← Chapters

စင်ပေါ်တွင် ဉာဏ်အလင်းသည့် မုန်ကျင်းကျိုး

Vol. 21 Ch. 313

စင်ပေါ်တွင် ဉာဏ်အလင်းသည့် မုန်ကျင်းကျိုး

Vol. 21 Ch. 313

"တိုက်ပွဲက အတော်ကောင်းပါတယ်။ ရွှေသန္ဓေအဆင့်ရောက်ရင် မင်းရဲ့ဓားစွမ်းရည်အခြေခံက လက်ရှိကျင့်စဉ်အဆင့်နဲ့ အမီအလိုက်မနိုင်လောက်ဘူးထင်ခဲ့တာ။ မင်းကိုငါသတိပေးဦးမလို့ပဲ။ ငါအတွေးလွန်သွားခဲ့တယ်ထင်တယ်"

"ဒါတွေအားလုံးက အမယွမ် သင်ပြတာကောင်းလို့ပါ"

အခြေခံကျင့်စဉ်ပညာများကိုလည်း လုယန် လေ့မကျင့်ဘဲမနေရဲ။ သူစတင်ကျင့်ကြံစဉ်က အခြေခံပညာများကို အမယွမ်က မညှာမတာလေ့ကျင့်ခိုင်းခဲ့သည်။ နေ့ခင်းပိုင်းတွင် တို့ဟူးနှင့်ကစားခိုင်းသည်။ ညရောက်လျှင် ရေနွေးပူထဲစိမ့်ခိုင်းသည်။ ဆေးဝါးများလုံလုံလောက်လောက်သာမရှိခဲ့လျှင် သူအသက်ရှင်နိုင်ခဲ့ဖို့ မသေချာလှ။

အခြေခံကျင့်စဉ်ပညာများ သူမလေ့ကျင်သည်ကိုတွေ့လျှင် အမယွမ်က ထိုအခြေအနေမျိုးသို့ နောက်တစ်ကြိမ်ပြန်တွန်းပို့နိုင်သည်။ တွေးကြည့်ရုံဖြင့်ပင် သူကြက်သီးထသည်။

ထိုဘဝမျိုး ထပ်မကြုံချင်တော့။

"ရှောင်ထောင်၊ အမွှာကြာပန်းက ယင်ယန်ကူးပြောင်းသဘောတရားကိုနားလည်ပြီး မင်းပုံရိပ်ယောင်တွေနဲ့ ပေါင်းစပ်နိုင်ခဲ့တာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် မင်းမှာ ငှက်မသေမျိုးခန္ဓာလည်း ရှိနေတယ်ဆိုတာ မမေ့နဲ့။ ခန္ဓာကိုယ်တိုးတက်ဖို့ကိစ္စလည်း ပစ်မထားနဲ့"

"ဟုတ်ကဲ့ အမယွမ်"

"ကောင်းပြီ၊ ဒီတိုက်ပွဲကို ပြန်ရောက်ရင် မင်းတို့ပြန်သုံးသပ်လို့ရတယ်။ အခုလောလောဆယ် ရှောင်မုန်နဲ့အရိုးရိုင်းတို့တိုက်ပွဲကို သွားကြည့်ရအောင်"

"သူတို့နှစ်ယောက်တိုက်ခိုက်တာ ဒီလောက်တောင်ကြာတယ်ပေါ့"

ထောင်ယော်ယဲ့ အံ့အားသင့်သွားသည်။ သူနဲ့လုယန်လည်း အတော်ကြာအောင် တိုက်ခိုက်ခဲ့သည်။ သို့သော် မုန်ကျင်းကျိုးတို့တိုက်ပွဲက အခုထိ မပြီးသေး။

"နှစ်ယောက်လုံးက ခန္ဓာကိုယ်ကျင့်ကြံသူတွေလေ။ ဘယ်သူအနိုင်ရမလဲဆိုတာ ခန့်မှန်းရခက်တယ်"

