← Chapters

လက်သီးပညာလည်း ပညာပါပဲ

Vol. 21 Ch. 314

လက်သီးပညာလည်း ပညာပါပဲ

Vol. 21 Ch. 314

"သူ့ဘာသာ ကျိန်စာလက်သီးပညာကို တတ်သွားတာလား။..မဟုတ်သေးဘူး၊ မှော်ကျိန်စာပညာမျိုးလို့ ခေါ်ရမလား"

ဗဟုသုတများသည့် ဂိုဏ်းတူအမတစ်ယောက်ပင် တအံ့‌တဩရေရွတ်နေသည်။

ကျိန်စာပညာများသည် ကံကြမ္မာပညာရပ်အမျိုးအစားဖြစ်သည်။ ကံကြမ္မာနှင့်အချိန်သည် ကျင့်ကြံသူလောကတွင် သင်ယူနားလည်အဖြေရှာနိုင်ဖို့ အခက်ဆုံးပညာရပ်များအဖြစ် အားလုံးက သတ်မှတ်ထားကြသည်။

မမျှော်လင့်ဘဲ မုန်ကျင်းကျိုးက ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုမျှရက်စက်သည့်ပညာမျိုးကို သူ့ဘာသာတတ်သွားသည်။

"လက်သီးပညာလား မှော်ပညာလားလို့ မင်းကမေးနေတယ်ပေါ့။ အမယွမ်သင်တဲ့အတန်းတွေမှာ မင်းအာရုံစိုက်ပြီးနားမထောင်ခဲ့တာ ရှင်းနေတာပဲ"

ဝိညာဉ်ပြောင်းအဆင့်အကိုတစ်ယောက်က ခုနကတအံ့တဩပြောခဲ့သည့် နတ်ဝိညာဉ်အဆင့်ဂျူနီယာကို အထင်သေးအမြင်သေးစိုက်ကြည့်သည်။

"ဒီလောက်ပေါ့ပေါ့ဆဆနေရင် နောင်တစ်ျခိန် ဝိညာဉ်ပြောင်းအဆက်ကိုတက်နိုင်ဖို့ မင်းဘယ်လို မျှော်လင့်လို့ရမှာလဲ"

နတ်ဝိညာဉ်အဆင့်ဂျူနီယာညီမ တစ်ချက်တွန့်သွားသည်။ အပြင်လောကတွင် သူသည် ဗဟုသုတကြွယ်သည်ဟု နာမည်ကျော်သည်။ ပါရမီရှင်ဟု သတ်မှတ်ခံရသည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိုဂုဏ်ပုဒ်များက အဓိပ္ပါယ်မရှိတော့။

ဤဂိုဏ်းထဲတွင် ဗဟုသုတကြွယ်ပါသည်ဟု ဘယ်သူကြွေးကြော်ရဲသနည်း။

"လက်သီးပညာနဲ့မှော်ပညာကို အရမ်းခွဲခြားပြီးမမြင်ဖို့ အမယွမ်က အလေးအနက်ထားပြီး အထပ်ထပ်ပြောခဲ့တယ်။ လက်သီးပညာလည်း ပညာပဲ။ မှော်ပညာလည်း ပညာပဲ။ ပညာရပ်တစ်သောင်းဟာ နောက်ဆုံးမှာ အတူပေါင်းစည်းသွားတယ်။ မင်းဒါတွေကို ခွဲခြားပြီးတွေးလွန်း၇င် နောင်တစ်ချိန် ကျင့်စဉ်ပညာတွေအားလုံး ဘယ်လိုကျွမ်းကျင်နိုင်မှာလဲ။

လူအတော်များများက ဒီလိုခံယူချက်အမှားကြောင့် အရှုံးနဲ့ကြုံကြရတာ။ အရမ်းစွမ်းအားကြီးတဲ့ မှော်ပညာတွေ တတ်ကောင်းတတ်မယ်။ သူတို့ပြိုင်ဘက်ထက် ပိုစွမ်းအားကြီးချင်ကြီးမယ်။ ဒါပေမယ့် ပြိုင်ဘက်တွေက အနီးကိုတိုးလာနိုင်ပြီဆိုရင် သူတို့ကောင်းကောင်းမကာကွယ်နိုင်တော့ဘဲ ရှုံးသွားကြတယ်"

