← Chapters

ယောက်ဖနှင့်ခွေးစာလု! ၂

Vol. 59 Ch. 882

ယောက်ဖနှင့်ခွေးစာလု! ၂

Vol. 59 Ch. 882

"ဟုတ်ပြီ!''

ကျောက်မိုယွင်ကပြန်ဖြေပြီး ဖုန်းချသွားသည်။

ခဏအကြာ_

တံခါးဘဲလ်မြည်လာ၍ ချင်လင်ကတံခါးဖွင့်ခလုတ်ကိုနှိပ်လိုက်သည်။ ကျောက်မိုယွင်လည်းအပေါ်ထပ်တက်ပြီး အလုပ်ရုံထဲမှသူ့ရှေ့ရောက်လာ၏။

"ချင်လင်... ဒါမင်းကိုဖိတ်တာ... လာဖို့မမေ့နဲ့နော်!''

ကျောက်မိုယွင်က ချက်ချင်းဖိတ်စာပေးသည်။

"ဒါက?''

ချင်လင်ကဇဝေဇဝါနှင့်မေးသည်။

ကျောက်မိုယွင်ကပြုံးပြီးရှင်းပြသည်_

"မင်းဆီက ရုံချန်းသတင်းကို ငါရခဲ့တယ်မလား? အဲဒါ ငါသူငယ်ချင်းတွေနဲ့ပိုက်ဆံရှာပြီး စွန့်စားလိုက်တာ ဝင်ငွေရလာတယ်''

"အခု နောက်ပရောဂျက်တစ်ခုအတွက် စာချုပ်ချုပ်ထားပြီ... အရင်ယာယီကုမ္ပဏီကို တရားဝင်ဘယ်လိုလုပ်မလဲ... အခမ်းအနားဘယ်လိုကျင်းပမလဲ ဆွေးနွေးနေကြတာ''

"ကောင်းပြီလေ... အချိန်ကျရင် ကျွန်တော်လာခဲ့မယ်!''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

သူ့ယောက်ဖကိုမျက်နှာသာပေးရမည်။

နောက်ပြီး သူ့ယောက်ဖကသတင်းကြိုရသောကြောင့် သူတို့သူငယ်ချင်းတွေစီးပွားဖြစ်တာ နည်းနည်းနောနောမဟုတ်။

အဓိကမှာ သူ့ယောက်ဖတို့က လုပ်ချင်ကိုင်ချင်စိတ်ရှိသောကြောင့်ပင်။ လေကြီးလေကျယ်လျှောက်ပြောသောလူများနှင့်လုံးဝမတူ။

ထိုအချိန်_

မီးဖိုမှအသံထွက်လာသည်။

ခွေးစာကျက်ပြီ။ ဝမ်ချိုင်ကနားလည်ပုံရပြီး တိုက်တွန်းပြန်သည်။

ချင်လင်က ပါးစပ်အဟောင်းသားနှင့်ခွေးကိုကြည့်လိုက်သည်။ ပြီးမှ ပန်းကန်ယူကာ မီးဖိုဖွင့်ပြီး မီးဖိုထဲမှခွေးစာကိုညှပ်နှင့်ပန်းကန်ထဲထည့်လိုက်သည်။

ခွေးစာများလွန်း၍ပန်းကန်နှင့်မဆံ့သောကြောင့် သူ့လက်ထဲမှပန်းကန်ကိုစားပွဲပေါ်ချပြီး နောက်တစ်ပန်းကန်ယူလိုက်သည်။

"ချင်လင်... ကွတ်ကီးဖုတ်နေတာလား?''

ကျောက်မိုယွင်ကပြောပြောဆိုဆို ခွေးစာကိုလှမ်းယူပြီး ပါးစပ်ထဲထည့်လိုက်သည်။

ပလုတ်ပလောင်းနှင့်တကြွပ်ကြွပ်ဝါးပြီး အရသာနှင့်အထိအတွေ့ကိုသူခံစားမိသည်။ သူကအံ့ဩပြီး_

"ချင်လင်... မင်းလက်ရာက ပိုပိုကောင်းလာတာပဲ... ဘီစကစ်တွေကကောင်းလိုက်တာ''

ကျောက်မိုယွင်ကစားရင်းသောက်ရင်း နောက်တစ်ခုကိုဆက်ဆက်လှမ်းကာ ပါးစပ်ထဲထည့်ပြီးတကြွပ်ကြွပ်ဝါးနေသည်။

အထူးသဖြင့် အရသာရှိပြီး အထပ်ထပ်စားချင်သည်။ ဒီလောက်အရသာရှိတဲ့ဘီစကစ်မျိုး အရင်ကမစားခဲ့ဖူး။ သူကဝါးရင်း နောက်နှစ်ခုကိုင်ကာ ပါးစပ်ထဲပစ်ထည့်လိုက်သည်။

"ဝု ဝု ဝု!''

