အတွင်းဂိုဏ်းဝင်ခွင့်ပြိုင်ပွဲ အဆုံးအဖြတ်
Vol. 8 Ch. 110
စက္ကန့်ပိုင်းအတွင်းမှာပဲ ဧရာမမိုးကြိုးဓားကြီးနဲ့လျှပ်စီးဓားချီအလင်းတန်းတို့ ထိပ်တိုက်ဆုံသွားတဲ့အခါ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားခဲ့သည် မြူခိုးများ ထွက်ပေါ်လာခဲ့သည်။ အားလုံးသည် စိတ်ဝင်တစားဖြင့် စူးစိုက်စွာကြည့်နေစဥ်တွင် မြူခိုးများ ပျောက်ကွယ်သွားခဲ့ပြီး မြေပြင်ပေါ်တွင် သတိမေ့မြောနေသော လင်ဇီးရှောင်ကိုတွေ့လိုက်ရ၏။
ကျစ်ယန်သည် နတ်ဘုရားအဆင့်ကျင့်စဥ္ကို အနိုင်ရရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ကျူထျန်းရှီသည် ဒေါသထွက်စွာဖြင့် ခုံအား လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး "ဆောက်သုံးမကျတဲ့ကောင်ကို ကွင်းပြင်ထဲက ခေါ်ထုတ်သွားကြစမ်း " လို့ ဆိုလိုက်၏။
ဟုန်ယဲ့သည် ကျစ်ယန်အနိုင်ရရှိကြောင်း ကြေညာလိုက်သည်။ ကျစ်ယန်ထွက်ခွာမည့်ရှေ့တွင် ကျူထျန်းရှီသည် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး " တိုက်ပွဲအတွင်း မင်းကမသမာတဲ့နည်းလမ်းကို သုံးပြီးအနိုင်ယူတဲ့အတွက် ငါမင်းကို စစ်ဆေးရလိမ့်မယ် " လို့ ဆိုလိုက်၏။
မာရှန်သည် ကျစ်ယန်နံဘေးကို လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး "အကြီးအကဲထျန်းရှီ .....ခင်ဗျားက ဘာသဘောလဲ " လို့ မေးလိုက်သည်။ ကျူထျန်းရှီသည် သူ့လက်အား နောက်ပစ်လိုက်ပြီး "အပြစ်ရှိသူကို စစ်ဆေးဖို့အတွက် အပြစ်ပေးခြင်းခန်းမကိုတည်ထောင်ထားတယ်ဆိုတာကို အကြီးအကဲမာရှန်က မေ့နေတာလား......." လို့ ဆိုလိုက်၏။
မာရှန်သည် နတ်သူငယ်အဆင့်၃ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး "သက်သေအထောက်အထားမခိုင်လုံပဲ ငါ့ခန်းမရဲ့ တပည့်ကို မင်းခေါ်ချင်တိုင်းခေါ်လို့ ရမယ်ထင်နေလား....." လို့ ဆိုလိုက်သည်။
ကျူထျန်းရှီသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး "ငါခန်းမရဲ့တပည့်ကို မင်းတပည့်က မသမာတဲ့နည်းနဲ့ အနိုင်ယူသွားတာ အားလုံးမျက် မြင်ကိုယ်တွေ့ပဲလေ ၊ ဒီထက်ပိုတိကျတဲ့ သက်သေ ရှိအုံးမှာလား....." လို့ ဆိုလိုက်၏။
အခြားခန်းမသခင်များသည်လည်း ကျူထျန်းရှီရဲ့ စကားကို ထောက်ခံပြီး ကျစ်ယန်ကို စစ်ဆေးရန် သဘောတူထောက်ခံနေကြသည်။ မာရှန်သည် အခက်တွေ့၍ ကြံရာမဲ့သွား၏။
ကျူထျန်းရှီသည် ဝမ်းသာနေချိန်တွင် ရုတ်တရက် ဓားချီအလင်းတန်းတစ်ခုသည် သူ့ရှိသို့ ကျရောက်လာတဲ့အခါ အကာအကွယ်ကို လျင်မြန်စွာဖန်တီး၍ ခုခံကာကွယ်လိုက်သည်။
သို့သော် ဓားချီအလင်းတန်းသည် သူ့ရဲ့အကာအကွယ်ဖျက်ဆီးသွားခဲ့တဲ့အခါ ကျူထျန်းရှီသည် အံ့အားသင့်စွာဖြင့် "ဒါဘယ်လိုလုပ်ဖြစ်နိုင်မလဲ....." လို့ ထိပ်လန့်စွာ ရေရွတ်လိုက်၏။
ဓားချီအလင်းတန်းသည် ကျူထျန်းရှီနဲ့ ၁ပေအကွာခန့်သာ ကျန်ရှိတော့သည့်အတွက် ကျူထျန်းရှီတစ်ယောက် မလွတ်မြောက်နိုင်တော့ဘူးလို့ ထင်မှတ်ချိန်တွင် ရေ၁စက်သည် ကျူထျန်းရှီရှေ့ကို ရောက်ရှိလာပြီး ဓားချီအလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။
ကောင်းကင်ယံအထက်ရှိ လေဟာနယ်အက်ကွဲကြောင်းထဲမှ အဖွားအိုတစ်ယောက်သည် နဂါးခေါင်းပါသောတောင်ဝှေးဖြင့် ထွက်ရှိလာခဲ့ပြီး "အတော်ကြောက်စရာကောင်းတဲ့ ဓားကျင့်စဥ်ပဲ ၊ ဖုန်းတောက်ဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်က ဒီလောက်ရက်စက်တဲ့ကျင့်စဥ္ကို နားလည်တက်ကျွမ်းလိမ့်မယ်လို့ မထင်ထားမိဘူး ...." လို့ ဆိုလိုက်၏။