မှော်ပညာဦးစားပေးကျင့်ကြံသူများသည် အနီးကပ်တိုက်ခိုက်ရသည်ကို အကြောက်ဆုံးဖြစ်သည်။ မှော်ပညာကို အချိန်ကြာမြင့်စွာတိုးတက်အောင် ကြိုးစားကြပြီး ရု့ပ်ခန္ဓာစွမ်းအားကို လျစ်လျူရှုထားတတ်ကြသည်။ အနီးကပ်တိုက်ပွဲကြုံလာလျှင် မှော်ပညာများ သုံးခွင့်မရသလို ကိုယ့်ကိုယ်ည်း မကာကွယ်နိုင်ဖြစ်ကြရသည်။

ဝိညာဉ်ပြောင်းအဆင့်ဂိုဏ်းတူအကိုက စိတ်အားထက်သန်စွာ သင်ပြပေးသည်။

"ဒီတော့ အကောင်းဆုံးက လက်သီးပညာသုံးပြီး မှော်ပညာကို ဖန်တီးဖို့ပဲ။ ဒါဆို အဝေးကနေပဲ မှော်ပညာနဲ့တိုက်တိုက် အနီးကပ်ပဲထိပ်တိုက်တွေ့တွေ့ အားနည်းချက်မရှိတော့ဘူးမဟုတ်လား"

နတ်ိဝညာဉ်အဆင့်ဂျူနီယာ ခေါင်းငြိမ့်သည်။ ကျိုးကြောင်းဆီလျော်ပါ။ သူဝီရိယကောင်းသည်။ လက်သီးပညာနှင့်မှော်ပညာ နှစ်ခုလုံးလေ့ကျင့်သည်။ ဘယ်ဟာကိုမှ လျစ်လျူရှုမထား။ သို့သော် သူ့ကိုယ်သူပြန်သုံးသပ်ဖို့ လိုသေးကြောင်း နားလည်လာသည်။

"အမယွမ်ကတောင် ညီလေးလုကို ချီးကျူးတယ်။ ဒီအဆင့်ထိအောင်မြင်တယ်ဆိုရင် ပညာရပ်အားလုံးကို ကျွမ်းကျင်လာမယ့် လက္ခဏာပဲတဲ့။ သူက မင်းထက်ရော ငါ့ထက်ပါ အများကြီး ပိုစွမ်းအားကြီးပါတယ်။

ဒီလက်သီးပညာကို လုယန် ဘယ်လောက်ထိကျွမ်းကျင်ထားမှန်းမသိပေမယ့် အမယွမ်ချီးကျူးတယ်ဆိုတော့ ဒီအပိုင်းမှာ ထူးထူးခြားခြားတိုးတက်နေတာ သေချာတယ်"

ဂိုဏ်းတူအကိုအမများသည် လုယန်ကို တစ်ယောက်တစ်လှည့်စိန်ခေါ်တိုက်ခိုက်ခဲ့သော်လည်း သူ့ပါရမီကို အသိအမှတ်ပြုသည့်ကိစ္စနှင့် ဘာမှမဆိုင်ပါ။

.....

လုယန်၊ ထောင်ယော်ယဲ့နှင့် တစ်ခြားလူများ မုန်ကျင်းကျိုးကို တအံ့တဩ ကြည့်နေကြသည်။ မျိုးဆက်ဖြတ်တောက်နိုင်စွမ်းရှိသည့် လက်သီးပညာကို နားလည်တတ်ကျွမ်းသွားသောကြောင့်ဖြစ်သည်။

ထိုပညာက မယုံနိုင်လောက်အောင် ရက်စက်သည်။

အအံ့ဩရဆုံးလူက ချင်ယန်ယန်ဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်မလာမီက သူနည်းနည်းမာနကြီးသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ထက် ကျင့်စဉ်တိုးတက်နှုန်း နည်းနည်းနှေးသော်လည်း သိပ်ကွာခြားမှုမရှိဟု ယူဆသည်။ သူကြိုးစားလျှင် အမီလိုက်နိုင်မည်ဟု ထင်ခဲ့သည်။

