ချင်းလင်အမူးပြေမြက်ကိုပစ်မှတ်ထား!
Vol. 59 Ch. 872
"ဒီချင်းလင်အမူးပြေမြက်နဲ့ဆို သောက်ရတာမကြိုက်တဲ့သူတွေ ဒုက္ခရောက်မယ်... ငါအရင်က မူးချင်ယောင်ဆောင်ရသေးတယ်... ဒါပေမဲ့ အခု မူးချင်ယောင်ဆောင်လို့တောင်မရတော့ဘူး''
ပြည်သူတစ်ဦး၏စိတ်ပျက်လက်ပျက်ဗီဒီယိုက ရေပန်းစားသွားသည်။
အခု အမူးပြေမြက်ကအလွန်နာမည်ကြီးနေသောကြောင့် ဗီဒီယိုတင်လိုက်သည်နှင့် လူအတွေ့များသည်။
အရင် ပြည်သူတွေက အမူးပြေမြက်အာနိသင်ဘယ်လောက်ထက်ကြောင်း၊ဘယ်လောက်စွမ်းကြောင်းပြောကြသည်။ အချက်အလက်တွေကလည်း အမူးပြေမြက်၏အစွမ်းနှင့်အံ့ဩစရာကောင်းပုံကိုသက်သေပြထားသည်။
အမူးပြေမြက်ကြောင့် အရက်ကုမ္ပဏီများ၏အွန်လိုင်းစတော့စျေးများတက်လာသည်။ ချင်းလင်စံအိမ်ကအမူးပြေမြက်မရောင်းတော့ရင် ထိုအရက်ထုတ်ကုန်များ အကြီးအကျယ်ကျဆင်းတော့မည်။
သို့ရာတွင် အမူးပြေမြက်ကအစွမ်းထက်လွန်းသောကြောင့် အရက်မကြိုက်သူများက မူးချင်ယောင်ဆောင်ရင်တောင် အမူးပြေမြက်ကရှိနေပြီ။
ဘယ်လောက်အဖြစ်ဆိုးလဲ တွေးသာကြည့်!
ဗီဒီယိုထဲကပြည်သူမှာ စိတ်ပျက်လက်ပျက်နှင့် သူ့သူငယ်ချင်းတွေက လူမဟုတ်ကြောင်းပြောသည်။ တစ်ယောက်စီက ချင်းလင်အမူးပြေမြက်တစ်ထုပ်ကိုင်ထားပြီး သူတစ်သက်လုံးသောက်ခဲ့သမျှထက်ပိုပြီး တစ်ညလုံးသောက်ခိုင်းကြသည်။
ထိုဗီဒီယိုကြောင့် အတော်များများအကြံရသွားသည်။
"ငါတော့ ပျော်စရာတွေ့ပြီထင်တယ်!''
"ငါ့သူငယ်ချင်းထဲက မသောက်တတ်တဲ့သူကိုစဉ်းစားနေတာ!''
"သုံးခွက်နဲ့မှောက်တဲ့ကောင်ကို သတိရသွားပြီ... သူ့ကိုတစ်ညတည်း ၁၀ ခွက်တိုက်ရင်ရော?''

“……”
ထိုရေပန်းစားမှုအပြင် နောက်ထပ်ရေပန်းစားနေသောတစ်ခုကို အာရုံစိုက်မိကြပြန်သည်:
"ငါကိုယ်တိုင် အရက်သောက်ပြီး ချင်းလင်အမူးပြေမြက်တစ်ထုပ်စားကြည့်ပြီးပြီ... ခဏလေးနဲ့ပြေသွားမှာ... ပြီးတော့ မော်တော်ပီကယ်စစ်တာ လုံးဝမမိဘူး!''
ထိုဗီဒီယိုတင်သည်နှင့် ရုတ်ရုတ်သဲသဲဖြစ်ပြန်သည်။
အရင်တစ်ခါ အရက်သောက်၊ချင်းလင်အမူးပြေမြက်စားပြီး ကားမောင်းမယ့်အကြောင်းပြောဖူးသူတွေရှိသော်လည်း ထိုဗီဒီယိုကိုဖျက်ချခံရသည်။
အခုတော့ တကယ်စမ်းကြည့်သူရှိလာပြီ။
နောက်ပြီး ထိုဗီဒီယိုကိုတင်ထားသူက မာချင်ပင်။ ဗီဒီယိုတင်လိုက်သည်နှင့် လူတွေ့များပြီး like နှင့်မှတ်ချက်များတက်လာသည်။
"သော*က်ဘရို... ကိုယ့်လက်ဖက်ရည်ကိုယ်သာသောက်စမ်းပါ... အထဲကလက်ဖက်ရည်က အရသာမကောင်းဘူးနော်!''
"ဘရို... ခင်ဗျားက ဒုက္ခရှာတဲ့နေရာမှာဆရာကြီးပဲ!''
