← Chapters

ချင်းလင်အမူးပြေမြက်ကိုပစ်မှတ်ထား! ၂

Vol. 59 Ch. 873

ချင်းလင်အမူးပြေမြက်ကိုပစ်မှတ်ထား! ၂

Vol. 59 Ch. 873

ထို့အပြင် အင်တာနက်ပေါ်တွင် ထိုအငြင်းစကားများပြောသည်နှင့်တပြိုင်တည်း အရက်သောက်၊ကားမောင်းပြီး ကားမှောက်သောသတင်းတချို့လည်းတက်လာသည်။ ချင်းလင်အမူးပြေမြက်ကို တည့်တည့်တိုက်ခိုက်ခြင်းပင်။

ဒါကလည်း လျိုမိသားစု၏ရည်ရွယ်ချက်ကိုပံ့ပိုးပေးလိုက်သလိုပင်။ အနည်းဆုံးတော့ ထိုးကျနေသောစတော့စျေးက ယာယီတည်ငြိမ်သွားသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်လည်း ထိုသတင်းကိုချက်ချင်းအာရုံစိုက်ထားသည်။

သို့သော် သူသိပ်ဂရုမစိုက်။ အစ်ကိုလီက ချင်းလင်ဓာတ်ခွဲခန်းမှာစမ်းသပ်ထား၍ အမူးပြေမြက်၏အာနိသင်ကိုသူသိသည်။

အမူးပြေမြက်တွင် လူ့ခန္ဓာကိုယ်ကိုထိခိုက်မှုမရှိဘဲ အယ်လ်ကိုဟောဓာတ်ကိုလုံးဝခြေဖျက်နိုင်သောအထူးဓာတ်ပါသည်။

အယ်လ်ကိုဟောပါဝင်မှုကိုလုံးဝခြေဖျက်နိုင်မှတော့ မူးပြီးမောင်းတယ်လို့ပြောလို့ရမလား?

မကြာခင် သက်ဆိုင်ရာဌာနတွေက အမူးပြေမြက်ကိုစစ်ကြလိမ့်မည်။ အဲဒီအချိန်ကျရင် သောက်ပြီးမောင်းတဲ့ပြဿနာကိုတန်း​ဖြေရှင်းနိုင်မည်။

နောက်ပြီး @ယာဉ်ထိန်းရဲဌာနဟုမှတ်ချက်ပေးခံရတာ မာချင်၏ဗီဒီယိုတင်မဟုတ်။ ထိုကုမ္ပဏီများမှအသစ်တင်သောဗီဒီယိုများတွင်လည်း ပြည်သူများက @ယာဉ်ထိန်းရဲဌာနဟုတောက်လျှောက်ခေါ်နေကြသည်။

ယာဉ်ထိန်းရဲဌာနကလည်း ဒီကိစ္စကိုသိသိချင်း အာရုံစိုက်နေသည်။ ဒီဖြစ်ရပ်ကိုအစပျိုးသူ မာချင်ကိုအထူးအာရုံစိုက်ကြ၏။

သို့ရာတွင် ဗီဒီယိုတင်သောမာချင်ကြောင့် ယာဉ်ထိန်းရဲဌာန အတော်ဒုက္ခရောက်နေသည်။

ပထမအချက် ဒီလူကဝိနည်းလွတ်အောင်လုပ်ထားသည်။ ဒုတိယအချက် ထိုနည်းကိုသူကတင်ထားခြင်းပင်!



ဒါကိုအမှားတစ်ခု ဒါမှမဟုတ် မှတ်တမ်းတစ်ခုဟုသာဆိုနိုင်မည်။

ဝန်ကြီးလုလည်း သတိထားမိသည်။

ဘာပဲဖြစ်ဖြစ် အရက်သောက်ပြီးမောင်းခြင်းက တကယ့်ပြဿနာ။ ပြစ်မှုဆိုင်ရာဥပဒေနှင့်လည်း တင်းတင်းကြပ်ကြပ်ကန့်သတ်ထားသည်။ အရက်သောက်ပြီးကားမောင်းခြင်းကို ဘယ်သူ့ကိုမှခွင့်မပြု။

မည်သူဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ၊ သောက်ပြီးမောင်းခြင်းက မိမိကိုယ်တိုင်ရော တခြားသူများအတွက်ပါအန္တရာယ်ရှိ၍ ပြင်းပြင်းထန်ထန်အပြစ်ပေးရမည်။

