ချင်းလင်အမူးပြေမြက်နှင့် အရက်သောက် ကားမောင်း!
Vol. 59 Ch. 871
ဤလောကတွင် ကိုယ့်နားအမှတ်တမဲ့ပေါ်လာသည့်အခွင့်အရေးကိုဆုပ်ကိုင်နိုင်စွမ်းရှိသော၊ ဉာဏ်ကောင်းဉာဏ်ထက်သောလူစားမျိုးရှိသည်။
ဝမ်ရန်က ဒီလိုလူမျိုးပင်။
ချမ်းသာတဲ့မိသားစုကမဟုတ်။ သာမန်စားနိုင်သောက်နိုင်မိသားစုကဟုသာဆိုရမည်။
အစပိုင်း ဘွဲ့ရခါစ သူ့လစာကအတော်လေးမြင့်သည်။ သူဌေးပေါက်စတော့မဟုတ်။ တစ်ခါက သူ့သူငယ်ချင်းများနှင့် ဘားတစ်ခုကိုအပျော်သွားကြသည်။ ထိုတစ်ခါနှင့်တင် သူ့ခန္ဓာကိုယ်ထဲမှဗီဇကထွက်လာပြီး ထိန်းချုပ်မရတော့။
သူလည်းအခွင့်အရေးယူပြီး ဒုတိယမျိုးဆက်သူဌေးသားများနှင့်သိကျွမ်းအောင်ကြိုးစားသည်။ အစက အထက်တန်းလွှာမိန်းကလေးတချို့နှင့်ပျော်ချင်သောကြောင့်သာ ဂိမ်းများကူညီစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အဆင့်မြင့်ဂိမ်းများနှင့်အဆက်အစပ်ရလာပြီးနောက် ဂိမ်းများစီစဉ်ပေးရင်း နိုက်ကလပ်တွင်ပိုအဆင့်မြင့်ပြီးနာမည်ကြီးအောင် သူမတူသောသူ့အရည်အချင်းများကိုအသုံးချရသည်။ နောက်ဆုံး 'နိုက်ကလပ်မင်းသားလေး'ဆိုသော နာမည်ရခဲ့တော့သည်။
ဒါကြောင့်လည်း စုကျွမ်နှင့်ကျန်းလင်းလင်းတို့လိုမိန်းကလေးများနှင့်သိခဲ့ခြင်းဖြစ်သည်။
အဲဒီနောက်ပိုင်း ချင်းလင်ကုမ္ပဏီရဲ့နောက်ဆွဲဖြစ်အောင် အခွင့်အရေးကိုအမိအရယူပြီး အကောင်းဆုံးကြိုးစားခဲ့သည်ကိုပြောစရာမလိုတော့။
ဒါကလည်း သူ့ဘဝမှာဖမ်းဆုပ်ခဲ့ဖူးသမျှ အကြီးဆုံးအခွင့်အရေးဖြစ်သည်။
ဘားတွင်အမူးပြေမြက်၏အာနိသင်ကိုမြင်ပြီးနောက် သူတစ်ခုတွေးမိသည်။
အရက်ကုမ္ပဏီတွေရဲ့စတော့စျေးတက်လာမလား?
အမူးပြေမြက်နဲ့ဆို သေချာပေါက်တက်လာမည်။
သူလက်မြန်ရင်မြန်သလောက် အပိုဝင်ငွေရနိုင်တယ်မလား?
ဝမ်ရန်၏အတွေးကို ကျန်းလင်းလင်းကနားမလည်သော်လည်း_
"သိတာပေါ့... စတော့စျေးကွက်အကြောင်းသိတဲ့လူသုံးလေးယောက်ရှိတယ်''
"ကျွန်တော့်ကိုချိန်းပေးပါဦး''
ဝမ်ရန်ခေါင်းညိမ့်လိုက်သည်။
အချိန်ကုန်လွန်သွားသည်!
