← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်ပြီးတခြားတဖက်လှည့်လိုက်တဲ့အခါမှာတော့ အေးစက်သော မျက်နှာအသွင်သို့ ပြောင်းလဲသွားခဲ့ကာ "မင်းတို့မထိသင့်တဲ့အရာကို ထိမိတဲ့အတွက်....သေသင့်တယ်" လို့ ရေရွတ်ပြီး နဖူးစက္မှ အနီရောင်လျှပ်စီးသွေးမျှင်တန်းတစ်ခုကို စေလွှတ်လိုက်၏။

အနီရောင်လျှပ်စီးသွေးမျှင်တန်းသည် ၁စက္ကန့်အတွင်း ယွမ်လင်တို့ အဖွဲ့ရှိကို လျှပ်စီးကဲ့သို့ ရောက်ရှိသွားသည်။ ကောင်းကင်ယံတွင်ရှိနေသော လင်းချန်တို့၃ယောက်သည်

ယွမ်လင်တို့ သေဆုံးသွားတဲ့အခါ ဒေါသများပေါက်ကွဲထွက်သွားခဲ့ပြီး သတ်ဖြတ်ခြင်းဆန္ဒများထွက်ပေါ်လာခဲ့၏။

ကုန်စွန်းအန်သည် သူ့ရဲ့ငါးဆူးချွန်ကတ်ကြေးလက်နက်ကြီးအား ထုတ်လိုက်ပြီး "နတ်ဘုရားဆင်းကယ်မယ်ဆိုရင်တောင် ငါမင်းကို မရရအောင် သတ်ပစ်မယ် " လို့ ကြိမ်းဝါးလိုက်သည်။

ကုန်စွန်းအန်သည် စကားဆုံးသည်နှင့် ငါးဆူးချွန်ကတ်ကြေးကို အသက်သွင်းလိုက်တဲ့အခါ မီးခိုးစိမ်းရောင်ရှိသည့် ဧရာမငါးဆူးချွန်ကတ်ကြေးကြီးသည် လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာ၏။

ကုန်စွန်းအန်သည် သူ့စွမ်းအားများကို စုစည်းလိုက်ပြီး ""အကို၃ ၊ အကို၂.......အဲ့ကောင်ကို ငါကိုယ်တိုင် သတ်ခွင့်ပေးပါ...... "လို့ ဆိုပြီး ဧရာမငါးဆူးချွန်ကတ်ကြေးကြီးကို ကျစ်ယန်ထံကို ပစ်သွင်းတိုက်ခိုက်လိုက်သည်။

ဟန်ချီနဲ့ လင်ရှို့ဟွာသည် ​ ဧရာမငါးဆူးချွန်ကတ်ကြေးကြီးထံမှ အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများကို ခံစားလိုက်ရ၏။ လင်ရှို့ဟွာသည် တည်ငြိမ်နေရာမှ ​သတ်ဖြတ်တော့မည့် မျက်နှာအသွင်ကို ပြောင်းလဲကာ "ရှင့်ကိုဘယ်သူမှ မထိစေရဘူး......" ဆိုကာ ကျစ်ယန်နားကို လျှပ်တစ်ပြက် ရောက်ရှိသွားသည်။

ကျစ်ယန်သည် လက်တစ်ဖက်ဖြင့် လင်ရှို့ဟွာကို သူ့နောက်ကျောကို ပို့လိုကိပြီး " ငါတစ်ယောက်ထဲ သူတို့ကို သတ်နိုင်တယ် " လို့ ဆိုလိုက်၏။ လင်ရှို့ဟွာသည် ကျစ်ယန်စကားကို နားထောင်ကာ နောက္မှ နေလိုက်သော်လည်း တိုက်ခိုက်ဖို့ စွမ်းအားကို အဆင်သင့်ပြင်ထားလိုက်သည်။