ဒီအမူးပြေမြက်ကြောင့် အရက်သောက်ပြီးမောင်းကြတော့မည်။ ဒါအလွန်အရေးကြီးသောပြဿနာပင်။

နောက်ပြီး ဒီပြဿနာကြောင့် သူဌေးချင်နှင့်ချင်းလင်ကုမ္ပဏီအပေါ်ထိခိုက်မှုမရှိစေချင်။

သို့သော် သူက ယာဉ်လမ်းကြောင်းတာဝန်ခံမဟုတ်ပေ။

သူကဖုန်းကိုင်ပြီးဆက်လိုက်သည်။

ဖုန်းဝင်ဝင်ချင်း သူကမေးသည်_

"ဝန်ကြီးကော်... အမူးပြေမြက်နဲ့ သောက်ပြီးမောင်းတဲ့သတင်းဖတ်ပြီးပြီလား? ငါတွေ့ပြီးပြီ... OK.. ငါလူခေါ်ပြီးလာခဲ့မယ်''

ဝန်ကြီးလုကဖုန်းချပြီး မတ်တပ်ထရပ်ကာ ရုံးခန်းအပြင်ထွက်လာသည်။ ထို့နောက် တရုတ်သိပ္ပံအကယ်ဒမီမှဝန်ထမ်းတချို့နှင့်ကိရိယာများယူပြီး တခြားဌာနကိုသွားသည်။

ဝန်ကြီးကော်က သယ်ယူပို့ဆောင်ရေးတာဝန်ခံဖြစ်ပြီး အမူး​ပြေမြက်ကိစ္စကိုအာရုံစိုက်ထားပြီးဖြစ်သည်။ အခုလူစုပြီး အမူးပြေမြက်ကိစ္စကိုဆွေးနွေးနေကြသည်။

ဝန်ကြီးလုရောက်သောအခါ အပြေးလမ်းကြောင်းထိန်းချုပ်မှုရှိသောကွင်းတစ်ခုကိုခေါ်ပြသည်။



ကွင်းကအလွန်ကျယ်ပြီး အထဲတွင်အပြေးလမ်းကြောင်းများစွာရှိသည်။

သယ်ယူပို့ဆောင်ရေးဌာနဖြစ်၍ ယာဉ်ကြောလမ်းကြောင်းပုံစံရှိသည်ပင်။

"ဝန်ကြီးလု... ဒီကိစ္စ ခင်ဗျားစိတ်ဝင်စားမယ်ဆိုတာ ကျုပ်သိတယ်''

သက်လတ်ပိုင်းလူတစ်ဦးကပြုံးပြုံးနှင့် ဝန်ကြီးလုကိုနှုတ်ဆက်သည်။

"ဝန်ကြီးကော်... အဆင်သင့်ပဲလား?''

ဝန်ကြီးလုကမေးသည်။

"အခုမှစတာ... ခင်ဗျားတို့တရုတ်သိပ္ပံအကယ်ဒမီကလူတွေကိုစောင့်နေတာလေ''

ဝန်ကြီးကော်က ဝန်ကြီးလုကိုခေါ်သွားရင်း ရှင်းပြသည်။

အခု ဝန်ကြီးလုက အထက်လူတွေနဲ့ချင်းလင်ကုမ္ပဏီကြားမှာပေါင်းကူးတံတားဖြစ်နေမှန်း သူသိသည်။ တချို့ကိစ္စတွေကို သူတို့အဆင့်တူချင်း အနည်းနဲ့အများသိထားကြသည်။

ချင်းလင်အမူးပြေမြက်က ချင်းလင်ကုမ္ပဏီမှဖြစ်သောကြောင့် အင်တာနက်ပေါ်ကဖြစ်ရပ်မှာ ချင်းလင်ကုမ္ပဏီသေချာပေါက်ပါလာမည်။

စမ်းသပ်ချက်အဖြေမကောင်းရင် ချင်းလင်ကုမ္ပဏီကိုလုံးဝထိခိုက်နိုင်သည်။

ချင်းလင်ကုမ္ပဏီကနာမည်တစ်လုံးကိုထိန်းထားပြီး စီရင်စုအတွက်အများကြီးပါဝင်အားထုတ်ခဲ့သည်။ သို့ရာတွင် အရက်သောက်ပြီးမောင်းခြင်းကို ပေါ့ဆ၍မရ။

