ပြတ်သားသော
Vol. 127 Ch. 1752
ဖန်ရှန်မင်သည် အင်မောတယ်ကုန်းမြေ၌ ရှိနေသော်လည်း သူမ၏ မဟာစိတ်ဝိညာဉ်အစစ်အမှန်ပုံရိပ်ယောင် မန္တာန်ကို နှစ်ထပ်ပုံရိပ်ယောင်အဆင့်ထိ အသုံးပြုနိုင်ခြင်းမှာ ဒီရွက်ဖျင်ကြောင့် ဖြစ်၏။
ဝမ်လင်းက သူပုံရိပ်ယောင်အတွင်းရှိ ပုံရိပ်ယောင်ကို အဆုံးမသပ်ပစ်ခင်က ထိုတစ္ဆေမျက်နှာသည် သူ့ကို ကြည့်ရှုခဲ့သည်အား မှတ်မိပေသည်။
“ဘေးတွင်တော့ ဖန်ရှန်လုက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ဖြည်းဖြည်းချင်း ပြောလာသည်။ ဒါဟာ ငါတို့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ရတနာတစ်ခုပဲ။ ဒါ့အပြင် ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောရဲ့ ပင်မစိတ်ဝိညာဉ်ရွက်တိုင်လည်း ဟုတ်တယ်…”
“နင်တို့ညီမနှစ်ယောက်ကြားက ကိစ္စကို ငါ ဂရုမစိုက်ဘူး။ သွေးကျိန်ဆိုမှုအကြောင်း ထပ်မပြောနဲ့တော့။ ငါတို့က ဘုံရည်ရွယ်ချက်တူ နေမှတော့ ဘာမှ မဖုံးကွယ်ထားဘူးဆိုရင် ငါတို့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်…”
“ဒါပေမဲ့ နင့်အမရဲ့ အစောပိုင်းတုန်းက အပြုအမူဟာ စိတ်ဝင်စားစရာပဲ။ ငါ ဒီတစ္ဆေရွက်ဖျင်နဲ့ စိတ်ဝိညာဉ်မိစ္ဆာသင်္ဘောကို အစောပိုင်းတုန်းက မကျေမချမ်း ဖြစ်ခဲ့ရတဲ့အတွက် ယူဆောင်သွားတယ်လို့ သူမကို ပြောလိုက်ပါ…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ယင်းရွက်ဖျင်ကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်း၍ ဖန်ရှန်လုကို ကြည့်သည်။
ဖန်ရှန်လုက တစ်ခုခု ပြောချင်ဟန်ဖြင့် ပါးစပ်ဟ၏။ သို့သော် အဆုံးသပ်၌ သူမက ခပ်မဆိတ်သာ နေလိုက်သည်။ သူမသည် စိတ်ရှုပ်ထွေးဟန်ဖြင့် နေရာတွင် ရပ်နေ၏။
“နင် ဒီသင်္ဘောကနေ ထွက်သွားဖို့ မလိုပါဘူး။ ငါ နင့်အတူ ဒီသင်္ဘောနဲ့ ထွက်သွားမယ်။ ဒါ ဒါကို လိုအပ်တဲ့အခါကျရင် နင် ဒီသင်္ဘောကို ငါ့ရှိ ယူလာပေးဖို့ ငါ နင့်ကို လှမ်းပြောမယ်။ ငါတို့ ဒီသင်္ဘောရဲ့ ပုံရိပ်ယောင်ထဲ ရောက်နေတဲ့အချိန်တုန်းက နင် ပြောခဲ့တဲ့ ရှေးပလ္လင်ကရော…”
ဝမ်လင်းသည် ထိုသို့ ပြောလိုက်၏။ သူ၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးသွားသည်။
ဖန်ရှန်လုက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ခေါင်းယမ်းလိုက်သည်။ သူမက လက်မြှောက်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု ဝမ်လင်းထံ ပျံသန်းလာတော့သည်။ သူက ၎င်းကို ဖမ်းယူ၍ အတွင်းရှိ မြေပုံကို ကြည့်ရှုလိုက်သည်။