ကျစ်ယန်သည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အလံအဆောင်အစီအရင် ရတနာကို ထုတ်လိုက်ပြီး လက်ချောင်းများကိုလျင်မြန်စွာ လှုပ်ရှားလိုက်၏။ ဧရာမငါးဆူးချွန်ကတ်ကြေးကြီးသည် ကျစ်ယန်အနားကို ရောက်ရှိချိန်တွင် အလံအစီအရင်ထဲမှ မီးခိုးမြူများထွက်ပေါ်လာခဲ့ပြီး ငါးဆူးချွန်ကတ်ကြေးကြီးအား စက္ကန့်ပိုင်းအတွင်း ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။

ကုန်စွန်းအန်သည် ကြောင်အ၍ သွားပြီး "ဘယ်လိုလုပ်ပြီး.....ဒီကောင်က နီယွမ်းအစီအရင်လက်နက်ကို ရထားတာလဲ " လို့ ဒေါသထွက်စွာ အော်ဟစ်လိုက်၏။ လင်းချန်သည် ရုတ်တရက် မကောင်းသော အငွေ့အသက်ကို ခံစားရလိုက်ချိန်တွင် နဂါးသဏ္ဍာန်ရှိသော မီးခိုး​ေရာင်မြူခိုးများသည် သူတို့၃ယောက်လုံးရဲ့ ခန္ဓာကိုယ်အား ချုပ်နှောင်သွားပြီဖြစ်သည်။

လင်းချန်တို့ ၃ယောက်လုံးသည် နတ်သူငယ်အဆင့်စွမ်းအားဖြင့် နဂါးသဏ္ဍာန်မီးခိုးရောင်မြူခိုးများကို ဖျက်ဆီးပစ်နိုင်မည်အထင်ဖြင့် ကြိုးစားလိုက်ကြ၏။သို့သော် ၃ယောက်လုံးသည် စွမ်းအင်များပါမကျန် ချိတ်ပိတ်ခံရလိမ့်မယ်လို့ မထင်ထားကြပေ။

ကျစ်ယန်သည် သူတို့၃ယောက်ရဲ့ ရှေ့ကို လျှပ်တစ်ပြက် ရောက်ရှိလာခဲ့တဲ့အခါမှာတော့ လင်းချန်တို့ ၃ယောက်သည် ရွေးချယ်စရာမရှိတော့သည့်အတွက် သွေးဝိညဥ်တစ်စက်အား နဖူးအတွင်းမှ ထုတ်လိုက်ကြပြီး အသက်ရှင်ချမ်းသာပေးဖို့ တောင်းဆိုကြလေသည်။

အောက်ဘက်တွင် ရှိနေသော ရှို့ဟွာကတော့ ကျစ်ယန်သည် ဒီအခြေအနေထိ

တက်လှမ်းနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ကျစ်ယန်သည် ၃ယောက်လုံးရဲ့ သွေးဝိညဥ်ကို ချိတ်ပိတ်သိမ်းတည်းလိုက်ပြီးနောက် လင်းချန်တို့ ၃ယောက်သည် ကျစ်ယန်အား ဂါဝါရပြုလိုက်ကြပြီး "ကျွန်တော်တို့အသက်ကို ချမ်းသာပေးတဲ့အတွက် သခင်ကို ကျေးဇူးတင်ပါတယ် " လို့ ရေရွတ်လိုက်ကြ၏။

ကျစ်ယန်သည် ခေါင်းငြိမ့်လိုက်ပြီး ဒီနေရာက ထွက်သွားဖို့ စေခိုင်းလိုက်သည်။ကျစ်ယန်သည် ရှို့ဟွာအနားကို ပြန်ဆင်းသက်လာခဲ့ပြီး "ငါတို့လဲ သွားကြရအောင်...." လို့ ပြောကာ ထွက်ခွာလာခဲ့ကြ၏။ ဟန်ချီကတော့ ကျစ်ယန်ကို သေချာစေ့စေ့ပင် မကြည့်ရဲပေ။

