အပိုင်း(၁၇၅၆)
Vol. 127 Ch. 1756
လောဘကြီး၏မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသလို သူ့စိတ်ထဲတွင်လည်း နောင်တကြီးစွာ ရနေ၏။ သူက ဝမ်လင်းနှင့် ပြင်ပနယ်မြေတွင် တွေ့ခဲပြီးနောက် အဆုံးသပ်၌ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနံ့ဆိုးကို ဖယ်ရှားပေးခံရသည်။ ထိုအခါ သူက စိတ်လက်ပေါ့ပါးသွားခဲ့၏။
သို့ပေမည့် မကြာမီတွင် သူသည် အတွင်းနှင့်အပြင်နယ်မြေကြား စစ်ပွဲနှင့် ကြုံရလေတော့၏။ ထိုစစ်ပွဲက သူ့ကို စိတ်လှုပ်တရှား ဖြစ်စေခဲ့သည်။ သူက ဒီစစ်ပွဲအတွင်း ရတနာများ ပိုရနိုင်သည် မဟုတ်လား။ သူ၏ကျင့်ကြံမှုအဆင့်လည်း တိုးလာနိုင်လောက်သည်။
လောဘကြီးက တိမ်ပင်လယ်ထံသို့ ပြင်ပနယ်မြေမှ စစ်တပ်နှင့် ရော၍ လိုက်လာခဲ့ပြီးနောက် တိတ်တဆိတ် ပြန်ထွက်သွားခဲ့၏။ ရတနာများအပေါ် သူ့အာရုံခံနိုင်စွမ်းအပေါ် မူတည်၍ သူက တိမ်ပင်လယ်ရှိ ဟင်းလင်းပြင်အက်ကြောင်းထံ ရောက်လာကာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။
သူက သည်နေရာ၌ အစွမ်းထက်ရတနာတစ်ခု၏ အော်ရာကို သိရှိလိုက်သောကြောင့် ပို၍ စိတ်လှုပ်တရှား ဖြစ်လာခဲ့၏။ ထိုအော်ရာက သူ့ကို ဆယ့်ငါးမိနစ်နီးပါးထိ အရူးတစ်ယောက်လို ရယ်မောစေခဲ့သည်။
သူက သူ့ကံကောင်းမှုကို ယုံကြည်ပေ၏။ သူက သည်နေရာတွင် မဟာကံကောင်းမှုကြီးတစ်ခုကို တွေ့ကြုံတာ ဖြစ်ချင်ဖြစ်နိုင်သည်။ သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာပါက သူသည် ဝမ်လင်းကို ထပ်၍ ကြောက်နေတော့မည် မဟုတ်ဘဲ သူ့ရတနာများကို ဝမ်လင်းထံမှ ပြန်ယူဆောင်မည် ဖြစ်သည်။
ထိုသို့သော ရည်ရွယ်ချက်ဖြင့် လောဘကြီးသည် သူ၏ရတနာကို အာရုံခံနိုင်စွမ်းအတိုင်း ရှေ့ဆက်လာရာ သူက သည်ရှေးပလ္လင်ကို အမှန်တကယ် တွေ့ရှိခဲ့သည်။
သူက ထိုပလ္လင်ကို တွေ့မြင်ခဲ့ချိန်၌ အတော်လေး စိတ်လှုပ်တရှား ဖြစ်ခဲ့၏။ သူက သည်ပလ္လင်ထောင့်မှာ အက်ကြောင်းတွင်းရှိ လောကထဲ နစ်ဝင်နေသည်ကိုပါ မြင်ခဲ့သည်။ သူက ထိုအခြင်းအရာကို တွေ့မြင်သည့်အခါ မြူးထူးစွာ အော်ဟစ်မိ၏။
ယင်းနေရာတွင် ကောင်းကင်ဘုံမြက်ပင်များစွာ ရှိနေပြီး သူ့ကို အသက်ရှုမှားသွားစေဖို့ လုံလောက်နေလေပြီ။
ကောင်းကင်ဘုံမြက်ပင်များအပြင် သူက ကြောက်မက်ဖွယ်ကျင့်ကြံခြင်းအဆင့်နှင့် နူးညံ့သောကောင်းကင်ဘုံသားရဲများကိုလည်း မြင်သည်။ ထိုသားရဲများက တစ်ကောင်နှင့်တစ်ကောင် စိန်ပြေးတိုင်း ကစားနေကြသည်။
