ချင်းလင်အမူးပြေမြက်ကိုပစ်မှတ်ထား! ၃
Vol. 59 Ch. 874
စမ်းသပ်ချက်အဖြေတွင်ပြဿနာမရှိကြောင်းပြနေသည်။
ဒါကြောင့်လည်း ချင်းလင်အမူးပြေမြက်က မောင်းနေစဉ်အရက်သောက်ထားခြင်းရှိမရှိစမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်ကြောင်းသိရသည်။ အခု သွေးအဖြေကိုသာစောင့်ကြည့်ရမည်။
မကြာမီ သွေးစစ်ချက်အဖြေထွက်လာပြီး ထိုအဖြေကြောင့် အားလုံးအံ့အားသင့်သွားသည်။
အမူးပြေမြက်စားပြီး ပြန်ကောင်းသွားသောကြောင့် ထိုဝန်ထမ်းများ၏သွေးထဲတွင် အယ်လ်ကိုဟောမရှိတော့။ အားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ပုံမှန်အတိုင်းဆို သောက်ပြီး ၂၄ နာရီကြာမှသာမောင်းနိုင်ကြသည်။
အဲဒီအချိန်ကျမှ မောင်းနိုင်သောအခြေအနေပြန်ရောက်သည်။
သို့သော် သောက်ပြီး ၂၄ နာရီအကြာတွင် သွေးထဲအယ်လ်ကိုဟောကရှိနေသေးသည်။ အာရုံကြောများအပေါ်နောက်ဆက်တွဲသက်ရောက်မှုလည်းရှိသည်။
အခုတော့ အမူးပြေမြက်စားပြီးတခဏအတွင်းအခြေအနေက အရက်သောက်ပြီး ၂၄ နာရီအကြာအခြေအနေထက်တောင်ပိုကောင်းနေသည်။
ဒီအခြေအနေမှာ လုံးဝမောင်းနိုင်သည်။
ဝန်ကြီးကော်ကအဖြေရပြီး သေချာအောင်သုံးလေးခေါက်ထပ်စစ်ခိုင်းသည်။

ဝန်ကြီးလုက သက်ပြင်းချလိုက်သည်။
ကြည့်ရတာ ချင်းလင်ကုမ္ပဏီရဲ့ထုတ်ကုန်တွေက အစွမ်းထက်တုန်းပဲ။
မကြာခင် စမ်းသပ်ချက်အဖြေထွက်လာပြီး ရလဒ်ကအရင်အတိုင်းပင်။ ဘယ်လောက်မူးမူး သောက်ပြီးအမူးပြေမြက်စားလိုက်သည်နှင့် အချိန်တိုအတွင်းမောင်းနိုင်သောအခြေအနေပြန်ရောက်သွားလိမ့်မည်။
ဝန်ကြီးကော်က တရုတ်သိပ္ပံအကယ်ဒမီမှလူများအား ထိုဝန်ထမ်းများ၏ခန္ဓာကိုယ်ကိုကူစစ်ဆေးခိုင်းသည်။ သူတို့ကိုယ်ထဲမှာ အန္တရာယ်ဖြစ်နိုင်သောပစ္စည်းများရှိမရှိ သူကြည့်ချင်သည်။
သို့ရာတွင် သုံးလေးကြိမ်စစ်ကြည့်ရာ အမူးပြေမြက်ကအယ်လ်ကိုဟောကိုချေဖျက်ပြီး သုံးစွဲသူ၏ခန္ဓာကိုယ်အပေါ်ထိခိုက်မှုမရှိကြောင်းတွေ့ရသည်။ နောက်ပြီး အမူးပြေမြက်စားပြီးနောက် ခန္ဓာကိုယ်ထဲတွင်အယ်လ်ကိုဟောချေဖျက်နိုင်သောဓာတ်တစ်မျိုးအပြင် အထူးဓာတ်တစ်မျိုးလည်းရှိသေးသည်။
ထိုအထူးဓာတ်က လူ့ခန္ဓာကိုယ်အပေါ်ထိခိုက်မှုမရှိဘဲ သွေးလှည့်ပတ်မှုကိုကောင်းစေပြီး နိုးနိုးကြားကြားဖြစ်စေသည်။ အမူးပြေမြက်စားပြီးနောက် ထိုအထူးဓာတ်က ၁၀ နာရီကျော်ကြာပြီးမှ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
နောက်ထပ်အံ့ဩစရာတွေ့ရှိမှုပင်။
အမူးပြေမြက်က အရက်မူးပြီးမောင်းသောပြဿနာကိုဖြေရှင်းနိုင်သောကြောင့် တချို့ကအရက်မူးပြီးကားမောင်းခြင်းကြောင့် အဖမ်းခံရလျှင် အမူးပြေမြက်စားထားသည်ပြောခြင်းမျိုးရှိလာမည်။ အမူးပြေမြက်က အာနိသင်မရှိဟုပြောရင် သူ့အပြစ်မဟုတ်။
