အထူးလျှို့ဝှက်နည်း! ခွေးစာကြိုက်တဲ့သူ? ၂
Vol. 59 Ch. 879
"ဘဏ်ကပိုက်ဆံခိုးလို့သေတာ... ဘဏ်ကအလျော်ပေးရမှာလား?''
"အိမ်မှာလာခိုးရင်း မတော်တဆသေတာကို... ကိုယ့်စည်းစိမ်တွေအကုန် ပုံပေးရမယ့်ပုံပဲ!''
"တကယ် အကုသိုလ်တိုးတာပဲ''
“……”
ဒီကိစ္စအပေါ် ပြည်သူအားလုံးလိုလိုက ဒီလိုသဘောထားကြသည်။ အလျော်ပေးစရာလိုသည်ဟု ဘယ်သူမှမထင်။ အလျော်ပေးလိုက်ရင် နောက်နောင်အလားတူကိစ္စတွေ သေချာပေါက်ဖြစ်လာလိမ့်မည်။
အရင်က ချောက်ချသည့်ဖြစ်ရပ်အတိုင်းပင်။
ဖြစ်ချင်တော့ တရားဝင်ဖျန်ဖြေပေးသူက ကိစ္စပြီးအောင်ဖြတ်ချင်ပုံရသည်။ အိမ်နီးချင်းကိုလျော်ပေးစေလိုကြောင်းပါ ဖော်ပြထား၏။
ဘူးသီးကိုယ်တော်?
………
အချိန်ကုန်လွန်သွားသည်။
ရာသီဥတုကလည်း ပိုပူလာသည်။
ပေကျင်း_
လင်းတရှင်းက မနက်အစောကြီးနိုးလာပြီး အညောင်းဆန့်လိုက်သည်။ မျက်နှာသစ်သန့်စင်ပြီးနောက် ခါတိုင်းလိုပင် ဧည့်ခန်းထဲမှလေအရည်အသွေးတိုင်းစက်ကိုကြည့်လိုက်သည်။
ကိရိယာပေါ်မှတန်ဖိုးက: ၈၅။
အရင်က မြို့ထဲမှာရှိတောင့်ရှိခဲ လေအရည်အသွေးပင်။
"ဒီနေ့ နှာခေါင်းစည်းတပ်စရာမလိုတော့ဘူး!''
လင်းတရှင်းက နံပါတ်ကိုကြည့်ပြီးစိတ်ချမ်းသာသွားသည်။ ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာစားပြီး အပြင်ထွက်လာခဲ့သည်။
လမ်းပေါ်ရောက်သောအခါ လှလှပပပန်းခရမ်းရောင်သန့်စင်မြက်များကိုအစုလိုက်အစုလိုက်တွေ့ရသည်။
သူနေထိုင်သောပတ်ဝန်းကျင်တွင် သန့်စင်မြက်စိုက်ထားသောကြောင့် လေအရည်အသွေးကပိုကောင်းလာသည်။
မဟုတ်ရင် လေအရည်အသွေးက နေ့တိုင်းဒီလောက်ကောင်းမည်မဟုတ်။
အရင်က 'ပေကျင်းလေအရည်အသွေးကိုတိုးတက်အောင်လုပ်ထားပြီ'ဟု အစိုးရကနှစ်တိုင်းသတင်းဖြန့်ထားသည်။ သို့ရာတွင် ပေကျင်းလေအရည်အသွေးက သိပ်ပြောင်းလဲမှုမရှိခဲ့။ တစ်ခါတလေ မြူနှင်းများတောင်အုံ့ဆိုင်းနေသည်။
အခု သန့်စင်မြက်စိုက်ထားပြီဖြစ်၍ လေအရည်အသွေးက သိသိသာသာပိုကောင်းလာသည်။
ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းကအကောင်းဆုံးပင်။
ချင်းလင်ဓာတ်ခွဲခန်းနဲ့သန့်စင်မြက်ရှိရင် ကြောက်စရာကောင်းတဲ့လေအရည်အသွေးကို ဒီလောက်နှစ်တွေအများကြီး သည်းခံခဲ့ရမှာမဟုတ်။
ချင်းလင်ဓာတ်ခွဲခန်း_

သန့်စင်မြက်စိုက်ခင်းထဲတွင် ချင်လင်နှင့်ရှန်လီရှိနေသည်။
ကုမ္ပဏီကိစ္စများကို သူဝင်ပါလေ့မရှိသော်လည်း အရင်တစ်ခါ ချင်းလင်ဓာတ်ခွဲခန်းက ပေကျင်းကိုသန့်စင်မြက်နှင့်ပုံပြောင်းမည့်ပရောဂျက်တစ်ခုကိုလက်မှတ်ထိုးထားသည်။ အခု ပေကျင်းအသွင်ပြောင်းရေးက တိုးတက်နေပြီ။