ယင်းက လောဘကြီးကို ပို၍ စိတ်လှုပ်ရှားစေသည်။ သူ့အတွေ့အကြုံအရ သူသာ ယင်းသားရဲများကို သွားရောက် ရန်စမပါက ယင်းတို့သည် သူ့ကို အလေးစိုက်လိမ့်မည် မဟုတ်ဟု သိထားသည်။ ဥပမာ သူ ပိုင်ဆိုင်ခဲ့ဖူးသော ငယ်ရွယ်သည့်မိုးကြိုးနဂါးလိုပင်။ ထိုသားရဲများက သူ့အိမ်မွေးသားရဲများ ဖြစ်လာနိုင်သည် မဟုတ်လား။
ထိုအဖြစ်က လောဘကြီးကို စိတ်လှုပ်ရှားကာ တုန်ခါစေသည်။ သို့သော် သူက သတိမလွတ်သွားပေ။ သူက အက်ကြောင်းကို သေချာ လေ့လာကြည့်နေ၏။ သူက သည်နေရာကို စောင့်ကြပ်နေသော ကျင့်ကြံသူတစ်ယောက်ယောက် ရှိနေမလားဟု မြင်ချင်မိသည်။ ရက်အတော်အတန် လေ့လာကြည့်နေပြီးနောက် သူက မိန်းကလေးငယ်နှစ်ယောက် ပေါ်လာသည်ကို မြင်ခဲ့သည်။
သူ့အမြင်၌ ထိုမိန်းကလေးငယ်များမှာ မည်သို့မျှ ချိန်းခြောက်နိုင်စွမ်း မရှိဟူ၏။ လောဘကြီးက အူမြူးစွာ ရယ်မော၍ အက်ကြောင်းအတွင်း ဝင်လာခဲ့တော့သည်။
ထိုအက်ကြောင်းပေါ်ရှီ အရံအတားက သူ့အပေါ်သို့ တစ်စက်လေးမျှ သက်ရောက်မှု မရှိပေ။ လောဘကြီးက ထိုအရာကို ထူးဆန်းသည်ဟုလည်း မခံစားမိပေ။ သူက ယင်းသို့သောအရာများကို အကြိမ်များစွာ တွေ့ကြုံခဲ့ဖူးပေ၏။
အက်ကြောင်းအတွင်း ဝင်ရောက်လာသည့်နောက် သူ့ကို တုန်လှုပ်စွာ ကြည့်နေသော မိန်းကလေးငယ်နှစ်ယောက်ကို သူ တွေ့လိုက်ရ၏။ သူက ပို၍ စိတ်လှုပ်တရှား ဖြစ်လာသည်။ သူက လက်ဝေ့ယမ်းကာ ထိုမိန်းကလေးနှစ်ယောက်ကို ချုပ်နှောင်၍ ကောင်းကင်ဘုံမြက်ပင်များကို ကောက်နှုတ်ရန် စတင်သည်။
သို့ပေမည့် ဖြစ်ပွားလာမည့် အရာများက သူ့ကို ဘယ်တော့မှ မေ့ပျောက်စေနိုင်တော့မည် မဟုတ်ပေ။ သူက သူ ထိုနှစ်ယောက်ကို ချုပ်နှောင်ထားပြီးနောက် ယင်းနှစ်ယောက် ပြောခဲ့သောစကားများကို မှတ်မိနေဆဲပင်။
“ဟန်ဟန်…သူက ဘယ်သူလဲ။ ဘာကြောင့် ဒီနေရာမှာ သူ ရုတ်တရက်ကြီး ပေါ်လာခဲ့ရတာလဲ…”
“ငါလည်း မသိဘူး။ ထူးဆန်းလိုက်တာ။ သူက ငါတို့ ခရမ်းနေမင်းကလန်ရဲ့ သားရဲမွေးမြူရေးနယ်မြေထဲ ဘယ်လိုများ ဝင်လာခဲ့တာလဲ…”
“သူ့ကို အရူးလို့ နင် ထင်လား။ ဒီမြက်ပင်တွေဟာ သားရဲလေးတွေအတွက်လေ။ သူက ဘာကြောင့် ဒါတွေကို သူ့ပါးစပ်ထဲ ကောက်ထည့်နေရတာလဲ…”
ထိုမိန်းကလေးငယ်လေးနှစ်ယောက်က ခဏတာ ကြောင်ရီမိနေ၏။ ထို့နောက်တွင် ဝါဝါဟူသော မိန်းကလေးငယ်က လောဘကြီး၏ အချုပ်အနှောင်ကို လစ်လျူရှုကာ ရှေ့သို့ လှမ်းလာသည်။ သူက လောဘကြီးနောက်တွင် ပေါ်လာပြီး ကန်ချက်တစ်ချက် ကြွေးလိုက်၏။
