← Chapters

မြှုပ်ထားသည့်အရာ

Vol. 21 Ch. 306

မြှုပ်ထားသည့်အရာ

Vol. 21 Ch. 306

သေမျိုးလာက၏သဘောသည် ခန့်မှန်းမရအောင် နက်ရှိုင်းကျယ်ပြန့်ကြောင်း ချင်ယန်ယန် ခံစားရသည်။

ထင်းရှူးမြို့သို့ စရောက်သည်။ သူ့အဖေဟောင်း သရဲမနှင့် ပလူးပလဲလုပ်နေသည်ကို မြင်ရဿည်။ သူ့အဖေ၏ ဂိုဏ်းတူအကိုနှစ်ယောက်က ပို၍ပင်အရှက်နည်းသေးသည်။

နားလည်မှုလွဲနေသည်ကို ရှင်းလင်းပြီးချိန်တွင် ရှားပါးသတင်းတစ်ခု ကြားရသည်။ ဘယ်တုန်းကမှ မတွေ့ဖူးခဲ့သည့် သူ့အဖေသည် ကိုးငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေသည်။

ထို့ပြင် သူနှင့်သူ့အမေတို့ မသိကြသည့် သူ့အဖေဘဝလမ်းကြောင်းတွင် အကြွေးများစွာ တင်ခဲ့သည်။

ယခု နောက်ဆုံးတွင် သူသည် သူ့အဖေဖြစ်လာသည်။

နုနယ်ပျိုမြစ်သည့် ဆယ့်ခုနစ်နှစ်အရွယ်တွင် လူအတော်များများ တစ်သက်လုံးမကြုံဖူးနိုင်သည့် ဘဝအတွေ့အကြုံများကို သူကြုံခဲ့ရသည်။

လုယန် - "..."

ယခုချိန်တွင် လီဟော်ရန်သည် ချင်ဟော်ရန်လူဝင်စားဖြစ်ကြောင်းပြောလျှင်လည်း တစ်ဘက်လူများက ယုံပါတော့မည်လော။

ကိုယ့်အစီအစဉ်ကိုယ် ဟာကွက်မရှိဟု လုယန်ထင်ခဲ့သည်။ အရင်ဆုံ ကျယ်ပြန့်သည့် ရှေးဟောင်းခေတ်ဗဟုသုတဖြင့် ခမ်းနားထည်ဝါသည့် ဇာတ်လမ်းတစ်ပုဒ်ဖန်တီးသည်။ ဒဏ္ဍာရီကောင်းကင်ရုံးတော်ဂိုဏ်းကို ဖန်တီးသည်။ ပဲဝါကို ပဲဝါအဓိပဓိအရှင်အဖြစ် လုပ်ခိုင်းသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းအတွက် သမိုင်းမှတ်တမ်းတစ်ခုပင် ရေးခဲ့သည်။ ဘယ်သူစုံစမ်းသည်ဖြစ်စေ ဟာကွက်မတွေ့နိုင်အောင် သေချာလုပ်ထားသည်။ ထို့နောက် သစ်သားသေတ္တာကိုရှာ၍ လီဟော်ရန်ဖွင့်ဖြစ်အောင် အစီအစဉ်ချသည်။ လီဟော်ရန်သည် လူဝင်စားအစစ်ဖြစ်ကြောင်း သက်သေပြမည်။ ဤနည်းဖြင့် ကောင်းကင်ရုံးတော်ဂိုဏ်း၏ ကြီးမားသည့်အင်အားနှင့် ကိုးငရဲဂိုဏ်းကို ကူညီထောက်ပံ့လိုသည့်ဆန္ဒကို ပြမည်။

ဤနည်းဖြင် ကိုးငရဲဂိုဏ်းနှင့် အဆက်အသွယ်တစ်ခု ဖန်တီးနိုင်သည်။

ကံကောင်းလျှင် တစ်ခြားနတ်ဆိုးဂိုဏ်းနှစ်ခုနှင့်ပါ ဆက်သွယ်နိုင်ဦးမည်။

ထာဝရဂိုဏ်းကို ဖျက်ဆီးပြီးနောက် လုယန်က သူ့အတိတ်လုပ်ရပ်များကို အကြိမ်များစွာ ပြန်သုံးသပ်ခဲ့သည်။ အရင်က လှုပ်ရှားခဲ့ပုံများသည် အလွန်အလျင်စလိုနိုင်သည်ဟု သူတွေးမိသည်။ ထာဝရဂိုဏ်းကို ထိုမျှမြန်မြန်ဖျက်ဆီးစရာမလို။ ထာဝရဂိုဏ်းမှ လမ်းကြောင်းရှာပြီး တစ်ခြားနတ်ဆိုးဂိုဏ်းကြီးသုံးခုကို ရှာသင့်သည်။ ပြီးမှ အားလုံးကို တစ်ခါတည်းရှင်းပစ်ခဲ့သင့်သည်။