လုယန် မအံ့ဩပါ။ မုန်ကျင်းကျိုး၏ ရွှေသန္ဓေက နတ်ဆိုးများသရဲများအပေါ် သက်ရောက်မှုအားကောင်းသော်လည်း အရိုးရိုင်းနှင့်ရင်ဆိုင်လျှင် သိပ်မထူးခြားလှ။

အရိုးရိုင်းက တောနက်ထဲတွင် သူနှင့်ထောင်ယော်ယဲ့ ပူးပေါင်းအနိုင်တိုက်ခဲ့သည့် နတ်ဝိညာဉ်အဆင့်သားရဲထံမှ အောင်ပွဲလက်ဆောင်အဖြစ်ယူလာသည့် သားရဲခြေထောက်ရိုးကို ကိုင်ထားသည်။

လူရိုင်းတစ်ယောက်လို အော်ဟစ်ကြုံးဝါး၍ ခြေထောက်ရိုးကို ဝေ့ယမ်းနေသည်။ သွေးဆာရူးသွပ်သည့်အရိပ်များ သူ့မျက်လုံးတွင်ပြည့်နေသည်။

လုယန် တွေးရခက်သွားသည်။ အရိုးရိုင်း ထိုပုံစံဖြစ်နေသည်ကို တစ်ခါမှမမြင်ဖူး။ အရိုးရိုင်း၏ ပုံမှန်ဟန်ပန်အမူအရာမျိုးမဟုတ်။

ခန္ဓာကိုယ်အင်အားဖြင့် အကြမ်းပတမ်းတိုက်ခိုက်သည်တော့ မှန်သည်။ သို့သော် ယခုလို တောရိုင်းထဲတွင် အမဲလိုက်နေသည့် သားရဲတစ်ကောင်လိုရူးသွပ်နေပုံမျိုး တစ်ခါမှမဖြစ်ဖူး။

မုန်ကျင်းကျိုးလည်း အရိုးရိုင်းပုံစံကြောင့် လန့်ဖျတ်နေသည့် ပွဲစကတည်းက နှိပ်ကွပ်ခံနေရသည်။ သူ့စွမ်းအင်အများစုကို ခုခံကာကွယ်ရင်း ကုန်ဆုံးခဲ့ရသည်။ ပြန်တိုက်ခိုက်ရသည်က ရှားသည်။

အရိုးရိုင်းတိုက်ခိုက်ပုံက သွေးရူးသွေးတမ်းလိုဖြစ်နေသော်လည်း သေချာအနီးကပ်ကြည့်လျှင် အဆင့်မြင့်တိုက်ခိုက်နည်းတစ်ခုဖြစ်ကြောင်း မြင်ရမည်ဖြစ်သည်။ တိုက်ခိုက်ပုံ ခုခံပုံ နှစ်ခုလုံးက တိုက်ပွဲအလီလီနွှဲ၍ တိုးတက်ကျွမ်းကျင်ထားပုံမျိုးဖြစ်သည်။

"အင်း၊ ဒီတိုက်ခိုက်ပုံကို ရင်းနှီးနေသလိုပဲ။ ငါတွေ့ခဲ့ဖူးတဲ့ အရိုင်းတွေနဲ့တူတယ်။ ကျောက်လက်နက်တွေ အရိုးတွေကိုင်ပြီး ရန်သူတွေကြား တရကြမ်းတိုးဝင်တယ်။ ဦးနှောက်တွေထွက်အောင် ရိုက်ခွဲပစ်တယ်"

နတ်မယ် အတော်စိတ်လှုပ်ရှားနေသည်။

လုယန် စိတ်ဝင်စားသွားသည်။

"အဲဒါ ရှေးဟောင်းအရိုင်းမျိုးနွယ်တွေ တိုက်ခိုက်တဲ့ပုံစံလား။ ဒါပေမယ့် အရိုင်းမျိုးနွယ်ရဲ့ တိုက်ခိုက်ရေးပညာတွေ ပျောက်ဆုံးသွားပြီလို့ ကြားဖူးသလားလို့"

