← Chapters

ထောင်ယော်ယဲ့ရွှေသန္ဓေ

Vol. 21 Ch. 312

ထောင်ယော်ယဲ့ရွှေသန္ဓေ

Vol. 21 Ch. 312

သိုင်းပြိုင်ကွင်းတွင် လုယန် လက်နှစ်ဘက်နောက်ပစ်၍ ရပ်နေသည်။ ဓားရိုးမှအနီရောင်ပန်းပွားက လေနှင့်အတူ လွင့်နေသည်။ သူ့နှုတ်ခမ်းတွင် အပြုံးရိပ်တစ်ခုရှိသည်။ တိုက်ပွဲရလာဒ်ကို ကြိုတွက်ဆပြီးသကဲ့သို့ ဖြစ်နေသည်။

မျက်နှာချင်းဆိုင်တွင်ရှိနေသည့် ထောင်ယော်ယဲ့က သူနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ဤတိုက်ပွဲကို အခြေအနေသိပမကောင်းဟု ယူဆသည်။

ရွှေသန္ဓေကြောင့် လုယန်ကိုစိန်ခေါ်ဖို့ ယုံကြည်ချက်ရှိလာသော်လည်း ယုံကြည်စိတ်သာရှိခြင်းဖြစ်သည်။ သူ့ရွှေသန္ဓေက လုယန်ကို အနိုင်ယူနိုင်မယူနိုင် သိပ်မသေချာလှ။

"ပြိုင်ဘက်ကင်းသန္ဓေ။ ထောင်ယော်ယဲ့ကို ငါဘယ်လိုအနိုင်တိုက်ရမလဲ"

သူ့ရွှေသန္ဓေစွမ်းအားကို ထောင်ယော်ယဲ့သိအောင် ပြဖို့လိုသည်ဟု လုယန်ယူဆသည်။

ပြိုင်ဘက်ကင်းသန္ဓေက တိုတိုရှင်းရှင်း အဖြေပေးသည်။

"အရဟတ်လက်သီးကိုသုံးပါ"

ထိုစွမ်းအားမြင့်လက်သီးပညာကို လုယန် ချက်ချင်းပြန်သတိရလာသည်။

နာမည်ဆိုးဖြင့်ကျော်ကြားသည့် အရဟတ်လက်သီးသည် ထိသမျှလူတိုင်းကို ခေါင်းတုံးဖြစ်စေသည်။ မိန်းကလေးများအပေါ် ပို၍ထိရောက်မှုရှိသည်။

လုယန်မျက်နှာမှ ယုံကြည်ချက်အပြုံးကိုမြင်နေရသဖြင့် ထောင်ယော်ယဲ့ အတွေးတစ်ခုဝင်လာပြီး ချက်ချင်းမျက်နှာဖြူရောက်သွားသည်။

"အကိုလု၊ ကျွန်မတို့က ဂိုဏ်းတူတပည့်တွေပါ။ အရဟတ်လက်သီးကို မသုံးပါနဲ့"

"..ကောင်းပြီလေ"

လုယန် ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။ မည်သို့ဆိုစေ တစ်ဂိုစ်းတည်းသားချင်ဖြစ်သည်။ ထိုမျှအလွန်အကျွံလုပ်စရာမလို။

"အရဟတ်လက်သီး...ဒါက ဗုဒ္ဓဂိုဏ်းကပညာမဟုတ်လား။ ပြည့်စုံတဲ့အထိလေ့ကျင့်နိုင်ရင် အရဟတ်အဖြစ်အသွင်ပြောင်းနိုင်တယ်လို့ ပြောကြတယ်"

ပြိုင်ပွဲကွင်းအောက်ဘက်မှ အကိုအမများ အချင်းချင်း တီးတိုးပြောနေကြသည်။ ဘာကြောင့် အရဟတ်လက်သီးကို ထောင်ယော်ယဲ့ ထိုမျှကြောက်နေသည်ကို သူတို့နားမလည်ကြ။

"ဟုတ်လောက်တယ်။ ငါသိသလောက်တော့ လောကမှာ အရဟတ်လက်သီးဆိုတာ နှစ်မျိုးမရှိဘူး"

