← Chapters

ချင်းလင်ခွေးစာ!

Vol. 59 Ch. 883

ချင်းလင်ခွေးစာ!

Vol. 59 Ch. 883

နေ့သစ်ရောက်လာပြီး နေရောင်တောက်ပလာသကဲ့သို့ ရုံချန်းတစ်မြို့လုံးအသက်ဝင်လာပြန်သည်။

ရုံချန်းလာသောခရီးသည်များမှာ အစောထလေ့ရှိကြသည်။ အများစုက ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကိုအပြေးသွားကြသည်။ အရင်ဆုံး ချင်းလင်အရောင်းစင်တာတွင် နည်းနည်းဝယ်ကြသည်။ နောက်ပြီး ပြင်ပခရီးသည်များအတွက်ချန်ထားသောအခန်းများ၊ရွက်ဖျင်တဲများရှိသည်။

ထို့ကြောင့် ​စောစောသွားလျှင် ရွက်ဖျင်တဲနှင့်သတို့သမီးခန်းရနိုင်သည်။ ဒီလာပြီးမှ ချင်းလင်တောင်တန်းစံအိမ်သတို့သမီးခန်း ဒါမှမဟုတ် ချင်းလင်မွေးမြူရေးခြံရွက်ဖျင်တဲမှာမနေလိုက်ရရင် နောင်တရလိမ့်မည်။

နောက်ပြီး တချို့ကလောလောနှင့်သွားရသောကြောင့် အပြင်ထွက်လည်သောအခါ မနက်စာစောစောစားရသည်။ ထို့နောက် စီစဉ်ထားသောအချိန်ထက်နောက်မကျအောင် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကိုသွားကြသည်။

မဟုတ်ရင် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံအနှံ့လည်ဖို့ လုံးဝအချိန်ရမည်မဟုတ်။

ထို့ကြောင့် ရုံချန်းမနက်စာဆိုင်များ၊ပျံကျစျေးသည်များ ရောင်းကောင်းကြသည်။

ခုံးလင်မှာ အသစ်စက်စက်ဝယ်ထားသောမင်္ဂလာအိမ်ထဲတွင် မနက်အစောကြီးနိုးလာသည်။ သူ့ကောင်မလေးနှင့်စေ့စပ်ထားပြီးဖြစ်၍ သူ့ကိုယ်ပိုင်အိမ်ရှိမှဖြစ်မည်။

အိမ်မှာ အရှေ့တိုင်းစီးပွားရေးပလာဇာမှပရီမီယံအိမ်တစ်လုံးဖြစ်သည်။ တစ်စတုရန်းမီတာ ယွမ် ၂၀၀၀၀ တန်ဖိုးရှိပြီး စတုရန်းမီတာ ၁၅၀ အကျယ်နှင့် စရံငွေ ယွမ်တစ်သန်းပေးချေရသည်။

သူ့မိဘတွေက စရံချပေးထား၏။ ဘာပဲဖြစ်ဖြစ် သူအလုပ်မရှိတာကြာခဲ့ပြီ။ သို့ရာတွင် မကြာမီ မိဘများကိုပြန်ဆပ်နိုင်တော့မည်။ အခု ချင်းလင်ဆေးဝါးကုမ္ပဏီဒုဥက္ကဌဖြစ်နေပြီဖြစ်၍ သူ့လစာကမနိမ့်။ နှစ်ကုန်ဆုကြေးရမည်ဟုလည်းကြားထားသည်။

ရေချိုးသန့်စင်ပြီးနောက် မီးဖိုချောင်ထဲတွင် သူ့အိမ်ထောင်ဘက်အလုပ်ရှုပ်နေသည်ကိုတွေ့ရသည်။ သူမကိုမြင်ပြီး သူအားရှိသွားသည်။ ဘာပဲဖြစ်ဖြစ် သူ့တစ်ဘဝလုံး ဒီအမျိုးသမီးကိုကာကွယ်ပေးသွားမည်။

သို့ရာတွင် သူတို့မင်္ဂလာပွဲကို တစ်နှစ်၊နှစ်နှစ်ဆွဲထားရဦးမည်။ သူ့အဖို့ကြပ်တည်းသောကာလဖြစ်နေသောကြောင့်ပင်။

အိမ်ထောင်ဘက်မိသားစုက နားလည်ပေးသည်။

ရုံချန်းတွင် အိမ်ထောင်ဘက်၏ဘဏ်ဝန်ထမ်းအလုပ်ကကောင်းသည်ဆိုနိုင်သော်လည်း ချင်းလင်ဆေးဝါးကုမ္ပဏီတွင်ဒုဥက္ကဌဆိုသောသူ့ရာထူးက သက်တူရွယ်တူများအကြားထင်ရှားသည်။

ဘွဲ့ရပြီး ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်သူကသူ့လိုမျိုး ကုမ္ပဏီရဲ့ဒုဥက္ကဌဖြစ်လာမလဲ? ပြီးတော့ သူက ချင်းလင်ကုမ္ပဏီလိုကုမ္ပဏီမျိုးရဲ့ဒုဥက္ကဌမလား?