အရိုးမျိုးဆက်တွင် အမွေအနှစ်ပြတ်လပ်ချိန် များစွာကြုံခဲ့သည်။ ရှေးဟောင်းအဖြစ်အပျက်မှတ်တမ်း အနည်းငယ်သာရျိသည်။

"နင်မေ့နေပြီလား။ အရိုးရိုင်းရဲ့သွေးဆက်က ငါပေးထားတာလေ။ သားရဲတွေတောင် သွေးဆက်ကနေ ဗီဇစွမ်းရည်တွေ လက်ဆင့်ကမ်းနိုင်တာပဲ။ ငါလည်း လုပ်နိုင်တာပေါ့"

သားရဲများ အဆင့်တစ်ခုရောက်လျှင် သွေးဆက်ထဲတွင် ပုန်းကွယ်နေသည့် စွမ်းအားတစ်မျိုး နိုးထလာသည်။ ဗီဇစွမ်းရည်များကို သင်ယူလေ့လာခွင့်ရလာသည်။

ထောင်တဲ့မျိုးနွယ်၏ ဝါးမျိုခြင်းစွမ်းရည်၊ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်၏ ညှို့ငင်ခြင်းစွမ်းရည် စသဖြင့်ရှိကြသည်။

သွေးဆက်သန့်စင်လေ အမွေခံစွမ်းအင် စောစောနိုးထလေဖြစ်သည်။

"ဒါနဲ့...အရိုးရိုင်းတည်ဆောက်ထားတာ ဘယ်လိုရွှေသန္ဓေမျိုးလဲ"

လုယန် ထောင်ယော်ယဲ့ကို လှည့်မေးသည်။ ယခု ထိုကိစ္စ လျှို့ဝှက်နေစရာမလိုတော့ဟု သူယူဆသည်။

"ကျွန်မလိုပဲ ရွှေသန္ဓေအမျိုးစားသစ်တစ်ခုထင်တယ်။ ဘိုးဘေးဝိညာဉ်ရွှေသန္ဓေဆိုလားပဲ။ သူ့ဘိုးဘေးတွေရဲ့ဝိညာဉ်ကို သူ့ကိုယ်ထဲဆင့်ခေါ်ပြီး တိုက်ပွဲမှာ ကူညီခိုင်းလို့ရတယ်တဲ့"

"အံ့ဩစရာပါလား။ ဒါဆို ရှေးဟောင်းအရိုင်းမျိုးနွယ်တွေရဲ့ဝိညာဉ်က အခုထိရှိနေသေးတဲ့သဘောလား"

လုယန် တကယ်အံ့ဩနေသည်။

ယွမ်ကျိက ခေါင်းခါသည်။

"မင်းထင်သလို မဟုတ်ပါဘူး။ နှစ်သုံးသိန်းကြာအောင်မပျက်စီးတဲ့ဝိညာဉ်ဆိုတာ မသေမျိုးအဆင့်မှာပဲရှိတယ်"

"ဒါဆို အရိုးရိုင်းဖြစ်နေတာက ဘယ်လိုမျိုးလဲ"

"သူ့ဘိုးဘေးဝိညာဉ်တွေက လွင့်ပြယ်ပြီး မိုးမြေကြားကို ပြန်ရောက်သွားပြီ။ သူတို့က အရိုးရိုင်းနှင့် သွေးချင်းဆက်နွယ်မှုရျိနေတယ်။ သူတို့မျိုးဆက်ရှိနေတာကို အာရုံခံမိတော့ မိုးမြေကြားမှာပျောက်ကွယ်သွားတဲ့ သူတို့ဝိညာဉ်အပိုင်းအစတွေကို ပြန်စုစည်းပြီး ရှေးဟောင်းအရိုင်းသွေးဆက်ကနေ အရိုးရိုင်းခန္ဓာကိုယ်ထဲကို စီးဝင်လာတာ။ ဒါပေမယ့် ဒီပူးကပ်တယ်ဆိုတာက ဗီဇစိတ်ပိုဆန်တယ်။ အသိဝိညာဉ်စိတ်မျိုးမဟုတ်ဘူး"

