← Chapters

လူဝင်စား

Vol. 21 Ch. 301

လူဝင်စား

Vol. 21 Ch. 301

ဖခင်ဖြစ်သူက သူ့နောက်ခံအကြောင်း ဘာကြောင့်ပြောမပြချင်ခဲ့သည်ကို ချင်ယန်ယန် နားလည်လာသည်။

ရက်စက်သွေးအေးသည့် နတ်ဆိုးကျင့်ကြံသူများစွာ သူ့အုပ်ချုပ်မှုအောက်တွင်ရှိပြီး အဓိကနတ်ဆိုးဂိုဏ်းတစ်ခု၏ဂိုဏ်းချုပ်ဆိုသော်လည်း ထိုကိစ္စသည် သူထုတ်ကြွားနိုင်သည့်အရာမဟုတ်။

အကယ်၍ ချင်ယန်ယန် ပြိုင်ဘက်တစ်ယောက်ကြုံပြီး ထိုပြိုင်ဘက်က သူသည် ထိပ်သီးနတ်ဆိုးဂိုဏ်းမှလူဖြစ်ကြောင်း ကြွားလုံးထုတ်၍ အညံ့ခိုင်းလျှင် အခြေအနေရှုပ်ထွေးလာမည်။

ချင်ယန်ယန်က မခိုးမခန့်ပြုံး၍ သူ့အဖေသည် နတ်ဆိုးဂိုဏ်းချုပ်ဖြစ်ကြောင်းပြောမည်။ တစ်ဘက်လူက အသေရိုက်သတ်မခံရစေရန် အပိုးကျိုးကျိုး အညံ့ခံမည်။ ထိုအခြေအနေမျိုးဖြစ်လာမည်မှာ မလွဲ။

သို့သော် ထိုဖြစ်ရပ်မျိုး နောက်စ်ကြိမ်ထပ်ဖြစ်လာမည်မဟုတ်တော့။ ပြိုင်ဘက်က သက်ဆိုင်ရာအာဏာပိုင်များထံ သတင်းပို့မည်။ ကိုးငရဲဂိုဏ်း အမြစ်ဖြုတ်ခံရမည်။

ကိုးငရဲဂိုဏ်းချုပ်သည် ရှားနိုင်ငံ၏ ထိပ်ဆုံးအလိုရှိရာဇဝတ်သားဖြစ်သည်။

ထောင်ချောက်ထဲသို့ တည့်တည့်တိုးဝင်သွားသည်နှင့်တူသည်။

ထို့ပြင် သူ့သရုပ်မှန်ပေါ်သွားလျှင် ချင်ယန်ယန်၏ ရုံးတော်ဝင်ခွင့် ဂိုဏ်းဝင်ခွင့် အနာဂတ်လမ်းကြောင်းများလည်း ထိခိုက်မည်။

အရေးကြီးဆုံးက ချင်ဟော်ရန် အကြွေးများစွာပိနေခြင်းဖြစ်သည်။ ကြွေးရှင်များ အဆက်မပြတ်အမဲလိုက်ခံခဲ့ရသည်။

ထိုအကြောင်းများအားလုံး စုယီယန်သိသွားလျှင် ကွာရှင်းဖို့ ဆုံးဖြတ်ကောင်းဆုံးဖြတ်ခဲ့နိုင်သည်။

"ရတနာဘယ်မှာဝှက်ထားလဲဆိုတာ မင်းတကယ်မမှတ်မိဘူးလား"

မုန်ကျင်းကျိုး လက်မလျှော့သေး။ နတ်ဆိုးဂိုဏ်းချုပ်၏ ရတနာဖြစ်သော်လည်း တန်ဖိုးကြီးမည်က သေချာနေသည်။

လီဟော်ရန် မျက်မှောင်ကျုံ့၍ မှတ်ဉာဏ်များကို ပြန်မှတ်မိရန် ကြိုးစားနေသည်။

ချင်ဟော်ရန်၏ မှတ်ဉာဏ်အပို်ငးအစများက ကြားဆက်ပြတ်နေရုံမက တစ်ချို့နေရာများတွင် မြူဖုံးထားသလို မှုန်ဝါးနေသည်။

