← Chapters

ထူးဆန်းသော ယင်ယန်ချောင်းငယ်

Vol. 8 Ch. 107

ထူးဆန်းသော ယင်ယန်ချောင်းငယ်

Vol. 8 Ch. 107

မာရှန်ရဲ့ စကားကြောင့် ကျစ်ယန်သည် အနည်းငယ်မျှော်လင့်ချက်ရှိသွားသည်။ ကျစ်ယန်သည် ညာဘက်လက်ဖမိုးပေါ်ရှိ နဂါးအမှတ်တံဆိပ်ကို အသက်သွင်းလိုက္၏။ မာရှန်သည် လျှပ်စီးပြာရောင်ဖြာထွက်နေသော နဂါးအမှတ်တံဆိပ်ကို တွေ့လိုက်ရသည်နှင့် ဒူးတစ်ဖက်ပင် ထောက်လိုက်ပြီး ကျစ်ယန်အား အမြန်ရပ်တန့်ခိုင်းလိုက်သည်။

ကျစ်ယန်လည်း မာရှန်စကားကို နားထောင်လိုက်ကာ အမြန်ရပ်တန့်လိုက်သည်။မာရှန်သည် လျှပ်စီးပြာရောင်နဂါးအမှတ်တံဆိပ်ကို ပြန်မြင်လိုက်ရမယ်လို့ မမျှော်လင့်ထားပေ။ မာရှန်သည် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်ပြီး ကျစ်ယန်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့၏။

ကျစ်ယန်တို့ ထွက်ခွာပြီးချိန်မှာပဲ ဝိညဥ်အရိပ်တစ်ချို့သည် ထွက်ပေါ်လာခဲ့သည်။ မာရှန်သည် သူ့နေသောအခန်းငယ်သို့ ရောက်တဲ့အခါ လျှပ်စီးပြာနဂါးကို ထပ်မံအသက် မသွင်းဖို့ တောင်းဆိုလိုက်၏။

ကျစ်ယန်သည် သူ့မိဘများနဲ့ ဆက်စပ်နေသော လျှပ်စီးပြာနဂါးတံဆိပ်မှာ သာမန်တံဆိပ်လေးတစ်ခုမဟုတ်မှန်း သိသွားခဲ့သည်။

မာရှန်သည် ကျစ်ယန်လက်ဖမိုးရှိ လျှပ်စီးပြာနဂါးတံဆိပ်အကြောင်း ရှင်းပြလိုက်၏။ ဖုန်းတောက်ဂိုဏ်းတွင် အမှတ်တံဆိပ် ၅မျိုးပင် ရှိသည်။ လျှပ်စီးဖြူနဂါးတံဆိပ် ၊ လျှပ်စီးနီနဂါးတံဆိပ် ၊ လျှပ်စီးစိမ်းနဂါးတံဆိပ် ၊ လျှပ်စီးနက်နဂါးတံဆိပ် နှင့် လျှပ်စီးပြာနဂါးတံဆိပ်တို့ပင် ဖြစ်၏။

လျှပ်စီးဖြူနဂါးတံဆိပ်သည် ဂိုဏ်းတပည့်

သားများကို ရည်ညွှန်းသည်။ လျှပ်စီးနီနဂါးတံဆိပ်သည် အဆင့်နိမ့်အကြီးအကဲဟု သတ်မှတ်ပြီး လျှပ်စီးစိမ်းတံဆိပ်သည် အဆင့်မြင့်အကြီးအကဲဟု သတ်မှတ်ထား၏။

ကျစ်ယန်သည် သူ့လက်ဖမိုးကို ပွတ်သက်နေပြီး မာရှန်စကားကို နားထောင်နေခဲ့သည်။ လျှပ်စီးနက်နဂါးတံဆိပ်သည် တခြားလူများနဲ့မတူဘဲ ဘယ်ဘက်လက်ဖမိုးပေါ်တွင် ရေးထိုးရခြင်းဖြစ်ပြီး ဖုန်းတောက်ဂိုဏ်း၏ နတ်ဆိုးတစ္ဆေ

ကလန်လို့ပင် နာမည်ကြီး၏။

နောက်ဆုံးကျန်ရှိသော လျှပ်စီးပြာတံဆိပ်ကတော့ ဂိုဏ်းချုပ်ရာထူးကို အမွေခံရမည့်

လူတွင်သာ ရှိလာမည်ဖြစ်ကြောင်း အားလုံးသည် သိရှိထားသည်။ သို့သော် ထိုနှစ်အချိန်အခါတွင် ဘိုးဘေးအကြီးအကဲ၁၀ယောက် ပျောက်ကွယ်သွားခဲ့ပြီး အမွေဆက်ခံမည့် ဂိုဏ်းစည်းကမ်းကြီး ပျောက်ကွယ်သွားခဲ့၏။

