← Chapters

အဖေ့ရဲ့လူဝင်စား

Vol. 21 Ch. 305

အဖေ့ရဲ့လူဝင်စား

Vol. 21 Ch. 305

"မဖြစ်နိုင်ဘူး"

ချင်ထန်က အရင်ဆုံးကန့်ကွက်သည်။ သို့သော် ဘယ်သူမှ သူ့ကိုအရေးမစိုက်ကြ။

သူ့နောက်မှ ဝိညာဉ်ပြောင်းကျင့်ကြံသူ လုယန်တို့အဖွဲ့ကို ချက်ချင်းသတ်ပစ်ရန် စိတ်ကူးမိသည်။ ထိုလူစုသည် အန္တရာယ်အတော်ကြီးသည်။

သို့သော် ခဏစဉ်းစားပြီးနောက် သူ့စိတ်ကူးကို ခေါင်းထဲမှထုတ်လိုက်သည်။ တစ်ဘက်လူများက သူ့ကိုလုံးဝကြောက်ဟန်မပြ။ ရှေးဟောင်းပါရမီရှင်များဖြစ်၍ အသက်ကယ်ရတနာဝှက်ဖဲများလည်း ရှိနေမှာသေချာသည်။

သူတို့ကိုသတ်သည့်ကိစ္စ မအောင်မြင်ဘဲ နောင်တစ်ချိန် ကိုးငရဲဂိုဏ်းနှင့် ကောင်းကင်ရုံးတော်ဂိုဏ်းတို့ မဟာမိတ်ဖွဲ့ကြလျှင် ဒုက္ခရောက်မည့်လူက သူသာဖြစ်သည်။

လုယန် လက်ကိုဝှေ့ယမ်းပြသည်။ သခင်မီစကားကို လုံးဝအရေးမစိုက်။

"မယုံဘူးလား။ ခင်ဗျားတို့ကိုးငရဲဂိုဏ်းက အမွှအနှစ်ဆုံးရှုံးခဲ့တာတွေ များလွန်းတာကိုး။ မယုံကြည်တာလည်း သဘာဝကျပါတယ်။

ကောင်းပြီလေ။ ဂိုဏ်းချုပ်ချင် ဝှက်ထားတဲ့ပစ္စည်းကို ကျုပ်ရှာပြမယ်"

လုယန်ကို မောက်မာသည်ဟု သခင်မီ မယူဆ။ ယင်ထန်မသေမျိုးပင် မနာလိုဖြစ်၍ မသေမျိုးမဖြစ်အောင် ပိတ်ဆို့တားဆီးခဲ့သည့် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သည်။ ထိုလူမျိုးက သာမန်နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို အရေးစိုက်နေမ်ညမဟုတ်။

လုယန်နှင့် မုန်ကျင်းကျိုးသာမဟုတ်။ သူတို့နောက်မှ လီဟော်ရန်နှင့်ချင်ယန်ယန်တို့လည်း ထိုမျက်နှာပေးမျိုးရှိနေသည်။

သူတို့ထဲတွင် ချင်ယန်ယန်သရုပ်ဆောင်ချက်က တစ်ညလုံးလေ့ကျင့်ခဲ့သည့်တိုင် အဆိုးဝါးဆုံးဖြစ်သည်။

လီဟော်ရန်က ပင်ကိုယ်စရိုက်နှင့် မှတ်ဉာဏ်ဟောင်းများ လွှမ်းမိုးမှုကြောင့် ပထမတစ်ကြိမ်စမ်းကြည့်ရုံနှင့် အဆင်ပြေပြေသရုပ်ဆောင်နိုင်သည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ ချီးကျူးဩဘာပေးခဲ့သည်။