"တွေးကြည့်ဦးမယ်...တွေးကြည့်ဦးမယ်။ ဒါက လွန်ခဲ့တဲ့နှစ်လေးရာက ပစ္စည်းတစ်ခုဖြစ်မယ်။ ထင်းရှူးပင်တွေနဲ့ ပတ်သက်နေတယ်"

လုယန် ခဏစဉ်းစားသည်။ ထို့နောက် သရဲသုံးယောက်ထံ စိတ်အာရုံမှ မက်ဆေ့လှမ်းပို့သည်။

ခန်းမထဲတွင် ကျောင်းသားများ၏ စာရွတ်ဖတ်သံ လွင့်ပျံနေသဖြင့် စွန့်ပစ်ဘုံကျောင်းက အသက်ဝင်နေသလိုရှိသည်။ အဝတ်အစားမလုံ့တလုံဝတ်ထားသည့် သရဲမသုံးယောက် ခန်းမထဲတွင် လျှောက်လှမ်းနေသည်။ စာသင်သားများ အတော်စိတ်လှုပ်ရှားနေကြသည်။

"ဒီအတန်းမှာ ကောင်းကောင်းလေ့လာနိုင်တဲ့သူကို သီးသန့်သင်ခန်းစာတွေပေးမယ်"

ဝတ်ရုံစိမ်းသရဲမက ညှို့ချက်အပြည့်ဖြင့် ပြောသည်။

စာသင်သားများ မျက်လုံးအရောင်လက်လာသည်။ တစ်ခါမှမလုပ်ဖူးသည့် ဇွဲနဘဲမျိုးဖြင့် စတင်လေ့လာကြလေသည်။

"သင်ယူရတာနဲ့ သင်ထားတာကို လေ့ကျင့်ရတာ ပျော်စရာပဲမဟုတ်လား...."

လုယန်၏ အသံမက်ဆေ့ကြောင့် သရဲမသုံးယောက် လက်နှစ်ဘက်ဆုပ်၍ ကျောင်းသားများကိုပြောလိုက်သည်။

"လူရည်မွန်တို့၊ ကျွန်မတို့ ဒီနေ့လုပ်စရာကိစ္စတွေ ရှိပါသေးတယ်။ နောက်စာသင်ချိန်မှာ ကိုယ့်ဘာသာလေ့လာနေကြပါ"

အူကြောင်ကြောင်ဖြစ်သွားသည့် စာသင်သားများကို ချန်ထားခဲ့ပြီး ဘေးခန်းသို့သွားကြသည်။

"နှစ်လေးရာကျောက်သက်တမ်းရှိတဲ့ ထင်းရှူးပင်တွေ ရှေးဟောင်းထင်းရှူးမြို့မှာ ဘယ်နှပင်လောက်ရှိလဲ"

(**ရှေ့အခန်းများတွင် Eweb က locust ကို loctus ဟု စာလုံးပေါင်းမှားရေးထားသဖြင့် "ရှေးကြာပန်းမြို့"ဟု ဘာသာပြန်ခဲ့ပါသည်။ ယခုအခန်းမှစ၍ 'ထင်းရှူးမြို့"ဟု ပြင်ဆင်ဘာသာပြန်ပါသည်။)

သရဲမသုံးယောက် အံ့အားသင့်သွားကြသည်။ ဉာဏ်အထက်ဆုံးဖြစ်သည့် ရှောင်ချီက ပြန်ပြောသည်။

"အခုလက်ရှိ နှစ်လေးရာကျော်ထင်းရှူးပင် ရှစ်ဆယ်ကျော်ရှိပါတယ်။ ဒါပေမယ့် ဒါက လွန်ခဲ့တဲ့နှစ်လေးရာကျော်က သစ်ပင်အားလုံးတော့ မဟုတ်ဘူး။ တစ်ချို့ကို ပရိတ်ဘောဂလုပ်ဖို့၊ တစ်ချို့ကို ထင်းအဖြစ်သုံးဖို့ ခုတ်လှဲခဲ့တယ်။ ပြီးတော့ ထင်းရှူးမြို့မှာ မီးအကြီးအကျယ်လောင်လို့ ထင်ရှူးပင်အတော်များများလည်း သေသွားဖူးတယ်"

