← Chapters

အတွင်းစည်းတပည့်ပြိုင်ပွဲ အခန်း(2)

Vol. 8 Ch. 109

အတွင်းစည်းတပည့်ပြိုင်ပွဲ အခန်း(2)

Vol. 8 Ch. 109

သို့သော် ရှီစန်းရဲ့ လက်ချောင်းများသည် နှေးကွေးသွားခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ

လှုပ်ရှားဖို့ အားလျော့သွားခဲ့၏။ တစ်ချိန်ထဲမှာပဲ ခရင်းခွလှံသည် ရှီစန်းရဲ့ လည်းပင်းရှေ့တွင် ရပ်တန့်သွားခဲ့ပြီး "မင်းအရှုံးကို ဝန်ခံပြီးလား....."ဟုသော အသံနဲ့အတူ လော်ဖုံသည် ထွက်ပေါ်လာခဲ့သည်။

ရှီစန်းသည် စိတ်ပျက်သောအမူအယာဖြင့် "ငါအရှုံးပေးတယ်....." လို့ ဆိုလိုက်၏။လော်ဖုံသည် သူ့ရဲ့ခရင်းခွလှံကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ရဲ့ဆရာရှိရာထံကို ခုန်တက်သွားလိုက်သည်။ ဟုန်ယဲ့သည် ကံကြမ္မာကြေးမုံကို နောက်ထပ်တစ်ကြိမ်အသက်သွင်းလိုက်ပြီး ပြိုင်ပွဲဝင်များကို ထပ်မံ တိုက်ခိုက်ခိုင်းလိုက်၏။

အချိန်သည် တဖြည်းဖြည်းကုန်ဆုံးလာကာ

နေ့တစ်ဝက်ကို ကျော်လွန်သွားခဲ့သည်။ စိတ်ဝိညဥ်ကမ္ဘာထဲတွင် တည်ငြိမ်နေသော ကျစ်ယန်သည် တဖြည်းဖြည်း လှုပ်ရှားလာခဲ့၏။ ကျစ်ယန်သည် မျက်လုံးမှာ ပြန်ပွင့်လာတဲ့အခါ လက်သီးဆုပ်လိုက်ပြီး "ဒီတစ်ခေါက်ရတဲ့အကျိုးအမြတ်က ငါ့ကို နတ်သူငယ်အဆင့်၆ကိုပါ ရောက်ရှိစေလိမ့်မယ်လို့ မထင်ထားမိဘူး " လို့ ဆိုလိုက်သည်။

ဒါအပြင့် ကျစ်ယန်သည် အရင်ဘဝက ဖြစ်ပျက်ခဲ့သည့် ပုံရိပ်များကို တဖြည်းဖြည်း သိရှိလာခဲ့ပြီ ဖြစ်၏။ ကျစ်ယန်သည် စိတ်ဝိညဥ္ကမ္ဘာငယ်ထဲမှ ထွက်ခွာတော့မည်ချိန်တွင် ကြီးမားသော တုန်ခါမှုကြီးဖြစ်ပေါ်လာခဲ့သည်။

ငြိမ်သက်စွာကျင့်ကြံလုံရှန်သည် ကျစ်ယန်နံဘေးကို ရောက်ရှိလာခဲ့၏။စိတ်ဝိညဥ်ကမ္ဘာငယ်ထဲတွင် တခါမှ မကြုံဖူးသဖြင့် ကျစ်ယန်ကိုယ်တိုင်ပင် ထူးဆန်းနေခဲ့၏။ ရုတ်တရက် ပင်လယ်ရေပြင်အောက် မှ ရွှေရောင်လျှပ်စီးသလဲ့လဲ့နေသော ခမ်းနားထည်ဝါသည့်မျှော်စင်ကြီးတစ်ခုသည် ရေမျက်နှာပြင် ပေါ်သို့ ထွက်ပေါ်လာလေသည်။

ကျစ်ယန်နဲ့အတူ လုံရှန်သည် အံ့အားသင့်နေခဲ့ပြီး မျှော်စင်အတွင်းကို ဝင်ရောက်လာခဲ့၏။ ကျစ်ယန်သည် မျှော်စင်အတွင်းကို ဝင်လိုက်သည်နှင့် မရေမတွက်နိုင်သော နတ်ဘုရားအဆင့်ကျင့်စဥ်များကို မြင်တွေ့လိုက်ရသည်။