လုယန် စွန့်ပစ်ဘုံကျောင်းထဲသို့ လှည့်ဝင်သွားသည်။

"ခင်ဗျားတို့ကိုယ်တိုင် လာကြည့်ပါ။ ကိုးငရဲဂိုဏ်းကို တော်ဝင်လမ်းက အချိန်အကြာကြီးဖိနှိပ်ထားခဲ့တယ်။ ရောက်တဲ့နေရာတိုင်း ပုန်းအောင်းနေရတယ်။ ခင်ဗျားတို့အနေနဲ့ တစ်ခြားလူတွေကို ယုံကြည်ဖို့ ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်"

လုယန် ခန်းမထဲသို့ တန်းသွားသည်။ အားလုံး နောက်မှကပ်လိုက်လာသည်။

ဘုံ‌ကျောင်းခန်းမက ခါတိုင်းလိုပင် ယိုယွင်းပျက်စီးနေသည်။ ကိုယ်တစ်ပိုင်းဗုဒ္ဓရုပ်ထု၊ အိုဟောင်းနေသည့် တံခါးနှင့်ပြတင်းပေါက်များ၊ အက်ကွဲနေသည့် ခေါင်မိုးထုပ်တန်းများ၊ အရောင်မှိန်နေသည့် မွှေးတိုင်စင်နှင့် အမှတ်အသားများ စာလုံးများပြည့်နေသည့် ဖုန်တက်နံရံများ။ ထိုဘုံကျောင်းတည်ဆောက်ထားသည့် မူလရည်ရွယ်ချက်ကို ထင်းရှူးမြို့သူမြို့သား မသိကြတော့။

လုယန် ရှေးဟောင်းခေတ်အဖြစ်အပျက်များကို ပြန်တွေးနေဟန်ဖြင့် ဘုံကျောင်းမြင်ကွင်းကို ငေးစိုက်ကြည့်နေသည်။ ဤဘုံကျောင်းလိုပင် ကောင်းကင်ရုံးတော်ကိုလည်း အားလုံးက မေ့ပျောက်သွားကြပြီဟု တွေးနေပုံမျိုးဖြစ်သည်။

"အဲဒီတုန်းက ကောင်းကင်ရုံးတော်ရဲ့စွမ်းအားကို ဘယ်သူမေ့နိုင်မှာလဲ"

သခင်မိနှင့် ကိုယ်ပျောက်ဝိညာဉ်ပြောင်းစွမ်းအားရှင် ကြားနိုင်ရုံလောက် သူရေရွတ်လိုက်သည်။

လက်ကိုမြှောက်၍ ရွှေရောင်ဓားအလင်းတစ်ခု ဖန်တီးလိုက်သည်။ ရှေးဟောင်းခေတ်က နာမည်ကျော်ခဲ့သည့် ဤရွှေရောင်ဓားအလင်းကိုလည်း ယခု ဘယ်သူမှမသိကြတော့။

ဓားအလင်းကျလာပြီး ဗုဒ္ဓရုပ်ထု နှစ်ခြမ်းကွဲသွားသည်။ ဟောင်းနွမ်းနေသည့် မှော်အဆောင်များ ရစ်ပတ်ထားသည့် သစ်သားသေတ္တာတစ်လုံး ပေါ်လာသည်။

"ဂိုဏ်းချုပ်ချင်ရဲ့အမွေအနှစ်လား"

သခင်မီ မျက်လုံးပြူးသွားပြီး တအံ့တဩရေရွတ်လိုက်သည်။

သူတို့ရှာနေခဲ့သည့်ရတနာက သူ့မျက်စိအောက်တွင် တစ်ချိန်လုံးရှိနေခဲ့သည်။

"ခင်ဗျားဘယ်လိုထင်လို့လဲ"

လုယန် သေတ္တာကိုလက်ဖြင့်ဆကြည့်သည်။ အတော်လေးပေါ့ပါးနေသည်။ ဘာပစ္စည်းထည့်ထားသည်တော့မသိ။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ လီဟော်ရန်က သက်ပြင်းချ၍ ပြောသည်။