"အရဟတ်လက်သီးက စွမ်းအားကြီးတယ်ဆိုရင်တောင် ထောင်ယော်ယဲ့ပါရမီနဲ့ ဒီလောက်တော့ ကြောက်မနေသင့်ဘူးမဟုတ်လား"

"ငါလည်းမသိတော့ဘူးကွာ"

အသိအမြင်ကျယ်ပြန့်သည့် ဂိုဏ်းတူအကိုအမများပင် အတွင်းဇာတ်လမ်းကို နားမလည်ကြ။

ချင်ယန်ယန်လည်း နားမလည်။ ထို့ကြောင့် ယွမ်ကျိကိုမေးသည်။

"အမရော ဘာကြောင့်လည်းဆိုတာသိလား"

သူနှင့်လီဟော်ရန်သည် အတိတ်ဘဝက အဖေနှင့်သမီးဖြစ်သော်လည်း ယခုဘဝတွင် သူ့အမေနှင့် လက်မထပ်ရသေး။ ထို့ကြောင့် သူတို့နှစ်ယောက် အဆင့်တူမျိုးဆက်တူများသာဖြစ်သည်။

ယွမ်ကျိကို လီဟော်ရန်က 'အမ'ဟုခေါ်သဖြင့် သူလည်း အမဟုခေါ်လျှင် ပြဿနာမရှိနိုင်ဟု ယူဆသည်။

ယွမ်ကျိမျက်နှာတွင် အပြုံးရိပ်ပါးပါးမြင်နေရသည်ဟု ချင်ယန်ယန်ထင်မိသည်။

"သာမန်အရဟတ်လက်သီးတွေနဲ့မတူဘူး။ လုယန်ရဲ့ အရဟတ်လက်သီးက ဆံပင်ကျွတ်စေတဲ့ အာနိသင်မျိုးရှိတယ်"

"ဘယ်လို"

နားကြားမှားသည်ဟု ချင်ယန်ယန် ထင်လိုက်မိသည်။

ထိုလက်သီးပညာမျိုး သူတစ်ခါမှမကြားဖူး။

ထိပ်တန်းလူငယ်မျိုးဆက်၏ ပါရမီဆိုသည်မှာ ဒါလားမသိ။

ပြိုင်ကွင်းပေါ်တွင် လုယန် ဓားရှည်ကိုကိုင်ထားသည်။ ဓားအလင်းက ကြယ်ရောင်လိုတောက်ပနေသည်။

ထောင်ယော်ယဲ့က အနီရောင်စက္ကူထီးကိုဖွင့်၍ ညင်သာစွာလှည့်လိုက်သည်။ လေဟာနယ်တွင် လှိုင်းတွန့်များပေါ်လာသည်။

ပတ်ဝန်းကျင်မြင်ကွင်းများ ပျောက်ကွယ်သွားသဖြင့် လုယန်အံ့ဩရသည်။ သူ့ခြေထောက်အောက်မှ သိုင်းပြိုင်ကွင်း အဆုံးအစမရှိပြန့်ကားသွားသည်။

ထောင်ယော်ယဲ့၏ ပုံရိပ်ယောင်ထဲကျသွားကြောင်း နားလည်လိုက်သည်။ သိုင်းပြိုင်ကွင်း အဆုံးအစမရှိတကယ်ကျယ်ပြန့်သည်ဟုထင်ပြီး ပေါ့ပေါ့ဆဆတိုက်ခိုက်လျှင် အမှတ်မထင် စင်မြင့်ပေါ်မှကျ၍ ရှုံးနိမ့်သွားမည်။

သူ့ဓားကို ထောင်ယော်ယဲ့ဆီ ဆန့်ထုတ်၍ 'နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်'ကိုအသက်သွင်းပြီး ပုံရိပ်ယောင်ကို ချိုးဖျက်သည်။

စက္ကူထီးနီ ပိတ်သွားပြီး ထောင်ယော်ယဲ့ ကာကွယ်သည်။ ချင်ဖုန်းဓားမှထွက်လာသည့် စွမ်းအားကို ထိပ်တိုက်ရင်မဆိုင်နိုင်မှန်းသိသဖြင့် သွက်လက်စွာ နောက်ဆုတ်သွားသည်။

ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ လုယန် ဆက်လိုက်သည်။

ထီးနီကို ဘာပစ္စည်းနှင့်လုပ်ထားမှန်းမသိ။ ချင်ဖုန်းဓား၏ အဆက်မပြတ်တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည်။

ထောင်ယော်ယဲ့ လုယန်ကို ပြိုင်ပွဲစင်မြင့်ပေါ်မှ ခြေချော်ကျစေရန် ကြိုးစားသည်။ သို့သော် လုယန်က စင်မြင့်အစွန်းထိသာရောက်သည်။ လုံးဝအပြင်မရောက်။

"ကျွန်မရဲ့ပုံရိပ်ယောင်ကို နောက်တစ်ကြိမ် ထို‌ဖောက်မြင်သွာားတာပဲ"

ထောင်ယော်ယဲ့ နာနာကျင်ကျင်ပြောလိုက်သည်။ သူ့ပုံရိပ်ယောင်များကို သူယုံကြည်ထားသည်။ ပုံရိပ်ယောင်ထဲကျနေမှန်း သိသည့်တိုင် ရွှေသန္ဓေအဆင့်များ ထိုးဖောက်မမြင်နိုင်။ လုယန်သာ ချက်ချင်းမြင်နိုင်သည်။

"မင်းမဆိုးပါဘူး။ အရင်ကဆို မင်းပုံရိပ်ယောင်တွေသုံးရင် ငါ့ကျင့်စဉ်စွမ်းအားက အလိုလိုပယ်ဖျက်ပေးတယ်။ ဒီတစ်ခါကျတော့ ငါတကယ် အားစိုက်ပြီး ပယ်ဖျက်ရတယ်"

စကားဖြင့်သာ ချီးကျူးနေရင်းမှာပင် သူ့ဓားချက်များက ပို၍ကြမ်းတမ်းလာသည်။ စက္ကူထီးနီက ထူးခြားသည့်ပစ္စည်းဖြင့် လုပ်ထားသော်လည်း ထောင်ယော်ယဲ့ခန္ဓာကိုယ်က ပြင်းထန်သည့်တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိ။ တစ်ကြိမ်ရင်ဆိုင်တွေ့တိုင်း သူ့လက်မောင်းများ ထုံကျင်သွားသည်။

"ခွဲဓား"

ဓားအလင်းများစုစည်းပြီး ချက်ချင်းပေါက်ကွဲထွက်လာသည်။ လေထဲတွင် စက်ဝိုင်းခြမ်းသဏ္ဌာန် ပေါ်လာသည်။ ထောင်ယော်ယဲ့ ထိုဓားချက်ကို မခုခံနိုင်ဘဲ လွင့်ထွက်သွားသည်။

ထိုလွင့်ထွက်အားကို အခွင့်ကောင်းယူ၍ ထောင်ယော်ယဲ့ လုယန်နှင့် ခပ်ဝေးဝေးခုန်ဆုတ်သွားသည်။ ထီးနီကိုဖွင့်၍ ဖျတ်ခနဲလှုပ်ရှာားလိုက်သည်။ နောက်ထပ် ထောင်ယော်ယဲ့တစ်ယောက် ပေါ်လာသည်။

ထောင်ယော်ယဲ့နှစ်ယောက် ဖြစ်လာသည်။ ထီးနီကိုယ်စီကိုင်၍ လှပစွာပြုံးနေသည်။ အတုအစစ် ခွဲခြား၍မရ။

"အကိုလုက ကျွန်မဘယ်လိုရွှေသန္ဓေမျိုးတည်ဆောက်ထားလဲ သိချင်တာမဟုတ်လား။ ဒါဆို ဟိုကျင့်စဉ်နည်းလမ်းကိုမသုံးနဲ့"

သူရွှေစရာမရှိ။ ဤလှည့်စားမှုသည် တစ်ခြားဘယ်သူနှင့်ယှဉ်ယှဉ်အသားစီးရနိုင်သည်။ သို့သော် လုယန်၏နှလုံးသဘာဝကျင့်စဉ်က သူ့ပုံရိပ်ယောင်ကိုအလိုလို တန်ပြန်ပယ်ဖျက်သည်။