မာရှန်သည် သူ့ဆရာဆီမှ အတွင်းဂိုဏ်း၏ ကိစ္စအချို့ကို သိရှိခဲ့ပြီး လို့ဝှက်စွာဖြင့် အမွေဆက်ဆံသူကို ရှာဖွေနေရခြင်း ဖြစ်သည်။ ကျစ်ယန်သည် အမွေခံတပည့်သားဘဝမှ ကျွန်ဘဝကို ရောက်ရှိသွားခဲ့မည်လို့ မမျှော်လင့်ထားပေ။

ကျစ်ယန်သည် သူ့မိဘများကို ရှာဖွေဖို့ အလွန်ပင် ခက်ခဲသွားမှန်း သိလိုက်ရ၏။ ကျစ်ယန်သည် သူ့ရဲ့မိဘများအကြောင်း သိရှိနိုင်မလားမေးလိုက်သည်။ မာရှန်သည် ခေါင်းခါကာ ငြင်းလိုက်၏။ ကျစ်ယန်စိတ်ညစ်သွားသည့် ချိန်တွင် မာရှန်သည် သူ့ဆရာတော့ သိကောင်းသိနိုင်တယ်လို့ ဆိုလိုက်သည်။

ကျစ်ယန်သည် အနည်းငယ်မျှော်လင့်လို့ ရသွားတဲ့အခါ မာရှန်ဆရာအကြောင်း မေးမြန်းပါတော့၏။အချိန်အနည်းငယ်ကျစ်ယန်သည် မာရှန်အား နှုတ်ဆက်ပြီး ထွက်ခွာလာပြီးနောက် အတွင်းဂိုဏ်းအကြီးအကဲ တွမ်ဟုန်လီဟု နှုတ်ဖျားမှ ရွတ်နေခဲ့သည်။

မိုးကောင်းကင်သစ်တော၏ လေဟာနယ်အက်ကွဲကြောင်းထဲမှ ကျစ်ယန်သည် ထွက်

ပေါ်လာခဲ့၏။ စက္ကန့်ပိုင်းအတွင်းမှပဲ နောက်ထပ်လူတစ်ယောက်သည် ကျစ်ယန် ရဲ့ရှေ့မှောက်တွင် ထွက်ပေါက်လာခဲ့သည်။

ကျစ်ယန်သည် လက်နောက်ပစ်ကာ အနေအထားဖြင့် ဇောင်မန်ဟိုအား တွမ်ဟုန်လီနဲ့ ပက်သက်ပြီး စုံစမ်းခိုင်းလိုက်၏။

တွမ်ဟုန်လီဟုခေါ်သည့် အမည်ကို ကြားတဲ့အခါ ဇောင်မန်ဟိုသည် ကြားဖူးသလို ဖြစ်၍ အနည်းငယ်တွေဝေသွားသည်။ အချိန်ခဏတာကြာပြီးတဲ့နောက် မှတော့ ဇောင်မန်ဟို ပါးစပ်မှ "နတ်ဆိုးအိုကြီး တွမ်ဟုန်လီလား......" လို့ အံ့အားသင့်နေသော အသံထွက်ပေါ်လာခဲ့၏။

ကျစ်ယန်သည် ဇောင်မန်ဟိုအနားကို လမ်းလျှောက်သွားလိုက်ပြီး "မင်းက တွမ်ဟုန်လီအကြောင်းသိနေတာလား......" လို့ မေးလိုက်သည်။ ဇောင်မန်ဟိုသည် လက်နှစ်ဖက်ဆုပ်ကာဖြင့် တွမ်ဟုန်လီအကြောင်း ပြောပြလိုက်၏။

တွမ်ဟုန်လီရဲ့ သက်တမ်းသည် နှစ်ပေါင်း၅၀၀ကျော်ရှိနေခဲ့ပြီး ဖုန်းတောက်ဂိုဏ်းစတင်တည်ထောင်ကတည်းကပင် ရှိနေသော အကြီးအကဲကြီးပင် ဖြစ်သည်။ သို့သော် တွမ်ဟုန်လီသည် သိုသိုသိပ်သိပ်နေတက်ပြီး သူ့မျက်နှာအစစ်အား မြင်ဖူးသူ ရှားလှ၏။

