အပြစ်ပေးခန်းမနဲ့ ပြသာနာဖြစ်ခြင်း
Vol. 8 Ch. 106
ကျစ်ယန်ကယ်လိုက်သောသူမှာ တခြားသူ မဟုတ်ပေ။ ထျန်းရှောင်သည် စိုးရိမ်စွာအသံဖြင့် "ငါတို့ဒီနေရာကနေ အရင်ဆုံးထွက်ခွာကြရအောင် " လို့ ဆိုလိုက်၏။ လူလတ်ပိုင်းတစ်ယောက်သည် လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့ပြီး "ငါရဲ့တပည့်တွေကို ထိခိုက်အောင်လုပ်ပြီးမှ မင်းတို့က ထွက်သွားချင်တာလား " ဟုသော အသံသည် ထွက်ပေါ်လာခဲ့သည်။
ထျန်းရှောင်သည် ထိုလူကို မြင်လိုက်တဲ့အခါ စိတ်ပျက်သွားခဲ့ပြီး "ငါ့အတွက်နဲ့မင်းပါ ဒုက္ခရောက်ရပြီ "လို့ ကျစ်ယန်အား ပြောလိုက်၏။ ဘေးနားတွင် ရှိနေသော လူများသည် ကောင်းကင်ယံထက်ရှိ လူကိုကြည့်လိုက်ပြီး "အကြီးအကဲရဲ့ချန်ပဲ......သူကျင့်ကြံရာက ပြန်ထွက်လာပြီလား....." လို့ တီတိုးပြောလိုက်ကြသည်။
ရဲ့ချန်သည် အပြစ်ပေးခန်းမရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပြီး နတ်သူငယ်အဆင့်၂ ကျင့်ကြံသူဖြစ်၏။ အပြစ်ပေးခန်းမတွင် နာမည်ဆိုးနဲ့ ကျော်ကြားနေသူမှာ ရဲ့ချန်တစ်ယောက်ထဲသာရှိသည်။
ရဲ့ချန်သည် သေးသွယ်သော ဓားရှည်တစ်လက်ကို ထုတ်လိုက်ပြီး "ငါရဲ့ဓားတစ်ချက်ကို ခုခံနိုင်မယ်ဆိုရင် မင်းတို့၂ယောက်လုံးကို ငါလွှတ်ပေးမယ်......... " လို့ ကျယ်လောင်စွာအသံဖြင့် အော်ဟစ်လိုက်၏။ ကျစ်ယန်သည် လေထဲကို ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာဖြင့် "အကြီးအကဲဂတိတည်မယ်လို့ မျှော်လင့်ပါတယ်...." လို့ ပြောလိုက်သည်။
ရဲ့ချန်သည် ကျယ်လောင်စွာအသံဖြင့် ရယ်မောလိုက်ပြီး "အဲ့လိုသတ္တိမျိူးကို ငါက ကြိုက်တာ " လို့ ဆိုကာ ဧကရာဇ်နတ်ဓားကျင့်စဥ်ကို အသက်သွင်းလိုက်၏။ ဧကရာဇ်နတ်ဓားကျင့်စဥ်ကို အသက်သွင်းလိုက်သည်နှင့် ရဲ့ချန်ရဲ့ နောက်တွင် ဖြည်းညှင်းစွာ လည်ပတ်နေသည့် အစီအရင်ထဲမှ အနုမြုရောင်ရှိသော ဓားကြီးတစ်လက်ထွက်ပေါ်လာခဲ့သည်။
ရဲ့ချန်သည် သူ့လက်ချောင်းဖြင့် ကျစ်ယန်ထံသို့ ညွှန်လိုက်ပြီး "မင်းကသေဖို့တောင်းဆိုနေမှာတော့ ငါကဖြည်းဆည်းပေးရတာပေါ့ " လို့ ဆိုကာ ဧရာမအနုမြုရောင်နတ်ဓားကြီးဖြင့် တိုက်ခိုက်လိုက်၏။
ထျန်းရှောင်သည် ၎င်းကျင့်စဥ်ကို မြင်တဲ့အခါ အကြီးအကဲများဆီမှ ကြားဖူးခဲ့သော ရဲ့ချန်အကြောင်းကို သတိရသွားတဲ့အခါ တုန်လှုပ်သွားခဲ့၏။ ရဲ့ချန်သည် ဖုန်းတောက်ဂိုဏ်းကို ရောက်ရှိလာသည်မှာ လွန်ခဲ့သော နှစ်ပေါင်း၁ရာခန့်ကပင် ဖြစ်သည်။ သူ့ရဲ့အမည်ပြောင်မှာ ဓားသခင်ပင်ဖြစ်ပြီး လူတစ်ယောက်ကို သတ်ဖြတ်ဖို့ ဝန်မလေးပေ။