လုယန် နတ်မယ်အကြောင်းတွေးမိသည်။ နတ်မယ်ဖြစ်တည်သည့် နည်းလမ်းလောက်တောက မဆန်းကြယ်လှ။

"ဒါဆို မုန်ကျင်းကျိုးရဲ့ပြိုင်ဘက်က အရိုးရိုင်းမဟုတ်ဘဲ ရှေးဟောင်းအရိုင်းမျိုးနွယ် တစ်ခုလုံးပေါ့"

မုန်ကျင်းကျိုး ခက်ခက်ခဲခဲရင်ဆိုင်နေရသည့်အဖြစ်ကို လုယန် နားလည်လာသည်။

ရှေးဟောင်းအရိုင်းတို့သည် ထာဝရနတ်မယ်နှင့် အတူတိုက်ပွဲဝင်ခဲ့ အတူစားသောက်ခဲ့သူများဖြစ်သည်။ အတွေ့အကြုံမယုံနိုင်လောက်အောင် ကြွယ်ဝသည်။ မုန်ကျင်းကျိုး ယှဉ်နိုင်စရာမရှိ။

ပြိုင်ပွဲစင်မြင့်ပေါ်တွင် မုန်ကျင်းကျိုး ဆက်တိုက်နောက်ဆုတ်နေရသည်။ အရဟတ်လက်သီးရော ကောင်းကင်တုန်ခြောက်ကွက်ပါ အကျိုးမထူးလှတော့။

အရိုးရိုင်းမျက်လုံးများက ဗလာဖြစ်နေသည်။ ဘိုးဘေးများက အပြည့်အဝလွှမ်းမိုးထားသည်။ ဗီဇစိတ်သက်သက်ဖြင့် တိုက်ခိုက်နေခြင်းဖြစသည်။

ရုပ်ခန္ဓာစွမ်းအားအရ မုန်ကျင်းကျိုးက နည်းနည်းပိုသာသည်။ သို့သော် အရိုးရိုင်း၏ တိုက်ပွဲအတွေအကြုံကနက်ရှိုင်းသဖြင့် အသာစီးရသည်။

ရှေးဟောင်းအရိုင်းဘိုးဘေးများ၏ နှစ်ထောင်သောင်းချီပေါင်းစည်းထားသည့် တိုက်ပွဲအတွေ့အကြုံဖြစ်သည်။ မုန်ကျင်းကျိုး အခက်တွေ့့နေသည်။

အရိုးရိုင်းက အသားစီးရပြီး ဖိ၍တိုက်ခိုက်နေသော်လည်း မုန်ကျင်းကျိုးကို ချက်ချင်းတော့ အနိုင်မယူနိုင်။

"မုန်ကျင်းကျိုးက နည်းနည်းမူမမှန်ဖြစ်နေသလိုပဲ"

မုန်ကျင်းကျိုး ထူးဆန်းသည့်အခြေအနေမျိုး ကြုံနေရသည်။ သူ့ကိုယ်ထဲမှ တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခုက အရိုးရိုင်း၏ရွှေသန္ဓေကို အာရုံခံမိပြီး နေနှစ်စင်းလို လျင်မြန်စွာလည်ပတ်နေသည်။ သူ့ခန္ဓာကိုယ် ပူနွေးလာသည်။ သွေးကြောဆုံးများပွင့်သွားပြီး ဝိညာဉ်စွမ်းအင်များစုပ်ယူနေသည်။

ရွှေသန္ဓေနှစ်ခု လည်ပတ်နေချိန်တွင် မုန်ကျင်းကျိုးစိတ်ထဲ ဗလာဖြစ်သွားသည်။ အတိတ်အတွေ့အကြုံများ တဖျတ်ဖျတ်ပေါ်လာသည်။

ထိုမှတ်ဉာဏ်များ အဆုံးစွန်ထိ စုစည်းလာပြီးနောက် စိတ်အာရုံတွင် ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်။