လီဟော်ရန်ထက် သူနှစ်လကြီးသည်။ ကျင်စဉ်အဆင့်အတူတူဖြစ်သည်။ လီဟော်ရန်ပါရမီက လူငယ်မျိုးဆက်တွင် ထိပ်တန်းဆယ်ယောက်စာရင်းဝင်အဆင့်ရှိသည်။ သူလည်း သိပ်နောက်မကျပါ။ မသေမျိုးငါးဂိုဏ်းသို့ဝင်ရန် အရည်အချင်းပြည့်မီသည်။

စုယီရန်လမ်းညွှန်မှုရှိသဖြင့် မသေမျိုးငါးဂိုဏ်းသို့ဝင်ဖို့ မလိုအပ်။

လုယန်နှင့်မုန်ကျင်းကျိုးလို ထိပ်တန်းလူငယ်ပါရမီရှင်များနှင့်ပင် သိပ်ကွာခြားချက်မရှိနိုင်ဟု ယုံကြည်သည်။ ဘေးမှစောင့်ကြည့်ရုံဖြင့် လေ့လာသင်ယူနိုင်သည်ဟု ထင်ခဲ့သည်။

ယခု ဘာမှသင်ယူနိုင်ခြေမရှိကြောင်း သူနားလည်လာသည်။

အသန့်စင်ဆုံးမီးဝိညာဉ်မြစ်ပိုင်ရှင် သူ့အဖေသည် ရွယ်တူတန်းတူများကြား အဆင့်ငါးနေရာသာရထားသည်မှာ အံ့ဩစရာမရှိတော့။

ထိပ်တန်းလေးယောက်ထက်သာလွန်ဖီု့ တကယ်ခက်ခဲ့သည်။

ပထမနေရာရထားသူ၏ အရဟတ်လက်သီးက ဆံပင်ကျွတ်အောက်လုပ်နိုင်သည်။ ဒုတိယလူ၏ တစ်ကိုယ်တော်ကျိန်စာလက်သီးက တစ်သက်လုံးတစ်ကိုယ်တော်ဖြစ်အောင် လုပ်နိုင်သည်။ ထိုပညာများသည် တာအိုလမ်းစဉ်ဂိုဏ်းကလား စွန်စီးဘုံကျောင်းကလား မကွဲပြားတော့။

နတ်မယ်က မုန်ကျင်းကျိုးလက်သီးပညာကိုမြင်ပြီးနောက် သက်ပြင်းချသည်။

"ဪ...'မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေထွက်ပေါ်တယ်။ နှစ်ပေါင်းရာချီ လွှမ်းမိုးကြတယ်'ဆိုတာ ဒါကိုပြောတာဖြစ်မယ်"

လုယန် မျက်ခုံးတစ်ဘက်မြင့်တက်ပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။ ထိုကဗျာစာသားတော့မှန်ပါသည်။ သို့သော် ဤအခြေအနေနှင့် သိပ်မလိုက်ဖက်ဟု ထင်မိသည်။

"ဒီလက်သီးပညာမှာ အကန့်အသတ်တွေမရှိဘူးလား"

ထောင်ယော်ယဲ့ တွေးမရ။ အရိုးရိုင်း၏ ဘိုးဘေးဝိညာဉ်သန္ဓေက အကန့်အသတ်တစ်ခုရှိသည်။ ဘိုးဘေးများ၏ ကျင့်စဉ်စွမ်းအားကို ထပ်တူမရနိုင်။ မုန်ကျင်းကျိုး၏ လက်သီးပညာက ကျင့်စဉ်အဆင့်သတ်မှတ်ချက် ရှိမရှိ သူသေချာမသိ။

မရှိလျှင် သူ့ကိုမြင်သည်နှင့် လူတိုင်းထွက်ပြေးကြရမည့်သဘော ဖြစ်နေသည်။

စင်ပေါ်တွင် ဝင့်ကြွားစွာရပ်နေသည့် မုန်ကျင်းကျိုးကို ယွမ်ကျိ ခဏစိုက်ကြည့်နေသည်။ ထို့နောက် ခေါင်းခါ၍ ရှင်းပြသည်။

"မင်းထင်သလောက်ကြီးလည်း မဟုတ်ပါဘူး။ မုန်ကျင်းကျိုးက ရွှေသန္ဓေအဆင့်လေ။ ဒီတော့ သူ့လက်သီးစွမ်းအားက ရွှေသန္ဓေအဆင့်အောက်က ကျင့်ကြံသူတွေပေါ်မှာပဲ သက်ရောက်မှုရှိမယ်။ ပြီးတော့ ကံကြမ္မာတန်ပြန်သက်ရောက်မှုကို သူသတိထားရလိမ့်မယ်"