ရဲ့ချန်သည် ဧကရာဇ်ဓားကျင့်စဥ်ကို ထုတ်သုံးပြီဆိုလျှင် တစ်ဖက်လူကို သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်၏။ ထျန်းရှောင်သည် ကြံရာမရဘဲ ကျစ်ယန်အား ထွက်ပြေးဖို့သာ အော်ဟစ်နေခဲ့သည်။ ကျစ်ယန်သည် သူ့ရဲ့ညာလက်သီးတွင် စွမ်းအားများစုစည်းလိုက်ပြီး "အသူရာနတ်ဘုရားလက်သီး....." လို့ ဆိုကာ တိုက်ခိုက်လိုက်၏။
ကျစ်ယန်ရဲ့နောက်ကွယ်ရှိ ဧရာမအသူရာနတ်ဘုရားကြီးရဲ့ လက်သီးသည် ရဲ့ချန်ရဲ့ဧရာမနတ်ဓားကြီးကို တရှိန်ထိုး တိုက်ခိုက်လိုက်သည်။ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ယံတစ်ခုလုံးမှာ မြူခိုးများ ဖုံးလွမ်းသွား၏။
တပည့်သားများစွာသည် ကောင်းကင်ယံကို
စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည်။ အကြီးအကဲရဲ့ချန်သည် တပည့်သားတစ်ယောက်ကို အတည်သတ်ပစ်လိုက် မလားဟု အချင်းချင်း ပြောဆိုနေကြ၏။
တစ်ချိန်ထဲမှာပဲ အကြီးအကဲများစွာသည် တိုက်ခိုက်သော နေရာကို ရောက်ရှိလာခဲ့သည်။ကျစ်ယန်သည် မြေပြင်ပေါ်ကို ပြန်ဆင်းသက်လာလိုက်ပြီး ပါးစပ်မှ သွေးစအချို့ကို သုတ်လိုက်၏။
ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပင် "အကြီးအကဲအလျော့ပေးလို့ ကျေးဇူးတင်ပါတယ်..." လို့ လက်နှစ်ဖက်ပင်ဆုပ်ကာ ပြောလိုက်သည်။ရဲ့ချန်သည်လည်း မြေပြင်ပေါ်သို့ ပြန်ဆင်းသက်လာခဲ့၏။
ရဲ့ချန်သည် အားလုံးအား လှည့်မကြည့်ဘဲ ထိုနေရာမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။
ရဲ့ချန်သည် သူမူလနေခဲ့သော နေရာကို ပြန်လည်ရောက်ရှိတဲ့အခါ သွေးများစွာကို ဒလဟောအန်လိုက်ပြီး "အပြင်စည်းတပည့်တစ်ယောက်က နတ်ဘုရားကျင့်စဥ္မျိူးကို တက်ကျွမ်းနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး "လို့ ရေရွတ်လိုက်၏။ ရဲ့ချန်သည် အနီရောင်ဆေးတစ်လုံးအား ထုတ်သောက်လိုက်ပြီး မကျေနပ်သောမျက်လုံးများဖြင့်
"မင်းငါ့လက်ထဲက မလွတ်မြောက်စေရဘူး" လို့ ကြိမ်းဝါးလိုက်သည်။
ကျစ်ယန်နဲ့ထျန်းရှောင်သည် အပြစ်ပေးခန်းမမှ ပြန်လည်ထွက်ခွာမည့်ချိန်တွင် လင်ရှို့ဟွာသည် ရောက်ရှိလာခဲ့ပြီး "ရှင်အဆင်
ပြေရဲ့လား..." လို့ စိုးရိမ်စွာမျက်နှာထားဖြင့်မေးလိုက်၏။ ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး "ငါပေးထားတာကို ထုတ်သုံးဖို့မမေ့နဲ့ " လို့ ဆိုလိုက်ပြီး ထျန်းရှောင်နဲ့ အတူ ပျံသန်းထွက်ခွာသွားခဲ့သည်။