ထိုအခါ လောဘကြီးအတွက် အဖြစ်ဆိုးမှာ စတင်လေတော့သည်။
ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားမိကာ လောဘကြီး၏ မျက်လုံးထဲ၌ မျက်ရည်များ ပေါ်လာ၏။ သူက ဂုဏ်ဒြပ်အပြည့်နှင့် ထိုမိန်းကလေးငယ်နှစ်ယောက်ကို ကြည့်ကာ သူ့စိတ်ထဲ၌ မျှော်လင့်ချက်မဲ့နေတော့သည်။
သူက ထိုနှစ်ယောက်ကို မနိုင်ပေ။ အတိတ်တုန်းက ကန်ချက်တစ်ချက်ဖြင့် သူ့ကျင့်ကြံမှုမှာ အဟောသိကံ ဖြစ်လုနီးပါး ဖြစ်ခဲ့ရ၏။ သူ့အမြင်၌ သည်မိန်းကလေးငယ်နှစ်ယောက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းနေ၏။
“ငါ ပြောပါ့မယ်။ ပြောပြပေးပါ့မယ်။ နောက်ဆုံးအကြိမ်တုန်းက…အဲ့ဒီ မကောင်းဆိုးဝါး၊ ရုပ်စိုးစိုး၊ အရှက်မဲ့၊ အကျင့်မကောင်းတဲ့ ဝမ်လင်းဟာ လမြွေနဂါးရဲ့ ဗိုက်ထဲမှာ ရှိနေခဲ့တယ်…” လောဘကြီးက ဝမ်လင်းအကြောင်းကို စတင် ဖောက်သည်ချတော့၏။
“ဒီဝမ်လင်းက တော်တော်ဆိုးတာပဲ။ သူက ဘယ်လိုလုပ် အဲ့လို ဖြစ်ရတာလဲ…”
ဟန်ဟန်ဟုခေါ်သော ကလေးမက မျက်မှောင်ကြုတ်၍ မကျေမနပ်နှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဟန်ဟန်…ငါ အရင်တုန်းက နင့်ကို ပြောခဲ့ဖူးတာ မှတ်မိသေးလား။ ငါ ဆရာနဲ့ ဆေးပင်တွေ သွားခူးတုန်းက အလွန်မောက်မာလှပြီး ထူးဆန်းတဲ့ နတ်ဘုရားအာရုံတစ်ခုကို တွေ့ကြုံခဲ့တယ်လို့ ငါ ပြောခဲ့ဖူးတယ်လေ။ သူက ငါ့ကို သူ့နာမည်ဟာ ဝမ်လင်းလို့ ပြောခဲ့ဖူးတယ်…”
လောဘကြီးသည် ပလ္လင်ရှိနေသော ဟင်းလင်းပြင်၌ ဇာတ်လမ်းကို နာနာကျင်ကျင် ပြောနေစဉ် ဝမ်လင်းသည် သွေးလွတ်မြောက်ခြင်းကို အသုံးပြုရန် နောက်ထပ်သွေးအန်လိုက်ပြန်သည်။ သူ၏မျက်နှာမှာ ဖြူရောနေ၏။
မီးငှက်ကိုးကောင်က သူ့နောက်သို့ လိုက်လာနေစဉ် သူ၏နောက်မှ ဟင်းလင်းပြင်သည်ပါ လောင်ကျွမ်းခံရသည့်အလား ထင်မှတ်ရ၏။ ပြင်းထန်သောအပူလှိုင်းတစ်ခုက မီးငှက်ကိုးကောင်ထံမှ ပျံ့လွင့်လာနေ၏။ သူ၏နောက်တွင် ခုနစ်ရောင်စုံတာအိုသခင်က သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် မြန်ဆန်လွန်းစွာ လိုက်ပါလာနေသည်။
