ယွမ်အရှင်နှင့်ပဲဝါအရှင်
Vol. 21 Ch. 311
စွန်စီးကျောင်းထိုင် ဝစီပိတ်ကို နှိပ်ကွပ်ခဲ့သလို တိုင်ပုဖန် လုယန်ကို နှိပ်ကွပ်ချင်စိတ် ပေါက်သွားသည်။
သို့ဆိုလျှင် ထိုသူကောင့်သားသည် ထာဝရဂိုဏ်းကို သူလျှိုလုပ်ဖို့ သွားခဲ့ခြင်းမဖြစ်နိုင်။ သူတို့ထံမျှ သင်ယူလို၍သာဖြစ်ရမည်။
"နေဦး၊ နေဦး၊ နေဦး။ အကိုတိုင်ထင်သလို မဟုတ်ပါဘူး"
ဒေါသပေါက်ကွဲတော့မည့် တိုက်ပုဖန်ကိုကြည့်၍ လုယန် အမြန်အော်ဟစ်တားဆီးလိုက်သည်။
တိုင်ပုဖန်သည် စုစည်းခြင်းအဆင့်ဖြစ်သည်။ ပြိုင်ဘက်ကင်းရွှေသန္ဓေကပင် လုယန်ကို အနိုင်ရနှုန်းထိန်းသိမ်းဖို့ အမြန်သတ်သေလိုက်ရန် အကြံပေးနေသည်။
လုယန် ရွှေသန္ဓေအကြံပြုချက်ကို လျစ်လျူရှုလိုက်သည်။
"ပြောပါ။ အခြေအနေက ဘယ်လိုလဲ"
"ဒီလိုပါ၊ ထင်းရှူးမြို့မှာ သရဲမသုံးယောက်တွေ့တယ်။ ဒီသရဲတွေကို ကိုးငရဲဂိုဏ်းက ဝိညာဉ်ချုပ်ထားပါတယ်။ ကိုးငရဲဂိုဏ်းယုံကြည်မှုရအောင် ကျုပ်တို့ဟာ ကောင်းကင်ရုံးတော်ဂိုဏ်းက ရှေးဟောင်းခေတ်ပါရမီရှင်တွေဖြစ်ပြီး ချင်ဟော်ရန်လူဝင်စားကို တွေ့ထားတယ်လို့ ပြောလိုက်တယ်..."
တိုင်ပုဖန် - "..."
တတ်လည်းတတ်နိုင်ကြပေသည်။
လုယန်နှင့်မုန်ကျင်းကျိုးစရိုက်ကိုသာ သိမထားလျှင် ရှေးခေတ်ကောင်းကင်ရုံးတော်ရှိခဲ့ပြီး ထိုနှစ်ယောက်သည် ကောင်းကင်ရုံးတော်ပြန်ထောင်ဖို့ နိုးထလာသည့် ရှေးပါရမီရှင်များဟု တကယ်ယုံမိပေလိမ့်မည်။
လီဟော်ရန်ကိုတော့ သူထည့်မတွေးပါ။ လီဟော်ရန်သည် ဤဇာတ်လမ်းတွင် သရုပ်ဆောင်သက်သက်သာဖြစ်မည်။
သူကိုယ်တိုင်ပင် ယုံလုနီးပါးဖြစ်သည်ဆိုလျှင် ကိုးငရဲဂိုဏ်းကလည်း သေချာပေါက်ယုံကြပေလိမ့်မည်။
ချန်ယန်ယန်ကို ချင်ဟော်ရန်လူဝင်စားဟု ကိုးငရဲဂိုဏ်းထင်သွားသော်လည်း အဓိကအစီအစဉ်ကို မထိခိုက်နိုင်။
"ဒါဆို ငါ့ကိုဘာလုပ်ပေးစေချင်သလဲ"
"ဒီလိုပါ။ အခု ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းက အဖွဲ့ဝင်နည်းသေးတယ်။ လူလေးယောက်ပဲ ရှိတာ။ ကိုးငရဲဂိုဏ်းကို ခြိမ်းခြောက်နိုင်မယ့်လူမျိုး မရှိသေးဘူး။ ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းအတွက် နောက်လိုက်တစ်ယောက်ရှာဖို့ ကူညီပေးပါ"