"လွန်ခဲ့တဲ့နှစ်လေးရာက ပစ္စည်းတစ်ခု ထင်းရှူးပင်တစ်ပင်ထဲမှာ ဝှက်ထားခဲ့တယ်။ အဲဒီ့ထင်းရှူးပင်ကို ဘုံ‌ကျောင်းတည်ဆောက်ချိန်မှာ ဗုဒ္ဓရုပ်ထု ထုလုပ်ဖို့ ခုတ်လှဲခံခဲ့ရတယ်။ ကံကြမ္မာက တကယ်လှည့်စားမှုများတာပဲ"

ဤကိစ္စသည် လီဟော်ရန်မှတ်ဉာဏ်ကြောင့်မဟုတ်။ မနေ့ညက လုယန် သုံးသပ်တွေးတော၍ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။

သုံးသပ်ပုံက ရိုးရှင်းသည်။ ချင်ဟော်ရန်၏ရတနာ ဤနေရာတွင်ရှိမှန်း ကိုးငရဲဂိုဏ်းက သိထားလျှင် အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ပြီး ဖြစ်လိမ့်မည်။ မြေကို ထယ်သွားဖြင့်ထိုးခွဲရှာသလို တစ်လက်မမကျန် ရှာခဲ့ကြလိမ့်မည်။

တစ်ချိန်ကဖြစ်ခဲ့သည့် ထင်းရှူးမြို့မီးလောင်မှုကိစ္စပင် ကိုးငရဲဂိုဏ်းက သ်ပင်များကို မီးရှို့၍ သစ်သားသေတ္တာကို ရှာခဲ့ခြင်းဖြစ်မည်ဟု လုယန် ယူဆသည်။

မည်သို့ဆိုစေ ထိုသေတ္တာက မီးလောင်နိုင်မည်မဟုတ်။

ထိုသို့ရှာခဲ့သည့်တိုင်အောင် ကိုးငရဲဂိုဏ်းက လုံးဝမတွေ့ခဲ့။

ဤသို့ဆိုလျှင် ကိုးငရဲးဂိုဏ်းသတိမထားမိသည့်နေရာတွင် ရှိနေခြင်းသာဖြစ်ရမည်။

ဥပမာ ဟိုအရင်ကတည်းက ဗုဒ္ဓရုပ်ထွင်းထုခံထားရသည့် ထင်းရှူးပင်။

ဘာကြောင့် ရှောင်ချီတို့က ဤဘုံကျောင်းတွင် အမြဲတမ်းနေသနည်း။ လူသူကင်းမဲ့ရုံသက်သက်ကြောင့်လား။

မဖြစ်နိုင်။ ဤနေရာသည့် မြိ့စွန်ပိုင်းဖြစ်သည်။ ဘေးပတ်လည်တွင် ထင်ရှူးပင်တစ်ချို့ရှိသည်။ သူတို့အတွက် မြို့ထဲတွင်နေသည်ထက် ဤနေရာက ပိုသဘာဝကျသည်။

ဤဘုံကျောင်းတွင်နေရသည့် တကယ့်အကြောင်းရင်းမှန်က ကိုယ်တစ်ပိုင်းဗုဒ္ဓရုပ်သည် သက်တမ်းရင့်ထင်းရှူးသစ်ဖြင့် လုပ်ထားခြင်းဖြစ်၍ ဝိညာဉ်များကို အဟာရပေးနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။

လုယန် အားစိုက်ကြည့်သည်။ သို့သော် သစ်သားသေတ္တာကို မဖွင့်နိုင်။ သူခန့်မှန်းခဲ့သည့်အတိုင်းပင် ချင်ဟော်ရန်က သေတ္တာကို ချိတ်ပိတ်ထားသည်။ ချင်ဟော်ရန်မှလွဲလျှင် တစ်ခြားလူဖွင့်နိုင်မည်မထင်။

အားဖြင့်အတင်းဖွင့်လျှင် အတွင်းထဲမှပစ္စည်းများ ထိခိုက်သွားသည်။

"ဖမ်းလိုက် ကောင်လေး။ မင်းက ကိုးငရဲဂိုဏ်းချုပ်လူဝင်စားလို့ ပြောခဲ့တယ်မဟုတ်လား။ ဒါကိုဖွင့်ကြည့်ပါ"

