← Chapters

အထူးလျှို့ဝှက်နည်း! ခွေးစာကြိုက်တဲ့သူ?

Vol. 59 Ch. 878

အထူးလျှို့ဝှက်နည်း! ခွေးစာကြိုက်တဲ့သူ?

Vol. 59 Ch. 878

ရုတ်တရက်တရားဝင်ကြေညာချက်ကို ချင်လင်တွေ့ပြီးပြုံးမိသည်။

ဒီကြေညာချက်က တရားဝင်ထုတ်ပြန်သည်နှင့်တူသည်။

အခု သူတို့ကယာဉ်ထိန်းရဲဌာနမှသတင်းကိုစောင့်ရုံသာ။ ကားမောင်းသူကိုသွေးစစ်ရင် အမှန်တရားပေါ်လာမည်။

ဒီတော့ သူလုပ်ကိုင်ပေးခဲ့တာတွေကအကျိုးရှိတာပေါ့။ မဟုတ်ရင် အထက်လူတွေက ဒီလောက်မြန်မြန်ကူညီပေးပါ့မလား?

နောက်တစ်နေ့ ယာဉ်ထိန်းရဲဌာနကလည်း ကြေညာချက်ထုတ်ပြန်သည်:

"ဒီစခန်းမှာ ဌာနကနေ ချင်းလင်အမူး​ပြေမြက်စမ်းသပ်နည်းနဲ့အချက်အလက်တွေရထားပါတယ်... ကျွန်တော်တို့ကလည်း အရက်မူးပြီးမောင်းတယ်လို့သံသယရှိသူ လီ××ကိုညတွင်းချင်းသွေးစစ်ကြည့်တဲ့အခါမှာ ချင်းလင်အမူးပြေမြက်ရဲ့အထူးဓာတ်ကိုမတွေ့ရပါဘူး... လီ××က ချင်းလင်အမူး​ပြေမြက်မစားဘဲမောင်းတယ်လို့ သတ်မှတ်ထားပါတယ်... ပြီးတော့ သူ့အကောင့်ထဲမှာ ဘယ်ကမှန်းမသိတဲ့ငွေတွေအများကြီးဝင်ထားတာတွေ့ပါတယ်''

ကြေညာချက်ထွက်ထွက်ချင်း ရေပန်းစားစာရင်းထဲအမြန်ရောက်သွားသည်။

ဒီအချိန်မှာ ဘာဖြစ်နေလဲအားလုံးနားလည်သွားပြီ။ ချင်းလင်အမူးပြေမြက်ကိုပစ်မှတ်ထားတဲ့သူရှိနေသည်။ မဟုတ်ရင် ဘယ်ကမှန်းမသိတဲ့ငွေတွေကို ဘယ်လိုရှင်းပြမလဲ?

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က မနက်အစောကြီးကြေညာချက်တွေ့ပြီး လင်းလန်ဇီနှင့်တန့်ကွမ်းကိုလှမ်းခေါ်ပြန်သည်။

တန့်ကွမ်းကကြေညာချက်တွေ့ပြီး စိတ်ကြည်လင်နေသည်_

"ဥက္ကဌချင်... ကြည့်ရတာ ဒီကားမောင်းသူကိုပိုက်ဆံပေးပြီး ပြဿနာတက်အောင်လုပ်ခိုင်းတာပဲ... ပြီးတော့ ချင်းလင်အမူးပြေမြက်ကို အင်တာနက်ရေတပ်နဲ့ဆန့်ကျင်ခိုင်းပြီး ပြည်သူ့အမြင်ဖြစ်အောင်လုပ်တာ... ဘယ်ကုမ္ပဏီလက်ချက်လဲပဲ ကျွန်တော်မသိတာ!''

လင်းလန်ဇီက_

"အရင်ကတော့ DD ကုမ္ပဏီလို့ထင်တယ်... ဒါပေမဲ့ အခုတွေးကြည့်တော့ ပြည်သူ့အမြင်အရ DD ဝန်ဆောင်မှုရှိတဲ့ဘယ်ကုမ္ပဏီမဆိုဖြစ်နိုင်တယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်_

"ဒါပေမဲ့ ဘာမှမဖြစ်သလိုထားလိုက်လို့မရဘူး... ဒီကုမ္ပဏီတွေက ဒီကားမောင်းသူကိုငှားနိုင်တယ်ဆိုမှတော့ သူတို့အားလုံးကိုအပြတ်ချရုံပဲ''

"ကျွန်တော်တို့လည်း ရေတပ်ရှာမယ်... ပြီးရင် ဒီကားမောင်းသူဖြစ်ရပ်က DD လုပ်ငန်းကုမ္ပဏီတစ်ခုလုပ်တာလို့ပြောမယ်... ဘယ်ကုမ္ပဏီလက်ချက်ဆိုတာကတော့ ပြည်သူတွေခန့်မှန်းပါစေ!''

