ထောင်ချောက်!
Vol. 59 Ch. 875
အင်တာနက်မှာ မူးပြီးမောင်းတဲ့အကြောင်းပွဲဖြစ်အောင်လုပ်ထားမှတော့ နောက်ထပ်ပွဲဆူအောင် မူးပြီးမောင်းတဲ့သတင်းပဲဖန်တီးရမည်။
အဲဒီအချိန်ကျရင် 'မူးပြီးမောင်းတဲ့သူက ချင်းလင်အမူးပြေမြက်စားထားတယ်၊ ဒါပေမဲ့ အာနိသင်မရှိဘူး'လို့ ပြောရင်ရော?
ပြည်သူတွေက ငတုံးတွေ။ အချိန်ကျရင် နည်းနည်းလမ်းကြောင်းပေးလိုက်တာနဲ့ ပွဲဖြစ်သွားမည်။
ဒီလိုအခြေအနေမျိုးမှာ ကားမောင်းသူက သောက်ပြီး ချင်းလင်အမူးပြေမြက်စားထားကြောင်းအခိုင်အမာပြောနိုင်ရင် သူတို့မရှင်းနိုင်တော့။
ကားသမားကောင်းကောင်းတော့ရှာရမည်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုလွဲရင် အထဲဝင်နေရလိမ့်မည်။
သို့ရာတွင် ဒီနေ့လူ့အဖွဲ့အစည်းမှာ ပိုက်ဆံရှိလျှင် မိစ္ဆာကိုကျောက်ရုပ်ဖြစ်အောင်လုပ်နိုင်သည်။ ပိုက်ဆံသုံးနိုင်သရွေ့ ပိုက်ဆံအတွက်အသက်ပေးမည့်သူတွေရှိတတ်စမြဲ။
ပြည်သူ့ဆက်ဆံရေးမန်နေဂျာက ချန်မုရန်ရုံးခန်းထဲမှခပ်သုတ်သုတ်ထွက်လာသည်။
ချန်မုရန်နှုတ်ခမ်းများ ပြုံးရိပ်သမ်းလာ၏။
ချင်းလင်အမူးပြေမြက်၏အာနိသင်က တကယ်စွမ်း၍ တချို့နည်းများကိုပေါ်တင်သုံးမရ။ တစ်ခါတလေ လက်သီးပုန်းထိုးနည်းတွေက ထင်မထားလောက်အောင်အလုပ်ဖြစ်နိုင်သည်။
တဖြည်းဖြည်းနှင့်နေဝင်ပြီး ညရောက်သွားသည်။
ဘားတွင်လူများပြည့်လျှံလာပြီး ပျော်မြူးသံများညံနေသည်။
ဘားအပြင်ကားပါကင်တွင် လီကျားကျွင်းတစ်ယောက်ကားထဲထိုင်နေသည်။ သူကဖုန်းကိုင်ပြီး လွှဲစာဖတ်နေ၏။ ဖတ်ပြီးလျှင် အံတင်းတင်းကြိတ်ကာ စာကိုဖျက်ပစ်လိုက်သည်။ ထို့နောက် သူ့ကားထဲမှဝိုင်တစ်လုံးထုတ်၍ ပါးစပ်ထဲလောင်းချတော့သည်။

နောက်ကွယ်ကလူဘယ်သူမှန်းမသိသော်လည်း ပိုက်ဆံပေးထားမှန်းသူသိသည်။
ပြီးတော့ သူတကယ်ပိုက်ဆံလိုနေသည်။
တစ်ပုလင်းကုန်သောအခါ ပုလင်းကိုကားတံခါးအပြင်လွှင့်ပစ်ပြီး ချင်းလင်အမူးပြေမြက်တစ်ထုပ်ဖောက်လိုက်သည်။ သို့သော် ပါးစပ်ထဲမထည့်ဘဲ ကားအပြင်လွှင့်ပစ်သည်။ အိတ်ခွံသာချန်ပြီး အမူးပြေမြက်စားထားကြောင်းသက်သေအဖြစ် ခရီးသည်ထိုင်ခုံတွင်တင်ထားလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူစားထားပါတယ်လို့ပြောရင် ဘယ်သူငြင်းနိုင်မလဲ?
