← Chapters

မိစ္ဆာသားရဲများ ထွက်ပေါ်လာခြင်း

Vol. 8 Ch. 111

မိစ္ဆာသားရဲများ ထွက်ပေါ်လာခြင်း

Vol. 8 Ch. 111

ပြိုင်ပွဲသည် ၃ရက်ကြာပြီးနောက် ၁၀ယောက်သာ ကျန်ရှိခဲ့ပြီး အတွင်းစည်းတပည့်ဝင်များ ဖြစ်လာခဲ့ကြသည်။ လင်ရှို့ဟွာသည် ကျစ်ယန်နံဘေးတွင် ပျော်ရွင်စွာ ရှိနေခဲ့ပြီး ယဲ့လျာကတော့ ကျစ်ယန်ကို လှမ်းကြည့်နေမိ၏။

မာရှန်သည် အတွင်းစည်းတပည့်ဖြစ်သွားသော ကျစ်ယန်နဲ့လျိုယွမ်အား ဒီထက်ပိုလေ့ကျင့်ဖို့ သတိပေးနေခဲ့သည်။ လျိုယွမ်သည် သူ့ဆရာနဲ့ ခွဲရတော့မည်ဖြစ်၍ မျက်ရည်များ ဝဲနေခဲ့ပြီး ဘာမှပြန်မပြောခဲ့ပေ။

မိနစ်ပိုင်းအတွင်းမှာပဲ ဝိညဥ်လှေကြီးဖြင့် လူငယ်သုံးယောက် ရောက်ရှိလာခဲ့၏ ။ သုံးယောက်လုံးထဲတွင် ယွမ်ဖန်လို့ အမည်တွင်သောသူသည် ကျစ်ယန်တို့အား နှုတ်ဆက်လိုက်ပြီး ဝိညဥ်လှေငယ်ပေါ်သို့ တက်ခိုင်းစေလိုက်သည်။

ဝိညဥ်လှေကြီးသည် အနည်းငယ်ပျံသန်းပြီးတဲ့နောက် အစီအရင်အဝိုင်းတစ်ခုထဲကို တိုးဝင်သွားခဲ့တဲ့အခါ များစွာသော ကျင့်ကြံသူတွေသည် ကျစ်ယန်တို့ကို ငေးကြည့်နေကြ၏။ စက်ဝန်းသဏ္ဍာန်မြေပြင်ကိုရောကိတဲ့အခါ ဝိညဥ်လှေငယ်သည် ဆင်းသက်လာခဲ့သည်။

ယွမ်ဖန်သည် အတွင်းဂိုဏ်းရှိ အရင်းအမြစ်ထောက်ပံရေးဌာနကို ခေါ်ဆောင်လာခဲ့၏။ယွမ်ဖန်သည် အခန်းတံခါးကိုခေါက်လိုက်တဲ့အခါ "ဝင်လာခဲ့ကြ....." ဆိုသော မိန်းကလေးငယ်ရဲ့အသံ ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်တို့အဖွဲ့သည် ယွမ်ဖန်နဲ့အတူ အထဲကို ဝင်သွားကြ၏။ အနီရောင်ဝတ်ဆင်ထားသော မိန်းကလေးငယ်သည် စာရင်းများရေးနေရင်း ကျစ်ယန်တို့အဖွဲ့ကို ငေးမော့ကြည့်လိုက်သည်။ ယွမ်ဖန်သည် မိန်းကလေးကို အရိုအသေပြုလိုက်ပြီး "အကြီးအကဲဖူဟန်.....သူတို့က အတွင်းဂိုဏ်းတပည့်သစ်တွေပါ " လို့ ပြောပြလိုက်၏။

ဖူဟန်သည် နတ်သူငယ်အဆင့်ကို မရောက်ရှိသေးသော်လည်း သူ့ရဲ့ဆရာကြောင့် အကြီးအကဲရာထူးကို ယာယီထမ်းဆောင်