အဲဒီအချိန်ကျရင် သွေးပါစစ်ရမည်။ ရလဒ်ကိုမြန်မြန်ဆန်ဆန်သိရမည်။
ထို့ကြောင့် ဒီအမူးပြေမြက်က လုံးဝပစ္စည်းကောင်းပင်။ အရက်မူးပြီးမောင်းသောပြဿနာကိုလုံးဝဖြေရှင်းနိုင်ပြီး ဝိနည်းလွတ်နည်းကိုတောင်ပြင်ဆင်ပေးနိုင်သည်။

သောက်ပြီးကားမောင်းသည်ကိုတင်းကြပ်ရခြင်းမှာ နောက်ဆက်တွဲအကျိုးဆက်များက အလွန်ပြင်းထန်သောကြောင့်ပင်။
အမူးပြေမြက်လိုသောက်ပြီးမောင်းတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ပစ္စည်းမျိုးသာရှိရင် အရင်လိုဒဏ်ပေးခံရမယ့်အခြေအနေအားလုံးအတွက်ကောင်းသွားမည်။
နောက်ပြီး အမူးပြေမြက်ကြောင့် သောက်ပြီးမောင်းခြင်းအတွက်ပြစ်ဒဏ်ကပိုကြီးသွားနိုင်သည်။
အမူးပြေမြက်မစားဘဲ သောက်ပြီးမောင်းလာပါက 'အမူးပြေမြက်ရှာရတာအလုပ်ရှုပ်လို့'၊ 'အရေးကြီးနေလို့'၊ ဒါမှမဟုတ် တခြားဆင်ခြေများပေးလာနိုင်သည်။
သို့ရာတွင် မမောင်းခင် အမူးပြေမြက်မစားထားလျှင် တမင်လုပ်သည်ဟုဆိုနိုင်သောကြောင့် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရလိမ့်မည်။
ဝိုင်ရောင်းသည့်နေရာတိုင်း အမူးပြေမြက်ကိုအမြင်သာဆုံးနေရာမှာထားရမည်ဟု စာထုတ်၍လည်းသတ်မှတ်ပြဋ္ဌာန်းနိုင်သည်။
အမူးပြေမြက်၏စမ်းသပ်ချက်အဖြေကြောင့် ဝန်ကြီးကော်နှင့်ဝန်ကြီးလုစိတ်သက်သာရာရသွားသည်။
သူတို့စမ်းသပ်နေစဉ် အင်တာနက်ပေါ်တွင် ချင်းလင်အမူးပြေမြက်အပေါ်ပြည်သူ့အမြင်ကလည်းရှိနေပြီ။ အင်တာနက်ရေတပ်၏လှုံ့ဆော်မှုကြောင့် ချင်းလင်အမူးပြေမြက်ကိုတားမြစ်ရန်အသံများထွက်နေ၏။
ထိုလူများမှာ အရင်ကမူးပြီးမောင်းခြင်းကြောင့်အန္တရာယ်ဖြစ်ဖူးသူများ၊ အင်တာနက်ရေတပ်၏အရူးလုပ်ခံရသူများဖြစ်သည်။
DD ကုမ္ပဏီ၌_
ချန်မုရန်က အင်တာနက်ပေါ်မှပြည်သူ့အမြင်များကိုအာရုံစိုက်နေသည်။ သူ့ကုမ္ပဏီစတော့စျေးက ယာယီတည်ငြိမ်နေသည်။ ပြည်သူ့ဆက်ဆံရေးမန်နေဂျာက ပြည်သူ့အမြင်ဖန်တီးထားသောကြောင့်ပင်။
သို့သော် ဒါနှင့်မရသေးမှန်း သူသိသည်။ လုံးဝမတည်ငြိမ်သေး။ ချင်းလင်အမူးပြေမြက်က သောက်ပြီးမောင်းခြင်း၏တစ်စိတ်တပိုင်းဖြစ်သည်ဟု ပြည်သူတွေလုံးဝလက်ခံသွားအောင်လုပ်ရဦးမည်။ အမူးပြေမြက်တားမြစ်ခံရအောင် သက်ဆိုင်ရာဌာနများကိုတွန်းအားပေးရမည်။
ချန်မုရန်က ပြည်သူ့ဆက်ဆံရေးမန်နေဂျာကိုခေါ်မေးပြန်သည်_
"မင်းကိုလုပ်ခိုင်းထားတာ ပြီးပြီလား?''
ပြည်သူ့ဆက်ဆံရေးမန်နေဂျာက ခေါင်းညိမ့်ပြီး_
"ပြင်ဆင်ပြီးပါပြီ... သောက်ပြီးမောင်းတဲ့သတင်းတွေထွက်လာရင် ချင်းလင်အမူးပြေမြက်ကို အစပျောက်အောင်ဖိနှိပ်ကြပါလိမ့်မယ်''
မူးပြီးမောင်းလို့ပြဿနာတက်အောင်လုပ်ထားပြီဆိုတော့ နောက်ထပ်လည်းဖန်တီးနိုင်လိမ့်မည်!