ဘယ်အသဲက အရေးအကြီးဆုံး!
Vol. 59 Ch. 885
ချင်းလင်စကားကြောင့် ခုံးလင်နှင့်တန့်ကွမ်းမှင်တက်သွားပြီး ဘာပြောရမှန်းမသိ။
စောစောက သူတို့အားရပါးရစားနေတာလေ။
ဒီမေတ္တာနဲ့လက်ရာက တကယ်စားလို့ရတာပဲ။
"ဥက္ကဌချင်''
ခုံးလင်ကမေးသည်_
"တခြားပစ္စည်းတွေထည့်ပြီး ပန်းရောင်အသဲပုံလုပ်လို့ရလား? အဲဒါကို ချင်းလင်စုံတွဲစာလုပ်ရင်ရော?''
"သဘောပါပဲ... ကျွန်တော်မမေးပါဘူး''
သူ့စကားကြောင့် ချင်လင်ရယ်လိုက်သည်။
တကယ်အကြံကောင်းပဲ။
ကုမ္ပဏီကိုခုံးလင်ဆီလွှဲမှတော့ ခုံးလင်ကိုသူ့စိတ်ကူးနှင့်သူထိန်းသိမ်းခွင့်ပေးရမည်။
အကုန်လုံးအစီရင်ခံပြီး ညွှန်ကြားချက်စောင့်နေရင် တာဝန်ခံဘာလို့ထားမလဲ?
ချင်လင်စကားကြောင့် ခုံးလင်ပြုံးရွှင်သွားသည်။ ဥက္ကဌချင်ကဒီလိုပြောမှတော့ သူကကုမ္ပဏီတာဝန်ခံဆိုတဲ့သဘောပေါ့။
"ဥက္ကဌချင်... ကျွန်တော်ကြိုးစားပါမယ်''
ခုံးလင်လည်း ချင်လင်ကိုအမြန်ပြောလိုက်သည်။
ချင်လင်ကခေါင်းညိမ့်ပြီး_
"ခင်ဗျားတို့ပြန်ပြီး ပြင်ဆင်ထားလိုက်... ကုမ္ပဏီခွဲကို ချင်းလင်အိမ်မွေးတိရစ္ဆာန်အစားအစာကုမ္ပဏီလို့ခေါ်မယ်... နောက်ကျရင် ကျွန်တော်အချက်အလက်တွေ လုပ်နည်းတွေပို့ပေးလိုက်မယ်''
"ကောင်းပါပြီ ဥက္ကဌချင်... ကျွန်တော်တို့မနှောင့်ယှက်တော့ပါဘူး''
တန့်ကွမ်းကခေါင်းညိမ့်ပြီး အလုပ်ခန်းအပြင်ထွက်ကာ ခုံးလင်နှင့်အပန်းဖြေစံအိမ်မှပြန်လာသည်။
ကုမ္ပဏီခွဲက ချင်းလင်အစားအသောက်ကုမ္ပဏီ၏အခွဲဖြစ်၍ ဌာနမှူးအနေနှင့် သူလည်းပြင်ဆင်ညှိနှိုင်းရမည်။
"ရှောင်ခုံး... ဂုဏ်ယူတယ်ကွာ!''
တန့်ကွမ်းကကားထဲဝင်ဝင်ချင်း အပြုံးနှင့်ပြောသည်။
"ကျွန်တော့်ကိုပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဥက္ကဌတန့်''
ခုံးလင်ကအမြန်ပြောလိုက်သည်။
တန့်ကွမ်းကခေါင်းခါပြီး_
"ဒါမင်းရဲ့အရည်အချင်းကြောင့်ပါ... အချိန်ကျရင် ကောင်းကောင်းလုပ်... ဥက္ကဌချင်စိတ်မပျက်စေနဲ့... မင်းရဲ့အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီစတည်ထောင်ဖို့ ဒါရိုက်တာချူကို ယွမ်တစ်ဘီလီယံလွှဲခိုင်းလိုက်မယ်''

"ကျေးဇူးတင်ပါတယ် ဥက္ကဌတန့်!''