"ဟေ့ လုယန်။ ငါ့လိုအဓိပဓိကောင်းကင်အရှင်က ကိုးငရဲဂိုဏ်းလောက်ကို မခြိမ်းခြောက်နိုင်ဘူးတဲ့လား"
သိစိတ်နယ်မြေတွင် ထာဝရနတ်မယ် အလွန်ဝင့်ကြွားသည့်ပုံစံမျိုး ဖြစ်နေသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းကို ဖန်တီးစဉ်က လုယန် နတ်မယ်ထံမှ အကြိမ်ကြိမ် အကြံဉာဏ်တောင်းခဲ့သည်။ နတ်မယ်က အကြံဉာဏ်များပေးရုံမက ကောင်းကင်ရုံးတော်ဂိုဏ်း၏ သမိုင်းကြောင်းနှင့်ကျင့်သုံးသည့်ဝါဒစနစ်များကိုလည်း ပြောပြပေးသည်။ ထို့ပြင် လုယန်ကို အမြင့်ဆုံးရာထူးနေရာပေးဖို့လည်း အတင်းတိုက်တွန်းသည်။
ထို့ကြောင့် မူလစီစဉ်ထားသည် ယွမ်ကောင်းကင်အရှင်နေရာကို ပဲဝါအရှင်အဖြစ်သို့ လုယန်ပြောင်းလိုက်သည်။
အမယွမ် စိတ်မဆိုးလောက်ဟု သူယူဆပါသည်။
"နတ်မယ်၊ မဟာအဓိပဓိကောင်းကင်အရှင်အနေနဲ့ နေရာတကာလှုပ်ရှားလို့ဘယ်ဖြစ်မလဲ။ ခင်ဗျားဂုဏ်သိက္ခာ ထိခိုက်မှာပေါ့"
လုယန်စကား ယုတ္တိရှိသည်ဟု ယူဆပြီး နတ်မယ် အသံတိတ်သွားသည်။
တိုင်ပုဖန် စဉ်းစားသည်။ လုယန်၏ အမည်ခံဆရာက ထောင်ကျနေသည်။ ကူညီနိုင်မည်မဟုတ်။
လုယန်၏ လက်တွေ့ဆရာကိုလည်း သူမညွှန်းရဲ။
မုန်ကျင်းကျိုး၏ဆရာ တတိယအကြီးအကဲက ကျင့်စဉ်စွမ်းအားလုံလောက်သည်။ သို့သော် ဖြတ်ထိုးဉာဏ်နည်းသည်။ ဤကိစ္စထဲ ဆွဲသွင်းဖို့ အဆင်မပြေလောက်။
"ပဥ္စမအကြီးအကဲကတော့ မင်းတို့ကိုကူညီနိုင်လောက်တယ်"
ပဥ္စမအကြီးအကဲက စရိုက်တည်ငြိမ်သည်။ ကျင့်စဉ်စွမ်းအားလည်းလုံလောက်သည်။ လီဟော်ရန်၏ဆရာလည်းဖြစ်၍ ဤကိစ္စတွင် အသင့်တော်ဆုံးလူဖြစ်သည်။
သူတို့သုံးယောက်ထွက်သွားပြီးနောက် ရှေ့စားပွဲတွင် တာဝန်ကျသည့် ဂိုဏ်းတပည့်ကို တိုင်ပုဖန် လှမ်းခေါ်သည်။
"လုယန်ပြောတဲ့ သရဲမသုံးယောက်အကြောင်း စုံစမ်းပါ။ ပြဿနာမရှိဘူးဆိုရင် ငါတို့ဂိုဏ်းကို ချက်ချင်းခေါ်ခဲ့ပါ"
ကိုးငရဲဂိုဏ်းမှလူများ ထိုသရဲသုံးယောက်အား လျှို့ဝှက်စောင့်ကြည့်နေကြမည်ကို တိုင်ပုဖန်စိုးရိမ်သည်။ ထိုသရဲများကို သူတို့ လူလွှတ်၍ စမ်းသပ်စစ်ဆေးချိန် တာအိုလမ်းစဉ်ဂိုဏ်းနှင့် မှတ်ပုံတင်ထားမှန်းသိသွားလျှင် အန္တရာယ်ဖြစ်လာနိုင်သည်။
ထိုသရဲမသုံးယောက်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ခေါ်လာခြင်းကသာ စိတ်အချရဆုံးဖြစ်သည်။
"လုယန်တို့က ငယ်သေးတယ်"
...........