ရှာဖွေဖို့ အတော်ခက်ခဲလိမ့်မည်ဟု မုန်ကျင်းကျိုး ခံစားရသည်။ အစောပိုင်းက နှစ်လေးရာကျော်သက်တမ်းရှိသည့် ထင်းရှူးပင် များများစားစားမရှိဘဲ တစ်ပင်ချင်းစစ်ဆေးကြည့်လျှင်ရနိင်သည်ဟု တွေးခဲ့သည်။ သို့သော် သူထင်သည်ထက်ရှုပ်ထွေးမှန်း နားလည်လာသည်။ ထင်းရှူးပင်အများစုက ယနေ့ခေတ်အထိ ဆက်၍မရှင်သန်နိုင်ခဲ့။

လုယန် ခေါင်းငြိမ့်၍ ထပ်မေးသည်။

"သခင်မီကို ယန်စွမ်းအင် ဘယ်အချိန်လွှဲပေးရမှာလဲ"

"မနက်ဖြန်မနက်ပါ"

"သခင်မီရဲ့အဆင့်က ဘာလဲ"

"နတ်ဝိညာဉ်အစောပိုင်းအဆင့် ဖြစ်လောက်တယ််"

လုယန်မှန်းထားသည်နှင့် အကြမ်းဖျင်းကိုက်ညီပါသည်။ နတ်ဆိုးဂိုဏ်းတွင် ကောင်တီတစ်ခု၏ခေါင်းဆောင်သည် ပုံမှန်အားဖြင့် နတ်ဝိညာဉ်အစောပိုင်းအဆင့်ရှိသည်။ သို့သော် ယန်ကျန်းကောင်တီမှ ဂိုဏ်းသခင်ချူးသည် ရွှေသန္ဓေနောက်ဆုံးအဆင့်သာရှိသည်။

မည်သို့ဆိုစေ ယန်ကျန်းကောင်တီမှ ကျင့်ကြံသူများသည် ကျင့်စဉ်အဆင့်နိမ့်ကြသည်။ နယ်မြေခေါင်းဆောင်သည် အရမ်းစွမ်းအားကြီးစရာမလို။

"မနက်ဖြန် မင်းတို့သုံးယောက် ငါ့အစီအစဉ်အတိုင်း လိုက်လုပ်ပါ..."

.......

ရှိုထန်ကောင်တီမှ တစ်လလျှင် ဝိညာဉ်ကျောက်နှစ်ဆယ်ဖြင့် ငှားရမ်းထားသည့် မြေတိုက်ခန်းတစ်ခုတွင်ဖြစ်သည်။

ကိုးငရဲဂိုဏ်း၏ ရှိုထန်ကောင်တီခေါင်းဆောင် သခင်မီက ခံ့ညားသည့်လူငယ်တစ်ယောက်အတွက် လက်ဖက်ရည်ငှဲ့ပေးနေသည်။

လူငယ်၏ကျင့်စဉ်စွမ်းအားက သိပ်မမြင့်လှ။ အခြေတည်ထိပ်တန်းအဆင့်သာရှိသည်။

"သခင်မီက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ကအခု ဂိုဏ်းရဲ့အဆင့်နိမ့်တပည့်လေးတစ်ယောက်ပါပဲ။ သခင်မီကို ဒုက္ခမပေးရဲပါဘူး"

"ကျုပ်ကိုသခင်မီလို့ မခေါ်ပါနဲ့။ လောင်မီလို့ပဲခေါ်ပါဗျာ"

သခင်မီ ဖျစ်ညှစ်ထားသည့်အပြုံးဖြင့်ပြောသည်။ စိတ်ထဲတွင်တော့ ကျိတ်ဆဲနေသည်။ ထိုသကောင့်သားကို အဆင့်နိမ့်တပည့်လို ဘယ်သူဆက်ဆံရဲမည်နည်း။

လူငယ်က လက်ဖက်ရည်ကို အေးအေးလူလူသောက်နေသည်။ သခင်မီကို လေးစားရိပ်မျိုး လုံးဝမရှိ။ လက်အောက်ခံတစ်ယောက်လို ဆက်ဆံသည်။