အဖြူရောင်ဆံပင်ရှိသော လူတစ်ယောက်သည် ကျစ်ယန်ကို သေချာစိုက်ကြည့်လိုက်ပြီး "ငါ့ရဲ့အလှပဂေးလေးကို မင်းကလာပက်သက်ရဲတယ်ဆိုမှတော့ ငါ့အကြောင်းမင်းကို ပြရသေးတာပေါ့ " လို့ အေးစက်စွာ ပြောဆိုလိုက်၏။ ကျန်ရှိနေသော အကြီးအကဲများသည် ကျစ်ယန်ရဲ့နောက်ဇစ်မြစ်ကို စုံးစမ်းဖို့ စေလွှတ်လိုက်သည်။
ကျစ်ယန်တို့သည် ရတနာရှာဖွေရေးခန်းမကို ပြန်ရောက်သည့်အခါ မာရှန်ကို တွေ့လိုက်ရ၏။ မာရှန်သည် ကျစ်ယန်တို့ ၂ယောက်ကို တွေ့သည့်အခါ ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်ပြီး "နောက်တစ်ကြိမ် အပြစ်ပေးခန်းမနဲ့ သွားမပက်သက်ဖို့ ငါအကြံပေးချင်တယ် " လို့ ဆိုလိုက်သည်။
မာရှန်သည် အပြစ်ပေးခန်းမကို ရောက်ရှိခဲ့ပြီးပြီဖြစ်၍ ဖြစ်ပျက်သွားသည်များကို သိရှိနေပြီဖြစ်၏။ မာရှန်ဘေးရှိ လျိုယွမ်သည် ပြုံးစွာဖြင့် ထွက်ပေါ်လာခဲ့ပြီး " ဆရာသခင်ပြောတာမှန်တယ် ၊ နောက်ပြီး ဒီရက်ပိုင်းအတွင်း အတွင်းစည်းတပည့်ဝင်ခွင့်ပြိုင်ပွဲရောက်တော့မယ်လေ နင်တို့၂ယောက် ဂရုစိုက်လေ့ကျင့်သင့်တယ် " လို့ပြောလိုက်သည်။
ထျန်းရှေုာင်သည် ရယ်မောလိုက်ပြီး " စီနီယာအမလျိုယွမ် ၊ ကျွန်တော်ကျင့်စဥ္ကို မြန်မြန်မြှင့်တင့်နိုင်ဖို့ ရတနာလက်နက်ကောင်းလေးများမရှိဘူးလား....."လို့မေးလိုက်၏။ လျိုယွမ်သည် မသိချင်ယောင်ဆောင်ကာ "ဆရာသခင်.....သူတို့၂ယောက်ဘာမှမဖြစ်ဘူးဆိုတော့ လျိုယွမ်တို့သွားကြမယ်လေ " လို့ ပြောလိုက်သည်။
ထျန်းရှောင်သည် လက်ပိုက်ကာ မျက်နှာလွဲလိုက်ပြီး "စီနီယာအမ......နင်ကလေ နည်းနည်းလေးမှ အကျင့်မကောင်းတဲ့အပြင် ရုပ်ကလဲဆိုးသေး " လို့ အမြန်ပြောလိုက်၏။ လျိုယွမ်သည် ရုပ်ဆိုးတယ်လို့ အပြောခံလိုက်ရတဲ့အခါ ကြာပွတ်ကို ထုတ်လိုက်ပြီး ထျန်းရှောင်ကို လိုက်ရိုက်လေသည်။
ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "
အကြီးအကဲမာရှန်.....အငယ်လေး၁ခုလောက် မေးလို့ရမလား...." လို့ ပြောလိုက်၏။ မာရှန်သည် လက်နောက်ပစ်ထားသောအနေအထားဖြင့် "ငါသိတာဆိုရင်တော့ ငါဖြေပေးမယ် " လို့ ပြတ်သားစွာပြောလိုက်သည်။
ကျစ်ယန်သည် မာရှန်ကို ကျေးဇူးတင်လိုက်ပြီး ဖုန်းတောက်ဂိုဏ်းတွင် တာဝန်ထမ်းဆောင်နေသော အချိန်ကာလကို မေးမြန်းလိုက်၏။ မာရှန်သည် ထိုမေးခွန်းမျိုးကို တခါမှ မကြားဖူးသဖြင့် အနည်းငယ် အံဩသွားခဲ့သည်။
မာရှန်သည် ဖုန်းတောက်ဂိုဏ်းရဲ့ ပြင်ပဂိုဏ်းတွင် အကြီးအကဲရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ပေါင်း၃၀၀ခန့်ကြာမြှင့်နေခဲ့ပြီဖြစ်ပြီး ခန်းမသခင်ရာထူးကို ရရှိခဲ့ခြင်းမှာ နှစ်အနည်းငယ်သာ ရှိသေး၏။