"ဘယ်လို။ မင်းက မောင်လေးလီရဲ့ သမီးဟောင်းပေါ့"
ချင်ယန်ယန်စကားကြောင့် ထောင်ယော်ယဲ့နှင့် အရိုးရိုင်းတို့ အကြီးအကျယ် အံ့အားသင့်သွားသည်။
လီဟော်ရန်သည် ကိုးငရဲဂိုဏ်းချုပ်ဟောင်းဖြစ်သည့်ကိစ္စ အသာထာား။ ဘာကြောင့် ထိုမျှငယ်ငယ်ရွယ်ရွယ်နှင့် သူထက်အသက်ကြီးသည့် သမီးတစ်ယောက် ရှိနိုင်မည်နည်း။
တာအိုလမ်းစဉ်ဂိုဏ်းမှာပင် ထိုအဖြစ်မျိုးက လက်ခံဖို့ခက်လှသည်။
"ဒါဆို ငါတို့ကိုပြောပါဦး။ မောင်လေးလီကို မင်းဘယ်လိုခေါ်သလဲ။ သူ့အိမ်ကတွေ ထွက်လာပြီတော့ တာအိုလမ်းစဉ်ဂိုဏ်းကို ဘယ်လိုရောက်လာတာလဲ'
ထောင်ယော်ယဲ့မျက်နှာက အတင်းတုပ်လိုသည့်အရိပ်များပြည့်နေသည်။ ဇာတ်လမ်းတစ်ခုလုံးကို သိလိုစိတ်ပြင်းပြနေသည်။
ချင်ယန်ယန် နည်းနည်းတွန့်ဆုတ်နေသည်။ ကံကောင်းထောက်မစွာဖြင့် လုယန်၏စကားသံကြောင့် သူတို့ စကားစပြတ်သွားကြသည်။
"ညီမထောင်၊ ညီလေးအရိုး၊ မင်တို့ ရွှေသန္ဓေတည်ဆောက်ပြီးပြိလား"
ထိုနှစ်ယောက်ကို မြင်ရသဖြင့် လုယန်နည်းနည်းအံ့ဩနေသည်။ သူတို့ ရွှေသန္ဓေတည်ဆောက်သည့်နှုန်းက အတော်မြန်နေသည်။
လုယန်နှင့်မုန်ကျင်းကျိုး ရွှေသန္ဓေမတည်ဆောက်ရသေးသည့် လီဟော်ရန်ကို အလိုလိုလှည့်ကြည့်မိကြသည်။
"သွားမယ် သွားမယ်။ ဒီမစ်ရှင်က ကျုပ်အဆင့်တက်ဖို့အတွက် စွမ်းအားစုစည်းနေတာပါ"
လီဟော်ရန်က မျက်စိပျက်မျက်နှာပျက်ဖြင့် ပြန်ပြောသည်။
ထောင်ယော်ယဲ့က ရှက်ပြုံးပြုံး၍
"အကိုလုနဲ့ အကိုမုန်တို့ ကျွန်မတို့ထက်အရင် ရွှေသန္ဓေတည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ကျွန်မနဲ့အရိုးရိုင်း အတွေးအမြင်တွေအများကြီးရခဲ့တာပါ"
"မင်းက ဘယ်လိုရွှေသန္ဓေမျိုး တည်ဆောက်ခဲ့တာလဲ"
အရိုးရိုင်း ပြန်ဖြေရန်ပြင်နေစဉ် ထောင်ယော်ယဲ့ လက်ပြ၍တားလိုက်သည်။
"အကိုလု၊ ကျွန်မတို့ချင်း တိုက်ခိုက်မကြည့်ရတာ အတော်ကြာပြီ။ ကျွန်မတို့ရွှေသန္ဓေကို တိုက်ရိုက်မေးမယ့်အစား သိုင်းပြိုင်ကွင်းထဲမှာ ခန့်မှန်းကြည့်ပါလား"
"ကောင်းပြီလေ"
လုယန်ပြုံးလိုက်သည်။ ရွှေသန္ဓေတည်ဆောက်ပြီးကတည်းက သူလည်း မတိုက်ခိုက်ရသေး။
"ဒါဆို ကျွန်မက အကိုနဲ့တိုက်ခိုက်မယ်။ အရိုးရိုင်းက အကိုမုန်နဲ့တိုက်လိမ့်မယ်။ မောင်လေးလီက ဘေးကကြည့်ပေါ့"
ထောင်ယော်ယဲ့က ပွဲစီစဉ်ပြီးဖြစ်သည်။
မုန်ကျင်းကျိုးလည်း နည်းနည်းစိတ်လှုပ်ရှားနေသည်။ အမြဲတမ်းကိုယ့်ထက် အဆင့်မြင့်သူများနှင့် တိုက်ခိုက်ခဲ့ရသည်။ ယခု အဆင့်တူပါရမီရှင်တစ်ယောက်နှင့် ယှဉ်ကြည့်ရတော့မည်။
"ပြိုင်ကွင်းကိုသွားကြမလား"
"သွားတာပေါ့"