"ကျုပ်ဒီတစ်ကြိမ်ရောက်လာတဲ့ ရည်ရွယ်ချက်ကို ခင်ဗျားသိမှာပေါ့"

"ဂိုဏ်းချုပ်ချင် ထင်းရှူးမြို့မှာ ဝှက်ထားတဲ့ ရတနာအတွက်လား"

လူငယ်က လက်ဖက်ရည်ခွက်ကိုပြန်ချ၍ ခပ်အေးအေးပြောသည်။

"အတိအကျပြောရရင် ကျုပ်ရဲ့ရတနာပါ"

သခင်မီ တုံ့ဆိုင်းဆိုင်းဖြစ်နေသဖြင့် လူငယ်က လက်နှစ်ဘက်ပိုက်ပြီး ထိုင်ခုံပေါ် နောက်ပြန်မှီ၍လှဲလိုက်သည်။

"ဘာဖြစ်တာလဲ။ ကျုပ်ဟာ ချင်ဟော်ရန်ဝင်စားတဲ့လူဆိုတာကို သခင်မီက မယုံသေးတဲ့ပုံပဲ"

"မနောက်ပါနဲ့ ချင်သခင်လေး။ ဂိုဏ်းထဲကလူအားလုံး သခင်လေးက ဂိုဏ်းချုပ်ချင်လူဝင်စားမှန်း သိပါတယ်"

ထိုသို့ပြောလိုက်သော်လည်း သခင်မီစိတ်ထဲတွင် သံသယမကင်း။

တစ်ချိန်က ဂိုဏ်းထဲတွင် ကောလဟာလတစ်ခု ပြန့်လာသည်။ ဂိုဏ်းချုပ်ဟောင်း ချင်ဟော်ရန်သည် လူဝင်စားသံသရာ၏ အမှန်တရားတစ်ချို့ကို နားလည်တတ်မြောက်ခဲ့သည်။ သူ့အသက်ဓာတ်ကြေမွပျက်စီး၍ သေဆုံးခဲ့သော်လည်း အမှန်တော့ နောင်တစ်ချိန် မဟာကပ်ကာလအတွက် လူဝင်စားသံသရာထဲသို့ ဝင်ခဲ့ခြင်းဖြစ်သည်ဟူ၏။

မကြာသေးမီက ချင်မျိုးရိုးနာမည်နှင့် လူငယ်သုံးယောက် ပေါ်လာသည်။ အားလုံးက ချင်ဟော်ရန်လူဝင်စားဟူကြေညာ၍ သူ့အမွေအနှစ်များကို ရှာဖွေနေသည်။

ထိုလူငယ်သုံးယောက်လုံးကို ကိုးငရဲဂိုဏ်းအဆင့်မြင့်ဂိုဏ်းဝင်များက ထောက်ခံပေးထားသည်။ ထို့ကြောင့် ဘယ်သူမှ ချင်ဟော်ရန်လူဝင်စားဟုတ်မဟုတ် ပေါ်တင်ထုတ်မပြောရဲကြ။

ကိုးငရဲဂိုဏ်း ထိပ်တန်းအဆင့်များကြား ဂိုဏ်းတွင်းအားပြိုင်မှုနှင့် ပတ်သက်နေသည်။

ထိပ်ပိုင်းတွင် အဖွဲ့သုံးဖွဲ့ကွဲနေသည်ဟု သခင်မီယူဆသည်။ ချင်ဟော်ရန်အမွေကို သိမ်းပိုက်ချင်နေကြသည်။ ထို့ကြောင့် လူဝင်စားများ မွေးထုတ်ထားသည်။

သူ့ရှေ့မှလူငယ်သည် ထိုလူဝင်စားသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သခင်မီ သူ့ကို လေးစားမှုအပြည့်ဖြင့် ဆက်ဆံရသည်။ မပေါ့ဆရဲ။

တကယ်သာ ဂိုဏ်းချုပ်ချင်လူဝင်စားဖြစ်နေရင် ဘယ်လိုလုပ်မည်နည်း။

ယဉ်ယဉ်ကျေးကျေးဆက်ဆံခြင်းသည် နစ်နာစရာမရှိ။

ထို့ပြင် သူ့လိုလူငယ်တစ်ယေက်က ကာကွယ်တစ်ယောက်မပါပဲ အပြင်ထွက်မည်မဟုတ်။ အရိပ်ထဲတွင် ကာကွယ်သူတစ်ယောက် ပုန်းအောင်းနေသည်မှာသေချာသည်။