“အဲ့ဟင်းလင်းပြင်နေရာမှာ ကြမ်းကြုတ်တဲ့သားရဲတွေ မရေမတွက်နိုင်အောင် များပြားတယ်။ ဒီဟင်းလင်းပြင်ဟာ လှိုဏ်ဂူလောကမှ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ။ ဒါဟာ ထူးဆန်းတဲ့လောကတစ်ခုနဲ့လည်း ချိတ်ဆက်နေတယ်။ နင် ဒီမြေပုံ အတိုင်းသွားရင် နင် ရှေးပလ္လင်တစ်ခုကို တွေ့ရလိမ့်မယ်…”
“ဒီကျောက်စိမ်းပြားထဲမှာ မန္တာန်တစ်ခုလည်း ပါတယ်။ ဒီမန္တာန်ဟာ ပုံရိပ်ယောင်အတွင်းမှာတုန်းက ငါ နင့်ကို ပြောခဲ့တဲ့ တတိယမြောက်စိတ်ဝိညာဉ်ကို ဝါးမြိုနိုင်တဲ့ မန္တာန်ပဲ။ နင် ဒါကို ကောင်းကောင်း လေ့လာထားသင့်တယ်…”
ဖန်ရှန်လုက အကွာအဝေးတစ်ခုသို့ ငေးကာ တိုးညင်းစွာ ပြောနေ၏။ သူမ၏အကြည့်ထဲ၌ အိမ်ကိုလွမ်းဆွတ်မှု အရိပ်အယောင် ပါဝင်သည်။
ဝမ်လင်းသည် ခဏတာ စဉ်းစားပြီးနောက် ဖန်ရှန်လုထံ လက်နှစ်ဆက်ဆုပ်၍ နှုတ်ဆက်သည်။ သူက ထွက်ခွာတော့မည့် အချိန်၌ ဖန်ရှန်လု၏ စကားသံ ထွက်ပေါ်လာသည်။
“ငါ့အမဟာ လက်စားချေချင်စိတ် များနေတဲ့အတွက် ငါ့ကိုပါ အသုံးချခဲ့တယ်။ ငါတို့ ပူးပေါင်းနိုင်တယ်။ ငါ နင့်ကို အကောင်းဆုံး ကူညီပေးမယ်။ ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်။ နင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်မယ့် တံခါးကို ဖွင့်လှစ်နိုင်တဲ့အခါကျရင် ငါ့ကို နင်နဲ့အတူ ခေါ်သွားပေးပါ။ ငါ အိမ်ပြန်ချင်တယ်…”
“ဒီလှိုဏ်ဂူလောကထဲကနေ ထွက်ဖို့ဟာ ခက်ခဲလွန်းတယ်။ တတိယစိတ်ဝိညာဉ်မှသာ မှတ်ဉာဏ် ပိုင်ဆိုင်ထားပြီး ကောင်းကင်ဘုံတာအိုက ဘယ်နေရာမှာလဲဆိုတာကို သိတာ။ ကောင်းကင်ဘုံတာအိုကို ဆင့်ခေါ်နိုင်မှသာ နင်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ နန်းတော်ထဲ ဝင်ရောက်နိုင်မှာ ဖြစ်တယ်…”
“ဒီကောင်းကင်ဘုံနန်းတော်ဟာ အတိတ်တုန်းက မဟာစစ်ပွဲ ဖြစ်ခဲ့တဲ့ နေရာပဲ။ အဲ့နန်းတော်ဟာ အပျက်အစီးပုံ ဖြစ်နေပေမယ့် အင်မောတယ်ကောင်းကင်ဘုံနယ်မြေရှိ ဦးတည်တဲ့ တံခါးချပ်ဟာ အဲ့မှာ ရှိတယ်။ ဒီတံခါးကို ဖွင့်လှစ်တာဟာတ ဒီလှိုဏ်ဂူကို ဖွင့်လှစ်တာနဲ့ အတူတူပဲ…”
ဝမ်လင်းသည် ရပ်လိုက်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ဖန်ရှန်လုထံ ပြန်လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်၏။
“ငါ နင့်ကို ကတိပေးတယ်…” ဝမ်လင်းသည် ကတိများ ပေးခဲ၏။ဤသည်မှာ သူ တတိယအဆင့်သို့ ရောက်ခဲ့သည့်အချိန်မှစ၍ ပထမဆုံး ပေးလိုက်သော ကတိပင်။