ဝမ်ချိုင်ကသူ့ကိုကြည့်ပြီး ဂနာမငြိမ်တော့။ သူ့ခေါင်းကိုမော့မော့ပြီး ကျောက်မိုယွင်ကိုလှမ်းအူသည်။

ကျောက်မိုယွင်က ဝမ်ချိုင်ကိုဇဝေဇဝါနှင့်ကြည့်ပြီး_

"ချင်လင်... မင်းခွေးကဘာဖြစ်နေတာလဲ? ဘီစကစ်စားချင်လို့လား? ခွေးက ဘီစကစ်မစားဘူးမလား?''

သူကပြောရင်း ခွေးစာနှစ်ခုထပ်ကောက်ပြီး ဘာမှမဖြစ်သလို ပါးစပ်ထဲထိုးထည့်လိုက်ပြန်သည်။

သူ့ကြောင့် ခွေးကပိုပြီးဂနာမငြိမ်ဖြစ်လာ၏။

"ဝု ဝု ဝု!"

ဝမ်ချိုင်က ကျောက်မိုယွင်ကိုအူပြီး ခုန်အုပ်တော့မလို သွားတောင်ဖြဲပြသည်။

"ချင်လင်... မင်းခွေးက အခြေအနေကောင်းရဲ့လား?''

ကျောက်မိုယွင်က ဝမ်ချိုင်ရန်လိုနေပုံကိုကြည့်ပြီး ပုံမှန်မဟုတ်ကြောင်းသိ၍ ချင်လင်နားအမြန်ကပ်သွားလိုက်သည်။

"သူ့ခွေးစာတွေ ဘယ်သူကစားခိုင်းလို့လဲ!''

ချင်လင်က ခွေးစာအကျန်ကိုနောက်တစ်ပန်းကန်နှင့်ထည့်ပြီး ဝမ်ချိုင်ခြေထောက်နားချပေးလိုက်သည်။

"???"

သူ့ကြောင့် ကျောက်မိုယွင်ကြောင်သွားသည်။

ခွေးစာ?

ဒီတော့ ခွေးစာကိုသူလုစားခဲ့တာလား?

ဒါပေမဲ့ ခွေးစာကဘာလို့ဒီလောက်အရသာရှိနေတာလဲ?

ဝမ်ချိုင်က သူ့​​ခြေထောက်နားမှခွေးစာပန်းကန်ကိုကိုက်လိုက်သော်လည်း မျက်လုံးများက ကျောက်မိုယွင်နှင့်စားပွဲပေါ်မှခွေးစာပန်းကန်ကိုပမာမခန့်လှန်ကြည့်လိုက်သည်။

အံ့ရော!

ဝမ်ချိုင်အကြည့်ကို ကျောက်မိုယွင်သဘောပေါက်သည်။

ရယ်စရာကောင်းလိုက်တာ။ ခွေးက သူ့ကိုမသတီတာလား?

ဘာလဲဟ?

ဒါပေမဲ့ ခွေးစာကိုသူမကြည့်ဘဲမနေနိုင်။

ခွေးစာက တကယ်စားလို့ကောင်း။

ဒီလောက်အရသာရှိတာမျိုး သိပ်မစားဖူးလောက်ကြဘူးမလား?

နောက်ဆုံး သူကလက်မြန်မြန်နှင့် ခွေးစာသုံးလေးခုထပ်နှိုက်လိုက်သည်။

"ဝု ဝု ဝု!''

သူကဆက်နှိုက်သောကြောင့် ဝမ်ချိုင်ကခုန်အုပ်တော့မလိုဟောင်ပြီး အသံပေးသည်။

ကျောက်မိုယွင်ကလန့်ဖျပ်ပြီး အပြင်ပြေးထွက်ကာ_

"ချင်လင်... လာဖို့မမေ့နဲ့နော်... ငါသွားပြီ''

သူကပြောပြီး ပါးစပ်ထဲခွေးစာထိုးသိပ်လိုက်သေးသည်။

ချင်လင်ကမတတ်သာပုံနှင့် ခေါင်းခါလိုက်၏။

ခွေးစာကြိုက်တဲ့သူ၊ ခွေးနဲ့လုစားတဲ့သူ တကယ်ရှိတာပဲ။

ဒါကလည်း ခွေးစာဘယ်လောက်အရသာရှိကြောင်းပြနေခြင်းပင်။

"ကွိ!''