ခုံးလင်ကချက်ချင်း ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
တန့်ကွမ်းလည်းဖုန်းထုတ်ပြီး ချူယွဲ့ကိုဖုန်းဆက်သည်။
ဆေးဝါးကုမ္ပဏီဖွံ့ဖြိုးမှုက ထုတ်ကုန်ကောင်းခြင်းကြောင့်ဖြစ်သော်လည်း ခုံးလင်နှင့်ချူယွဲ့တို့၏အားထုတ်မှုများပါသည်။
ချူယွဲ့ကုမ္ပဏီတည်ထောင်စဉ်က ခုံးလင်ကူညီပေးခဲ့သည်။ အခု ခုံးလင်ကကုမ္ပဏီခွဲအသစ်စရတော့မည်ဖြစ်၍ ဆေးဝါးကုမ္ပဏီက ငွေအရင်းအနှီးအဖြစ် ယွမ်တစ်ဘီလီယံလွှဲပေးရသည်။
ချင်းလင်အစားအသောက်ကုမ္ပဏီကရာနှုန်းပြည့်ပိုင်ဆိုင်သောကုမ္ပဏီခွဲဖြစ်သောကြောင့်ပင်။
ခုံးလင်လည်း ဆေးဝါးကုမ္ပဏီမှထွက်ပြီး ဒုဥက္ကဌခေါ်ဖို့စဉ်းစားရသည်။ ဌာနကဖြစ်ဖြစ်၊ အပြင်ကဖြစ်ဖြစ်၊ သူဆွဲခန့်ချင်သည်။
ပုံမှန်စီးပွားရေးကျောင်းဆင်းမဟုတ်၍ သူ့အရည်အချင်းကအကန့်အသတ်ရှိသော်လည်း ချင်းလင်ကုမ္ပဏီတာဝန်ခံလုပ်လာသည့်တလျှောက်တွင် အခြေခံစီးပွားရေးစည်းမျဉ်းများသူသိခဲ့သည်။
တန့်ကွမ်းက ခုံးလင်ကိုရုံးချုပ်ခေါ်လာသည်။ လုပ်စရာများတန်းစီလုပ်ကြပြီးနောက် ခုံးလင်ကဆေးဝါးကုမ္ပဏီသို့အမြန်ပြန်လာသည်။
သူ့ရုံးခန်းပြန်ရောက်ရောက်ချင်း တာဝန်ခံချူယွဲ့ရောက်လာပြီး_
"ဒါရိုက်တာခုံး... ဂုဏ်ယူပါတယ်... တစ်ဘီလီယံကို ကုမ္ပဏီခွဲအသစ်ရဲ့ရုံးအကောင့်ထဲလွှဲထားပါပြီ''
"ဒါရိုက်တာချူ... ကျေးဇူးပါပဲ!''
ခုံးလင်လည်း ပြန်ပြောသည်။
ချူယွဲ့ကပြုံးပြီး_
"ကျေးဇူးတင်စရာမလိုပါဘူးကွာ... ဆေးဝါးကုမ္ပဏီဖွံဖြိုးလာတာလည်း မင်းတွဲလုပ်ခဲ့တဲ့ကျေးဇူးတွေပါ... ဟုတ်ပါပြီ... ငါ စက်ရုံအသစ်အသုံးချခွင့်ရအောင် ဥက္ကဌတန့်ဆီလျှောက်လွှာရေးရဦးမယ်''
ချူယွဲ့ထွက်သွားပြီးနောက် ခုံးလင်ကရုတ်တရက်တစ်ခုခုသတိရပြီး ချက်ချင်းသူ့ကွန်ပျူတာဖွင့်လိုက်သည်။
အထဲတွင် သူရေးထားသောလျှောက်လွှာရှိသည်။ ဆေးဝါးကုမ္ပဏီထုတ်လုပ်ရေးလိုင်းတိုးအောင် စက်ရုံအသစ်နှစ်ခုကို သူအသုံးချချင်ခဲ့သည်။
အခုတော့ ခေါင်းစဉ်ကို ဆေးဝါးကုမ္ပဏီမှအိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီဟုတန်းပြောင်းပြီး ဥက္ကဌတန့်ဆီပို့လိုက်သည်။
ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီအတွက်စက်ရုံလိုသည်။ အပြင်မှာ ယာယီစက်ရုံလိုက်ရှာနေရင် အချိန်ကုန်မည်။

တန့်ကွမ်း ရုံးခန်းထဲပြန်ရောက်သောအခါ ခုံးလင်၏လျှောက်လွှာကိုတွေ့သည်။ ခုံးလင်ကကုမ္ပဏီအသစ်စရုံရှိသေးသည်။ သူအတတ်နိုင်ဆုံးထောက်ပံ့ပေးရမည်။
ထို့ကြောင့် သူလည်းချက်ချင်းညွှန်ကြားချက်ပေးလိုက်သည်။
သူ့ကြောင့် လျှောက်လွှာရေးနေဆဲဖြစ်သော ချူယွဲ့ကြောင်သွား၏။
စက်ရုံအသစ်နှစ်ရုံကို စောစောကပဲလျှောက်ထားပြီတဲ့။
ဒါ...