အားလုံးပြင်ဆင်ပြီးနောက် ကားစက်နှိုးကာ လမ်းဘေးသို့မောင်းပြီး အဆောက်အဦးတစ်ခုဆီတည့်တည့်သွားသည်။
ထိုနေရာတွင် သောက်ပြီးမောင်းသူများကိုစစ်ဆေးသောယာဉ်ထိန်းရဲရှိမှန်း သူသိသည်။
အမှန်ပင်။ ခဏအကြာ လီကျားကျွင်းကိုယာဉ်ထိန်းရဲကမြင်သွားသည်။
သူကတုံ့ဆိုင်းခြင်းမရှိဘဲ လီဗာဖိနင်းပြီး မောင်းပြေးသည်။ အလွန်မြန်ပြီး အရှိန်လုံးဝမလျှော့။
ယာဉ်ထိန်းရဲကသတိထားမိပြီး ချက်ချင်းလက်ပြကာ ရပ်ခိုင်းသည်။
သို့သော် လီကျားကျွင်းကမရပ်။ ယာဉ်ထိန်းရဲကိုဝင်တိုက်တော့မလို ရှေ့တိုးလာသည်။
ယာဉ်ထိန်းရဲက ကားကိုအမြန်ရှောင်လိုက်ရ၏။ ထို့နောက် လီကျားကျွင်းက ဘေးနားတွင်ပါကင်ထိုးထားသောရဲကားဆီတည့်တည့်မောင်းဝင်ရာ အချက်ပေးသံမြည်လာသည်။
လီကျားကျွင်းကားလည်း ရပ်သွား၏။

ပတ်ဝန်းကျင်မှယာဉ်ထိန်းရဲများက ဒေါသတကြီးဝိုင်းလာကြသည်။ ဒီနေ့ သူတို့တာဝန်ကျနေစဉ် ဒီလိုသေကြောင်းရှာတဲ့အမောင်းသမားမျိုးပေါ်လာမည်မထင်မိပေ။
သူတို့ကားတံခါးဖွင့်ကြည့်လိုက်ရာ လီကျားကျွင်းအဆင်ပြေကြောင်းတွေ့ရသဖြင့် ကားအပြင်ဆွဲခေါ်ပြီး ကားပေါ်ဖိကပ်ထားလိုက်သည်။
ထိုမြင်ကွင်းကိုပတ်ဝန်းကျင်မှလူများစိတ်ဝင်စားကုန်သည်။ အထူးသဖြင့် စစ်ဆေးခံနေရသောကားသမားများပင်။ ကားနှင့်နီးနေသောကြောင့် အားလုံးကားပေါ်မှဆင်းပြီး ဖုန်းနှင့်ဗီဒီယိုဝိုင်းရိုက်ကြသည်။
"အရက်နံ့ရတယ်... သူ့ကိုအယ်လ်ကိုဟောစစ်ကြည့်!''
ယာဉ်လမ်းကြောင်းရဲက မျက်မှောင်ကြုတ်ပြီးပြောသည်။
နောက်ယာဉ်ထိန်းရဲတစ်ဦးက ချက်ချင်းကိရိယာထုတ်ပြီး လီကျားကျွင်းကိုမှုတ်ခိုင်းသည်။
လီကျားကျွင်းက ပျာယာခတ်ဟန်ဆောင်နေသော်လည်း အလိုက်သင့်လုပ်ပေးသည်။ စမ်းသပ်ချက်အဖြေကမြန်မြန်ဆန်ဆန်ထွက်လာ၏။
"သော*က်ကောင်စုတ်!''