ခေါင်းကိုခါယမ်းလိုက်သည်။ လောကကြီး အရင်ကထက် ပိုကြည်လာသည်ကို သတိထားမိ။

"ငါဉာဏ်အလင်းရပြီး လက်သီးပညာအသစ်ကို နားလည်လာတာလား"

မုန်ကျင်းကျိုး လက်သီးနှစ်ဘက်ကိုဆုပ်လျက် မယုံနိုင်အောင်ဖြစ်နေသည်။

ထိုဉာဏ်အလင်းမျိုးသည် ကျင့်ကြံသူအများစု သူတို့တစ်သက်တာတွင် မရနိုင်လောက်အောင် ရှားပါးသည့်အရာဟု သူကြားဖူးသည်။ ယခု ရွှေသန္ဓေအဆင့်တွင် သူရလာသည်။

လတ်တလောအတွေ့အကြုံအရ တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခု အချင်းချင်းကူညီပံ့ပိုးပြီး ဤဉာဏ်အလင်းမျိုးရလာခြင်းဖြစ်ဟန်တူသည်။

"ငါ့ရွှေသန္ဓေတွေက ပြိုင်ဘက်ကင်းဆိုတာ သိသားပဲ"

စိတ်ထဲတွင် အသစ်နားလည်လာသည့် လက်သီးပညာကို ပြန်လေ့ကျင့်သည်။ သူ့အမူအရာ တဖြေးဖြေးပြောင်းလဲလာသည်။

"ဒီလက်သီးသိုင်းက.....ခဏနေဦး"

မုန်ကျင်းကျို လက်ပြတားလိုက်သည်။ အရိုးရိုင်း တိုက်ခိုက်မှုရပ်သွားသည်။

"ငါခုနကပဲ လက်သီးပညာအသစ်တစ်မျိုး နားလည်ခဲ့တယ်။ မင်းဘိုးဘေးတွေ ဆက်တိုက်ခိုက်နေရင် ငါဒီလက်သီးပညာကို သုံးတော့မှာနော်"

အရိုးရိုင်း အသံတိတ်နေသည်။ မုန်ကျင်းကျိုးဆက်ပြောမည့်စကားကို စိတ်ဝင်စားနေဟန်ရှိသည်။

"ငါအခုနားလည်ထားတဲ့ လက်သီးပညာက ကံကြမ္မာနဲ့ကျိန်စာစွမ်းအားတွေပါတယ်။ ငါ့တစ်ကိုယ်တော်မျိုးဆက်ရဲ့ အမုန်းတရားတွေပါတယ်။

ငါ့လက်သီးထိတဲ့လူမှန်သမျှ ငါ့လိုပဲ တစ်သက်လုံး တစ်ကိုယ်တော်ဘဝနဲ့ အရိုးထုတ်ရမယ်။ ဒါကံကြမ္မာကျိန်စာပဲ။

တစ်ကိုယ်တော်ကျိန်စာလက်သီးလို့ ငါနာမည်ပေးထားတယ်။ ဒါဟာ တစ်ကိုယ်တော်အမွှာရွှေသန္ဓေရဲ့ ဗီဇလက်သီးပညာဖြစ်လိမ့်မယ်။

အရိုးရိုင်းကို ငါ့လက်သီးထိစေချင်ရင် တက်လာခဲ့ပါ။ ငါ့ကို ဆက်တိုက်ခိုက်ပါ"

အရိုင်းဘိုးဘေးဝိညာဉ်များက အရိုးရိုင်းခန္ဓာကိုယ်ကို ထိန်းချုပ်၍ စင်ပေါ်မှ ချက်ချင်းခုန်ချသွားပြီး အရှုံးပေးလိုက်သည်။

မုန်ကျင်းကျိုးပြောနေသည့်စကား အမှန်ဖြစ်ကြောင်း သူတို့ဗီဇစိတ်က သိနေသည်။

All Chapters