နေခြင်းပင် ဖြစ်၏။ အဆင့်မြင့်အကြီးအကဲများကပင် ဖူဟန်ကို အထင်မသေးရဲကြပေ။

ဖူဟန်သည် သူအသစ်လက်ခံရရှိထားသော စာလိပ်ကို ကြည့်လိုက်ပြီးနောက် ယွမ်ဖန်

အား ထွက်သွားခိုင်းလိုက်၏။ ဖူဟန်သည် သိုလှောင်ကွင်းထဲရှိ မတူညီသော အတွင်းဂိုဏ်းတပည့် ဝတ်စုံများနဲ့အတူ ကျင့်စဥ်စာလိပ်အပြင် အတွင်းဂိုဏ်းမြေပုံစာရွက်ကို ပေးလိုက်သည်။

ကျစ်ယန်သည် ဖူဟန်ကို နှုတ်ဆက်ပြီး အခန်းပြင်ပသို့ ထွက်ခွာချိန်တွင် မိန်းကလေးတစ်ယောက်နဲ့ ဝင်တိုက် မိသွား၏။ မိန်းကလေးဘေးတွင် ပါလာသော

လူသည် ကျစ်ယန်အား သတ်ဖြတ်တော့မည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး "နောက်တစ်ကြိမ် ရှန်မိန်းကလေးရဲ့ အသားကို ထိရင် မင်းရဲ့အသက်ကို ငါနှုတ်ယူရလိမ့်မယ် " လို့ ပြောဆိုရင်း အခန်းထဲကို ဝင်သွားသည်။

ကျစ်ယန်သည် ပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ကျစ်ယန်သည် သူဖန်တီးထားသော ​ကျောက်ပြားလေးတစ်ခုကို လင်ရှို့ဟွာကို ပေးလိုက်၏။ ရှို့ဟွာသည် သေးငယ်သောအစီအရင်များပါဝင်သည့် ကျောက်ပြားလေးကို ကြည့်လိုက်ပြီး သိမ်းထားလိုက်သည်။

ကျစ်ယန်ပေးသော အရာမှာ အသံပို့ဆောင်ရေးအစီအရင်ကျောက်ပြားလေးပင် ဖြစ်၏။ အတွင်းဂိုဏ်းထဲတွင် ပို၍ အန္တာရာ

်များလာပြီဖြစ်၍ ကျစ်ယန်သည် လင်ရှို့ဟွာအတွက် စိုးရိမ်နေခဲ့သည်။

ကျစ်ယန်နဲ့လျိုယွမ်သည် အတွင်းဂိုဏ်းရှိ ရတနာရှာဖွေရေးခန်းမကို ရောက်ရှိလာခဲ့၏။ ကျစ်ယန်တို့ ရောက်ရှိစဥ်တွင် ခ

န်းမထဲတွင် လူအယောက်၂၀စီရိှနေသော အဖွဲ့များစွာကို တွေ့လိုက်ရသည်။ အားလုံးရဲ့ ရှေ့၌ နတ်သူငယ်အဆင့်၃ ရှိသော အကြီးအကဲ ၄ဦးရှိနေခဲ့၏။

ဝမ်ရိချင်လို့ ခေါ်သော အကြီးအကဲသည်

ကျစ်ယန်တို့ကို တွေ့တဲ့အခါ "မင်းတို့၂ယောက်က ဘာကြောင်ကြည့်နေတာလဲ

၊ မိုးကောင်းကင်သစ်တောရဲ့ အစွန်အဖျားမှာ ဆန်းကြယ်တဲ့ရတနာကို ရယူဖို့အတွက် စီနီယာအကိုအမတွေ တခါထဲလိုက်သွားဖို့ အဆင့်သင့်ပြင် " လို့ ဆိုလိုက်သည်။

ကျစ်ယန်နဲ့ လျိုယွမ်သည် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပြုရင်း "တပည့်တို့ လိုက်နာ့ပါမယ်...." လို့ ပြောလိုက်၏။ကျစ်ယန်သည် ဝမ်ရိချင်ရဲ့ ပုံစံအသွင်အမှန်ကို မြင်တွေ့နေရသည့်အတွက် မကောင်းတာ၁ခုခု ဖြစ်တော့မယ်လို့ ခံစားနေရသည်။