လုံရှန်သည် အားလုံးကို လိုက်စစ်ဆေးကြည့်လိုက်ပြီး "သခင်......ဒါတွေအားလုံးက နတ်ဘုရားအဆင့်ကျင့်စဥ်တွေကြီးပဲ " လို့ ဆိုလိုက်၏။ ကျစ်ယန်သည် ဒုတိယအထပ်ကို တပ်ဖို့ ကြိုးစားချိန်တွင် အမည်မသိစွမ်းအင်ရဲ့ တွန်းကန်ခြင်းကို ခံလိုက်ရသည်။

ကျစ်ယန်သည် နောက်သို့ပင် လွင့်ပြန်ထွက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ပြန်လုပ်လိုက်၏။ ကျစ်ယန်သည် ရုတ်တရက် အတွင်းစည်းတပည့်ပြိုင်ပွဲနေ့ကို သတိရသွားခဲ့ပြီး စိတ်ဝိညဥ်ကမ္ဘာငယ်ထဲမှ ထွက်ခွာလာခဲ့သည်။

အပြင်ကမ္ဘာဘက်တွင် အချိန်သည် တဖြည်းဖြည်း ညနေစောင်းလာခဲ့ပြီ ဖြစ်၏။ ဟုန်ယဲ့သည် ကံကြမ္မာကြေးမုံကို အသက်သွင်းပြီးတဲ့နောက်တွင် ရတနာရှာဖွေခြင်းခန်းမတပည့်ဖြစ်သော ကျစ်ယန်၏ ပုံရိပ်နဲ့ အပြစ်ပေးခန်းမတပည့်ဖြစ်သော လင်ဇီးရှောင်တို့ရဲ့ ပုံရိပ်တို့ ထွက်ပေါ်လာခဲ့သည်။

လင်ဇီးရှောင်သည် တိုက်ခိုက်ရေးကွင်းပြင်ထဲကို ခုန်ဆင်း၍ ဟုန်ယဲ့ကို တစ်ချက်ကြည့်ကာ သူ့ရဲ့ဓားရှည်ကို ထုတ်လိုက်ပြီး "ငါဒီနေ့ကို စောင့်နေခဲ့တာ အတော်ကြာပြီ...." လို့ ဝမ်းသာစွာပင် ပြောလိုက်၏။

ပြိုင်ပွဲကွင်းပြင်ထဲတွင် လင်ဇီးရှောင်တစ်ယောက်ထဲသာ ဖြစ်နေ၍ အားလုံးသည် တီတိုးပြောဆိုနေကြသည်။

အပြစ်ပေးခြင်းခန်းမသခင်ဖြစ်သော ကျူထျန်းရှီသည် ရေနွေးကြမ်းအား ငှဲ့သောက်ရင်း "အကြီးအကဲမာရှန်......မင်းရဲ့ခန်းမတပည့်က သူရဲဘောကြောင်တစ်ယောက်လား...." လို့

လှောင်ရယ်သလိုပင် မေးလိုက်၏။ မာရှန်သည် ကျူထျန်းရှီအား အနည်းငယ်ပင် ဂရုမစိုက်ပေ။

အကြီးအကဲရဲ့ချန်တစ်ယောက်သည် ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့၏။ ရဲ့ချန်သည် ဖြစ်ပျက်ခဲ့သော ပြသာနာများကို အားလုံးကို နှုတ်ပိတ်ခိုင်းထားခြင်း ဖြစ်၍ အကြီးအကဲတချို့မှာမသိရှိကြပေ။

လင်ရှို့ဟွာသည် ကျစ်ယန်ကို မမြင်တွေ့သေးသဖြင့် စိုးရိမ်နေချိန်တွင် ကွင်းပြင်ထဲတွင် ကျစ်ယန်ရဲ့ပုံရိပ်ဟာ လျှပ်တစ်ပြက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် အကြီးအကဲများကို အရိုအသေပြုလိုက်ပြီး ရွှေရောင်လျှပ်စီးဓားကို ထုတ်လိုက်သည်။