၎င်းမှာ မည်သည့်အကျိုးအမြတ်အတွက်မှ မဟုတ်ပေ။ သူမ ပြောခဲ့သော အိမ်ကို ပြန်ချင်သည်ဟူသော စကားကြောင့်သာ ဖြစ်ပေသည်။
ဖန်ရှန်လုက အောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်လင်းကို ကြည့်၏။ ဝမ်လင်း၏စကားကို ကြားသည့်နောက် သူမက ခေါင်းညိတ်ကာ လျှာထိပ်ကို ကိုက်လိုက်၏။ သူမက သွေးများကို ထွေးထုတ်လိုက်ရာ နီမြန်းသောသွေးက မကြာမီတွင် ရွှေရောင်ပြောင်း၍ ဝမ်လင်းထံ ပျံသန်းဝင်လာသည်။
“ဒါဟာ ငါ့ရဲ့ သွေးကျိန်ဆိုမှုပဲ…”
ဝမ်လင်းက ထိုရွှေရောင်သွေးကို ဖမ်းယူ၍ သူ၏ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ထွက်ခွာလာတော့သည်။
ဝမ်လင်းသည် ဒီသင်္ဘောပေါ်ရှိ အတားအဆီးများကို ဆက်၍ လေ့လာနေဖို့ မလိုတော့ပေ။ နှစ်ထပ်ပုံရိပ်ယောင်အတွင်းရှိ လောကမှာ အစစ်အမှန်လောကနှင့် အတူတူပင်။ ဝမ်လင်း ထိုပုံရိပ်ယောင်အတွင်း၌ ရခဲ့သော အသိသညာအားလုံးမှာ အခုထိ သူ့ထံ၌ ရှိနေဆဲပင်။
ဖန်ရှန်လု ပုံရိပ်ယောင်အတွင်း၌ ဒဏ်ရာ ရသွားခဲ့သလိုပင်။ ပုံရိပ်ယောင် ပျက်စီးပြီးနောက်တွင်လည်း ထိုဒဏ်ရာများက ရှိနေခဲ့သည်သာ။ မဟာစိတ်ဝိညာဉ်ကလန်၏ မန္တာန်က တကယ်ပင် ထူးခြားကာ အံ့ဖွယ်ဆန်လှ၏။
“အဲ့တစ္ဆေမျက်နှာဟာ ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောရဲ့ ပင်မရွက်တိုင်ပဲ။ ဒီရွက်တိုင်ဟာ တစ္ဆေမျက်နှာသပ်သပ် ဖြစ်နေလောက်အောင် မရိုးရှင်းဘူး။ ၎င်းမှာ အတားအဆီးတွေ အများအပြား ပါဝင်နေတယ်။ ဒီအတားအဆီးတွေဟာ ဒီသင်္ဘောရဲ့ အရာအားလုံးပဲ…”
“ငါသာ ဒီရွက်တိုင်ကို သန့်စင်နိုင်ရင် အတားအဆီးမှာ ပိုကျွမ်းကျင်လာရုံသာမက ဒီရွက်တိုင်ကို အသုံးပြုပြီး ဒီသင်္ဘောကို ထိန်းချုပ်နိုင်လိမ့်မယ် …”
ဝမ်လင်း၏ နတ်ဘုရားအာရုံက သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ဝင်ရောက်လာပြီး ထိုရွက်တိုင်ကို ဖြည်းဖြည်းချင်း သန့်စင်တော့သည်။ အချိန် ကုန်လွန်လာ၏။ သူက ဖြည်းဖြည်းချင်း သင်္ဘောကို ထိန်းချုပ်နိုင်စွမ်း ပိုပို ရရှိလာသည်။
ခဏအကြာတွင် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။ သူက ဒီရွက်တိုင်အကြောင်း ထပ်မတွေးတော့ပေ။ သူ့လက်ကို မြှောက်၍ သူ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။
“ယဲ့မိုရဲ့ကလေးဟာ ငါ့လက်ချက်ကြောင့် သေခဲ့ပြီး ငါဟာ ရှေးသွေးစက်ရှစ်စက်ကို စုပ်ယူခဲ့ပြီး ဖြစ်တယ်။ ငါသာ ဒီသွေးစက်တွေကို ပေါင်းစည်းနိုင်ရင် ငါ့ရှေးလူခန္ဓာကိုယ်ဟာ ပိုသန်မာလာမှာ…”