ထိုလူငယ်၏ ရာထူးနေရာသည် မတည်ငြိမ်သေး။ ထို့ကြောင့် လူဝင်စားဖြစ်ကြောင်း သက်သေခိုင်မာအောင်ပြရန် ထင်းရှူးမြို့တွင် ဂိုဏ်းချုပ်ချင်ချန်ထားခဲ့သည့် ရတနာကို လာရှာလိုခြင်းဖြစ်မည်ဟု သခင်မီယူဆသည်။

ဤမြို့တွင် ရတနာရှိသည်ဟူသည် ကောလဟာလများကလည်း ပျံ့နှံ့နေသည်။

ထိုသတင်းသည် ချင်ဟော်ရန်ကိုယ်တိုင် ဖွင့်ထုတ်ခဲ့ခြင်းမဟုတ်။ သူ့လူယုံတစ်ယောက် ထုတ်ပြောခဲ့သည့် သတင်းဖြစ်သည်။

ဂိုဏ်းချုပ်ချင်သည် သစ်သားသေတ္တာတစ်လုံးတွင် စာရွက်တစ်ချို့ထည့်ပြီး ထိုစာရွက်ပေါ်တွင် ဝိညာဉ်ကျောက်ပမာဏများစွာကို ရေးချထားသည်ကို မြင်ခဲ့ကြောင်း လူယုံကပြောခဲ့သည်။ ကုန်သည်အသင်းများတွင် ဝိညာဉ်ကျောက်နှင့်လဲလှယ်နိုင်သည် ငွေကြေးအာမခံစက္ကူများဖြစ်နိုင်ကြောင်းပြောသည်။

ထို့ပြင် ဂိုဏ်းချုပ်ချင်ချန်ခဲ့သည့် သဲလွန်စများမှတစ်ဆင့် ထိုသေတ္တာသည် ထင်းရှူးမြို့တွင် မြှုပ်နှံထားခဲ့ကြောင်း သူကောက်ချက်ချခဲ့သည်။

အစက ထိုလူယုံ သိပ်မစဉ်းစားခဲ့။ သို့သော် ချင်ဟော်ရန်သေဆုံးပြီးနောက် ထိုသေတ္တာကို ကိုယ်တိုင်သွားယူဖို့ လောဘတက်ခဲ့သည်။

သို့သော် သေတ္တာကို ထူးခြားသည့် အကာအကွယ်များဖြင့် ဂိုဏ်းချုပ်ချင်က ချိတ်ပိတ်ခဲ့သည်။ အပြင်ဘက်မှ အာရုံဖောက်ထွင်းရှာဖွေနည်းလမ်းများအားလုံး အလုပ်မဖြစ်။ ထိုလူရုံသည် ထင်းရှူးမြို့သို့ အကြိမ်များစွာသွားခဲ့သည်။ မအောင်မြင်ခဲ့။

ဂိုဏ်း၏ထိပ်တန်းပုဂ္ဂိုလ်များလည်း ထိုကိစ္စကို သတိထားမိသည်။ သို့သော် သေတ္တာ၏တည်နေရာကို မရှာနိုင်ကြ။

ထင်းရှူးမြို့ကို ပေါ်ပေါ်ထင်ထင် ပြောင်းပြန်လှန်ပစ်၍လည်းမဖြစ်။ ရှားနိုင်ငံရုံးတော်က သတိထားမိသွားမည်။

ထို့ကြောင့် ထိုကိစ္စကို လျှို့ဝှက်ထားသည်။ သခင်မီကို စောင့်ကြည့်ဖို့ တာဝန်ပေးထားသည်။

သခင်မီ နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သော်လည်း ဘာထူးခြားမှုမှမရှိ။ သူကြိုးစားရှာဖွေနေကြောင်း အထက်လူကြီးများကို သက်သေပြဖို့ တစ်ခါတစ်လေ သရဲမများကို မေးမြန်းစူးစမ်းရုံသာရှိသည်။

*************************************

All Chapters