လင်ဇီးရှောင်သည် သူ့ရဲ့ဓားကို ပွတ်သက်လိုက်ပြီး "မင်းလဲ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်နေမယ်လို့ ငါမထင်ထားမိဘူး ၊ ငါတို့၂ယောက်ကြားရဲ့ ကွာဟမှုကို ပိုသိစေတာပေါ့ " လို့ ဆိုလိုက်၏။

ဟုန်ယဲ့သည် တိုက်ခိုက်နိုင်ကြောင်း ကြေညာပြီးတဲ့နောက်တွင် လင်ဇီးရှောင်သည် သူ့ရဲ့ဓားကို စွမ်းအင်အသက်သွင်းလိုက်ပြီး "မိုးကြိုးနတ်ဘုရားဓားပထမအဆင့်ကျင့်စဥ်...." လို့ ရေရွတ်လိုက်သည်။

ကောင်းကင်သည် ရုတ်တရက် မဲမှောင်ကာ လျှပ်စီးတလပ်လပ် အနေအထားကို ရောက်ရှိသွားပြီး လင်ဇီးရှောင်ရဲ့နောက်ကွယ်တွင် လျှပ်စီးပြာရောင်ရှိသော ဧရာမမိုးကြိုးဓားကြီး ထွက်ပေါ်လာခဲ့၏။

ခန်းမတိုင်းရှိ ပြင်ပတပည့်များအားလုံးသည် မိုးကြိုးဓားကြီးကို ကြည့်ပြီး အံ့အားသင့်စွာဖြစ်နေကြသည်။ အစီအရင်ခန်းမသခင်အိုလုရန်သည် လင်ဇီးရှောင်ရဲ့ ဓားစွမ်းအင်ပမာဏကို ကြည့်၍ "အဖြေက ရှင်းနေပြီပဲ ၊ အကြီးအကဲကျူထျန်းရှီက နတ်ဘုရားအဆင့်ဓားကျင့်စဥ်ကိုပါ ပေးအပ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး " လို့ ဆိုလိုက်၏။

မိုးကြိုးနတ်ဘုရားဓားကျင့်စဥ်သည် ကျူထျန်းရှီရရှိထားသော ဆုလာဒ္တစ်ခုပင်ဖြစ်သည်။မိုးကြိုးနတ်ဘုရားဓားကျင့်စဥ်တွင် အဆင့်၃ဆင့် ပါဝင်ပြီး လင်ဇီးရှောင်သည် ပထမအဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပြီးပြီ ဖြစ်၏။

လင်ဇီးရှောင်သည် သူ့လက်အား ဝှေ့မရမ်းခင်တွင် "မင်းငါ့ကို ဒူးထောက်အရှံးပေးမယ်ဆို ခုချိန်မှီသေးတယ်နော်....." လှောင်ရယ်စွာပင် ပြောလိုက်သည်။ မာရှန်သည် ကျစ်ယန်ကို ဂရုစိုက်ကာကွယ်ဖို့ သူ့မှာ တာဝန်ရှိနေပြီဖြစ်၍ အရှုံးပေးလိုက်ရန် ကျစ်ယန်အား စိတ်စွမ်းအင်အသံလှိုင်းဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် တစ်ချက်ပြုံးလိုက်ပြီး သူ့ရဲ့ဓားဖြင့် သာမန်လျှံကာ ခုတ်ချလိုက်တဲ့အခါ ရွှေရောင်လျှပ်စီးဓားချီအလင်းတန်းသည်

လင်ဇီးရှောင်ထံသို့ ဦးတည်သွားလေသည်။

လင်ဇီးရှောင်ရဲ့ မျက်နှာသည် ရက်စက်သောအသွင်အပြင်ကို ပြောင်းသွားပြီး "မင်းသေသွားရင် တောင် ငါရဲ့မိုးကြိုးနတ်ဘုရားဓားကျင့်စဥ်အောက် မှာ သေရတဲ့အတွက် မင်းသေရကျိူးနပ်မှာပါ...."လို့ ဆိုကာ ဓားအား ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်၏။

All Chapters