"ခင်ဗျား ကိုယ့်ကိုယ်ကိုယ်ပျက်စီးအောင်လုပ်နေတာလား ဒါမှမဟုတ် ထောင်ထဲတန်းတိုးနေတာလား?''
“……”
မှတ်ချက်များ ပလူပျံနေ၍ မာချင်လည်းစိတ်လှုပ်ရှားနေသည်။

သူ့ကိုယ်သူသေကြောင်းရှာမှန်းသိသော်လည်း တစ်ခါတလေ သေကြောင်းရှာတာ သဘာဝပင်။
မဟုတ်ရင် သေမင်းတံခါးဝသွားတယ်လို့ဘယ်ခေါ်မလဲ?
သူသေကြောင်းရှာတာ ဒီလိုစိတ်ဝင်စားခံရသောအခြေအနေမျိုးကိုသဘောကျသောကြောင့်ပင်။ သို့ရာတွင် တစ်ယောက်ပြီးတစ်ယောက် @ယာဉ်ထိန်းရဲဌာနဟုမှတ်ချက်ပေးနေ၍ သေကြောင်းရှာပြီးမှ အန္တရာယ်ကင်းဖို့ဆုတောင်းမိပြန်သည်။
စိတ်အခြေအနေက ဆန့်ကျင်ဘက်အစွန်းနှစ်ဖက်ရောက်နေ၏။ သေကြောင်းရှာတယ်ဆိုပေမဲ့ တကယ်မသေချင်။
ထိုဗီဒီယိုထွက်ထွက်ချင်း ကားမောင်းမည့်သူများကျောထဲစိမ့်သွားကြသည်။ စိတ်ခံစားချက်တောင်မကောင်းတော့။
ဘာလို့ အလုပ်ပြုတ်တော့မလိုခံစားနေရတာလဲ?
ထိုရေပန်းစားသတင်းကြောင့် တစ်ယောက်ပြီးတစ်ယောက်စမ်းသပ်လာကြသည်။ တချို့ကုမ္ပဏီများ၏စတော့စျေးအပေါ်လည်းသက်ရောက်မှုရှိလာသည်။
ယာဉ်မောင်းကုမ္ပဏီများပင်။
အရင်က အမူးပြေမြက်ကြောင့် အရက်ကုမ္ပဏီစတော့စျေးများ ထိုးတက်သွားသည်။
အခု DD ဝန်ဆောင်မှုရှိသောကုမ္ပဏီများ၏စတော့စျေးက ချင်းလင်အမူးပြေမြက်ကြောင့် စတင်ကျဆင်းလာသည်။ အထူးသဖြင့် ညီငယ်အသင်း DD ကုမ္ပဏီအတွက်ဆိုပိုမှန်သည်။
DD ကုမ္ပဏီရုံးချုပ်တွင် သူဌေးချန်မုရန်တစ်ယောက် နည်းနည်းဒုက္ခရောက်နေသည်။
လုံးဝထင်မထားသောကပ်ဘေးပင်။ DD ကားမောင်းလုပ်ငန်းက သူ့ကုမ္ပဏီမှာအလွန်အလုပ်ဖြစ်သောကြောင့် အချိန်တိုအတွင်း စတော့စျေးတောင်တက်ခဲ့သေးသည်။
ချင်းလင်အမူးပြေမြက်က သူ့ကုမ္ပဏီစတော့စျေးကို အရင်တက်ခဲ့တာထက်ပိုကျသွားအောင်လုပ်မယ်လို့ ဘယ်ထင်မလဲ?

ချန်မုရန် အတော်အောင့်သီးအောင့်သက်ဖြစ်နေသည်။ အရင်တစ်ခါ ဝက်ဝံကြီးကိုပိတ်ဆို့မှုတွင်ဝင်ပါခဲ့သောကြောင့် သူခြေလှမ်းမှားပြီး သပိတ်မှောက်ခံခဲ့ရသည်။ သူ့ကုမ္ပဏီစတော့စျေးက အကြီးအကျယ်ကျဆင်းခဲ့၏။
ဒီတစ်ခါ ကုမ္ပဏီစတော့စျေးကိုထပ်ကျခွင့်မပေးနိုင်။
ချန်မုရန်က ကြမ်းတော့မည့်ပုံနှင့် ချက်ချင်းတစ်ယောက်ယောက်ကိုဖုန်းဆက်ပြီးခေါ်လိုက်သည်။
ထိုသူက ကုမ္ပဏီ၏ပြည်သူ့ဆက်ဆံရေးမန်နေဂျာလူငယ်တစ်ယောက်ဖြစ်ပြီး DD အကြောင်း ပြည်သူ့အမြင်ကိုကြိုးကိုင်လေ့ရှိသူဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူကလျိုမိသားစုဘက်မှာရပ်တည်ခဲ့သည်။ အဆိုးမြင်တွေကိုရှောင်လွဲမရသောကြောင့် လျိုမိသားစုနှင့်ပြည်သူ့အမြင်ဆန့်ကျင်လာသောအခါ ပြည်သူ့ဆက်ဆံရေးဌာနက ပြည်သူနှင့်ဆက်ဆံရေးလုပ်ရန်လိုအပ်လာသည်။
ထို့ကြောင့် အရည်အချင်းရှိသောပြည်သူ့ဆက်ဆံရေးအဖွဲ့ကိုထူထောင်ရန် နှစ်တိုင်းအကုန်အကျခံရသည်။ ကုန်ကျစရိတ်က အလွန်မြင့်၏။
သို့သော် တခြားနည်းလမ်းမရှိ။ ရှင်းကျန့်တယ်ရဲ့ဗိုင်းရပ်ကို သူ့အဖေလိုအသိအမှတ်ပြုထားမှတော့ တချို့ပြဿနာတွေကိုရှောင်လွဲမရပေ။
"ဥက္ကဌချန်... ဘာညွှန်ကြားစရာရှိပါသလဲ?''