အဖွားအိုကို မြင်တဲ့အခါ ခန်းမသခင်များအပြင် အကြီးအကဲအားလုံးသည် ချက်ချင်းပင်ပြာယာခတ်ကာ ဒူးတစ်ဖက်စီ ထောက်လိုက်ကြပြီး "အကြီးအကဲယွဲ့ကို အရိုအသေပေးပါတယ်..." လို့ ပြောလိုက်ကြသည်။ အကြီးအကဲများတောင် ဒူးထောက်လိုက်ရသည့်အတွက် တပည့်အားလုံးသည်လည်း ဒူးထောက်ကာ အဖွားအိုကို နှုတ်ဆက်လိုက်ကြ၏။
အဖွားအိုသည် ကျူထျန်းရှီဘေးရှိ မြေပြင်တွင် လျှပ်တစ်ပြက် ပြန်ပေါ်လာခဲ့ပြီး "ငါ့ကိုအရိုအသေပြုဖို့ မလိုပါဘူး ၊ မင်းတို့အားလုံးသက်သာသလို နေကြပါ " လို့ဆိုလိုက်သည်။ ဖုန်းတောက်ဂိုဏ်းတွင် နတ်သူငယ်အဆင့်၈ ရှိသော ကျင့်ကြံသူတွင် ထွက်ပေါ်လာလိမ့်မည်ဟု ကျစ်ယန်သည် မထင်ထားပေ။
အဖွားအိုသည် ကျစ်ယန် ခန္ဓာကိုယ်အား ဖောက်ထွင်းစစ်ဆေးလိုက်ပြီး "ငါပဲအထင်မှားတာလား....." လို့ တီတိုးရေရွတ်လိုက်၏။ ယွဲ့ချင်းလို့ခေါ်သော အဖွားအိုသည် ဖုန်းတောက်ဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲတစ်ယောက်ပင် ဖြစ်ပြီး နတ်သူငယ်အဆင့်၈ကို မကြာသေးခင်မှ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဖွားအိုသည် ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပ စေခိုင်းလိုက်၏။ ကျူထျန်းရှီသည် သူ့စိတ်ကို လျော့လိုက်ပြီး သူ့ရဲ့ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ အကြီးအကဲယွဲ့သာ မကယ်ရင် ကျစ်ယန်ရဲ့ ဓားချက်ကြောင့် ပြင်းထန်သော ဒဏ်ရာကို ရရှိမှာသိလိုက်ရ၏။
ကျစ်ယန်ထံတွင် ကြောက်စရာကောင်းသော နတ်ဘုရားအဆင့်ဓားကျင့်စဥ်ရှိနေလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။ ပြင်ပတပည့်စည်းများစွာသည် ကျစ်ယန်ကို အထင်မသေးရဲတော့ပဲ ကျစ်ယန်နဲ့မဆုံဖို့ ဆုတောင်းနေကြ၏။
ဟုန်ယဲ့သည် ကံကြမ္မာကြေးမုံကို ထပ်မံအသက်သွင်းလိုက်တဲ့အခါ အပြစ်ပေးခြင်းတပည့်လင်ရှို့ဟွာနဲ့ အစီအရင်ခန်းမတပည့်
စုန်လင်တို့ရဲ့ ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။
စုန်လင်သည် ကွင်းထဲသို့ ခုန်ဝင်လိုက်ပြီးနောက် သူ့လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားကာ ပုံရိပ်ယောင်နတ်ဆိုးအစီအရင်ကို လျင်မြန်စွာ ဖန်တီးလိုက်၏။ လင်ရှို့ဟွာသည် ရုတ်တရက်အမှောင်ထုနယ်မြေကို ကျရောက်သွားခဲ့သည်။
များစွာသော မကောင်းဆိုးဝါးများသည် အမှောင်ဘက်ခြမ်းမှ ထွက်ပေါ်လာခဲ့ပြီး လင်ရှို့ဟွာထံသို့ ပြေးဝင်လာကြ၏။ သို့သော် လင်ရှို့ဟွာသည် တည်ငြိမ်စွာရှိ နေခဲ့ပြီး သူ့လက်ဖဝါးလေးကို ဖြန့်လိုက်တဲ့အခါ ပန်းနုရောင်ကြယ်သလင်းကျောက်လေးသည် အဆက် မပြတ်လည်ပတ်နေခဲ့သည်။
လင်ရှို့ဟွာသည် ပန်းနုရောင်ကြယ်သလင်းကျောက်လေးကို အသက်သွင်းလိုက်တဲ့အခါ ကြယ်သလင်းကျောက်ထဲမှ ပန်းရောင်အငွေ့အတန်းလေးသည် ကြိုးပျော့လေးသဏ္ဍာန် ထွက်ပေါ်လာခဲ့ပြီး မြေကြီးထဲကို တိုးဝင်၍ သွားခဲ့၏။
စက္ကန့်ပိုင်းအတွင်းမှပဲ လင်ရှို့ဟွာသည် အမှောင်ထုနယ်မြေမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ စုန်လင်သည် သူ့အစီအရင်ဖျက်ဆီးခံလိုက်ရတဲ့အတွက်
စိတ်စွမ်းအင်ချို့ယွင်းသွားခဲ့ပြီး ပစ်လဲကျသွားခဲ့၏။
အစီအရင်ခန်းမသခင်အိုလုရန်သည် သူ့တပည့်ရဲ့ အစီအရင်ဗဟိုကို အစအနမကျန် ဖျက်ဆီးလိုက်တဲ့အတွက် လင်ရှို့ဟွာကို မကျေနပ်ခဲ့ပေ။