အတွင်းစည်းတပည့်ပြိုင်ပွဲ အခန်း(1)
Vol. 8 Ch. 108
ရှန်းထန်းယွင်သည် လျှပ်တစ်ပြက်အတွင်း ယင်ယန်ချောင်းငယ်ရဲ့ ဘေးကို ရောက်ရှိသွားပြီးနောက် "အတော်ကြောက်စရာကောင်းတဲ့စွမ်းအားအရှိန်အဝါပဲ......" လို့ ရေရွတ်လိုက်၏။ နတ်သူငယ်နအဆင့်၅ရှိကြသော လွီရဲ့ချန်နှင့်ချင်ကန်တို့သည်လည်း သူ့တို့ရဲ့စွမ်းအားဖြင့် ယင်ယန်ချောင်းငယ်ကို စစ်ဆေးလိုက်ကြသည်။
၂ယောက်လုံးသည်လည်း ယင်ယန်ချောင်းငယ်ရဲ့ စွမ်းအားကို သိရှိသွားခဲ့ကြ၏။ ရှန်းထန်းယွင်သည် ကြောက်ရွံဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွင့်လိုက်ပြီး ချက်ချင်းထွက်ခွာဖို့ အားလုံးကို အမိန့်ပေးလိုက်သည်။
မိနစ်ပိုင်းအတွင်းမှပဲ ယင်ယန်ချောင်းငယ်နံဘေးတွက် လူ၃ယောက်သာ ကျန်ခဲ့၏။ ရှန်းထန်းယွင်သည် ယင်ယန်ချောင်းငယ်နဲ့ ပက်သက်ပြီး အကောင်အထည်တစ်ခုဖော်ဆောင်ရန် အကြီးအကဲအားလုံးကို စုဝေးခိုင်းလိုက်ပြီး ၃ယောက်သား ပျောက်ကွယ်သွားခဲ့သည်။
လူသူကင်းမဲ့သွားတဲ့အခါ ကျစ်ယန်သည်
ယင်ယန်ချောင်းငယ်ရဲ့ လေဟာနယ်ထက်တွင် ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် သူ့ရဲ့စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ယင်ယန်ချောင်းငယ်အတွင်းကို ပစ်သွင်းလိုက်သည်။
ကျစ်ယန်သည် ရုတ်တရက် သူ့ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ဘဲ ယင်ယန်ချောင်းငယ်ရဲ့ ဆွဲငင်စုပ်ယူခြင်းကို ခံလိုက်ရ၏။ ကျစ်ယန်ရဲ့ ခန္ဓာကိုယ်သည် ယင်ယန်ချောင်းငယ်အတွင်းရောက်သွားသည်နှင့် ကျင့်ကြံခြင်း စွမ်းအင်များသည် တဖြည်းဖြည်းလျော့ကျသွားခဲ့သည်။
ကျစ်ယန်သည် စိတ်ဝိညဥ္အပါအဝင် အားလုံးထိန်းချုပ်ခံလိုက်ရမှန်းသိလိုက်ချိန်တွင် စိတ်ဝိညဥ်ကမ္ဘာငယ်အတွင်းကို ရုတ်တရက်ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် အသက်အန္တရာယ်ဘေးကျရောက်ချိန်တွင် စိတ်ဝိညဥ်ကမ္ဘာငယ်သည် အလိုအလျောက် လှုပ်ရှားလာမှန်း ရိပ်မိသွားခဲ့သည်။
ကျစ်ယန်တွေးတောနေစဥ်မှာပဲ ယန် ၊ အန် ၊ ချီ ၊ ယန် ၊ ဖန် ဟုသော အက္ခရာ၅လုံး ထွက်ပေါ်လာခဲ့ပြီး ကျစ်ယန်ရဲ့ နဖူးစက်အတွင်းကို တိုးဝင်လာခဲ့၏။ ကျစ်ယန်သည် အက္ခရာ ၅လုံးရဲ့ စည်းမျဥ်းသဘောတရားကို နားလည်သွားတဲ့အချိန်တွင် ယင်ယန်ချောင်းငယ်အတွင်းတွင် ကျောက်ရုပ်သဖွယ်အဖြစ် ပြန်ပေါ်လာခဲ့သည်။