နောက်တစ်နေ့မြန်မြန်ဆန်ဆန်ရောက်လာ၏။ Tiktok တွင်ဗီဒီယိုကြည့်နေသူများက ချင်းလင်ကုမ္ပဏီထပ်ပြီးရေပန်းစားနေကြောင်းတွေ့သောအခါ အံ့ဩသွားသည်။
"အားလုံးကိုမျှဝေပေးဦးမယ်... ချင်းလင်အစားအသောက်ကုမ္ပဏီက ထုတ်ကုန်အသစ်တိတ်တိတ်လေးထုတ်ထားတာ ခင်ဗျားတို့လုံးဝသိမှာမဟုတ်ဘူး... အဲဒီထုတ်ကုန်က အရမ်းအံ့ဩစရာကောင်းတယ်''
"ချင်းလင်အမူးပြေမြက်က အံ့ဩစရာကောင်းလိုက်တာ... ဝိုင်သုံးလေးပုလင်းသောက်ပြီး ချင်းလင်အမူးပြေမြက်တစ်ထုပ်လောက်မစားကြည့်ရင် ဘယ်လောက်အံ့ဩစရာကောင်းလဲ မင်းတို့သိမှာမဟုတ်ဘူး''
ချင်းလင်အမူးပြေမြက်ထွက်ပြီး ပထမအသုတ်သုံးပြီးသူများက ဗီဒီယိုများတင်ကြသည်။ အမူးပြေမြက်၏အာနိသင်က နာမည်ကြီးလာသည်။
ဗီဒီယိုကြည့်ပြီးသူများ အံ့ဩကုန်ကြသည်။ သောက်ပြီးနောက်ဆက်တွဲပြဿနာများဖြစ်သော မူးခြင်း၊မအီမသာဖြစ်ခြင်းကို အတော်များများမရှောင်လွှဲနိုင်။
စျေးကွက်ထဲတွင်အမူးပြေဆေးများစွာရှိသော်လည်း အာနိသင်သိပ်မရှိ။ ဒီဗီဒီယိုတွေထဲကအမူးပြေမြက်က တကယ်မယုံနိုင်စရာ၊လုံးဝမယုံနိုင်စရာ။
မူးနေတဲ့သူကို အမူးပြေမြက်တစ်ထုပ်နဲ့တက်ကြွအောင်လုပ်နိုင်တယ်ဆိုတော့ နည်းနည်းရယ်ချင်စရာကောင်းနေသေးတော့။
သို့ရာတွင် အမူးပြေမြက်ရေပန်းစားလာပြီဆိုကတည်းက သေချာပေါက်စမ်းဖူးသူတွေရှိလိမ့်မည်။ ဗီဒီယိုကြည့်ပြီးနောက် အတော်များများက ချင်းလင်အမူးပြေမြက်ဝယ်ပြီးအိမ်မှာစမ်းကြည့်ရန် အနီးအနားစျေးဆိုင်များကိုချက်ချင်းသွားကြသည်။
စမ်းကြည့်သူများလေလေ အတည်ပြုသူများလေလေပင်။ ထို့နောက် စမ်းသပ်မှုရလဒ်များကိုလည်း အင်တာနက်ပေါ်ပြန်တင်ပြီး ချင်းလင်အမူးပြေမြက်ပိုပြီးနာမည်ကြီးအောင်လုပ်ကြသည်။
နောက်ပြီး အမူးပြေမြက်အာနိသင်အကြောင်းသိသည်နှင့် မောက်ထိုက်လိုအရက်ကုမ္ပဏီများ၏စတော့စျေးတက်မည်မှန်း တချိူ့ကသိကြသည်။
အမှန်ပင်။ ချင်းလင်အမူးပြေမြက်က အရက်ကုမ္ပဏီများ၏စတော့စျေးအပေါ်သက်ရောက်မှုရှိနိုင်သည်။
မင်စီရင်စုပြည်နယ်မြို့တော်_
တိုက်ခန်းတစ်ခုထဲတွင် ကွန်ပျူတာအများကြီးရှိနေသည်။
ဝမ်ရန်က ဖွင့်ထားသောကွန်ပျူတာများရှေ့မှလူတချို့ကိုစိုက်ကြည့်နေသည်။ ထိုလူများကလည်းပြုံးရွှင်နေ၏။
"CEO ဝမ်... တကယ်တက်လာပြီ''
မောက်ထိုက်၊ဖန်းကျိုနှင့်ကုံးထုံလိုကုမ္ပဏီရှယ်ယာများက အမှတ်တချို့တက်လာသည်!