ကျစ်ယန်တို့သည် အယောက်၂၀ရှိသော အဖွဲ့၁ဖွဲ့ထဲသို့ ပူးပေါင်းကာ ရပ်လိုက်သည်။

အဖွဲ့တိုင်းတွင် ခေါင်းဆောင်များ ခန့်အပ်ထားပြီး သူတို့စကားများကို လိုက်နာရန် ၁ခါထဲ အမိန့်ပေးလိုက်၏။ ရိဖုန်လို့ခေါ်သော ကျစ်ယန်တို့ အဖွဲ့ခေါင်းဆောင်သည်

တစ်ဖွဲ့လုံးအား မျက်နှာဖုံးများပေးဝေကာ တပ်ခိုင်းလိုက်ပြီး သူနဲ့အတူ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပေးဖို့ အားလုံးကို တောင်းဆိုလိုက်သည်။

မိုးကောင်းကင်သစ်တောထဲတွင် များစွာသော လှုပ်ရှားမူတွေ ပြင်းထန်နေခဲ့၏။ ကျစ်ယန်သည် လျိုယွမ်နဲ့ အတူတကွ မိုးကောင်းကင်သစ်တောထဲတွင် ပျံသန်းနေရင်း စိတ်ဝိညဥ်အာရုံကို ဖြန့်ကျက်ထားလိုက်သည်။ မိုးကောင်းကင်သစ်တောနယ်မြေသည် ဖုန်းတောက်ဂိုဏ်း၏ နယ်နိမိတ်အပိုင် ပင်ဖြစ်ပြီး ဘေးချင်းကပ်ကြယ်မိုးကြိုးနယ်မြေကိုတော့ လွီဟုန်ဂိုဏ်းတော်ကြီးရဲ့အပိုင်ပင် ဖြစ်၏။

ကျစ်ယန်သည် မိုးကောင်းကင်သစ်တောရဲ့ အစွန်ဖျားကို ရောက်လာတဲ့အခါ ပျံသန်းနေရင်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လျိုယွမ်သည် ကျစ်ယန်ရပ်တန့်သွားသည့်အတွက် "ဂျူနီယာမောင်လေး.....နင်ဘာလို့ ရပ်လိုက်တာလဲ....." လို့ မေးလိုက်၏။

အင်္ကျီအနက်ဝတ်ဆင်ထားသော ပိုင်ဖန်ဆိုသောသူသည် စိတ်ပျက်စွာခေါင်းခါလိုက်ပြီး "ငါထင်တာမမှားရင် မင်းက ရှေ့ဆက်ဖို့ကြောက်နေတာမလား...." လို့ မေးလိုက်သည်။ အားလုံးသည် ရပ်တန့်သွားကြပြီး မြေပြင်ကို သက်ဆင်းလိုက်ကြ၏။

ကျစ်ယန်သည် သူ့ရဲ့ ဓားကို ထုတ်လိုက်ပြီး "သူတို့လာနေကြပြီ......" လို့ သာမာန်အသံလောက်သာ ပြောလိုက်သည်။ လျိူယွမ်သည် ကျစ်ယန်စကားကို ကြားတဲ့အခါ အနည်းငယ်တုန်လှုပ်သွားခဲ့ပြီး တိုက်ခိုက်ဖို့ အဆင့်သင့် ပြင်ထားလိုက်၏။

ပိုင်ဖန်သည် ကျစ်ယန်အား ကြည့်၍ "အားလုံး ထိပ်လန့်အောင် မင်းဘာတွေလျှောက်ပြောနေတာလဲ ၊ မိုးကောင်းကင်သစ်တောက ငါတို့ဖုန်းတောက်ဂိုဏ်းရဲ့ ပိုင်နက်လေ ဘယ်သူက ကျူးကျော်ရဲမှာလဲ...... "'လို့ ဒေါသထွက်စွာအသံဖြင့် ပြော လိုက်သည်။

ကျစ်ယန်သည် သူ့ရဲ့ဓားအား စွမ်းအင်အသက်သွင်းလိုက်ပြီး သစ်ပင်တစ်ပင်ရှိရာကို စတင်တိုက်ခိုက်လိုက်၏။ ရွှေရောင်ဓားချီအလင်းတန်းသည် သစ်ပင်ကြီးကို ဖျက်ဆီးပြီးတဲ့နောက် သစ်ပင်နောက်တွင် ပုန်းကွယ်နေသော လူသည်လည်း ပစ်လဲကျသွားသည်။

All Chapters