တွမ်ဟုန်လီရဲ့ အမည်ပြောင်မှာ နတ်ဆိုးအိုကြီးဖြစ်ပြီး ဖုန်းတောက်ဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲရာထူးကို ဆက်ခံကာ ဂိုဏ်းကို ယနေ့အထိတိုင် စောင့်ရှောက်နေခြင်းပင် ဖြစ်သည်။တွမ်ဟုန်လီရဲ့ ကျင့်ကြံခြင်းအဆင့်မှာလဲ နတ်သူငယ်အဆင့်၈ကို ရောက်ရှိနေသည်မှာ အတော်ကြာနေပြီဖြစ်၏။

လက်ရှိဂိုဏ်းချုပ်မှာပင် တွမ်ဟုန်လီကို မမှီသေးပေ။ကျစ်ယန်သည် သူ့ရဲ့လက်ရှိစွမ်းအားဖြင့် တွမ်ဟုန်လီကို တွေ့ခွင့်မရနိုင်သေးတာကို သိလိုက်ရတဲ့အခါ လေပြင်းတစ်ချက်ရှိုက်ထုတ်လိုက်ပြီး ဇောင်မန်ဟိုရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

ကျစ်ယန်သည် လေဟာနယ်ထဲပျံသန်းရင်း "ကြည့်ရတာ ငါ့အသက်နဲ့လောင်းကြေးထပ်ပြီး ကျင့်ကြံမှုကို အမြန်မြှင့်တင်ဖို့ ကြိုးစားရတော့မယ်" လို့ ရေရွတ်လိုက်၏။ လုံရှန်သည် ရုတ်တရက် ကျစ်ယန်နံဘေးတွင် ထွက်ပေါ်လာခဲ့ပြီး "သခင်.......ယင်ယန်စွမ်းအားတွေထွက်ပေါ်နေတဲ့ နေရာတစ်ခုကို ငါအာရုံခံမိနေတယ် " လို့ ဆိုလိုက်သည်။

ကျစ်ယန်သည် သူ့ရဲ့လှုပ်ရှားမှုများကို ဖုံးကွယ်လိုက်ပြီး လုံရှန်အား လမ်းပြခိုင်းလိုက်၏။ ဖုန်းတောက်ဂိုဏ်းရဲ့ မြေအောက်ပိုင်း တစ်နေရာတွင် လူအများအပြား စုဝေးနေကြသည်။ ဖုန်းတောက်ဂိုဏ်း၏ မြေအောင်လှိုင်ဂူထဲတွင် ချောင်းငယ်သဏ္ဍာန်ရှိသော ယင်ယန်စွမ်းအင်များစွာသည် ဒလဟော စီးဆင်းနေသည်ကို ကျစ်ယန်တွေ့လိုက်ရ၏။

ကျစ်ယန်သည် ပုန်းကွယ်စွာ ရှိနေသော်လည်း လူအုပ်ကြီးထဲတွင် ရှိသော လင်ရှို့ဟွာသည် ကျစ်ယန် ရောက်ရှိလာမှန်း အလိုလို ခံစားသိရှိနေခဲ့သည်။ လူအုပ်ကြီးရဲ့ မျက်လုံးများသည် ယင်ယန်စွမ်းအင်များထံသာ ရောက်ရှိနေခဲ့၏။

အားလုံးတိတ်ဆိတ်နေစဥ်တွင် လေဟာနယ်အက်ကွဲကြောင်းမှ လူ၃ယောက် ထွက်ပေါ်လာခဲ့သည်။ ထို၃ယောက်ကို မြင်တဲ့အခါ လူအုပ်ကြီးသည် ချက်ချင်းပင် ဒူးထောက်ကာ အရိုအသေပေးလိုက်၏။ ရှန်းထန်းယွင် ထွက်ပေါ်လာသည်နှင့် ကျစ်ယန်သည် ဖိအားအနည်းငယ်ခံစားလိုက်ရသည်။

ရှန်းထန်းယွင်ရဲ့ ဘေးတွင် လွီရဲ့ချန်နဲ့ ချင်ကန်လို့ ခေါ်သော အတွင်းဂိုဏ်းခန်းမသခင်

၂ဦးပါ လိုက်ပါလာခဲ့၏။ ရှန်းထန်းယွင်သည် သူရဲ့စွမ်းအားမျှင်တစ်စက်ကို ယင်ယန်ချောင်းအတွင်းကို ပစ်သွင်းလိုက်ပြီး စစ်ဆေးစမ်းသပ်လိုက်သည်။

All Chapters