သို့သော် ယခုလည်း အမှားပြင်ဆင်ဖို့ နောက်မကျလှသေး။

"ခင်ဗျားထင်တာမှန်တယ် သခင်မီ။ သူကတကယ် ကျုပ်တို့တွေ့ထားတဲ့ ဂိုဏ်းချုပ်ချင်ဝင်စားတဲ့လူပါ။ ပြန်ဝင်စားသံသရာကို ဖြတ်သန်းပြီးနောက်မှာ ဂိုဏ်းချုပ်ရဲံဝိညာဉ်ဟာ သန့်စင်တဲ့မူလဝိညာဉ်တစ်ခု ဖြစ်လာတယ်။ ဝိညာဉ်သစ်မွေးဖွားမှု စည်းမျဉ်းတွေ သက်ရောက်ပြီး လိင်မရှိတဲ့ မူလသက်ရှိအနေအထားကို ပြန်ရောက်သွားတယ်။

လူသားအဖြစ်မွေးဖွားတဲ့အချိန်မှာ မိန်းကလေးခန္ဓာအဖြစ် မွေးလတယ်။ ဘဝသစ်ရဲ့မှတ်ဉာဏ်တွေလွှမ်းမိုးမှုကြောင့် အတိတ်မှတ်ဉာဏ်တွေကို မေ့သွားတယ်။ နောက်ပိုင်းမှာ ကျုပ်တို့အကြီးအကဲတွေက လူဝင်စားသံသာနည်းလမ်းတစ်ချို့သုံးပြီး သူ့ကိုရှာတွေ့တယ်။ သူ့အတိတ်သိစိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို လှုပ်နှိုးခဲ့တယ်။ သူ့မှတ်ဉာဏ်တွေ တဖြေးဖြေးပြန်ရလာတယ်။

မျိုးရိုးနာမည်ဟာ ဝိညာဉ်ရဲ့ဇစ်မြစ်ပဲ။ မျိုးရိုးနာမည်မရှိတဲ့ ဝိညာဉ်ဟာ ကမ်းမဲ့ဗေဒါလို လွင့်မျောပြီး သူ့ကိုယ်သူတဖြေးဖြေးမေ့သွားတယ်။ ကံကောင်းထောက်မလို့ ဂိုဏ်းချုပ်ချင်ရဲ့ ပြိုင်ဘက်ကင်း လူဝင်စားပညာရပ်ကျွမ်းျကင်မှုကြောင့် အတိတ်ဘဝနဲ့လက်ရှိဘဝမှာ မျိုးရိုးနာမည်တူ ထိန်းထားနိုင်ခဲ့တယ်။

ခင်ဗျားက ဒီချင်ထန်ဆိုတဲ့လူကို လှည့်စားခံလိုက်ရတာပဲ။ သူ့ကို ချင်ဟော်ရန်လူဝင်စားလို့ ထင်ကြတယ်။ သူ့မျိုးရိုးနာမည်ကြောင့်လည်း နည်းနည်းပါမှာပေါ့။

ခင်ဗျားက လူဝင်စားသဘောတရားကို သိပ်နားမလည်တာ ဆိုးတာပဲ။ မဟုတ်ရင် ချင်ထန်ကို လူဝင်စားလို့ အထင်မှားခဲ့မှာမဟုတ်ဘူး"

လုယန် ကိုယ့်ဘာသာစိတ်ပျက်ဟန်ဖြင့် ရယ်လိုက်သည်။

"ဒါပေမယ့်လည်း ဆက်ပြောရရင် လူဝင်စားအရိယဖလအကြောင်းအပြည့်အစုံကို အခုထိဘယ်သူမှ နားမလည်ကြာသေးပါဘူး။ လူဝင်စားတာအိုကို အပြည့်အဝနားလည်ပါတယ်လို့ ဘယ်သူကြေညာရဲလဲ။ ယင်ထန်မသေမျိုးတို့တောင် အဲလိုမပြောရဲဘူးဆိုတာ သေချာတယ်"