အဆင့်မြင့်သည့် သူ့ပုံရိပ်ယောင်များက လုယန်အတွက် ကလေးကစားစရာလိုဖြစ်နေသည်။

"ဒါဆိုလည်း မသုံးတော့ဘူး"

လုယန် ပြောသည့်အတိုင်းလုပ်သည်။ အမွှာကြာစေ့ကိုထုတ်၍ မြေချုံ့ပညာဖြင့် သစ်ပင်စိုက်သည်။ ကြာတစ်ပွင့်နှင့် လုယန်နှစ်ယောက်ပေါ်လာသည်။

ပရိတ်သတ်များ ပွဲဆူသွားသည်။ ထိုကိုယ်ပွားပညာမျိုး မမြင်ဖူးကြ။

လုယန်၏ ဂျူနီယာများက သူ့ကိုလေးစားသည့်အကြည့်ဖြင့် ကြည့်နေကြသည်။ အကိုလုသည် ထူးခြားသည့်ပညာရပ်များကို အမှန်တကယ်အသုံးပြုနိုင်စွမ်းရှိသည်။

လုယန်နှစ်ယောက်က ထောင်ယော်ယဲ့နှစ်ယောက်ကို တစ်ပြိုင်တည်းတိုက်ခိုက်သည်။

ထောင်ယော်ယဲ့တစ်ယောက်သည် ပုံရိပ်ကိုယ်ပွားဖြစ်ရမည်။ မှော်ပညာများသုံးနိုင်သော်လည်း ရုပ်ခန္ဓာချင်း ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်။ ထို့ကြောင့် ရင်ဆိုင်တွေ့သည်နှင့် ဘယ်သူအစစ် ဘယ်သူအတုမှန်း လုယန်သိရမည်။

"ဘုန်း"

"ဘုန်း"

အသံနှစ်ချက် မြည်ဟိန်းသွားသည်။ လုယန် နည်းနည်းအံ့အားသင့်နေသည်။ ‌ထောင်ယော်ယဲ့နှစ်ယောက်လုံး အနီးကပ်တိုက်ခိုက်မျုကို ၇င်ဆိုင်နိုင်သည်။

ကိုယ်ပွားပညာအစစ်တစ်ခု သင်ယူထားသလားမသိ။

မဖြစ်နိုင်။ ပုံရိပ်ယောင်များ သုံးနေခြင်းသာ ဖြစ်မည်။ ထိုသို့မဟုတ်လျှင့် သူ့ကို နှလုံးသဘာဝကျင့်စဉ်မသုံးဖို့ ပြောမည်မဟုတ်။

သို့သော် ပုံရိပ်ယောင်ဆိုလျှင် တိုက်ခိုက်ရာတွင် ဘာကြောင့် ထောင်ယော်ယဲ့နှစ်ယောက်လုံး အစစ်လိုဖြစ်နေသည်မသိ။

ဘေးမှကြည့်နေသည့်ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။ ထောင်ယော်ယဲ့၏ ရွှေသန္ဓေကို စိတ်ဝင်စားနေသည်။ သမိုင်းတွင် တစ်ခါမှမရှိခဲ့ဖူးသည့် ရွှေသန္ဓေအသစ်တစ်မျိုးဖြစ်သည်။

"တစ်ယောက်ကတော့ အတုဖြစ်ရမယ်"

လုယန် စိတ်ပိုင်းဖြတ်လိုက်သည်။ သူ့ဓားရှည်က နဂါးတစ်ကောင်လိုလှုပ်ရှားသွားပြီး ထောင်ယော်ယဲ့တစ်ယောက်ကို ထိုးစိုက်လိုက်သည်။

လုယန်ကိုယ်ပွားကလည်း နောက်တစ်ယောက်ကို တိုက်ခိုက်သည်။

"ဖြတ်ဓား"

လုယန် ဖြတ်ဓားပညာကိုသုံး၍ အော်ဟစ်လိုက်သည်။ ထောင်ယော်ယဲ့နှစ်ယောက်လုံး အဖြူရောင်အလင်းတစ်ချက်မြင်ရပြီး လည်ပင်းတွင် အေးစိမ့်သည့်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ချင်ဖုန်းဓားက သူတို့လည်ပင်းပေါ်ရောက်နေသည်။