ချင်လင်က ပြည်သူ့အမြင်ကိုမွှေရာတွင် ကျွမ်းကျင်သည်။ ဘာပဲဖြစ်ဖြစ် သူဒါမျိုးလုပ်တာ ပထမဆုံးမဟုတ်။

DD ဝန်​ဆောင်မှုနဲ့ကုမ္ပဏီတွေကို သူဦးတည်လိုက်တာနဲ့ ဒီနောက်ကွယ်ကလူ သေချာပေါက်ဒုက္ခရောက်မည်ဟု သူယုံကြည်ထားသည်။

သို့သော် သူ့စကားဆုံးဆုံးချင်း လင်းလန်ဇီက_

"သူဌေး... ကြည့်ရတာ ကျွန်မတို့ဘာမှလုပ်စရာမလိုဘူးထင်တယ်... လိုင်းပေါ်မှာ ဒီကုမ္ပဏီတွေကိုရှုတ်ချတဲ့သူတွေရှိနေပြီ''

ချင်လင်ကချက်ချင်းဖုန်းထုတ်ပြီး လိုင်းပေါ်တက်ကာအခြေအနေကြည့်သည်။ အမှန်ပင်။ DD ဝန်ဆောင်မှုနှင့်ကုမ္ပဏီများက သူတို့စီးပွားမထိခိုက်အောင် ချင်းလင်အမူးပြေမြက်ကိုချောက်ချခဲ့ကြောင်း သတင်းအများကြီးတွေ့ရသည်။

နောက်ပြီး ထိုသတင်းကလည်း ရေပန်းစားနေသည်။ ထိုအထဲတွင် သံသယဝင်စရာအကောင်းဆုံးက DD ဖြစ်ကြောင်း ဗီဒီယိုများစွာတင်ထားကြသည်။

ပြည်သူ့အမြင်ကလည်း အားကောင်းသည်။

လိုင်းပေါ်မှာချင်းလင်အမူးပြေမြက်ကိုပစ်မှတ်ထားသောဗီဒီယိုထက်တောင် ပိုနာမည်ကြီးနေသည်။

မဟုတ်သေးဘူး။

ဗီဒီယိုတချို့ကြည့်ပြီး လင်းလန်ဇီလည်းသတိထားမိသည်။ သူမကမျက်မှောင်ကြုတ်ပြီး_

"သူဌေး... မဟုတ်သေးဘူး... ဒီထဲကဗီဒီယိုတချို့မှာ ကြည့်ရှုသူအတုအယောင်တွေပါနေတယ်''

သူမက မီဒီယာဌာနတာဝန်ခံလေ။ DD ကုမ္ပဏီက ပိုက်ဆံသုံးပြီး ချင်းလင်အမူးပြေမြက်ကိုချောက်ချသည်ဟုအထင်ရှိအောင်လမ်းကြောင်းထားသောဗီဒီယိုများတွင် အင်တာနက်ရေတပ်၏ခြေရာလက်ရာများရှိနေသည်ကို သူမတွေ့သည်။

"သူဌေး... ဒီဝိုင်ကုမ္ပဏီတွေရဲ့တရားဝင်အကောင့်တွေကိုတစ်ချက်ကြည့်လိုက်ပါဦး!''

ရုတ်တရက် တန့်ကွမ်းကပြောသည်။

ချင်လင်ကချက်ချင်း မောက်ထိုက်၊ ဖန်းကျိုနှင့် ကူမောက်ဖုန်းလို ဝိုင်ကုမ္ပဏီများ၏တရားဝင်မီဒီယာအကောင့်အသစ်များကိုစစ်ဆေးကြည့်သည်။ ထိုတရားဝင်အကောင့်အားလုံးက ယာဉ်ထိန်းရဲဌာနမှကြေညာချက်ကိုပြန်တင်ထားကြသည်။

သူတို့ပြန်တင်ခြင်းကြောင့်လည်း ပိုပြီးနာမည်ကြီးလာသည်။

နောက်ပြီး ဒါကလည်း အဓိပ္ပါယ်တစ်ခုခုကိုဖော်ပြနေသလိုပင်။

ချင်လင်ရယ်လိုက်သည်။

သူလည်းသဘောပေါက်သည်။

DD ဝန်ဆောင်မှုနှင့်ကုမ္ပဏီများ၏စတော့စျေးက ချင်းလင်အမူးပြေမြက်ကြောင့်ကျဆင်းလာသော်လည်း တချို့ကုမ္ပဏီများ၏စတော့စျေးက ချင်းလင်အမူးပြေမြက်ကြောင့်ထိုးတက်သွားသည်။