“မင်း ဘယ်နေရာကို ထွက်ပြေးမလဲ ငါ မြင်ချင်သေးတယ်။ ငါ မင်းရဲ့ ရှေးလူခန္ဓာကိုယ်ကို ပြာဖြစ်တဲ့အထိ မီးလောင်တိုက်ပစ်မယ်။ မင်း ပြန်ကောင်းမွန်အောင် လုပ်လေလေ မင်း နာကျင်မှု ပိုခံစားရလေပဲ။ ငါ မင်းရဲ့ မူလစိတ်ဝိညာဉ်ကို ထုတ်နှုတ်ပြီး ရတနာတစ်ခုအဖြစ် သန့်စင်ပစ်မယ်။ ဒီလိုလုပ်မှသာ မင်းအပေါ် ငါ့အမုန်းတရားဟာ ပြေပျောက်နိုင်မှာ…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် လောင်ကျွမ်းခံရသည့်အလား သူ့တစ်ကိုယ်လုံး နာကျင်နေရ၏။ သူ့သွေးများပါ ဆူပွက်လာသည်ဟု ထင်ရ၏။ သူသည် ရှေ့ဆက်သွားနေစဉ် ပြင်းထန်စွာ ပိုနာကျင်ရသည်။ သူ အန်ထုတ်သော သွေးများပါ ပူနေပြီး သူ၏ခန္ဓာကိုယ်သည် မီးပြင်းဖိုတစ်ခုနှယ် ဖြည်းညင်းစွာ ပြာဖြစ်သည့်အထိ လောင်ကျွမ်းခံနေရသည့်အလား။
သူက မီးအနှစ်သာရကို ထိန်းချုပ်နိုင်လျှင်ပင် ၎င်းကို အချိန်အနည်းငယ်သာ နှေးဖင့်အောင် လုပ်နိုင်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တစ်လမ်းလုံး ဆက်တိုက် ပြန်ကုစားနေရ၏။ သူ ပို၍ ကုစားလေလေ နာကျင်မှု ပိုလေပင်။ သူသည် နာကျင်လွန်း၍ တောင့်မခံနိုင်လုနီးပါးထိ ဖြစ်လာ၏။ သို့သော်ငြားလည်း ဝမ်လင်းက အရှိန်လျော့ကျမသွားပေ။ သူက သွေးလွတ်မြောက်ခြင်းကို အကြိမ်များစွာ အသုံးပြု၍ မြန်မြန်ပြေးနေသည်သာ။
သူသည် ပလ္လင်နှင့် နီးသထက်နီးလာသည်။
တအောင့်အကြာတွင် နောက်ထပ် တည်နေရာရွှေ့ပြောင်းပြီးနောက် ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ပလ္လင်ကို လှမ်းမြင်သည်။ ၎င်းကို တွေ့မြင်သည့်အခါ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူသည် လောင်ကျွမ်းအလင်းတန်းအလား ၎င်းထံသို့ တန်းမတ်စွာ ဦးတည်သည်။
သည်အခိုက်အတန့်တွင် လောဘကြီးသည် အက်ကြောင်းတစ်ဖက်၌ လောဘကြီးသည် မိန်းကလေးငယ်လေးနှစ်ယောက် ဝမ်လင်းဟူသော နာမည်အကြောင်း ပြောဆိုနေကြစဉ် သူက အက်ကြောင်းထံသို့ ဂရုတစိုက် ဆုတ်နေ၏။ ထို့နောက်တွင် လောဘကြီးသည် ရူးသွပ်သွားသည့်အလား အက်ကြောင်းထံသို့ တရှိန်ထိုး ဦးတည်လေတော့သည်။
သူ ထိုးထွက်လိုက်စဉ် ပျော်လွန်းသဖြင့် မျက်ရည်ကျမိသွား၏။ သူက သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ကြည့်၍ သူဟာ သေခြင်းရှင်ခြင်းကပ်ဘေးတစ်ခုကနေ လွတ်မြောက်လာသကဲ့သို့ ခံစားမိရသည်။ သို့ပေမည့် သူသည် တအောင့်သာ ပျော်နိုင်ပြီး မီးအလင်းတန်းတစ်ခုက သူ့ထံ တိုးဝင်ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
“ဝမ်လင်း…ဝမ်လင်းလား…” လောဘကြီးသည် ခဏတာ မင်သက်သွားပြီးနောက် သူ့မျက်လုံးကိုပင် သူ မယုံကြည်နိုင် ဖြစ်သွားရသည်။ သို့ပေမည့် အနီးကပ်သေချာ ထပ်ကြည့်သည့်အခါ သူသည် အလန့်တကြား ထအော်မိတော့သည်။