"တန်ပြန်ကံကြမ္မာလား"

"ဟုတ်တယ်။ ဥပမာ လီဟော်ရန်ကိုကြည့်ပါ။ သူ့ဇနီးလောင်းက စုစည်းခြင်းအဆင့် စုယီရန်လေ။ သူတို့လက်ထပ်ကတိက သာမန်နည်းလမ်းနဲ့ လွယ်လွယ်ချိုးဖျက်လို့ရတဲ့အရာမဟုတ်ဘူး။

မုန်ကျင်းကျိုးသာ တစ်ကိုယ်တော်ကျိန်စာလက်သီးကို လီဟော်ရန်အပေါ်သုံးလိုက်ရင် ကံကြမ္မာနှောင်ကြိုးကို သူမဖျက်ဆီးနိုင်တဲ့အတွက် တန်ပြန်သက်ရောက်မှု ခံရမယ်"

"အဲလိုသက်ရောက်ခံရရင် သူဘာဖြစ်လာနိုင်မလဲ"

လုယန် စပ်စုလိုက်သည်။ မုန်ကျင်းကျိုး တစ်ကိုတည်းလူပျိုကြီးဖြစ်လာမည်လာ။ ထိုသို့ဆိုလျှင် တန်ပြန်သက်ရှောက်မှု ရှိရှိမရှိရှိ ဘာမှမထူးခြားတော့။

ယွမ်ကျိ ခဏစဉ်းစားပြီး ပြန်ပြောသည်။

"မိန်းမတွေနဲ့ အချိန်တစ်ခုအထိ ကံအဆက်ပြတ်သွားနိုင်တယ်။ အဲဒီ့အချိန်အတွင်းမှာ ဘယ်မိန်းမနဲ့မှ ဆက်သွယ်နိုင်မှာမဟုတ်ဘူး။ အကြောင်းတိုက်ဆိုင်မှုမျိုးစုံက တားဆီးလိမ့်မယ်။ ဒါမှမဟုတ် မိန်းမတွေက သူနဲ့ဝေးဝေးရှောင်ကြလိမ့်မယ်"

တစ်ကိုယ်တော်ကျိန်စာလက်သီးသည် ကန့်သတ်ချက်များပြီး တန်ပြန်သက်ရောက်မှုအန္တရာယ်ရှိသည်ဟု ထင်ရသည်။ သို့သော် သေချာစဉ်းစားကြည့်လျှင် လီဟော်ရန်လို အသက်ငယ်ငယ်နှင့် စုစည်းခြင်းအဆင့်ဇနီးလောင်းမျိုး တစ်ခြားဘယ်သူရှိနိုင်မည်နည်း။

လီဟော်ရန်က ဘေးမှနားထောင်နေရင် မေးခွန်းထုတ်ပြန်သည်။

"သူ့လက်သီးပညာရဲ့ အကြီးဆုံးတန်ပြန်သက်ရောက်မှုက လက်သီးဒဏ်ခံရတဲ့လူတိုင်း သူ့ကိုအမဲလိုက်တာမျိုး မဟုတ်ဘူးလား"

လုယန် - "..."

ယုတ္တိကျသည်ဟု သူယူဆသည်။ မုန်ကျင်းကျိုးလက်သီးက ဘယ်သူ့ကိုမှမသတ်နိုင်။ သို့သော် လက်သီးထိသည့်လူတိုင်းက မရမက လက်စားပြန်ချေကြလောက်သည်။

"ခုနက မုန်ကျင်းကျိုးပြောတယ်။ သူ့လက်သီးပညာက သူ့ရွှေသန္ဓေရဲ့ ဗီဇစွမ်းရည်တဲ့။ တစ်ကိုယ်တော်ရွှေသန္ဓေမှာ ဒီလိုပညာစွမ်းမျိုးရှိတယ်လို့ ကျုပ်တစ်ခါမှ မကြားဖူးပါဘူး"

လီဟော်ရန် တွေးမရ။ ရွှေသန္ဓေတည်ဆောက်သည့် အတွေ့အကြုံမှတ်တမ်းများစွာ ဖတ်ဖူးသည်။ တစ်ကိုယ်တော်ရွှေသန္ဓေအကြောင်းများလည်း ပါသည်။

လုယန်က သူ့အယူအဆအမှားကို ထောက်ပြသည်။

"မင်းမှားနေပြီ။ မုန်ကျင်းကျိုးက တစ်ကိုယ်တော်ရွှေသန္ဓေတစ်ခုတည်း တည်ဆောက်ခဲ့တာမဟုတ်ဘူး။ တစ်ခါမှမရှိခဲ့ဖူးတဲ့ တစ်ကိုယ်တော်သန္ဓေနှစ်ခုကွ"

လီဟော်ရန် - "..."