“……”
ဝမ်ရန်ကနားထောင်ပြီး ပြုံးလိုက်သည်။
သူမှန်းထားတဲ့အတိုင်းဖြစ်လာပြီပေါ့။
ချင်းလင်အမူးပြေမြက်ကြောင့် အရက်ကုမ္ပဏီများစျေးမတက်ဘဲမနေ။
မောက်ထိုက်ကုမ္ပဏီရုံးချုပ်_
ရုံးခန်းထဲ၌ ယွမ်ရန်ကော်က သူ့ကုမ္ပဏီစတော့စျေးကိုကြည့်နေသည်။ ကုမ္ပဏီစတော့စျေးကို အချိန်နှင့်အမျှစစ်ဆေးသည်။
သို့ရာတွင် ဒီနေ့ သူ့ကုမ္ပဏီစတော့စျေးက ဘာရယ်မဟုတ် အများကြီးတက်လာသည်။
အထူးသဖြင့် အခုတလော သူ့ကုမ္ပဏီကဘာမှမလုပ်ထား။ စတော့စျေးတက်နိုင်သောလှုပ်ရှားမှု၊ ထုတ်ကုန်အသစ် ဘာမှမရှိ။
စတော့စျေးက ဘယ်လိုလုပ်တက်ရတာလဲ?
ယွမ်ရန်ကော်ကချက်ချင်း သူ့အတွင်းရေးမှူးကိုခေါ်မေးသည်_
"ဒီနေ့ကုမ္ပဏီစတော့စျေးဘာလို့တက်လာလဲ စစ်ကြည့်ဦး''
အတွင်းရေးမှူးက ချက်ချင်းပြောသည်_
"လူကြီးမင်းယွမ်... ကျွန်မအဲဒါတင်ပြမလို့ပဲ... ချင်းလင်ကုမ္ပဏီက အမူးပြေမြက်ဆိုတဲ့ထုတ်ကုန်အသစ်ထုတ်ထားတာ... အဲဒီထုတ်ကုန်က အမူးပြေစေတဲ့အာနိသင်ရှိပါတယ်... အင်တာနက်မှာအဲဒီအကြောင်းတွေချည်းပါပဲ''
ယွမ်ရန်ကော်ကနားထောင်ရင်း ချက်ချင်းသူ့ဖုန်းထုတ်လိုက်သည်။ မော်ဒန်သတင်းအချက်အလက်ခေတ်တွင် သူတို့လိုကုမ္ပဏီကြီးများကလည်း အွန်လိုင်းကြော်ငြာများကိုပိုပြီးအာရုံစိုက်လာရသည်။
မကြာမီ ချင်းလင်အမူးပြေမြက်အကြောင်းသတင်းကိုသူတွေ့သည်။ ချင်းလင်အမူးပြေမြက်အကြောင်းမိတ်ဆက်ဗီဒီယိုများ၊ စမ်းသပ်ထားသည်များကိုမြင်ပြီး သူမယုံနိုင်အောင်ဖြစ်သွားသည်။
မောက်ထိုက်သောက်ပြီး ချင်းလင်အမူးပြေမြက်စားပြသူရှိသည်။ မောက်ထိုက်နှစ်ပုလင်းသောက်ထားပြီး လုံးဝအခြေအနေကောင်းသွားသည်။ ထိုလူက_
"ချင်းလင်အမူးပြေမြက်နဲ့မောက်ထိုက်ကိုသောက်ရတာ လန်းလိုက်တာ''
ဒါ!!