လုယန်၏ ကျယ်ပြန့်သည့် ရှင်းလင်းချက်ကြောင့် အားလုံး မင်သက်မိသွားသည်။ လီဟော်ရန်ပင် မနေနိုင်တော့ဘဲ မုန်ကျင်းကျိုးကို သိစိတ်အာရုံမှ လှမ်းပြောသည်။

"အကိုမုန်၊ အကိုလုက လူဝင်စားသဘောတရားအကြောင်း ဘယ်လိုလုပ်ဒီလောက်အများကြီး သိနေတာလဲ"

"သူဘာမှမသိပါဘူး။ ပေါက်တတ်ကရလျှောက်ပြောနေတာ"

မုန်ကျင်းကျိုးက ခေါင်းအရှင်းဆုံးဖြစ်သည်။ အစကတည်းက လုယန် လက်တမ်းဇာတ်လမ်းဖန်တီးနေမှန်း သိသည်။

လုယန် သစ်သားသေတ္တာကိုယူ၍ သခင်မီထံ ပစ်ပေးလိုက်သည်။

"ဒါက ဘာသဘောလဲ"

သခင်မီ စဉ်းစားရကြပ်သွားသည်။ ဤပစ္စည်းသည် ဂိုဏ်းချုပ်ချင် အထူးတလည်ဝှက်ထားသည့် ရတနာတစ်ခုဖြစ်သည်။

လုယန် ပြုံးလိုက်သည်။

"ဂိုဏ်းချုပ်ချင်ရဲ့ ပစ္စည်းတွေဟာ တန်ဖိုးကြီးပေမယ့် ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းအတွက် ဘာမှသိပ်အဓိပ္ပါယ်မရှိပါဘူး။ ဒါကိုပြန်ယူသွားပြီး ခင်ဗျားတို့အကြီးအကဲတွေကို ကျုပ်တို့လုပ်ကြံထားတဲ့ပစ္စည်းလား တကယ့်ခေါင်းဆောင်ချင်ရဲ့ပစ္စည်းလားဆိုတာ စစ်ဆေးခိုင်းကြည့်ပါ"

ဤစကားတွင် ကိုးငရဲဂိုဏ်းထိပ်တန်းဂိုဏ်းဝင်များနှင့် လုယန်ဆက်သွယ်လိုသည့်သဘောက ရှင်းလင်းနေသည်။ သခင်မီကို အထောက်တော်အဖြစ်သာ သုံးလိုခြင်းဖြစ်သည်။

ပြိုင်ဘက်က်ငး ရှေးပါရမီရှင်တစ်ယောက်အနေအဖြင့် သူထိုသို့လုပ်ပိုင်ခွင့် ရှိသည်။

"ပြီးတော့ ဒီသရဲမသုံးယောက်က အခု ကျုပ်အပိုင်ပဲ"

လုယန်ကြေညာသည်။ သရဲသုံးယောက်၏ နဖူးများကို အသာအယာတို့လိုက်သည်။ သခင်မီ ချက်ချင်းထိန်းချုပ်ခွင့် ဆုံးရှုံးသွားသည်။

ဘယ်လိုပညာရပ်မျိုး သုံးလိုက်သည်မသိ။

သူပင်ပင်ပန်းပန်း ဖန်တီးထားသည့် ဝိညာဉ်အချုပ်အနှောင်များကို ထိုသို့အလွယ်တကူ ရှင်းပစ်နိုင်သည်။

သူသည် ဤလုယန်ထက် ကျင့်စဉ်အဆင့်ကြီးတစ်ဆင့် ပိုမြင့်သည်။

ခေတ်ကာလအတော်ကြာအောင် ‌ပျောက်ဆုံးနေခဲ့သည့် ရှေးဟောင်းပညာရပ်မျိုးလား။

သို့မဟုတ် 'လူဝင်စား'စည်းမျဉ်းစွမ်းအားမျိုး ပါလေသလား။

သခင်မီနဖူးမှ ချွေးစေးများပြန်လာသည်။ လုယန်တို့၏ အခြေခံသည် ခန့်မှန်းမရအောင် နက်ရှိုင်းကြေင်း နားလည်သွားသည်။

"ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်ရင် ယန်ကျန်းကောင်တီက အသားကင်ဆိုင်မှာ ကျုပ်တို့ကိုလာတွေ့ပါ။ အဲလိုမဟုတ်ချင်ရင်လည်း ဒီကိစ္စ ဒီမှာပဲအဆုံးသတ်ကြမယ်"

သခင်မီနှင့် ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတို့ အမူအရာမျိုးစုံဖြစ်ပေါ်နေသည်။ ထိုလူများသည်း ရှေးဟောင်းခေတ်မှလာသည်။ အမွေအနှစ်များ အပြည့်အဝရှိသည်။ ကောင်းကင်ရုံးတော်အကြီးအကဲတို့၏ ထောက်ပံ့မှုရထားသည်။ သူတို့နျင့်လက်တွဲလျှင် ကိုးငရဲဂိုဏ်းအတွက် ထူးခြားသည့်အကျိုးကျေးဇူး ရှိလာမည်။

"ဒီကိစ္စ အကြီးအကဲတွေကို ကျုပ်သေချာပေါက် ပြန်ပြောလိုက်ပါ့မယ်"

သခင်မီ လေးလေးစားစားပြောပြီးနောက် ချင်သခင်လေးကိုခေါ်၍ ထင်းရှူးမြို့မှ ထွက်သွားသည်။

"ခင်ဗျားကမသွားသေးဘူးလား"

ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူရှိသည့်နေရာသို့ လုယန် ခပ်အေးအေးလှမ်းကြည့်ပြီး ပြောလိုက်သည်။ လုယန်တို့အဖွဲ့ကြားတွင် ပုန်းနေသည့် အဆင့်မြင့်စွမ်းအားရှင်တစ်ယောက် ရှိနေသည်ဟု ယုံကြည်သွားသဖြင့် ထိုကျင့်ကြံသူ ဆက်မနေရဲတော့ဘဲ ချက်ချင်းထွက်သွားသည်။

"ဘယ်လိုထင်လဲ။ သူတို့ယုံပါ့မလား"

ချင်ယန်ယန်က စိတ်ပူပန်စွာမေးသည်။

လုယန် ပြုံးလိုက်သည်။

"သူတို့ယုံတာမယုံတာ ကိစ္စမရှိပါဘူး။ တော်ဝင်လမ်းက နတ်ဆိုးလမ်းစဉ်ကို နှိပ်ကွပ်ထားခဲ့တာ ကြာပြီပဲ။ အားကောင်းတဲ့မဟာမိတ်တစ်ယောက် ရုတ်တရက် ပေါ်လာတယ်ဆိုရင် အတည်ပြုဖို့အတွက်တော့ ယန်ကျန်းကို သူတို့သေချာပေါက်လာမှာပဲ။

ပြန်ကြစို့။ ကောင်းကင်ရုံးတော်ဂိုဏ်းကို ပိုယုံကြည်စရာဖြစ်လာအောင်လုပ်ဖို့ ငါတို့နဲ့တ်ငမရသေးဘူး။ ဂိုဏ်းကိုပြန်ပြီး လူသစ်နည်းနည်းစုစည်းရဦးမယ်"

"ကျွန်မရော လိုက်ခဲ့လို့ရလား"

ချင်ယန်ယန် အံ့အားသင့်နေသည်။ မသေမျိုးငါးဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး မောက်မာ၍ သီးခြားနေကြသည်ဟု အမြဲတွေးခဲ့သည်။ အပြင်လူများဝင်ခွင့်ရဖို့မဖြစ်နိုင်။

"ရတာပေါ့။ ဘာပဲပြောပြော မင်းက ညီလေးလီရဲ့ သမီးဟောင်းပဲလေ။ မင်းတင်မကဘူး၊ ညီလေးလီရဲ့ ဇနီးဟောင်း စုယီရန်လည်း တာအိုလမ်းစဉ်ဂိုစ်းကို လာလို့ရပါတယ်"

.......