“ခုတော့ ငါ ပလ္လင်ရှိသွားရမယ်။ အဲ့နေရာမှာ ငါ ကံကောင်းမှုတချို့တလေ ရကောင်းရနိုင်တယ်…။ ငါဟာ စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကို ရောက်နေပေမယ့်လည်း ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်စွမ်း မရှိသေးဘူး…”
“ခုချိန်မှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပွင့်လာခဲ့ပြီး ဗိုလ်ချုပ်လေးယောက် ထွက်ပေါ်လာကြပြီ။ သူတို့ရဲ့ ပန်းတိုင်ဟာလည်း တတိယမြောက်စိတ်ဝိညာဉ်ကို ရှာဖို့ပဲ။ ဒါဟာ ငါ့အတွက် ပြဿနာတော်တော်များများကို သက်သာသွားစေတယ်။ အခု ငါ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ အကောင်းဆုံးအချိန်ပဲ…”
ဝမ်လင်းသည် စဉ်းစားနေရင်း ပိုမြန်သထက် မြန်မြန် ရွှေ့လားလာနေသည်။ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သူ့ဘေးပတ်လည်ကို ဂရုတစိုက် ကြည့်သည်။
ကောင်းကင်သည် လုံးဝ နက်မှောင်နေ၏။ ကြမ်းကြုတ်သောသားရဲများ၏ အော်ရာများက နေရာတိုင်းတွင် ကပ်ငြိနေသည်။ ထိုသားရဲများက ဝမ်လင်းကို မချိန်းခြောက်နိုင်ကြပေ။ ယင်းတို့မှာ သူ့နတ်ဘုရားအာရုံ ဖြတ်သန်းသွားသည့်အခိုက်တွင် ကြောက်လန့်တကြား နောက်ဆုတ်ကြ၏။
ပတ်ဝန်းကျင်ရှိ သားရဲများက သူ့ကို မချိန်းခြောက်နိုင်သော်လည်း ခုနစ်ရောင်စုံတာအိုသခင် ဒီနေရာကို ရောက်လာ၊မရောက်လာကို သူ့အနေဖြင့် မသေချာ ဖြစ်နေ၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသော်လည်း အပြည့်အဝအာရုံစိုက်ထားသည်။ တစ်ခုခု မူမမှန်တာ ရှိလာပါက သူသည် ထွက်သွားမည် ဖြစ်သည်။ သည်ခရီးစဉ်က အန္တရာယ်များ၏။ သို့သော် သူက ပလ္လင်ထံ သွားရောက်ရမည်ပင်။
သူက မသေချာသည့် အရာကို လန့်နေပါက ယနေ့လို ကျင့်ကြံမှုအဆင့်ထိ ရောက်လာနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
နာရီများစွာ ကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် ရပ်လိုက်၏။ သူ၏အမူအရာက ပြောင်းလဲသွားသည်။ သူက တုန့်နှေးမနေဘဲ နောက်သို့ မြန်ဆန်စွာ ဆုတ်၍ ပျောက်ကွယ်သွားဟန် ပြင်သည်။
သို့ပေမည့် ထိုစဉ် သူက အံ့အားသင့်သွားကာ ရှေ့တည့်တည့်သို့ စိုက်ကြည့်၏။ သူ၏အမူအရာက ဆက်တိုက်ဆိုသလို ပြောင်းလဲနေသည်။
သူ့နတ်ဘုရားအာရုံဖြင့် သူက ရှေ့ကီလိုမီတာ ထောင်ချီအကွာ၌ သားရဲအလောင်းများကြား မလှုပ်မယှက်ထိုင်နေသော ပုံရိပ်တစ်ခုကို တွေ့မြင်၏။