လိုင်းပေါ်ကသတင်းများဖတ်ပြီးနောက် ယွမ်ရန်ကော်ကချက်ချင်းပင်_
"ချင်းလင်အမူးပြေမြက်ဝယ်ပေးစမ်းပါ''
အတွင်းရေးမှူးက ချင်းလင်အမူးပြေမြက်သုံးလေးထုပ်ထုတ်လိုက်ပြီး ယွမ်ရန်ကော်ကိုပေးကာ_
"ဥက္ကဌယွမ်... ကျွန်မဝယ်ထားပြီ''
ယွမ်ရန်ကော်ကကျေနပ်ပုံနှင့် အတွင်းရေးမှူးဆီမှ ချင်းလင်အမူးပြေမြက်ယူပြီး အမူးပြေမြက်အိတ်ပေါ်တွင်ရေးထားသောကြက်သွန်မြိတ်ခြောက်အကြောင်းဖတ်ကြည့်သည်။
ကြက်သွန်မြိတ်ခြောက်တွေမှာ ဒီလိုအာနိသင်မျိုးရှိတာ သူမယုံနိုင်။
သူကဘေးနားသွားကာ မှန်ဘောင်နှင့်ဝိုင်စင်ကိုဖွင့်ပြီး မောက်ထိုက်တစ်ပုလင်းယူလိုက်သည်။
ထိုမောက်ထိုက်မှာ မောက်ထိုက်ကုမ္ပဏီ၏သူဌေး သူကိုယ်တိုင်စုဆောင်းထားသော အရည်အသွေးအမြင့်ဆုံးဝိုင်ဖြစ်သည်။ ခါတိုင်း ဒီဝိုင်ကိုအရသာခံလေ့ရှိသည်။ သူစမ်းကြည့်ရမည်ဖြစ်၍ ပုလင်းဖွင့်ပြီးအားရပါးရသောက်ပစ်လိုက်သည်။
သူနည်းနည်းထွေလာမှရပ်လိုက်၏။ မောက်ထိုက်လိုအယ်လ်ကိုဟောပါဝင်မှုများသောအရက်ကိုအားရပါးရသောက်တာ မသက်သာလှ။ သူကအယ်လ်ကိုဟောခံနိုင်ရည်မြင့်၍သာတော်တော့သည်။
ထို့နောက် အမူးပြေမြက်တစ်ထုပ်ဖွင့်ပြီး ပါးစပ်ထဲထည့်လိုက်၏။
ယွမ်ရန်ကော်လည်း တခဏအတွင်း ချင်းလင်အမူးပြေမြက်၏အာနိသင်ကိုခံစားမိပြီး မယုံနိုင်ဖြစ်သွားသည်။
ချင်းလင်အမူးပြေမြက်၏အာနိသင်အပြည့်အဝရသောအခါ လုံးဝမသောက်ထားသလိုခံစားရသည်။ သူ့ပါးစပ်ထဲမှာသာအရက်နံ့မရှိရင် သူလုံးဝမသောက်ထားဟုတောင်ပြောနိုင်သည်။
"ဒီလိုထုတ်ကုန်မျိုးရှိမယ်တောင်မထင်ဘူး... ပါမောက္ခလီခိုင်က အံ့ဩစရာကောင်းလိုက်တာ''
ယွမ်ရန်ကော်ကမနေနိုင်ဘဲရေရွတ်လိုက်သည်။
ဒီထုတ်ကုန်ကြောင့် သူ့ကုမ္ပဏီစတော့စျေးတက်လာတာ မထူးဆန်းတော့။
သို့ရာတွင် သူတစ်ခုတွေးမိသည်။
သူ့ကုမ္ပဏီဝိုင်နဲ့ချင်းလင်အမူးပြေမြက်ကိုတွဲရင်ရော?
ထိုအကြောင်းတွေးမိပြီး သူ့အတွင်းရေးမှူးကိုညွှန်ကြားလိုက်သည်_
"ချင်းလင်ကုမ္ပဏီကဥက္ကဌတန့်ကွမ်းနဲ့ချိတ်ပေးပါ... သူ့ဆီကိုလာချင်တဲ့အကြောင်းပြောလိုက်ပါ''
ချင်းလင်ကုမ္ပဏီသူဌေးက လျှို့ဝှက်လွန်းသောကြောင့် သူနှင့်ဆုံဖို့မတောင်းဆိုပေ။
တစ်ချိန်တည်းမှာ တခြားပြည်တွင်းအရက်ကုမ္ပဏီများကလည်း ဒီလိုလုပ်ကြသည်။ သူတို့ကုမ္ပဏီစတော့စျေးတက်လာသည့်အကြောင်းရင်းကိုသိပြီးနောက် အားလုံးကချင်းလင်ကုမ္ပဏီသွားပြီး တွဲရောင်းဖို့ဆွေးနွေးချင်ကြသည်။
ရှေ့လျှောက် သူတို့ဝိုင်ရောင်းတဲ့အခါ ချင်းလင်အမူးပြေမြက်တွဲပါရင် အရမ်းကောင်းမည်။
……
မင်စီရင်စုပြည်နယ်မြို့တော် ဇိမ်ခံဟိုတယ်တစ်ခု၌ အစ်ကိုယုံမှာ ကောင်မလေးသုံးယောက်အလယ်တွင်ရှိနေသည်။ ညက ၄ နာရီမှ ၆ နာရီကြား ဟိုတယ်ရောက်လာသည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့်သာမဟုတ်ရင် ဒီနေ့သူ့ဘဝဆုံးတော့မလိုပင်။
သို့ဆိုရင်တောင် ဒီနေ့ နေ့လယ်အထိအိပ်ရသည်။ အရက်အရှိန်ကြောင့် ခေါင်းနည်းနည်းလေးနေသေးသည်။
အစ်ကိုယုံမှာ 'အသံတချို့'၏ပရိသတ်တစ်ဦးဖြစ်ပြီး အသံတချို့နံပါတ်လည်းရှိသည်။ သူတင်သောဗီဒီယိုများအားလုံးက ဘားမှာကစားသောဗီဒီယိုများပင်။
သူကအလွန်ပွင့်လင်းသောကြောင့် လူစိတ်ဝင်စားလည်းခံရသည်။
ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် ချင်းလင်အမူးပြေမြက်အကြောင်းသတင်းတွေ့သည်။
ချင်းလင်အမူးပြေမြက်ကိုမြင်ပြီး သူကြောင်သွားသည်။ ခဏကြာမှ အလန့်တကြားထအော်၏_
"သော*က်!''