ယာဉ်ထိန်းရဲက ကိရိယာကိုင်ပြီး ဒေါသတကြီးပြောသည်_
"သူ့ကိုယ်ထဲဒီလောက်အယ်လ်ကိုဟောများနေတာ.. ကားမောင်းသေးတယ်''
ဒီတစ်ကြိမ်တွင် လီကျားကျွင်းက သူမှားကြောင်းဝူးဝူးဝါးဝါးပြောသည်_
"မဖြစ်နိုင်ဘူး... ကျွန်တော်အရက်သောက်ပြီး အမူးပြေမြက်စားထားတာ... အိတ်ခွံတောင် ကားထဲရှိသေးတယ်''
သူ့စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးညံသွားသည်။
အခုတလော ချင်းလင်အမူးပြေမြက်နာမည်ကြီးသောကြောင့် လူတိုင်းသိကြသည်။ လန့်သွားသောကားဆရာတချို့တောင်ရှိသည်။
သူတို့ဘာကြောင့်လန့်သလဲက သူတို့သာသိလိမ့်မည်။

ယာဉ်ထိန်းရဲအရာရှိများလည်းကြောင်နေသည်။
ဌာနမှာလည်း ချင်းလင်အမူးပြေမြက်အကြောင်းဆွေးနွေးနေကြ၏။ အဓိကဆွေးနွေးရသည့်ကိစ္စမှာ အရက်သောက်ပြီး ချင်းလင်အမူးပြေမြက်စားလာသူကို ကိရိယာနှင့်စမ်းမရခြင်းပင်။ ဖမ်းထားပြီး ဘယ်လိုလုပ်ရမှန်းမသိချေ။
သို့ရာတွင် ဌာနမှူးကလတ်တလောအဖြေမပေးသေးဘဲ အထက်ကသတင်းစောင့်ရန်ပြောသည်။
ဒီအတောအတွင်း ဒီနေ့သူတို့တာဝန်ကျစဉ် ချင်းလင်အမူးပြေမြက်သုံးထားသောကားသမားနှင့်တွေ့မည်မထင်မိပေ။ ချင်းလင်အမူးပြေမြက်ကအာနိသင်မရှိသလို ကားမောင်းသူကမူးပုံပေါက်နေသည်။
ယာဉ်ထိန်းရဲက ကားတံခါးဖွင့်ပြီး လီကျားကျွင်းကားကိုစစ်ဆေးသည်။ အမှန်ပင်။ ချင်းလင်အမူးပြေမြက်အိတ်ခွံကိုတွေ့သည်။
ဒါဆို ဒီလူကားမမောင်းခင် ချင်းလင်အမူးပြေမြက်တကယ်စားထားတယ်ပေါ့။
ဒီလိုဆိုရင် ချင်းလင်အမူးပြေမြက်မှာမမြင်နိုင်တဲ့အန္တရာယ်တွေရှိနေပြီ။ အမူးပြေမြက်စားထားရင် မောင်းခွင့်မပေးနိုင်တော့။
ဒီကိစ္စကိုချက်ချင်းတင်ပြရမည်။
သို့ရာတွင် ယာဉ်ထိန်းရဲဘာမှမလုပ်နိုင်သေးခင် ပတ်ဝန်းကျင်မှကားဆရာများက ဗီဒီယိုရိုက်ပြီးအင်တာနက်ပေါ်တင်ထားကြပြီ။
ကားဆရာများက အာရုံစိုက်ခံချင်ရုံသက်သက် ဗီဒီယိုတင်လိုက်သော်လည်း ဗီဒီယိုတင်တင်ချင်း like၊ မှတ်ချက်နှင့် နာမည်ကြီးအောင်စီစဉ်ထားသော အင်တာနက်အကွက်များရှိသည်။
ကားဆရာတွေက သူတို့ကျပန်းရိုက်သောဗီဒီယို ဘာကြောင့်ပေါက်သွားမှန်းမသိ။
တကယ်တော့ ဒီနောက်ကွယ်မှာကြိုးကိုင်သူရှိသည်။
အချိန်တိုအတွင်း ယာဉ်ထိန်းရဲဌာနမှာတုံ့ပြန်ချိန်မရလိုက်။ အင်တာနက်ပေါ်ရေပန်းစားစာရင်းထဲရောက်ကုန်သည်:
"ချင်းလင်အမူးပြေမြက်စားထားတာတောင် မော်တော်ပီကယ်မိတဲ့သူရှိတယ်''
"ချင်းလင်အမူးပြေမြက်ကအာနိသင်မရှိဘူးလို့ ယာဉ်ထိန်းရဲကအတည်ပြုထားတယ်... အဲဒါစားပြီးတာတောင် အယ်လ်ကိုဟောတွေအရမ်းတက်နေတာ!''
"ချင်းလင်အမူးပြေမြက်က အသုံးမတည့်လောက်ဘူး!''
《……》
နောက်ပြီး ထိုဗီဒီယိုများထဲတွင် လီကျားကျွင်းကိုရဲဖမ်းသောပုံများပါသည်။ ကြည့်ရတာ အထောက်အထားခိုင်လုံပြီး စိတ်ချရပုံပေါ်သည်။