သူတို့နှစ်တွဲ ပြိုင်ကွင်းစင်မြင့်နှစ်ခုပေါ် ခုန်တက်သွားကြသည်။
အနီးအနားမှ ဂိုဏ်းတပည့်များလည်း စိတ်ဝင်စားလာကြသည်။ အထူးသဖြင့် သူတို့နှင့် မျိုးဆက်တူ တပည့်များဖြစ်သည်။ သူတို့လေးယောက်သည် သူတို့မျိုးဆက်၏ စံပြများဖြစ်သည်။
"ဘယ်သူနိုင်မယ်ထင်လဲ"
ချင်ယန်ယန်က သူ့အဖေကို လှည့်မေးသည်။
လီဟော်ရန် မျက်လုံးစွေကြည့်သည်။
"ဘယ်သိမှာလဲ။ ဘယ်လိုဖြစ်ဖြစ် ငါကဝင်ပြိုင်ဖို့ အရည်အချင်းမမီဘူးလေ"
လီဟော်ရန်စိတ်ထဲ မခံမရပ်နိုင်ဖြစ်နေသည်။ အဆင့်မြင့်စွမ်းအားရှင်တစ်ယောက် လူပြန်ဝင်စားသူသည် လူငယ်မျိုးဆက်တွင် ထိပ်ဆုံးပါရမီရှင်ဖြစ်သင့်သည်။
သေချာစဉ်းစားကြည့်လျှင် ထိုခွေးသူတောင်းစားချင်ဟော်ရန် သူ့အတွက်ချန်ခဲ့သမျှက မိန်းမတစ်ယောက်၊ သွေးသားမတော်စပ်သည့် သမီးတစ်ယောက်နှင့် မနှစ်မြို့စရဦ အတိတ်မှတ်ဉာဏ်တစ်ချို့သာရှိသည်။
'ချင်ဟော်ရန်၊ ခင်ဗျားမှတ်ဉာဏ်တွေအားလုံးက ကိုးငရဲဂိုဏ်းငွေကြေးအခက်အခဲတွေ ဖြေရှင်းဖို့ပဲ။ အခွင့်ထူးရယ်လို့ တစ်ခုမှမပါဘူး'
"ဘယ်သူနိုင်မလဲ မေးနေမယ့်အစား ကိုယ်တိုင်စောင့်ကြည့်ပါလား"
ချင်ယန်ယန်နောက်မှ စကားသံသဲ့သဲ့ထွက်လာသည်။
ချင်ဘန်ယန် နောက်လှည့်ကြည့်သည်။ အေးစက်စက်မျက်နှာနှင့် မိန်းမတစ်ယောက်ကို မြင်လိုက်ရသည်။ တည်ကြည်တင်းမာပြီး မာနကြီးဟန်ရှိသည်။ သူ့အလှက ပြိုင်ဘက်ကင်းသည်။ မြင့်မားသည့်နှင်းတောင်တစ်လုံးနှင့်တူသည်။ အနက်ရောင်ဆံပင်ရှည်များ ရေတံခွန်လို ခါးအထိဝဲကျနေသည်။ ဝတ်ပုံစားပုံ ရိုးရှင်းသော်လည်း တိမ်သားဝတ်ရုံကဲ့သို့ ကျော့ရှင်းသည်။ နတ်သမီးတစ်ယောက်လို တင့်တယ်သည်။
ချင်ယန်ယန်စိတ်တွင် သူ့အမေသည် ဤလောက၌အလှဆုံးဟုထင်ခဲ့သည်။ ယခု ထိုထက်ပိုလှသည့် မိန်းမတစ်ယောက်ကို မြင်ရသည်။
"အမက ဘယ်သူလဲ"
ယွမ်ကျိအသံကြားသည်နှင့် လီဟော်ရန် ရင်ထိတ်သွားပြီး ချက်ချင်းလှည့်ကြည့်သည်။ အရယ်အပြုံးကင်းသည့်မျက်နှာကို မြင်ရသည်။
ဘာအမှားမှလုပ်မထားသော်လည်း အမယွမ်ရှေ့သို့ရောက်တိုင်း သူအတော်အနေရခက်သည်။
"ပြန်လာပြီလား အမယွမ်"
"အင်း..၊ တာဝန်ပြီးသွားလို့ အခုပဲ ပြန်ရောက်တယ်"
ယွမ်ကျိ တုံးတိတိပြန်ဖြေသည်။ လီဟော်ရန် ဘယ်လိုစကားဆက်ရမှန်း မသိတော့။
ထို့ကြောင့် ပြိုင်ပွဲကိုသာဆက်ကြည့်ဖို့ လီဟော်ရန် ကျိတ်တွေးလိုက်သည်။
ယွမ်ကျိသည် ထာဝရနတ်မယ်၏မီးဖိုချောင်ကို သွားသယ်ရာမှ ပြန်လာခြင်းဖြစ်သည်။ နတ်မယ်ကိုလာရှာချိန်တွင် လုယန်တို့ ပြိုင်ကွင်းပေါ်ရောက်နေသည်ဟု သတင်းကြားရသည်။
တိုက်ပွဲကြည့်ရသည်ကလည်း မဆိုးလှပါ။