လုယန် ချင်ထန်ဆီ သေတ္တာကို ပစ်ပေးလိုက်သည်။

ချင်ထန်လန့်သွားပြီး သေတ္တာကို ပြုတ်မကျအောင် ကမန်းကတမ်းထိန်းလိုက်ရသည်။

ဂိုဏ်ချုပ်ချင်ဝင်စားသူဟုတ်မဟုတ် သူ့ကိုယ်သူကောင်းကောင်းသိသည်။

အကယ်၍ သူတကယ်ဟုတ်နေခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။

အံကိုတင်းတင်းကြိတ်၍ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာသည်အထိ စွမ်းအားကုန်သုံး၍ သေတ္တာကိုဖွင့်ရန် ကြိုးစားသည်။

သေတ္တာက ပွင့်မလာ။

ဝိညာဉ်ပြောင်းကျင့်ကြံသူ ချင်ထန်ကို စိတ်ပျက်လက်ပျက်ကြည့်သည်။

အရူးကောင်။ ဘယ်သူက ဒီနေရာမှာဖွင့်ရမယ် ပြောလို့လဲ။ ဂိုဏ်းကိုပြန်ယူသွားပြီးမှ ဖွင့်ကြည့်လို့မရဘူးလား။

သခင်မီ သေတ္တာကိုယူ၍ သေချာစစ်ဆေးသည်။ မှော်တံဆိပ်များအကြောင်း သူနည်းနည်းနားလည်သည်။ ထိုမှော်တံဆိပ်များသည် ဂိုဏ်းချုပ်ချင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိသည်။ ဝိညာဉ်စွမ်းအင်များစွာ လိုအပ်သည်။ ဂိုဏ်းချုပ်ချင် သို့မဟုတ် သူ့လူဝင်စားသာ ဖွင့်နိုင်ပေလိမ့်မည်။

"လီဟော်၊ မင်းဖွင့်လိုက်ပါ"

လုယန် ခပ်ညှင်းညှင်းရယ်၍ ဂိုဏ်းချုပ်ဟောင်းအစစ်ဖြစ်သည့် လီဟော်ရန်ကို အချက်ပြလိုက်သည်။

လူဝင်စားသံသရာသဘောတရားများကို နားလည်သည့် ဂိုဏ်းချုပ်ဟောင်းတစ်ယောက်သည် ရှေးခေတ်ပါရမီရှင်များနှင့် တန်းတူအဆင့်ရှိသည်။ ထို့ကြောင့် လီဟော်ရန် သေတ္တာကို ကိုယ်တိုင်တိုက်ရိုက်သွားယူ၍မဖြစ်။ သူ့အဆင့်အတန်းကို နှိမ့်ချသလို ဖြစ်သွားမည်။

လုဘန်နှင့်မုန်ကျင်းကျိုးလည်း ရွှေသန္ဓေအဆင့်များဖြစ်၍ ထိုသို့လုပ်ဖို့မသင့်တော်။ ထို့ကြောင့် လီဟော်ရန်၏ ဂုဏ်သိက္ခာကိုထိန်းဖို့တာဝန်က ချင်ယန်ယန်ပေါ်သို့ ကျလာသည်။

ချင်ယန်ယန် ရှေ့သို့လျှောက်သွားပြီး သခင်မီထံမှ သေတ္တာကို ယူပေးရန်ပြင်သည်။

သို့သော် သေတ္တာကို သူ့လက်ချောင်းများ ထိလိုက်သည်နှင့် သွေးတံဆိပ်က ပိုင်ရှင်ကိုမှတ်မိပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