ရှောင်ရွှယ်ကလည်း အသံပေးသည်။ သူလည်းပန်းကန်နားကပ်လာပြီး ခွေးစာတစ်ချပ်ကိုကိုက်လိုက်သည်။ သူ့မျက်လုံးများမှေးသွားပြီး သဘောကျနေ၏။

ဝမ်ချိုင်က သူ့သူငယ်ချင်းမြေခွေးကိုကပ်တွက်မနေဘဲ သူ့ခြေထောက်နားမှပန်းကန်ကိုတွန်းပေးကာ ချင်လင်ကိုဟောင်ပြန်သည်။ တစ်ချိန်တည်းမှာ သူ့လက်တစ်ဖက်က စားပွဲပေါ်ရောက်လာ၏။

အဲဒီပန်းကန် သူ့ကိုပေးပါပေါ့!

ချင်လင်ကပြုံးပြီး စားပွဲပေါ်မှခွေးစာကိုယူကာ ဝမ်ချိုင်ဆီပေးလိုက်သည်။ သူကခွေးစာတစ်ခုယူထားပြီး ဂိမ်းထဲဝင်ကာ ခွေးစာမှတ်ချက်ကိုဖတ်လိုက်သည်:

((အမည်ပေးနိုင်သည်) ခွေးစာ: အရည်အသွေး ၂)

(အထူးနည်းနှင့်လုပ်ထားသည်။ အသုံးပြုပြီးနောက် လျှို့ဝှက်နည်းအသေးစိတ်ရနိုင်သည်။ ခွေးစာတွင် အထူးအာနိသင်ရှိသည်:

စားကောင်းခြင်း +၂၊ အရသာ +၂၊ အာဟာရ +၂၊ ခွေးအကြိုက် +၂၊ ပိုင်ရှင်အကြိုက် +၂!)

မှတ်ချက်ဖတ်လိုက်ရာ ခွေးစာလုပ်နည်းကအောင်မြင်သည့်သဘောပင်။

ချင်လင်ကလက်ထဲမှခွေးစာကိုကြည့်ရင်း ဘာရယ်မဟုတ် ခွေးစာကိုဝမ်းသာအားရစားသော သူ့ယောက်ဖကျောက်မိုယွင်ကိုတွေးမိသည်။

အဲလောက် မကောင်းနိုင်ပါဘူး?

ထိုအတွေးဝင်သည်နှင့် ထူးထူးဆန်းဆန်း သူ့ကိုယ်သူမထိန်းနိုင်တော့သလိုလို။

သူ့စိတ်သူထိန်းသော်လည်း တစ်ခါတလေ စမ်းကြည့်ချင်စိတ်က အလွန်အားကောင်းသည်။

နောက်ဆုံး မနေနိုင်တော့ဘဲ ခွေးစာကိုပါးစပ်ထဲထည့်ဝါးပစ်လိုက်သည်။

"ဟမ်... အရသာက တကယ်ကောင်းတာပဲ''

စားကောင်းခြင်း +၂၊ အရသာ +၂။ ရှင်းသွားပြီ။

သူ့လက်ထဲကျန်သောခွေးစာတခြမ်းကိုကြည့်ပြီး သူစိတ်ထိန်းထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက ကျောက်မိုယွင်မဟုတ်။ ဒီလို စားကောင်းခြင်း +၂၊ အရသာ +၂ ရှိတာတွေ ခဏခဏစားဖူးသည်။

ပြီးတော့ ခွေးစာစားတဲ့စိတ်ခံစားချက်က ထူးထူးဆန်းဆန်းကြီး။

ချင်လင်လည်း ခွေးစာအခြေအနေကိုလေ့လာပြီး ဂိမ်းထဲမှပြန်ထွက်လာသည်။

အပြင်ဘက်၌_

ဝမ်ချိုင်နှင့်ရှောင်ရွှယ်က ခွေးစာစားနေသည်။ ကြမ်းပြင်ပေါ်တွင် ခွေးစာများမွစာကြဲနေ၏။

ရှောင်ရွှယ်အားရပါးရစားနေပုံကိုကြည့်ပြီး ဒီခွေးစာကအတော်အသုံးဝင်မည်ဟုတွေးမိသည်။ ခွေးစားရုံသာမက လူနှင့်တခြားတိရစ္ဆာန်များပါစားနိုင်သည်။

စားကောင်းခြင်း +၂၊ အရသာ +၂၊ အာဟာရ +၂ ဆို ရပြီမလား?

ဒီတော့ ခွေးစာလို့မခေါ်သင့်။ အိမ်မွေးတိရစ္ဆာန်အားလုံးအတွက်အသုံးတည့်အောင် အိမ်မွေးတိရစ္ဆာန်အစာဟုကြော်ငြာပစ်နိုင်သည်။

ကြောင်၊ မြေခွေး၊ ကတိုး၊ သားပေါက်ကဲ့သို့ တိရစ္ဆာန်တချို့သာ အစားအစာလိုအပ်ချက်မြင့်မားသည်။

သူစမ်းသပ်ကြည့်ရမည်။

"ဝု ဝု!"