ဒီတော့ အကျိုးအမြတ်ရှိသူတွေက သာမန်ကာလျှံကာလောက်လုပ်ဖို့တော့ ဝန်မလေးဘူးပေါ့။

DD ကုမ္ပဏီတစ်ခု၌_

အင်တာနက်ပေါ်မှသတင်းဖတ်ပြီး ချန်မုရန်လက်မှိုင်ချနေသည်။

အင်တာနက်ပေါ်မှာ ပြည်သူ့အမြင်ကသူတို့ကုမ္ပဏီကိုဦးတည်နေပြီ။ အချိန်တိုအတွင်း သူတို့ကုမ္ပဏီစတော့စျေးကထိုးကျသွား၏။

သို့ရာတွင် ပြည်သူ့အမြင်ကဒီအခြေအနေအထိရောက်လာသောကြောင့် သူတို့ဘာမှမတတ်နိုင်တော့။

ချင်းလင်အမူးပြေမြက်လိုအံ့ဩစရာကောင်းတဲ့ပစ္စည်းမျိုးဘာကြောင့်ရှိနေမှန်း သူနားမလည်နိုင်။

ချန်မုရန်တွေးတောနေစဉ် ရုတ်တရက်ဖုန်းမြည်လာသည်။

သူကဖုန်းကိုင်ပြီး နားထောင်ရင်း သူ့မျက်နှာထားပြောင်းလာသည်။

ကားမောင်းသူအန္တရာယ်ကရှိနေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးနေကြသည်။

(ဇာတ်ကွက်ကို ဒီနေရာမှာဖျက်ထားသည်! တက္ကစီကုမ္ပဏီတစ်ခုကိုအဆိုးမြင်အောင်ရေးမရသောကြောင့် ဒီနေ့အခန်းကိုကန့်လန့်ကာချလိုက်သည်။ ဒီဇာတ်ကွက်ကို ကတိုက်ကရိုက်အဆုံးသတ်ရမည်!)

နောက်ဆုံးတွင် ချင်းလင်အမူးပြေမြက်ရေပန်းစားမှုကျဆင်းလာသည်။ အသံတချို့၏ထိန်းချုပ်မှုအောက်တွင် လူမှုရေးကိစ္စတစ်ခုကိုအာရုံစိုက်သွားကြပြီး DD ကုမ္ပဏီအပေါ်အာရုံမရှိကြတော့။

ထိုလူမှုရေးသတင်းမှာ သူများအကြံကိုလက်မခံသောလူကြီးတစ်ယောက်အကြောင်းဖြစ်သည်။ အိမ်နီးချင်းနှင့်အုတ်တံတိုင်းအစပ်အောက်မှပိုက်ကိုရောင်းစားရန်တူးယူသည်။ နောက်ပိုင်း အုတ်တံတိုင်းပြိုကျပြီး ထိုလူကြီးပိသေသွားသည်။

ဤသည်က ကိုယ့်သေတွင်းကိုယ်တူးသော၊ သိက္ခာမရှိသောအပြုအမူပင်။

သို့ရာတွင် 'လူမှုရေးအလုပ်ဖြစ်သောအခါ ဂုဏ်သိက္ခာကျဆင်းသွားသည်'ဟူသော ဆိုရိုးရှိသည်။

ထိုလူကြီးသေဆုံးပြီးနောက် လူကြီး၏မိသားစုက အိမ်နီးချင်းကိုတရားစွဲသည်။ သူတို့အုတ်တံတိုင်းပြိုကျ၍ လူကြီးသေရသည်ဆိုကာ ယွမ် ၆၅၀၀၀၀ အလျော်တောင်းသည်။

'သူခိုးက လူပြန်ဟစ်' ဆိုသည့်အတိုင်း အတိအကျပင်။

ဒီသတင်းက အာရုံစိုက်လည်းစိုက်ချင်စရာ။ မခံမရပ်နိုင်သောမှတ်ချက်များ ပလူပျံအောင်ရေးထားကြသည်။

"မှန်မှန်ပြော... နောက်ကျရင် ကားပါကင်မှာထိုးထားတဲ့ကားတွေကိုထိဖို့ပဲလိုတော့တယ်မလား? ငါ့ကားဆိုပြီးတော့လေ!''

All Chapters