အဖြစ်အပျက်ကို နားမလည်သဖြင့် ချင်ယန်ယန် မျက်တောင်တဖျတ်ဖျတ်ခတ်၍ စည်းစားနေသည်။

လုယန်လည်း စဉ်းစားရကြပ်သွားသည်။

သို့သော် ထာဝရနတ်မယ်ရှိနေသဖြင့် သူကံကောင်းသည်။

နတ်မယ်ရှင်းပြပြီးနောက် အခြေအနေကို သူနားလည်သွားသည်။

ဤတံဆိပ်သည် ချင်ဟော်ရန်ချန်ခဲ့သည့် သွေးတံဆိပ်တစ်မျိုးဖြစ်သည်။ သွေးချင်းတူသည့်လူသာ ဖွင့်နိုင်သည်။

လွန်ခဲ့သည့်နှစ်ပေါင်းလေးရာကတော့ ချင်ဟောင်ရန်ကိုယ်တိုင်သာ ဖြစ်မည်။

သို့သော်ယခု ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသူ နောက်တစ်ယောက်ရှိလာသည်။

သူ့သမီးဖြစ်သည်။

သခင်မီ မျက်လုံးပြူးသွားသည်။ အတွေ့အကြုံဗဟုသုတကျယ်ပြန့်သူဖြစ်၍ အခြေအနေကို ချက်ချင်းနားလည်လိုက်သည်။ အမှန်တရားတစ်ခုကို ရှာတွေ့၍ ဉာဏ်အလင်းရလာသလိုပင်ဖြစ်သည်။

ချင်မျိုးရိုး။

ဂိုဏ်းချုပ်ချင်၏တံဆိပ်ကို ချိုးဖျက်နိုင်သည်။

အသက်အရွယ်ကလည်း ဂိုဏ်းချုပ်ချင် သေဆုံးသည့်အချိန်နှင့် ကိုက်ညီနေသည်။

မယုံနိုင်စရာ ပါရမီ။ ငယ်ငယ်ရွယ်ရွယ်ဖြင့် အခြေတည်ထိပ်တန်းအဆင့်ရောက်နေသူ။ အဆင့်တူချင်းတွင် ချင်ထန်ကို အနိုင်ပိုင်းနိုင်သူ။

ထိုကိစ္စအားလုံး အဓိပ္ပါယ်ရှိလာသည်။ မထူးဆန်းတော့။

စိတ်လှုပ်ရှားစွာဖြင့် ချင်ယန်ယန်ကို သူလက်ညှိုးထိုး၍ပြောသည်။

"မင်း...မင်းက ဂိုဏ်းချုပ်ချင်လူဝင်စားပဲ"

သူမဟုတ်လျှင် တစ်ခြားဘယ်သူဖြစ်နိုင်မည်နည်း။

မိန်းကလေးဖြစ်နေသော်လည်း လူပြန်ဝင်စားချိန်တွင် လိင်ပြောင်းမပြောင်း ဘယ်သူမှသေချာမပြောနိုင်။

လူဝင်စားသံသရာကိစ္စသည် အလွန်ဆန်းကြယ်ပြီး ပဟေဠိများပြည့်နေသည်။ ဘာမဆိုဖြစ်နိုင်သည်။

လုယန်ကလည်း သူတို့ကောင်းကင်ရုံးတော်ဂိုဏ်းက ဂိုဏ်းချုပ်ချင်လူဝင်စားကိုတွေ့ထားသည်ဟု ပြောခဲ့သည်မဟုတ်ပါလား။

သေတ္တာယူရန် ချင်ယန်ယန်ကို အထူးတလည် ညွှန်ကြားခဲ့သည်။ သူတို့ကို တံဆိပ်ချိုးဖျက်သည့်မြင်ကွင်းအား လက်တွေ့မြင်စေလိုခြင်း၊ ဂိုဏ်းချုပ်ချင်အစစ်ဖြစ်ကြောင်း သက်သေပြလိုခြင်းသာ ဖြစ်ရမည်။

ချင်ယန်ယန် - "..."

ငါက ငါ့အဖေရဲ့လူဝင်စား ဖြစ်သွားပြီလား။

All Chapters