ထိုပုံရိပ်မှာ ခုနစ်ရောင်စုံတာအိုသခင်ပင်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ ခုနစ်ရောင်စုံတာအိုသခင်က အလွန်ထူးခြားနေ၏။ သို့သော် အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ထိုသူမှာ ပုံရိပ်ယောင်တစ်ခုအတွင်း ပိတ်မိနေသည်ကို သဘောပေါက်သွားသည်။
“ဒါဟာ ဖန်ရှန်မင်ရဲ့ ပုံရိပ်ယောင်လိုပဲ။ ခုနစ်ရောင်စုံတာအိုသခင်တောင် ပိတ်မိနေရတယ်။ သူ့ကျင့်ကြံမှုအဆင့်နဲ့ ဒီပုံရိပ်ယောင်ဟာ…။ ဒီကိစ္စက…ဒါဟာ တစ်ခုခုတော့ မှားနေပြီ…”
ဝမ်လင်းသည် စဉ်းစားဉာဏ်ရှိလှသူ ဖြစ်၏။ အနည်းငယ် စဉ်းစားပြီးသည်နှင့် ပြဿနာကို ချက်ခြင်း သဘောပေါက်သွားသည်။
ဝမ်လင်း၏နှလုံးမှာ စတင်ခုန်ပေါက်လာ၏။ သူ့စိတ်ထဲ၌ ထိုသို့ ဖြစ်ခဲလှသည်။ တဖက်တွင် သူက ဒီနေရာကနေ ချက်ခြင်း ထွက်သွားသင့်သည်။ ခုလက်ရှိ အခြေအနေ၌ ဒီခုနစ်ရောင်စုံတာအိုသခင်က သူ့နောက်သို့ လိုက်လာနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အတွက်ကြောင့် ပလ္လင်ထံ သွားရောက်မည့် ဝမ်လင်း၏ခရီးစဉ်မှာ မည်သည့်အန္တရာယ်မှ ရှိမနေတော့ပေ။
တဖက်တွင်လည်း ဝမ်လင်းက ဒီအရာကို အခွင့်အရေးတစ်ခုကဲ့သို့ ခံစားမိနေ၏။ သူသာ ခုနစ်ရောင်စုံ၏ ပုံရိပ်ယောင်အတွင်း ဝင်ရောက်လိုက်ပါက တချို့လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည်ပင်။ သူက ဖန်ရှန်မင်၏ ကျင့်ကြံမှုအဆင့်မှာ ဒီခုနစ်ရောင်စုံတာအိုသခင်ကို ပိတ်လှောင်ထားဖို့အထိ လုံလောက်အောင် မမြင့်မားဟု ခံစားမိသည်။ ထို့အတွက် ခုနစ်ရောင်စုံတာအိုသခင် ဒီပုံရိပ်ယောင်အတွင်း၌ ပိတ်မိနေရခြင်းမှာ တခြားအကြောင်းရင်းအချို့ ရှိကိုရှိရပေမည်။
သူက တစ်သက်တစ်ခါသာ ရနိုင်မည့် ဒီအခွင့်အရေးကို လက်လွှတ်လိုက်ပါက အနာဂတ်တွင် ကျိန်းသေပေါက် နောင်တ ရမိပေလိမ့်မည်။
ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့် ရုန်းကန်နေပြီးနောက် ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။
“အန္တရာယ်ထဲမှာ ချမ်းသာကို ရှာ…” ဝမ်လင်းက သတိအပြည့်ထားကာ ရှေ့ဆက်လာ၏။ ထို့နောက်တွင် သူသည် ခုနစ်ရောင်စုံတာအိုသခင်နှင့် ပေတစ်သိန်းအကွာတွင် ပြန်ပေါ်လာသည်။
ထိုဧရိယာ၌ သားရဲအလောင်းများဖြင့် ပြည့်နှက်နေသည်။ ဝမ်လင်းက သားရဲအလောင်းတစ်ခုပေါ်၌ ရပ်ကာ အောက်သို့ ငုံ့ကြည့်၏။ သူ၏မျက်လုံးက တဖြည်းဖြည်း အရောင်ပိုတောက်လာသည်။