နောက်ပြီး ချင်းလင်အမူးပြေမြက်ကိစ္စမှာ အထက်လူများက သူ့ကိုဝင်ကူညီပေးထားသည်။ 'မြို့တော်အသွင်ပြောင်းရေး'မှာ သန့်စင်မြက်ကြောင့် အမှားအယွင်းမရှိစေလို။ ဒီတော့ သူဂရုစိုက်ရမည်။
သန့်စင်မြက်စိုက်ခင်းထဲတွင် ဝန်ထမ်းများက သန့်စင်မြက်ကိုအထူးအရည်နှင့်ပက်ဖြန်းနေကြသည်။
ဒါမှ သန့်စင်မြက်ကိုရောင်းချလိုက်တဲ့အခါ အပင်မပွားနိုင်တော့။
"ဥက္ကဌချင်... လက်ရှိ ပေကျင်းအသွင်ပြောင်းရေးက တတိယအပိုင်းမှာပါ... ဒီသန့်စင်မြက်တစ်သုတ်ရရင် ပေကျင်းရဲ့စတုတ္ထအပိုင်းကို အသွင်ပြောင်းနိုင်မှာပါ''
ချင်လင်က ပေကျင်းတွင်သန့်စင်မြက်တိုးတက်မှုအခြေအနေကိုလေ့လာပြီး အားလုံးအဆင်ပြေနေမှန်းသိမှ ပြန်လာခဲ့သည်။
အမှန်အတိုင်းဆိုရရင် ပေကျင်းမှာ သန့်စင်မြက်နှင့်အသွင်ပြောင်းရေးက အဆင်ချောနေသည်။ ဒီပရောဂျက်ကိုပြဿနာတက်အောင်၊ သူတို့အတွက်ခက်ခဲအောင် ဘယ်သူမှမလုပ်ရဲ။
ပထမအချက်: အထက်လူများ အလေးထားသောပရောဂျက်ဖြစ်သောကြောင့်ပင်။
ဒုတိယအချက်: ပေကျင်းကလူတိုင်း ဒီကိစ္စကိုအမြန်ဆုံးအကောင်အထည်ဖော်ချင်ကြသည်။ လူတိုင်းက စောင့်ကြည့်နေသည်။
ဒီလိုအခြေအနေမျိုးမှာ လာရှုပ်ရဲသူမှန်သမျှ သေကြောင်းရှာသလိုပင်။
ချင်လင်က ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်းထဲပြန်လာသည်။ ရုံးခန်းထဲပြန်ရောက်ရောက်ချင်း သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး သူ့ဂိမ်းဇာတ်ကောင်ကို ဒီနေ့နေ့စဉ်တာဝန်များစစေသည်။
ဖြစ်ချင်တော့ သူဒီနေ့ကံသိပ်မကောင်း။ နေ့စဉ်အလုပ်များလုပ်ပြီး ဘာမှမရချေ။ မြစ်နှင့်ပင်လယ်မှရသောငါးအားလုံး သာမန်ငါးများဖြစ်သည်။

နတ်ဘုရားမတောင်ပေါ်တွင် ဝက်သစ်ချပင်အသစ်ထွက်သော်လည်း သူ့အဖို့ ဝိုင်သိုလှောင်ခန်းထဲတွင် ဝက်သစ်ချစည်ပိုင်းများအလုံအလောက်ရှိသောကြောင့် သိပ်အသုံးမဝင်။
နေ့စဉ်အလုပ်များပြီးလျှင် တခြားဘာမှလုပ်စရာမရှိသောကြောင့် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်တဝိုက်လျှောက်သွားစေပြီး ဇာတ်ကွက်တာဝန်ရှိမရှိကြည့်လိုက်သည်။
အရှေ့ဘက်တွင်မှောင်ပြီး အနောက်ဘက်၌လင်းနေသောလမ်းတစ်လမ်းရှိသည်။ သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်ပန်းခြံထဲဝင်ခိုင်းရာ ရင်းနှီးနေသောမြင်ကွင်းတစ်ခုကိုမြင်ရသည်။ ပန်းခြံကြော်ငြာဘုတ်ရှေ့တွင် NPC တစ်ဖွဲ့ဝိုင်းအုံနေသည်။
သူ့ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးခိုင်းရာ NPC များက စကားပြောလာသည်!