…
လွန်ခဲ့သော ၂ နှစ်အတွင်း ချင်းလင်စံအိမ်၊ ချင်းလင်မွေးမြူရေးခြံ၊ ချင်းလင်ကုမ္ပဏီနှင့် ချင်းလင်ဓာတ်ခွဲခန်းပေါ်လာသောကြောင့် ရုံခန်းကမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာခဲ့သည်။
ပထမဆုံးက အလုပ်သမားများပြန်လာပြီး အလုပ်လုပ်ကြသောဂယက်ပင်။
ချင်းလင်ကုမ္ပဏီဖြစ်စေ၊ ချင်းလင်ဓာတ်ခွဲခန်း၏အပင်စိုက်ပရောဂျက်ဖြစ်စေ၊ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ ခရီးသည်များတိုးလာခြင်းကြောင့်ဖြစ်စေ၊ အားလုံးက ရုံချန်းမှာအလုပ်အကိုင်ပေါများလာစေသည်။
ခရီးသည်များက စီးပွားရေးမြှင့်တင်ပေးပြီး ချင်းလင်ကုမ္ပဏီလစာက အလွန်ကောင်းသောကြောင့်လည်း ရုံချန်း၏လစာစကေးမြင့်လာသည်။
တခြားကုမ္ပဏီ၊စက်ရုံတွေက လစာမတိုးပေးရင် အရည်အချင်းရှိသူတွေကို မထိန်းထားနိုင်တော့။ ထို့ကြောင့် သူတို့လည်းလစာလိုက်တိုးပေးရသည်။
အခုတိုးလာတဲ့လစာက အရင်ကလစာနဲ့မတူ။
အရင်က လစာတိုးပေးရင် အကြီးအကျယ်ဆုံးရှုံးမည်။ ရုံချန်း၏စျေးကွက်စီးပွားရေးက ဒီလိုဖြစ်ခဲ့သော်လည်း အခုတော့မတူ။ ချင်းလင်ကုမ္ပဏီကြောင့် ရုံချန်း၏စီးပွားရေးတန်ဖိုး၊ စီးပွားရေးစျေးကွက်ကမြင့်သည်ထက်မြင့်လာသည်။ အဲဒီအချိန်ကျ လစာတိုးပေးတာ ဆုံးရှုံးမှုမဟုတ်ဘဲ လိုအပ်ချက်ဖြစ်လာသည်။
ဒီလိုအခြေအနေမှာ နဂိုအတိုင်းဆက်ထိန်းထားပြီး လစာမတိုးပေးသောကုမ္ပဏီများကို မကြာမီဖယ်ထုတ်ခံရလိမ့်မည်။
လစာတိုးသည်နှင့် စီးပွားရေးစျေးကွက်ကျယ်ပြန့်ပြီး ရုံချန်းကပိုဖွံ့ဖြိုးလာသည်။
မြို့တော်နောက်တစ်သုတ်ထဲတွင် ရုံချန်းအဆင့်ကမြင့်သည်ထက်မြင့်လာ၏။
နောက်ပြီး ရုံချန်းမြို့တော်နေရာအသစ်ဆောက်လုပ်ရေးကြောင့် ရုံချန်းကဖွံ့ဖြိုးမှုနောက်တစ်ဆင့်မြင့်တော့မည်။
ခရိုင်အသစ်ကို ရုံချန်းအရှေ့ဘက်နှင့်ဆက်ထားသည်။ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံသို့သွားသော သီးသန့်လမ်းရှိသည်။ ခရိုင်အသစ်က ရုံချန်းနှင့်ချင်းလင်စံအိမ်ကိုဆက်ပေးထားသည်ဟုဆိုနိုင်သည်။
တစ်နည်းအားဖြင့် မြို့တော်နယ်နိမိတ်ချဲ့ထွင်ရုံသက်သက်မဟုတ်ပေ။
ချင်လင်က ချင်းလင်စံအိမ်အပြင်မောင်းထွက်လာပြီး ခရိုင်အသစ်တန်းတန်း လမ်းမကျယ်ကြီးပေါ်မောင်းတက်သွားသည်။