ပြည်သူ့ဆက်ဆံရေးမန်နေဂျာကဝင်ဝင်လာချင်း ချန်မုရန်ကိုမေးသည်။
ချန်မုရန်ကချက်ချင်းမှာသည်_
"ချင်းလင်အမူးပြေမြက်က ကုမ္ပဏီစတော့စျေးအပေါ်သက်ရောက်မှုရှိတာသိလား? ပြည်သူ့အမြင်ကိုချက်ချင်းထိန်းပါ... သောက်ပြီးမောင်းတဲ့အန္တရာယ်ဆိုတဲ့အချက်ကိုအသုံးချပြီး ချင်းလင်အမူးပြေမြက်ကိုဆန့်ကျင်လိုက်... အထက်လူတွေက ချင်းလင်အမူးပြေမြက်ကိုတားမြစ်လိုက်ရင် အကောင်းဆုံးပဲ... ငါတို့လက်ချက်မှန်း ဘယ်သူမှမသိစေနဲ့နော်!'
ဒါသူတို့ကုမ္ပဏီအကြပ်အတည်းကိုဖြေရှင်းနိုင်မည့်တစ်ခုတည်းသောနည်းလမ်းပင်။ ဒီချင်းလင်အမူးပြေမြက်ကိုဖြေရှင်းဖို့ ပြည်သူ့အမြင်ကိုအသုံးချနိုင်ရင်ကောင်းသည်။ ဒါဆိုရင် မမြင်နိုင်တဲ့အန္တရာယ်တွေကို လုံးဝဖယ်ရှားပြီးသားဖြစ်မည်။
"ကောင်းပါပြီ ဥက္ကဌချန်''
ပြည်သူ့ဆက်ဆံရေးမန်နေဂျာလည်း ညွှန်ကြားချက်ရပြီး ရုံးခန်းထဲမှထွက်လာသည်။ ထို့နောက် အင်တာနက်ရေတပ်နှင့်စတင်ဆက်သွယ်၏။
ပြည်သူ့အမြင်က သူတို့ကုမ္ပဏီအပေါ်မကောင်း၍ သူတို့ကိုပစ်မှတ်ထားသူအများကြီးရှိသော်လည်း ဒီလောကမှာ ငွေရရင်ဘာမဆိုလုပ်သူတွေကမရှား။
အာချောင်သူများက ဒီအတိုင်းပင်။ ပိုက်ဆံပေးပြီး DD ကုမ္ပဏီက မျိုးချစ်စိတ်အရှိဆုံးလို့ပြောခိုင်းရင် သူတို့ကလည်း အင်တာနက်ပေါ်မှာစကားလက်ဆင့်ကမ်းပြီး ပြည်သူ့အမြင်ကိုဖန်တီးပေးလိမ့်မည်။
မကြာမီ အင်တာနက်ပေါ်တွင် ချင်းလင်အမူးပြေမြက်မကောင်းကြောင်းပြောသူတွေရှိလာသည်။
"ချင်းလင်အမူးပြေမြက်ကို သက်ဆိုင်ရာက ကန့်သတ်ချက်တွေထားသင့်တယ်!''
"အရက်သောက်ပြီးကားမောင်းတာ ကားတိုက်တာတွေက ကြောက်စရာ... အမူးပြေမြက်က ဒါမျိုးတွေပိုဖြစ်လာလိမ့်မယ်''
"အမူးပြေမြက်ကြောင့် သောက်ပြီးမောင်းတာတွေပိုဆိုးမှာ... သက်ဆိုင်ရာဌာနတွေက တင်းတင်းကြပ်ကြပ်တားမြစ်သင့်တယ်!''
အချိန်တစ်ခုအထိ အင်တာနက်ပေါ်တွင် ချင်းလင်အမူးပြေမြက်ကြောင့် သောက်ပြီးမောင်းတာတွေဖြစ်လာမည့်အကြောင်း၊ဘေးဖြစ်နိုင်ကြောင်းမှတ်ချက်များပြည့်သွားလေသည်။