(ရောက်လာပြီလား... ပန်းကန်ပြားဖမ်းပြိုင်ပွဲပြန်စတော့မယ်... မင်းကအရင်ပြိုင်ပွဲချန်ပီယံပဲ... မင်းကြိုးစားရမယ်!)
(ဒီနှစ် မင်းရဲ့ခွေးကိုကြည့်ချင်နေတာ!)
(ငါ့ခွေးက အရမ်းတော်တာ... ဒီနှစ် မင်းရဲ့ခွေးကိုနိုင်မှာသေချာတယ်!)
ပန်းကန်ပြားဖမ်းပြိုင်ပွဲအစပင်။
ဂိမ်းဇာတ်ကောင်ရောက်လာသောပန်းခြံကြော်ငြာဘုတ်တွင် သက်ဆိုင်ရာအကြောင်းအရာများရေးထားသည်:
(ပန်းကန်ပြားဖမ်းပြိုင်ပွဲစတော့မည်။ ပါဝင်လိုပါက သောမတ်ထံတွင်စာရင်းပေးနိုင်သည်။ ပန်းကန်ပြားဖမ်းပြိုင်ပွဲတွင်အနိုင်ရသောခွေးပိုင်ရှင်က ထူးခြားသောလက်ဆောင်ရမည်!)
ချင်လင်ကတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ဂိမ်းဇာတ်ကောင်ကိုသောမတ်ဆီသွားစေသည်။
အရင်တစ်ခါပန်းကန်ပြားဖမ်းပြိုင်ပွဲတွင် ဝမ်ချိုင်အနိုင်ရပြီးနောက် အကစွမ်းရည်ရခဲ့သည်။ သူကျွမ်းသောသီချင်းဆယ်ပုဒ်နှင့်အသံကိုအတိုင်းအတာတစ်ခုအထိမြှင့်ထားလျှင် ခွေးကစည်းချက်ဝါးချက်နှင့်ထူးထူးခြားခြားကနိုင်သည်။
ဒီစွမ်းရည်ကြောင့် ကောင်လေးက ပရိသတ်သန်း ၂၀ ကျော်ရပြီး 'လျိုကန်းဟုန်၏ခွေး'ဟုတောင် အခေါ်ခံရသည်။ ခွေးလောကတွင် အင်တာနက်ဆယ်လီဖြစ်ဖို့မဝေးတော့။
ထို့ကြောင့် ဒီပန်းကန်ပြားဖမ်းပြိုင်ပွဲကို သူစောင့်စားနေခဲ့သည်။
ဂိမ်းဇာတ်ကောင်က သောမတ်ရှေ့ရောက်သွား၏။ သူကတစ်ချက်နှိပ်လိုက်ရာ သောမတ်စကားပြောပေါ်လာသည်:
(ဒီနှစ် ပန်းကန်ပြားဖမ်းပြိုင်ပွဲမှာဝင်ပြိုင်ဖို့ရောက်လာတာလား... ကောင်းတယ်... မင်းရဲ့ခွေးကိုအမြန်ခေါ်လာခဲ့... ဒါပေမဲ့ ချန်ပီယံဖြစ်အောင်ကြိုးစားနော်... တခြားခွေးတွေ ချန်ပီယံဆုကိုမလုစေနဲ့!)
ချင်လင်က စာရင်းသွင်းပြီးနောက် သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးမွေးမြူရေးခြံပြန်စေသည်။ ထို့နောက် ရုံးခန်းမှထွက်ပြီး ချင်းလင်စံအိမ်ဘက်သွားလိုက်သည်။