ကျစ်ယန်သည် မျက်လုံးပိတ်နေစဥ္မှာပဲ ယန်စည်းမျဥ်းရဲ့သဘောတရားကို စတင်အသက်သွင်းလိုက်၏။ ယန်ဟုသော အက္ခရာစာလုံးသည် ယင်ယန်ချောင်းငယ်အပြင်ဘက်တွင် ထွက်ပေါ်လာခဲ့တဲ့အခါ ကျစ်ယန်သည် ပြန်လည်အသက်ဝင်လာခဲ့ပြီး ယင်ယန်ချောင်းငယ်ရဲ့ အပြင်ဘက်ကို အမြန်ခုန်ထွက်လာခဲ့သည်။
ကျစ်ယန်သည် လက်သီးအားဆုပ်လိုက်ပြီး " အတော်ကြောက်စရာကောင်းတဲ့ အငြိုးကျိန်စာတွေပဲ ၊ ဒီယင်ယန်ချောင်းငယ်က ငါထင်သလောက် ရိုးရှင်းမယ်မထင်ဘူး " လို့ ဆိုလိုက်၏။ လုံရှန်သည် ကျစ်ယန်ရဲ့ နံဘေးကို ထွက်ပေါ်လာခဲ့ပြီး "သခင်.....အဆင်ပြေရဲ့လား.... " လို့ မေးလိုက်သည်။
ကျစ်ယန်သည် ခေါင်းသာငြိမ့်ပြလိုက်၏။
လုံရှန်သည် ကျစ်ယန်နှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး အမှောင်ကမ္ဘာအတွင်းကို ခေတ္တရောက်ရှိသွားခဲ့ခြင်းကြောင့် ဖြစ်၏။ ကျစ်ယန်သည် သူ့ခန္ဓာကိုယ်အတွင်းမှ သူတော်စင်ဆေးမီးဖိုအား ထုတ်ကာ စတင်အသက်သွင်းလိုက်သည်။
သူတော်စင်ဆေးမီဖိုသည် ယင်ယန်ချောင်းငယ်ပေါ်တွင် မရပ်မနားစတင်လည်ပတ်ခဲ့ပြီး စွမ်းအင်များကို ယင်ယန်စွမ်းအားများကို စတင်စုပ်ယူသန့်စင်နေခဲ့၏။ အချိန်ပိုင်းအတွင်းမှပဲ သူတော်စင်ဆေးမီးဖိုသည် ရပ်တန့်သွားခဲ့ပြီး ကျစ်ယန်ခန္ဓာအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှပဲ ကျစ်ယန်လဲ ပျောက်ကွယ်သွားခဲ့ပြီး သေးငယ်သော ဝါးအိမ်ငယ်အတွင်းကို ပြန်ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်အတွင်းကို ဝင်ရောက်လိုက်ပြီး သူတော်စင်ဆေးမီဖိုအတွင်းမှ သန့်စင်သော ယင်ယန်စွမ်းအားများကို စတင်စုပ်ယူနေခဲ့သည်။
ကျယ်ဝန်းသော တိုက်ခိုက်ရေးကွင်းပြင်ရဲ့ဘေးပတ်လည်တွင် ဖုန်းတောက်ဂိုဏ်းရှိ တပည့်ဂိုဏ်းသားများအပြင် အကြီးအကဲများစွာ ရောက်ရှိနေကြ၏။ အတွင်းစည်းတပည့်ဝင်ခွင့်ပြိုင်ပွဲအတွက် အများစုသည် စိတ်လှုပ်ရှားနေကြသည်။