ကျစ်ယန်သည် ပျံသန်းနေရင်း အစီအရင်အဆောင်တစ်ခုအား ပေးလိုက်၏။ အပြင်ဂိုဏ်းရှိ အပြစ်ပေးခြင်း ခန်းမကို ရောက်တဲ့အခါ ကျစ်ယန်တို့၃ယောက်သည် သက်ဆင်းလိုက်သည်။ လူ၅ယောက်လောက်ရှိသော အဖွဲ့သည် ဝိညဥ္ချူပ်နှောင်ကြိုးဖြင့် ဖမ်းဆီးထားသော လူတစ်ယောက်ကို ခေါ်လာခဲ့၏။

ကျစ်ယန်သည် ဖမ်းဆီးခံရသော လူကို မြင်တဲ့အခါ လျှပ်တစ်ပြက်အတွင်းပင် လူ၁၀ယောက်ရှေ့တွင် ပိတ်ရပ်လိုက်သည်။

အနက်ရောင်ဓားကို ကိုင်ဆောင်ထားသောသူသည် ကျစ်ယန်၏ အဝတ်အစားကို ကြည့်လိုက်ပြီး "ငါတို့သွားမယ့်လမ်းကို ပိတ်ရပ်ရဲတယ်ဆိုတော့ မင်းက ငရဲသွားချင်နေတာလား ...." လို့ မေးလိုက်၏။

ဖမ်းဆီးထားခံရသောသူသည် ကျစ်

န်ကို မြင်တဲ့အခါ အနည်းငယ်ဝမ်းသာ၍ သွားပြီး "ဂျူနီယာညီလေး.....ခန်းမသခင်ကို အမြန်သွားပြောပေးပါ ၊ ငါ့မှာအပြစ်မရှိဘူး ၊ ငါတမင်ချောက်ချခဲ့ရတာ " လို့ အမြန်ပြောလိုက်သည်။

အနက်ရောင်ဓားရှည်ကိုင်ဆောင်ထားသည့် မုချင်သည် မူလရှိနေသောနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ကျစ်ယန်နောက်တွင် လျှပ်တစ်ပြက် ပေါ်လာ၏။ မုချင်သည် ပြုံးလိုက်ပြီး "သွားသေလိုက်တော့....." လို့ ရေရ ွတ်ကာ ကျစ်ယန်အား နောက်ကျောမှ တိုက်ခိုက်လိုက်သည်။

မုချင်သည် ကျစ်ယန်ကို အပြင်းအထန်ဒဏ် ရာရအောင်သာ တိုက်ခိုက်လိုက်ခြင်းမျိူး ဖြစ်၏။ သို့သော် ကျစ်ယန်သည် ပျောက်ကွယ်သွားတဲ့အတွက် မုချင်သည် ကြောင်အ၍ သွားသည်။ ရုတ်တရက် အေးစက်၍ ကြောက်စရာကောင်းသောအငွေ့အသက်သည် မုချင်ရဲ့ ခန္ဓာကိုယ်အတွင်းကို ကျရောက်လာခဲ့၏။

မုချင်သည် နောက်လှည့်ကြည့်လိုက်တဲ့အခါမှတော့ ကျစ်ယန်ရဲ့ လက်သီးတစ်ချက်သည် သူ့ပါးပြင်ပေါ်ကို ကျရောက်လာခဲ့သည်။ မုချင်တစ်ယောက် မြေပြင်ပေါ်သို့ တရွတ်တိုက်ပါသွားတဲ့အခါ သူ့အဖွဲ့သားများအားလုံးသည် ​ပြေးထူလိုက်ကြပြီး "ခေါင်းဆောင်....ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ " လို့ ဆိုလိုက်၏။

မုချင်သည် ပေါက်ကွဲထွက်သွားသော်လည်း

ကျစ်ယန်ကို မနိုင်သဖြင့် "ဒီအကျိူးဆက်ကို မင်းတာဝန်ယူရမယ်......" လို့ အမြန်ပြောကာ သူ့လူတွေနဲ့အတူ ထွက်ပြေးသွားခဲ့သည်။

All Chapters