထန်းယွင်သည်လေထဲတွင်လွင့်မျောနေသော နတ်ဘုရားအသွင်ပြောင်းအသီးကို ကိုင်လိုက်ပြီး "ဒီနတ်ဘုရားအသွင်ပြောင်းအသီးကို လာမယ့်ဂိုဏ်းသခင်ပြိုင်ပွဲမှာ ထူးချွန်တဲ့ဂိုဏ်းသားကို ပေးဖို့ ငါဆုံးဖြတ်လိုက်ပြီ ၊ ဘယ်သူ မကျေနပ်တာရှိလဲ" လို့ ပြောလိုက်၏။
အကြီးအကဲအားလုံး မျက်နှာပျက်သွားသည်။ သို့သော် ရှန်းထန်ယွင်အား ကလန်ကဆန် မလုပ်ရဲပေ။ ဂိုဏ်းသခင်ပြိုင်ပွဲသည် နတ်ဘုရားအမွေအနှစ်နယ်မြေကို ဝင်ရောက်နိုင်ဖို့ တစ်ခြားဂိုဏ်းများနဲ့ ယှဥ်ပြိုင်ပွဲပင် ဖြစ်သည်။
အကြီးအကဲများရဲ့ အသံမထွက်လာတဲ့အခါ ရှန်းထန်ယွင်သည် အသွင်ပြောင်းနတ်ဘုရားအသီးကို သိမ်းလိုက်ပြီး "မင်းတို့အားလုံးသဘောတူမှတော့ ဒီကိစ္စကို ဒီမှာတင် ရပ်ပြီး လူစုခွဲလိုက်ကြတော့ " လို့ ရေရွတ်ကာ အားလုံးရှေ့တွင် ပျောက်ကွယ်သွားခဲ့၏။
ကျစ်ယန်သည် နတ်သူငယ်အဆင့်၇စွမ်းအားရဲ့ ဖိအားကို ခံစားလိုက်ရသဖြင့် ဒီထက်ပိုလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ရုတ်တရက် ကျစ်ယန်သည် တစ်စုံတစ်ယောက်အန္တရာယ်ရှိနေသည်ကို အလိုလိုပင် ခံစားလိုက်ရ၏။ ကျစ်ယန်သည် စိတ်ဝိညဥ်တစ္ဆေကျင့်စဥ်ဖြင့် ဖုန်းတောက်ဂိုဏ်းတစ်ခုလုံးအား ထောက်လှမ်းစစ်ဆေးကြည့်လိုက်သည်။
တောအုပ်တစ်ခုတွင် ဖုန်းတောက်ဂိုဏ်း၏ အတွင်းဂိုဏ်းအကြီးအကဲ၃ယောက်နဲ့တပည့်သား တချို့သည် မိန်းကလေး ၂ယောက်သားကို ဝိုင်းရံထား၏။လင်းချန်လို့ခေါ်သော အကြီးအကဲသည် ဒေါသထွက်စွာလေသံဖြင့် "နင်တို့၂ယောက်ခေါင်းမာနေမှာတော့ ငါအစွမ်းပြရသေးတာပေါ့ " လို့ အော်ဟစ်လိုက်သည်။
ဟန်ချီလို့ခေါ်သော မိန်းကလေးငယ်သည်
ဒဏ်ရာရရှိထားသော်လည်း စွမ်းအားများကို သူ့ ဓားကျောက်နက်ထဲသို့ တွန်းပို့လိုက်ပြီး " အတွင်းဂိုဏ်းအကြီးအကဲတွေက ခုလောက်ထိ ယုတ်မာလိမ့်မယ် မထင်ထားဘူး......." လို့ ဆိုလိုက်၏။
လင်းချန်ဘေးမှ အကြီးအကဲကုန်စွန်းအန်သည် စိတ်မရှည်စွာဖြင့် "အကို၃....မင်းစွမ်းအားကို သူတို့အတွက်နဲ့ ဖြုန်းတီးရာ မကျဘူးလား ၊ ယွမ်လင်တို့ကိုပဲ ဖြေရှင်းခိုင်းလိုက်ပါ " လို့ ဆိုလိုက်သည်။
ယွမ်လင်ဆိုသည်မှာ အတွင်းစည်း တပည့်သားများပင် ဖြစ်ပြီး နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူများပင် ဖြစ်၏။ လင်းချန်သည် ခေါင်းငြိမ့်လိုက်ပြီး "အဲ့ကောင်မ၂ယောက်လုံး.... မလွတ်စေနဲ့" လို့ဆိုကာ ယွမ်လင်တို့အဖွဲ့အား ဖြေရှင်းခိုင်းလိုက်သည်။