လုယန် မျက်မှောင်ကျုံ့နေဆဲဖြစ်သည်။ တိုက်ပွဲပြီးဆုံးသွားသော်လည်း ထောင်ယော်ယဲ့အတုအစစ် မခွဲနိုင်သေး။

ရွှေးစရာမရှိသဖြင့် အမြင့်ဆုံးဓားပညာဖြင့် ထောင်ယော်ယဲ့ကို သူအနိုင်ယူခဲ့သည်။

စိတ်ထဲတွင် ရဲဝံ့သည့်ခန့်မှန်းချက်တစ်ခု ချခဲ့သည်။

"ကဲ အကိုလု၊ ဘာသန္ဓေလဲ ခန့်မှန်းမိပြီလား"

ရှုံးသွားသော်လည်း ထောင်ယော်ယဲ့ စိတ်မပျက်ပါ။ လုယန်ကို သူမနိုင်မှန်း သိနေသည်။

"အစစ်အမှန်နဲ့ပုံရိပ်ယောင်ကြား ပြောင်းလဲနိုင်စွမ်းရှိတဲ့ ရွှေသန္ဓေမျိုးလား"

ထောင်ယော်ယဲ့ ပါးစပ်အဟောင်းသားဖြစ်သည်။ လုယန်ထိုမျှနီးစပ်အောင် ခန့်မှန်းနိုင်မည်ထင်မထား။

"အတော်နီးစပ်ပါတယ်။ ဒါက ရွှေသန္ဂေအမျိုးစားသစ်ပါ။

ပုံးရိပ်ယောင်တွေသုံးတဲ့အခါ လူတွေက အတုနဲ့အစစ်ကို ခန့်မှန်းနိုင်ကြတယ်။ အဲဒါ အကြီးဆုံးပြဿနာပဲ။

ကျွန်မရဲ့ ရွှေသန္ဓေက အဲဒီ့ပြဿနာမျိုးမရှိဘူး။

ဥပမာပြောရရင် ခုနက ကိုယ်ပွားတွေဟာ နှစ်ခုလုံးအစစ် ဒါမှမဟုတ် နှစ်ခုလုံးအတု ဖြစ်နိုင်တယ်။ ပြိုင်ဘက်က ဘယ်လိုမြင်သလဲဆိုတာပဲ အဓိကကျတယ်။ နှစ်ခုလုံးကို အစစ်လို့ယုံကြည်ရင် အစစ်တွေပဲ။ အတုလို့ယုံကြည်ရင် အတုတွေပဲ။

အကိုလုက အတုနဲ့အစစ် ဘယ်ဟာမှန်းမသေချာတော့ အဆက်မပြတ် ခန့်မှန်းနေတယ်။ ပြတ်သားတဲ့ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘူး။ ဒါကြောင့် နှစ်ခုလုံးက အစစ်ဖြစ်နေတာပါ။

တစ်ခုတည်းသောနည်းလမ်းက တစ်ခုကိုအစစ် တစ်ခုကိုအတုလို့ ဆုံးဖြတ်ပြီး အစစ်လို့ယုံကြည်ထားတဲ့ တစ်ယောက်ကို ခွန်အားပြည့်တိုက်ခိုက်ဖို့ပဲ။ အဲဒါမှ ဒီပုံရိပ်ယောင်ကို ချိုးဖျက်နိုင်မှာ။

အဲဒါ ကျွန်မရဲ့ အတုအစစ်ရွှေသန္ဓေပါပဲ"

"ရှောင်လု"

လုယန် လှမ်းကြည့်လိုက်သည်။ ယွမ်ကျိလည်း တိုက်ပွဲကို ကြည့်နေခဲ့ကြောင်း သူသိလိုက်သည်။

စင်ပေါ်မှ ခုန်ဆင်းပြီး ယွမ်ကျိရှေ့တွင် ရိုရိုသေသေရပ်၍ မျက်နှာကိုပြုံးထားသည်။

"ပြန်ရောက်လာပြီလား အမယွမ်"

ချင်ယန်ယန် အံ့အားသင့်သွားသည်။ လုယန်ထိုမျှအပိုးကျိုးသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

All Chapters