သူ့အသံကြောင့် ကောင်မလေးသုံးယောက်နိုးသွားပြီး သူ့ကိုကြောင်ကြည့်နေသည်။
အစ်ကိုယုံက ပိုတောင်ကြောင်နေသည်။ ညက ယွမ်သုံးသန်းကျော်ရှင်းလိုက်ရတဲ့အကြောင်းရင်းကို သူသိပြီ။
ချင်းလင်အမူးပြေမြက်!
ဒါမျိုးရှိတာပဲ။ မနေ့ညက ကောင်မလေးတွေမူမမှန်တာ သူသဘောပေါက်ပြီ။ သူတို့အရမ်းသောက်ပေမဲ့ မမူးကြ။
ဒါကြောင့် တစ်ညတည်းနဲ့ယွမ်သုံးသန်းကျော်ကျတာ။
အိုးမိုင်ဂေါ့!
ချက်ချင်း သူ့နိုက်ကလပ်ဘဝကြီးက ပျော်စရာမကောင်းတော့သလို အစ်ကိုယုံခံစားလိုက်ရသည်။
သူသဘောအကျဆုံးက အနိမ့်နဲ့အလယ်အလတ်တန်းဘားတွေမှာ ပိုက်ဆံရှင်းပေးရတာ။ ပိုက်ဆံလေးရှိလာရင် တစ်ခါတလေထုတ်ကြွားပေးဖို့လိုသည်။
ဒါပေမဲ့ အခု ချင်းလင်ကုမ္ပဏီကဒါမျိုးထုတ်လာတော့ ရှေ့လျှောက် သူဘယ်လိုလုပ်မိုက်တော့မလဲ?
အမြဲတမ်း ယွမ်သုံးသန်းကျော်ရှင်းနေရရင် ဘယ်ခံနိုင်မလဲ?
ချင်းလင်အမူးပြေမြက်ကြောင့် ရုတ်တရက်စိတ်ဝင်စားစရာအားလုံးပျောက်သွားပြီ။
ရုတ်ချည်းဆိုသလို ချင်းလင်ကုမ္ပဏီအပေါ် အချစ်နှင့်အမုန်းရောထွေးသွားသည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်က သူ့ခွန်အားတိုးစေ၍ ချစ်သည်။ ဒါပေမဲ့ ချင်းလင်အမူးပြေမြက်ကိုမုန်းသည်။
ဘာလို့ဒါမျိုးလုပ်ရတာလဲ?
အစ်ကိုယုံတင်မဟုတ်။ ပြည်တွင်းသူဌေးကြီးများလည်း ချင်းလင်အမူးပြေမြက်ကိုမြင်ပြီး ညည်းနေကြသည်။
ချင်းလင်အမူးပြေမြက်ကြောင့်ထိခိုက်တာ အစ်ကိုယုံတစ်ယောက်တည်းမဟုတ်။
ချင်းလင်အမူးပြေမြက်က နာမည်ကြီးကြီးလာပြီး ဗီဒီယိုတစ်ပုဒ်ကိုအားလုံးစိတ်ဝင်သွားကြသည်:
"ငါသိချင်နေတာ... အရက်သောက် ချင်းလင်အမူးပြေမြက်စားပြီး ကားမောင်းဖူးတဲ့သူရှိလားလို့... အဆင်ပြေလောက်လား?''
ဗီဒီယိုထွက်ထွက်ချင်း အတော်များများ၏အာရုံကိုဆွဲဆောင်သွားသည်။ မှတ်ချက်များက ပိုတောင်စိတ်ဝင်စားစရာကောင်းသည်။
“?????”