ဝမ်ချိုင်ကအသံထပ်ပေးပြန်သည်။ သူ့ခွေးစာပန်းကန်ကိုအပြောင်လျက်ပြီး လျှာထုတ်၍သူ့ကိုမျှော်ကြည့်နေသည်။

ချင်လင်က ပါဝင်ပစ္စည်းများထပ်ပြင်ဆင်ရသည်။ သူကအချိန်ယူ၍ ဝမ်ချိုင်အတွက်ခွေးစာနှစ်ပန်းကန်လုပ်ပေးလိုက်သည်။ တစ်ခါတည်း ခွေးစာနည်းနည်းယူပြီး ချင်းလင်ဓာတ်ခွဲခန်းဘက်ထွက်လာသည်။

လီခိုင်က တစ်ချိန်လုံးအခန်းအောင်းပြီး သုတေသနလုပ်နေသည်။ အပူချိန်နိမ့်မျိုးစိတ်သုတေသနကအောင်မြင်သော်လည်း ပုံစံယူရန်၊လက်တွေ့အသုံးချရန် နည်းပညာအတွက်အချိန်ယူရသည်။

အခု လီခိုင်က ဒီကိစ္စကိုကိုင်တွယ်နေသည်။

"ဥက္ကဌချင် ရောက်လာတာ ဘာများညွှန်ကြားစရာရှိလို့လဲ?''

ချင်လင်ဓာတ်ခွဲခန်းရောက်သောအခါ သုတေသနသမားတစ်ဦးကနှုတ်ဆက်သည်။

ချင်လင်ကခွေးစာတန်းပေးပြီး_

"ဒီအစာရဲ့အာဟာရတန်ဖိုးကိုကြည့်ပေးပါဦး... ပြီးတော့ စျေးကွက်ထဲကအိမ်မွေးတိရစ္ဆာန်တွေအတွက်ပြဿနာရှိမရှိရော?''

သုတေသနသမားက ခွေးစာကိုမယုံသင်္ကာကြည့်လိုက်သော်လည်း သူဌေးခိုင်းသောကြောင့် သိပ်မမေးတော့။ သူကချက်ချင်းခေါင်းညိမ့်ပြီး_

"ဥက္ကဌချင်... စျေးကွက်ထဲကအိမ်မွေးတိရစ္ဆာန်အကုန်လုံးအတွက်ဓာတ်ခွဲချင်တာဆိုရင် မနက်ဖြန်မှအဖြေရပါမယ်!''

"ဟုတ်ပြီလေ... အဖြေကို အီးမေးလ်နဲ့ပို့လိုက်ပါ''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

…

နောက်တစ်နေ့_

ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းမှအဖြေရသည်။ သူကချက်ချင်းဖွင့်ပြီး အီးမေးလ်အကြောင်းအရာကိုဖတ်လိုက်သည်။ ခွေးစာကိုစမ်းသပ်ထားသည့်အကြောင်းပင်။

သုတေသနသမားက အတော်လေးအသေးစိတ်ကျသည်။ စမ်းသပ်ချက်တွင် စျေးကွက်ထဲမှတိရစ္ဆာန်အားလုံးနီးပါးအတွက် အစားအစာလိုအပ်ချက်အပြင် အိမ်မွေးတိရစ္ဆာန်အသီးသီး၏အစားအစာမှတ်တမ်းကိုဆန်းစစ်ပြထားသည်။

အာဟာရ +၂ အာနိသင်ကြောင့် သူ့ခွေးစာမှာ အိမ်မွေးတိရစ္ဆာန်အစားအစာအားလုံးထက်ပိုပြီး အာဟာရပြည့်ဝသည်။

အဓိကအချက်မှာ အစားအစာကန့်သတ်ချက်များသောအိမ်မွေးတိရစ္ဆာန်များတောင်စားနိုင်သည်ဟုစမ်းသပ်တွေ့ရသည်။

ထို့အပြင် လူလည်းစားနိုင်သောကြောင့် ခွေးစာစျေးကွက်ကကျယ်ပြန့်သည်။

ဒီထုတ်ကုန်နှင့်တင် ချင်းလင်အစားအသောက်ကုမ္ပဏီက ကုမ္ပဏီခွဲထပ်ဖွင့်နိုင်သည်။

တစ်ဖက်တွင် ကုမ္ပဏီခွဲမှာတာဝန်ခံလိုနေသောကြောင့် သူကချက်ချင်း သင့်တော်မည့်သူတစ်ဦးကိုတွေးမိသည်။

အားလုံးစဉ်းစားပြီးနောက် တန့်ကွမ်းကိုဖုန်းဆက်လိုက်သည်။

All Chapters