“မင်း…မင်း…မင်း… မင်း ငါ့ကို ခုထိ အလွတ်မပေးသေးဘူး။ မင်း ငါ့နောက်ကို ခုထိ လိုက်လာတာလား…” လောဘကြီး၏မျက်နှာသည် ဖြူရောသွား၏။ သူက နောက်သို့ အလိုလိုဆုတ်သည်။ ဝမ်လင်းက နီးကပ်လာစဉ် သူက ပလ္လင်ထံ အသည်းအသန် ဝင်လာ၏။ သူက နောက်ထပ် သွေးထပ်အန်ရပြန်သည်။
သည်အခိုက်၌ ဝမ်လင်းသည်လည်း ရုတ်တရက် ပေါ်လာသော လောဘကြီးကို တွေ့မြင်ပေသည်။ ဝမ်လင်းက လောကကြီးကို လစ်လျူရှုကာ အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။
အကွာအဝေးတစ်ခု၌ ဟင်းလင်းပြင်သည် လောင်ကျွမ်းလျက် မီးငှက်ကိုးကောင်သည် နေမင်းများအဖြစ် ပြောင်းကာ ချဉ်းကပ်လာချေသည်။ ယင်းတို့နောက်တွင်မူ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ခုနစ်ရောင်စုံတာအိုသခင်က နီးကပ်လာတော့သည်။
သူ့ ခြေလှမ်းလိုက်တိုင်း ဟင်းလင်းပြင်သည်ပါ တုန်ခါရသည်။ အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။
လောဘကြီး၏မျက်နှာသည် ထပ်မံ ပြောင်းလဲသွားပြန်သည်။ သူ့မျက်လုံးမှာ ပြူးကျယ်ကာ တုန်ယင်လျက် နောက်သို့ ဆုတ်၏။ ခုနစ်ရောင်စုံတာအိုသခင်၏ စွမ်းအားက သူ့ကို သေမတတ် ကြောက်လန့်သွားစေသည်။
“ဒီဝမ်လင်းက တကယ်ပဲ ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့သူကို သွားပြီး စော်ကားခဲ့တာပဲ။ ဒီလူက ဘယ်သူလဲ…” လောဘကြီးသည် တုန်ယင်ကာ အက်ကြောင်းအတွင်းရှိ သားရဲမွေးမြူရေးနယ်မြေထံ ပြန်ရောက်ရန် ဟန်ပြင်သည်။ သူ့အတွက် ဒီအပြင်ဘက်က အန္တရာယ်များလွန်းနေ၏။ အတွင်းဘက်၌ ဟိုဘိုးဘေးလေးနှစ်ယောက်ကို ပုံပြင်များ ပြောနေရခြင်းက သူ့အတွက် ပို၍ လုံခြုံသေးသည် မဟုတ်လား။
သို့ပေမည့် ထိုအခိုက်၌ ခုနစ်ရောင်စုံတာအိုသခင်က ညာလက်ကိုပင့်မြှောက်ကာ ပလ္လင်ပေါ်ရှိ ဝမ်လင်းထံ လက်ညွှန်လိုက်သည်။
“မင်း ဘယ်နေရာကို ထွက်ပြေးနေတာလဲ။ ဒီတော့ မင်းကို ငါ ဒီမှာပဲ သန့်စင်ပစ်လိုက်တော့မယ်…” ခုနစ်ရောင်စုံတာအိုသခင်က လက်ညွှန်၏။ နေကိုးစင်းက ဝမ်လင်းထံ ပျံသန်းလာသည်။ အပူလှိုင်းက ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်လာကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်စီးလေသည်။