ချင်းလင်ကုမ္ပဏီကိုမျက်နှာသာမပေးဘဲ ဆုံးဖြတ်ချက်ချရမယ်ဆိုရင်တောင်ပေါ့။

မူးမူးနှင့်မောင်းပြီး လမ်းသွားလမ်းလာများကိုတိုက်ပစ်တာ သူမြင်ယောင်သည်။

မူးမူးနှင့်မောင်းပြီး မူကြိုကလေးဆယ်ယောက်ကျော်ကိုဝင်ကြုံးတာ သူမြင်ယောင်သည်။



မူးမူးနှင့်မောင်းပြီး မိသားစု ၂၀ ကြားထဲမှာ ကားပေါက်ကွဲတာ သူမြင်ယောင်လာသည်။

…

ဒါမျိုးတွေ နေ့တိုင်း၊နေရာတိုင်းဖြစ်ပျက်နေကျ။

ထို့ကြောင့် အရက်မူးပြီးမောင်းခြင်းကို သည်းမခံနိုင်။

ဝန်ကြီးကော်နှင့်ဝန်ကြီးလုက ဝန်ထမ်းများပြင်ဆင်နေသောနေရာဆီလျှောက်သွားသည်။ စားပွဲတစ်လုံးပေါ်တွင် စျေးကွက်ထဲမှဝိုင်အမျိုးအစားစုံတင်ထားသည်ကို သူတို့တွေ့ရသည်။

ဝိုင်တစ်မျိုးစီရှေ့တွင် ဝန်ထမ်းတစ်ယောက်စီရှိသည်။ သူတို့က ဝိုင်စသောက်လိုက်၏။ အခု မူးအောင်စောင့်ရတော့မည်။

အတိုင်းအတာတစ်ခုအထိသောက်ပြီးနောက် သူတို့၏အယ်လ်ကိုဟောပမာဏကို ယာဉ်ထိန်းရဲဌာနဝန်ထမ်းများက ကိရိယာနှင့်စစ်ဆေးသည်။

ဒီလူတွေအကုန် မူးနေကြပြီ။

ထိန်းသိမ်းထားပြီး ဒဏ်တပ်ရမည့်အခြေအနေမျိူးဖြစ်သည်။

တစ်ချိန်တည်းမှာ တရုတ်သိပ္ပံအကယ်ဒမီမှလူများကလည်း သွေးဖောက်စစ်ဆေးပြီးမှတ်တမ်းတင်ရန် သွေးစထုတ်ကြသည်။

တရုတ်သိပ္ပံအကယ်ဒမီမှအထူးကိရိယာများ​ကြောင့် သွေးအဖြေမြန်မြန်ဆန်ဆန်ထွက်လာ၏။

သူတို့သွေးထဲရှိအယ်လ်ကိုဟောပမာဏကလည်း သတ်မှတ်ထားချက်ကိုကျော်နေသည်။

အရက်မူးသောဝန်ထမ်းများက အမူးပြေမြက်တစ်ထုပ်ဖောက်ပြီး ပါးစပ်ထဲထည့်လိုက်ကြသည်။

သူတို့ရည်ရွယ်ချက်က အမူး​ပြေမြက်ကိုစမ်းသပ်ရန်ပင်။

မကြာမီ အမူးပြေမြက်စားသောဝန်ထမ်းများ မယုံနိုင်အောင်ဖြစ်သွားသည်။ ယစ်မူးခြင်းကလုံးဝပျောက်သွားပြီး အရက်သောက်ပြီးခေါင်းမူးခြင်း၊မကြည်မသာဖြစ်ခြင်းများပါပျောက်သွားသည်။

လုံးဝအံ့ဩစရာ။

အနည်းဆုံး ဒီအခြေအနေမှာ သူတို့ခေါင်းကြည်နေမှန်း၊စိတ်ကြည်နေမှန်းသိသည်။

ထိုအချိန်တွင် ယာဉ်ထိန်းရဲဌာနဝန်ထမ်းများက မူးနေသောဝန်ထမ်းများစစ်ဆေးပြန်သည်။ တရုတ်သိပ္ပံအကယ်ဒမီမှလူများကလည်း သွေးယူပြီးပြန်စစ်သည်။

All Chapters