အသက်၄၀နီးပါးရှိသော ဟုန်ယဲ့ဆိုသောသူသည် ကွင်းပြင်အလယ်တွင် ထွက်ပေါ်လာခဲ့၏။ ဟုန်ယဲ့သည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး အတူတကွ ထိုင်နေကြသော ခန်းမသခင်၆ဦးကို အရိုအသေပြုလိုက်ပြီး "အခုချိန်ကစပြီး အတွင်းစည်းတပည့်ပြိုင်ပွဲ စတင်ပြီ " လို့ ကြေညာလိုက်သည်။
လျိုယွမ်သည် ကျစ်ယန်ကို မတွေ့ရှိသေးသဖြင့် "ဒီနေ့က အတွင်းစည်းတပည့်ပြိုင်ပွဲ
ဆိုတာ အဲ့ကောင်လေးမေ့နေတာလား....." လို့ နှုတ်မှ ရေရွတ်လိုက်၏။ ဟုန်ယဲ့သည် ပြိုင်ပွဲတွင်းစည်းကမ်းတချို့ကို ပြောပြီးတဲ့နောက် အဆင့်သင့်ပြင်ထားဖို့ ဆိုလိုက်သည်။
ဟုန်ယဲ့သည် သူ့လက်ထဲရှိ ကံကြမ္မာကြေးမုံမှန်အား ထုတ်လိုက်၏။ ကံကြမ္မာကြေးမုံထဲတွင် ပြိုင်ပွဲဝင်လူစာရင်းကို ထည့်သွင်းထားခြင်းဖြစ်ပြီး ၁ခါအသက်သွင်းလိုက်သည်နှင့် ယှဥ်ပြိုင်ရမည့် လူ၂ယောက်ကို အလိုအလျောက် ပြသပေးမည် ဖြစ်သည်။
ဟုန်ယဲ့သည် ကံကြမ္မာကြေးမုံကို စတင်အသက်သွင်းလိုက်တဲ့အခါမှတော့ အစီအရင်ခန်းမတပည့် ရှီစန်းနဲ့ အဂ္ဂိရတ်ဆေးပညာခန်းမတပည့် လော်ဖုံတို့ရဲ့ ပုံရိပ်သည် တိုက်ခိုက်ရေး ကွင်းပြင်ရဲ့ လေဟာနယ်ပေါ်တွင် ထွက်ပေါ်လာခဲ့၏။
ရှီစန်းနဲ့ လော်ဖုံသည် ချက်ချင်းပင် တိုက်ခိုက်ရေးကွင်းပြင်ထဲကို ခုန်ဆင်းလိုက်ကြသည်။ ရှီစန်းသည် သူ့ရဲ့တိုက်ခိုက်ရေးလက်နက်ဖြစ်သော ဆူးသွားပါသော ဒိုင်းကာတစ်ခုကို လက်ထဲတွင် လည်ပတ်စေလိုက်၏။
လော်ဖုံသည်လည်း လျှပ်စီးများဖြာထွက်နေသော ခရင်းခွလှံတစ်ချောင်းကို ထုတ်လိုက်သည်။ ဟုန်ယဲ့သည် မြေပြင်ပေါ်သို့ အမွှေးတိုင်၁ချောင်းအား ပစ်စိုက်လိုက်ပြီး
စတင် တိုက်ခိုက်ခိုင်းလိုက်၏။
ရှီစန်းသည် နတ်ဝိဇ္ဇာအဆင့်၆စွမ်းအားအရှိန်အဝါကို ထုတ်လွှင့်လိုက်ပြီး မြေပြင်အား တစ်ချက်ဆောင့်၍ လော်ဖုံထံကို ပြေးဝင်တိုက်ခိုက်လိုက်သည်။ လော်ဖုံသည် ပြုံးလိုက်ပြီး "ငါကိုအနီးကပ်တိုက်ခိုက်နိုင်ဖို့ မျှော်လင့်နေတာလား....." လို့ ရေရွတ်ရင်း လက်ထဲရှိ ဆေးလုံးအား ဖိချေလိုက်၏။
ရှီစန်းသည် လော်ဖုံထံသို့ မရောက်ရှိခင်တွင် မြူခိုးများ ထွက်ပေါ်လာသဖြင့် ရပ်တန့်လိုက်ပြီး "ဒီမြူခိုးလောက်က ငါ့ကို တားနိုင်မယ်ထင်နေတာလား....." လို့ ဆိုကာ ဒိုင်းကာကို နောက်ကျောမှာ ချိတ်လိုက်ပြီး သူ့လက်ချောင်းများကို လျင်မြန်ကာ လှုပ်ရှားလိုက်သည်။