ဝမ်လင်းက ပလ္လင်ပေါ်တွင် ထိုင်ချကာ သူ့ထံ ပျံသန်းဝင်လာသော နေကိုးစင်းကို စိုက်ကြည့်၏။ သက အသက်ရှင်နိုင်မည့် အခွင့်အရေးက မည်သည့်အရာ ဖြစ်သည်ကို မသိပေ။ သို့သော် သူက ဒီပလ္လင်ရှိ လက်တစ်ဖက်ကို တွေ့မြင်သည်။
ထိုလက်ထံမှ ပေးစွမ်းနေသော ရှေးလူ၏အော်ရာက သူ့အတွက် ရင်းနှီးနေ၏။ ဝမ်လင်းသည် ချက်ခြင်းပင် ၎င်းလက်မှာ ယဲ့မို၏ဘယ်လက်ဖြစ်မှန်း သိရှိလိုက်သည်။
“ဒီလက်ဟာ ရှင်သန်နိုင်မယ့် အခွင့်အရေးများလား…” ဝမ်လင်းက တုံ့နှေးမနေပေ။ သူက သူ့ဘေးပတ်လည်သို့ ကြည့်ရန်ပင် အချိန်မရတော့ဘဲ သူ့လက်နှစ်ဖက်ကို ထိုလက်ပေါ်သို့ ဖိချလိုက်၏။ တခြားတစ်ယောက်ယောက်သာ ဖြစ်ပါက သည်လက်နှင့် ပေါင်းစပ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်းကမူ မတူပေ။ သူက ယဲ့မိုထံမှ ရှေးအမွေအနှစ်အစစ်အမှန်ကို ရရှိထားသောသူ ဖြစ်၏။ သည်အခိုက်တွင် ထိုလက်က လင်းလက်လာကာ ဝမ်လင်းကို လုံးဝ ခြုံလွှမ်းပေးသွားသည်။
တစ်ချိန်တည်းမှာ လောဘကြီးသည် အပူလှိုင်းကြောင့် ဒုက္ခရောက်ရလေပြီ။ သူ့ခန္ဓာကိုယ်တစ်ဝက်က အက်ကြောင်းထဲ ရောက်နေပြီ ဖြစ်၏။ သို့သော် အတွင်းသို့ လုံးဝ ဝင်ရန်ကမူ နောက်ကျသွားခဲ့လေပြီ။
“နှစ်ပေါင်းတစ်ထောင်၊ နှစ်ပေါင်းသုံးထောင်၊ နှစ်ပေါင်းတစ်သောင်း။ ငါ နှစ်ပေါင်းတစ်သောင်းလုံးလုံး နင်တို့ကို ပုံပြင်ပြောပြပေးပါ့မယ်။ ဘိုးဘေးလေးနှစ်ယောက် ငါ့ကို ကယ်ပါ…”
လောဘကြီးက နာနာကျင်ကျင် အော်ဟစ်လိုက်ရုံ ရှိသေး သူက လက်သေးသေးနှစ်ဖက်သည် သူ့နောက်ကျောသို့ လာရောက်ဖိပေးသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းမှာ ထိုနှစ်ဖက်ဖက်ထံမှ ကျင့်ကြံမှုသည် သူ့ထံ ကူးပြောင်းလာတော့၏။
ထိုကျင့်ကြံမှုသည် လောဘကြီး၏ခန္ဓာကိုယ်ကို လင်းထင်းသွားစေကာ အဆုံးမဲ့ရွှေရောင်လင်းလက်စေသည်။ ထိုရွှေရောင်အလင်း ပျံ့လွင့်စဉ် လောဘကြီးက သူ့လက်နှစ်ဖက်ကို လှုပ်ရှား၍ စက်ဝန်းအသွင်ပုံစုံ ဖြစ်စေသည်။
ထိုစက်ဝန်းပုံစံ ပေါ်လာသည့်အခိုက်အတန့်၌ ရွှေရောင်နေမင်းက သူ့လက်ထဲ၌ ပေါ်လာ၏။ ထိုရွှေရောင်နေမင်းသည် လက်ဝါးအရွယ်အစားသာ ရှိ၏။ သို့သော် ၎င်းထံမှ စွမ်းအားမှာ သည်ဟင်းလင်းပြင်တစ်ခုလုံး လှုပ်ခါသွားစေဖို့ထိ လုံလောက်ပေ၏။ ၎င်းက တိမ်ပင်လယ်ကိုပါ လှုပ်ခါသွားစေသည်။ ၎င်းက ဆင့်ခေါ်ခြင်းမြစ်၊ တခြားကြယ်အဖွဲ့အစည်းနှင့် ပြင်ပနယ်မြေတစ်ခုလုံးကိုပါ လှုပ်ခါသွားစေသည်။
သို့ပေမည့် သည့်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာပြန်သည်။