“????”
"ရက်စက်တယ်... ဘယ်သူစမ်းကြည့်ချင်လဲ?''
"@ ရဲဦးလေးကြီး!"
တကယ်တော့ ဝိုင်ပုလင်းတွေက လူမှုရေးပြဿနာကြီးပင်။ အများစုက ဝိုင်သောက်ပြီး အတော်ဒုက္ခခံရသည်။
သောက်ပြီး ကားမောင်းရခက်သောအချိန်များတောင်ရှိသည်။
ဗီဒီယိုတင်ပြီးမကြာခင် ဖြုတ်ချခံရသည်။ အရက်သောက်ပြီးကားမောင်းပြိုင်ခြင်းက လုံးဝခက်ခဲသောမေးခွန်းဖြစ်နေသည်။
သို့ရာတွင် အတော်များများကဗီဒီယိုမြင်သွားပြီး စမ်းကြည့်ချင်သူတွေရှိနေသည်။
တချို့က လူစိတ်ဝင်စားခံရအောင် ဘာမဆိုလုပ်ရဲကြသည်။
မာချင်က ဒီလိုလူမျိုးပင်။ သူကနာမည်သိပ်မရှိသောအချိန်တို live လွှင့်သူဖြစ်သည်။ ထို့ကြောင့် ဒီအခွင့်အရေးကိုအမိအရယူသည်။
ညရောက်သည်နှင့် အရက်သောက်ပြီးကားမောင်းရမည့်နေရာရှာသည်။ ထို့နောက် ကားထဲတန်းဝင်ပြီး ဝိုင်တစ်ပုလင်းထုတ်ကာ ပါးစပ်ထဲလောင်းချလိုက်သည်။
တစ်ပုလင်းသောက်ပြီး နည်းနည်းရီဝေဝေဖြစ်လာသည်!
ထို့နောက် ချင်းလင်အမူးပြေမြက်တစ်ထုပ်ထုတ်ပြီး ပါးစပ်ထဲထည့်ကာဝါးစားလိုက်သည်။
ချင်းလင်အမူးပြေမြက်စားတာ ဒါပထမဆုံးမဟုတ်။ ခဏအကြာ အာနိသင်ပြလာသည်။
သူကရေမွှေးပြင်းပြင်းယူပြီး သူ့တကိုယ်လုံးဖြန်းချလိုက်သည်။
တခဏအတွင်း ကားထဲမှအရက်နံ့ကို ရေမွှေးနံ့လုံးဝဖုံးသွားသည်!
ထို့နောက် ကားစက်နှိုးပြီး မော်တော်ပီကယ်ရှိသောမီးပွိုင့်ဆီမောင်းလိုက်၏။ မကြာမီ မော်တော်ပီကယ်တစ်ယောက်ရှေ့ သူရောက်သွားသည်။
"ရွှီ!''
မော်တော်ပီကယ်က ကိရိယာကို မာချင်ပါးစပ်နားတေ့လိုက်သည်။
မာချင်က ကိရိယာကိုသူ့ပါးစပ်နှင့်ထိန်းပြီး လေမှုတ်လိုက်သည်။ မှုတ်ရင်း သူစိတ်လှုပ်ရှားနေသည်။
သူသာသတိမထားရင် သူ့ယာဉ်မောင်းလိုင်စင်ဆုံးပြီး ဂျေးထဲခဏအောင်းရတော့မည်။
"စိတ်လှုပ်ရှားနေတာလား?''
မော်တော်ပီကယ်က ကိရိယာကိုယူပြီး မာချင်ကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။
"ရဲကြီးရယ်... ကျွန်တော့်ယာဉ်မောင်းလိုင်စင်က ရခါစမလို့ စိတ်လှုပ်ရှားနေတာပါ''
မာချင်က လောလောနှင့်ပြောလိုက်သည်။
"သွားစို့!''
မော်တော်ပီကယ်က ခေါင်းညိမ့်ပြီး သတိပေးသည်_
"အသစ်တွေ... သေချာမောင်း!''
"ကောင်းပါပြီ ရဲဦးလေး!''
မာချင်ကပြောပြောဆိုဆို ကားစက်နှိုးပြီးထွက်လာသည်။ ထိုခဏအတွင်း သူ့မှာရင်တဆတ်ဆတ်တုန်နေလေသည်!