“ဒီကြမ်းကြုတ်တဲ့သားရဲတွေ သေတာ မကြာသေးဘူး…” ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ခုနစ်ရောင်စုံတာအိုသခင်ထံ လှမ်းကြည့်သည်။ သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ပေတစ်ရာခန့်ကြီးမားသော သားရဲအလောင်းက အထက်သို့ ဆန်တက်သွား၏။ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ထိုအလောင်းသည် ခုနစ်ရောင်စုံတာအိုသခင်ထံ ပျံသန်းသွားတော့သည်။
ဝမ်လင်းက ခုနစ်ရောင်စုံတာအိုသခင်နှင့် ပေတစ်ထောင်အတွင်း ပျံသန်းသွားသော အလောင်းကို စိုက်ကြည့်နေ၏။
သို့ပေမည့် ပေတစ်ထောင်အတွင်း ရောက်သွားရုံ ရှိသေး တာအိုသခင်နောက်မှ ခုနစ်ရောင်စုံအလင်း တောက်ပလာသည်။ ထို့နောက် အလောင်းသည် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားတော့သည်။
မည်သည့် သွေးသားအစအနမှ မကျန်ခဲ့လေပေ။ ၎င်းက လုံးတ ပျောက်ကွယ်သွားခြင်း ဖြစ်၏။
“လုံလောက်ပြီ…” ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက သတိအပြည့်ဖြင့် ရှေ့ဆက်လာသည်။ သူက မမြန်လွန်းလှပါ။ သူ့နှလုံးခုန်သံမှာ ရှေ့ဆက်လာနေရင်း ခုန်ပေါက်နေ၏။ ပေတစ်သိန်းအကွာအဝေးကို ဖြတ်သန်းလာကာ သူသည် ခုနစ်ရောင်စုံတာအိုသခင်နှင့် ပေတစ်ထောင်အကွာ၌ ရပ်လိုက်၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ထိုင်ချလိုက်၏။ သူ့ညာလက်ဖြင့် နဖူးထံ ပြန်ညွှန်၏။ ဝမ်လင်း၏ အမြင်သည် ဝေဝါးသွားပြီးနောက် သူက ညာလက်ကို ပြန်ချကာ ခုနစ်ရောင်စုံတာအိုသခင်ထံသို့ ညွှန်လိုက်တော့သည်။
“ငါ့အိပ်မက်ဟာ သင့်ရဲ့ ပုံရိပ်ယောင်ထဲ ဝင်ရောက်မယ်။ အိပ်မက်တာအို…”
ဝမ်လင်းက လက်ညွှန်လိုက်စဉ် သူသည် တုန်ယင်သွား၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျသည်။ ထို့နောက်တွင် သူက ထိုင်နေလျက်ရှိကာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိတော့ပေ။
အိပ်မက်တာအိုမန္တာန်မှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဖို့ငှာ မလိုအပ်ပေ။ သို့သော် ခုနစ်ရောင်စုံတာအိုသခင်က မြင့်မားသောကျင့်ကြံမှုအဆင့် ရှိကာ သူ့ပတ်လည်၌ အရံအတား ရှိနေ၏။ ထို့ကြောင့် ဝမ်လင်းက ထိုသူ၏ပုံရိပ်ယောင်အတွင်းသို့ အိပ်မက်တာအိုဖြင့် ဝင်ရောက်နိုင်စွမ်း မရှိပေ။
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူ့ထံမှ လက်မခံနိုင်သည့်အမူအရာ လှစ်ဟပေါ်လာ၏။