လင်ရှို့ဟွာသည် သူ့ရဲ့စွမ်းအားကို သိုဝှက်ထားဖို့ မဖြစ်နိုင်တော့တဲ့အတွက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ယွမ်လင်နဲ့ အပေါင်းအပါတသိုက်သည် နတ်ဝိဇ္ဇာအဆင့်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီး မြေပြင်တွင်ရှိနေသော လင်ရှို့ဟွာနဲ့ဟန်ချီရဲ့ ထွက်ပေါက်အရပ်များကို ပိတ်ဆို့လိုက်သည်။
ယွမ်လင်သည် သူ့ရဲ့လက်နက်ဖြစ်သော
ဧကရာဇ်ဆူးချွန်ကို လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်ပြီး "ဟန်ချီကို ငါ့တာဝန်ထားလိုက်" လို့ ဆို၍ စတင်တိုက်ခိုက်လိုက်၏။ ကျန်ရှိသော၆ယောက်သည် သူ့တို့ရဲ့ဓားများကို ထုတ်လိုက်ပြီး "နတ်ဓားဧကရာဇ်အစီအရင်......" လို့ ဆိုကာ ဓားများကို လေပေါ်ပစ်သွင်းလိုက်သည်။
ဓားများသည် ချက်ချင်းပင်လေပေါ်သို့ ရောက်ရှိတဲ့အခါ ပျောက်ကွယ်သွားပြီး ဧရာမမိုးကြိုးလျှပ်စီးဓားအဖြစ်သို့ အသွင်ပြောင်းသွား၏။ နတ်ဝိဇ္ဇာကျင့်ကြံသူ၆ယောက်သည် သူတို့လက်ချောင်းကို တစ်ပြိုင်နက်လှုပ်ရှားလိုက်တဲ့အခါ မိုးကြိုးလျှပ်စီးဓားကြီးသည် ကောင်းကင်ယံမှ လင်ရှို့ဟွာထံသို့ ကျရောက်လာခဲ့သည်။
လင်ရှို့ဟွာသည် သူ့ရဲ့ကြာပွတ်ကို ထုတ်ကာ ခုခံတိုက်ခိုက္မည့် ချိန်တွင် သွေးနီရောင်လျှပ်စီးမျှင်တစ်ခု လျှပ်တစ်ပြက်လာခဲ့ပြီး မိုးကြိုးလျှပ်စီးဓားထံသို့ ရောက်ရှိသွားကာ လေဟာနယ်အတွင်းမှာပဲ ဖျက်ဆီး ပစ်လိုက်၏။
လင်းချန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး "ငါ့ကိစ္စကို ဘယ်သူနှောက်ယှက်ရဲတာလဲ....." လို့ အော်ဟစ်ကြိမ်းဝါးလိုက်သည်။ ကျစ်ယန်သည် လင်ရှို့ဟွာနဘေးရှိ လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပေါ်လာခဲ့ပြီး "မင်းဒဏ်ရာရသွားသေးလား....." လို့ မေးလိုက်၏။
လင်ရှို့ဟွာသည် လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသော ကျစ်ယန်ကို မြင်လိုက်ရတဲ့အခါ ဝမ်းသာ၍သွားပြီး အရာရာပြည့်စုံသလို ခံစားရလိုက်သည်။
လင်ရှို့ဟွာသည် အေးဆေးစွာပင် "ရှို့ဟွာ.....အဆင်ပြေပါတယ် " လို့ ဆိုလိုက်သည်။