"လောင်မီ၊ ဒီကိစ္စ ဂိုဏ်းကိုချက်ချင်းသတင်းပို့မှဖြစ်မယ်"

ဝိညာဉ်ပြောင်းကျင့်ကြံသူက အလေးအနက်ပြောသည်။ ဤကိစ္စက သူတို့တာဝန်ယူနိုင်စွမ်းထက် ကျော်လွန်နေသည်။

သခင်မီလည်း ခေါင်းငြိမ့်သည်။

ကောင်းကင်ရုံးတော်ဂိုဏ်းသည် အစစ်ဟုတ်မဟုတ် သူတို့ဆုံးဖြတ်စရာမလို။ ဂိုဏ်းအကြီးအကဲများ ဆုံးဖြတ်လိုက်သည်။

.....

"အဖြစ်အပျက်ကတော့ အဲဒါပါပဲ"

သခင်မီနှင့်ဝိညာဉ်ပြောင်းကျင့်ကြံသူတို့ သူတို့ရှေ့မှလူကို စိုးရိမ်ပူပန်စွာ အစီရင်ခံကြသည်။

သူတို့ရှေ့မှလူက ဂုန်လျှော်အင်္ကျီဝတ်ထားသည်။ ခန္ဓာကိုယ်သေးကွေးသည်။ မျက်နှာကအရေးအကြောင်းများ ပြည့်နေသည်။ လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားသယောင်ထင်ရသည့် ညိုမှောင်နက်ရှိုင်းသည့် မျက်လုံးများရှိသည်။

ကျောက်ရိုး။

ကိုးငရဲဂိုဏ်း၏ ဒုဂိုဏ်းချုပ်သုံးယောက်ထဲမှ တစ်ယောက်။

ချင်ထန်၏လူဝင်စားဇာတ်လမ်းကို လုပ်ကြံဖန်တီးခဲ့သူဖြစ်သည်။

ကျောက်ရိုး အေးစက်စက်ပြုံးလိုက်သည်။

"အစစ်ဟုတ်မဟုတ်ဆိုတာ သေတ္တာထဲက ချင်ဟော်ရန်ရဲ့ရတနာကို ဖွင့်ကြည့်လိုက်ရင် သိမှာပဲလေ"

တစ်ခြားကိစ္စများကို အတုလုပ်ချင်လုပ်လို့ရမည်။ ချင်ဟော်ရန်၏ပိုင်ဆိုင်မှုများကို လုပ်မရနိုင်။

သစ်သားသေတ္တာကို သူဖွင့်လိုက်သည်။ အထဲတွင် ချင်ဟော်ရန်လက်ရေးဖြင့် ရေးထားသည့် အဝါရောင်စက္ကူတစ်ရွက်သာရှိသည်။

"ကျုပ်ချင်ဟော်ရန်သည် ဝိညာဉ်ကျောက်သန်းတစ်ထောင် ဆပ်စရာအကြွေးရှိကြောင်း ဤနေရာမှ ကြေညာသည်။ အချိန်မီ ပြန်မဆပ်နိုင်ခဲ့လျှင် မိုးကြိုးငါးစင်း အပစ်ခံရပါစေ"

ကတိစာချုပ်တစ်ခုဖြစ်သည်။

‌ကျောက်ရိုး အံ့ဩနေစဉ်မှာပင် စာရွက်ပေါ်မှစာလုံးတစ်ချို့ ပြောင်းလဲသွားသည်။

"ချင်ဟော်ရန်"ဆိုသည့်နာမည်က "ကျောက်ရိုး"ဟု ပြောင်းသွားခြင်းဖြစ်သည်။

ထို့ကြောင့်...

"ကျုပ်ကျောက်ရိုးသည် ဝိညာဉ်ကျောက်သန်းတစ်ထောင် ဆပ်စရာအကြွေးရှိကြောင်း ဤနေရာမှ ကြေညာသည်။ အချိန်မီ ပြန်မဆပ်နိုင်ခဲ့လျှင် မိုးကြိုးငါးစင်း အပစ်ခံရပါစေ"

အထက်ကောင်းကင်တွင်စုစည်းလာသည့် တိမ်မည်းများနှင့် အစပြုလာသည့် ကြောက်စရာလျှပ်စီးများကို ကျောက်ရိုး မော့ကြည့်သည်။

တံတွေးတစ်ချက်အလိုလို မျိုချမိသည်။

သခင်မီနှင့်ဝိညာဉ်ပြောင်းကျင့်ကြံသူတို့ ကြောက်လန့်တကြား ထွက်ပြေးကြသည်။

All Chapters