လုယန် ဆက်ပြောသည်။

"အရင်က တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်တွေ ဒီလက်သီးပညာကို နားမလည်ခဲ့ဘူး။ ဒီတော့ သူတို့ရဲ့ "တစ်ကိုယ်တော်ပါရမီ"ဟာ မုန်ကျင်းကျိုးလောက် မနက်ရှိုင်းတဲ့သဘောပဲ"

"လုယန်၊ မင်းငါ့ကို သိက္ခာချနေပြန်ပြီလား။ ဒါက ငါ့ပါရမီထူးခြားတယ်ဆိုတာ ပြတဲ့လက္ခဏာကွ"

မုန်ကျင်းကျိုး စင်မြင့်ပေါ်မှ ခုန်ဆင်းလာပြီး လုယန်ကို ဒေါသဖြင့်စိုက်ကြည့်သည်။

လုယန် နောက်တွန့်သွားပြီး ဘာမှမပြောခဲ့သလို ဟန်ဆောင်နေသည်။

အရိုးရိုင်း တဖြေးဖြေးသတိပြန်ရလာသည်။ ဆူညံနေသည့်ပတ်ဝန်းကျင်ကို နားမလည်ဟန်ဖြင့်ကြည့်သည်။

"ငါရှုံးသွားတာလား"

သူ့ဘိုးဘေးများကို ပူးကပ်ဖို့ ဆင့်ခေါ်ပြီးနောက်ပိုင်း သူဘာမှမမှတ်မိ။

လုယန်က အရိုးခံလေသံဖြင့်ပြောသည်။

"မင်းဘိုးဘေးတွေက သူတို့ရဲ့တစ်ဦးတည်သောမျိုးဆက်ကို ဆုံးရှုံးမှာစိုးရိမ်လို့ အရှုံးပေးလိုက်တာပါ"

"ဟမ်"

အရိုးရိုင်း မျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။ ဘာဖြစ်သွားသည်ကို သူနားမလည်။

မုန်ကျင်းကျိုးက မသမာနည်းလမ်းသုံးပြီး အနိုင်ရဖို့ "မက်မွန်သီးမျောက်ခိုးပညာ"မျိုး သုံးခဲ့သလားမသိ။ ထိုသို့ မဖြစ်နိုင်လောက်ပါ။

(**ပေါင်ခွကြားကို တိုက်ခိုက်ခြင်း ဖမ်းညှစ်ခြင်းကို ဆိုလိုပါသည်။)

"လုယန်၊ ငါနဲ့လိုက်ခဲ့"

ယွမ်ကျိ လှမ်းခေါ်ပြီး ကောင်းကင်ဂိတ်တောင်ထိပ်ဆီ ဦးတည်လျှောက်သွားသည်။

တိုက်ပွဲကြည့်နေခဲ့သည့် ဂိုဏ်းတပည့်များ လူစုခွဲသွားသည်။ တစ်ချို့က ကျင့်ကြံရန် ပြန်သည်။ တစ်ချို့က စာဖတတ်ရန် ကျမ်းစာတိုက်သို့သွားသည်။ တစ်ချို့က ဂျူနီယာညီမများကို သွားတွေ့သည်။ အားလုံး ကိုယ့်အလုပ်နှင့်ကိုယ်ရှိသည်။

လုယန် ယွမ်ကျိနောက်သို့ အမီပြေးလိုက်သွားသည်။

"အမယွမ်၊ နတ်မယ်ရဲ့ မီးဖိုချောင်ကို သယ်လာပြီလား"

"အင်း"

သိစိတ်နယ်မြေမှ ထာဝရနတ်မယ်၏မျက်လုံးများ အရောင်လက်လာသည်

All Chapters