ပြည်တွင်းမှာ ချင်းလင်ကုမ္ပဏီရဲ့အလားအလာက ဘယ်အဖွဲ့အစည်းနဲ့မဆိုယှဉ်နိုင်မှန်းသိကြသည်။

ဒါကလည်း သူချဖူးသမျှအကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ အဖွဲ့ထဲမှာ သူ့သူငယ်ချင်းတွေပြက်ရယ်ပြုခဲ့သော ချင်းလင်ကုမ္ပဏီ၏စက်ရုံငယ်လေးကိုသာမဝင်ခဲ့ရင် ကုမ္ပဏီနှင့်အတူဖွံံ့ဖြိုးလာအောင်၊ ဒီလောက်အောင်မြင်လာအောင် လုပ်နိုင်မည်မဟုတ်ပေ။

မနက်စာစားပြီးပြီးချင်း ခုံးလင်ကချင်းလင်ဆေးဝါးကုမ္ပဏီဆီတန်းထွက်လာသည်။

ချင်းလင်အစားအသောက်ကုမ္ပဏီတွင် ချင်းလင်စက်ရုံဝန်းထဲဆောက်ထားသော သူ့ကိုယ်ပိုင်ရုံးခန်းရှိသည်။ ကုမ္ပဏီခွဲဖြစ်သည့်အတွက် ချင်းလင်ဆေးဝါးကုမ္ပဏီကို အဆောက်အဦးတစ်ခုတည်း၊တတိယအလွှာတွင်ထားသည်။

သူကုမ္ပဏီရောက်သောအခါ ဆေးဝါးကုမ္ပဏီဝန်ထမ်းများလည်းရောက်နေပြီ။ သူ့ကိုမြင်လျှင် တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်ကြသည်။

"ဒါရိုက်တာခုံး!''

"ဒါရိုက်တာခုံး!''

"……"

ခုံးလင်ကပြုံးပြီး ခေါင်းညိမ့်ပြသည်။ ထို့နောက် သူ့ရုံးခန်းထဲသွားပြီး ကုမ္ပဏီအော်ဒါအဆင့်များ၊ ထုတ်လုပ်ရေးလိုင်း၏ထုတ်လုပ်ရေးနှင့်ဖြန့်ချိရေးအဆင့်များကိုစစ်ဆေးသည်။

ချင်းလင်ရေပူစမ်းဆေးမှုန့်ကနာမည်ကြီး၍ ချင်းလင်ဆေးဝါးကုမ္ပဏီတွင်အော်ဒါများမဆုံးနိုင်။ ကုမ္ပဏီက အော်ဒါတောင်ရပ်ထားရသည်။

ထုတ်လုပ်ရေးအတွက်အော်ဒါ ၅ ဘီလီယံကျော်ရှိသေးသောကြောင့်ပင်။ ဒီအော်ဒါ ၅ ဘီလီယံကိုတောင် ဖောက်သည်များတန်းစီစောင့်ရဦးမည်။

ထို့ကြောင့် ထုတ်လုပ်ရေးလိုင်းအသစ်များထပ်ထည့်ဖို့လိုနေသည်။

စက်ရုံဝန်းထဲတွင် နောက်ထပ်စက်ရုံနှစ်ရုံပြီးတော့မည်ဖြစ်၍ ထိုစက်ရုံနှစ်ရုံကိုထုတ်လုပ်ရေးချဲ့ထွင်ရန်အသုံးချနိုင်သည်။



ခုံးလင်က စက်ရုံနှစ်ရုံ၏အခြေအနေကိုစစ်ဆေးပြီး ဥက္ကဌတန့်ဆီလျှောက်လွှာရေးလိုက်သည်။ သူကစက်ရုံနှစ်ရုံကို ဆေးဝါးကုမ္ပဏီချဲ့ထွင်ရန်စီစဉ်ထားသည်။

ဒီစက်ရုံနှစ်ရုံမှာ ဆေးဝါးကုမ္ပဏီ၏အရေးပေါ်လိုအပ်ချက်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်သည်!

သူကလျှောက်လွှာပို့မည်အပြု တန့်ကွမ်းဆီမှဖုန်းဝင်လာသည်။

သူကဖုန်းအမြန်ကိုင်ပြီး_

"ဟယ်လို... ဥက္ကဌတန့်!''

ဥက္ကဌတန့်ကို သူအလွန်လေးစားသည်။ ရုံးချုပ်တာဝန်ခံဖြစ်ရုံသာမက သူ့အပေါ်လည်းအရမ်းကောင်းသည်။

ချင်းလင်စက်ရုံထုတ်လုပ်ရေးလိုင်းထဲရောက်ပြီး အောက်ခြေမှစဝင်ကတည်းက ဥက္ကဌတန့်၏ထောက်ပံ့မှုကြောင့် သူ့အရည်အချင်းကိုပြခွင့်ရခဲ့သည်။

အခု ဒီကုမ္ပဏီခွဲတည်ထောင်နိုင်အောင် ချူယွဲ့ကိုကူညီပြီး ဆေးဝါးကုမ္ပဏီဒုဥက္ကဌဖြစ်လာသည်။ ဒါကလည်း ဥက္ကဌတန့်နှင့်ဥက္ကဌချင်၏အကြံပြုချက်ကြောင့်ပင်။

"အပြင်ထွက်ပြီး အောက်ဆင်းခဲ့... ဥက္ကဌချင်နဲ့သွားတွေ့ရအောင်''

ဖုန်းထဲမှတန့်ကွမ်းအသံထွက်လာသည်။

"ရောက်လာပြီလား!''

ခုံးလင်ကဖုန်းချပြီး ရုံးခန်းအပြင်တန်းထွက်လိုက်သည်။ ပထမထပ်ရောက်သောအခါ တန့်ကွမ်းကိုတွေ့ရသည်။

"ကားထဲဝင်!''

တန့်ကွမ်းကချက်ချင်းပြောသည်။

ကားပေါ်တက်ပြီးနောက် ခုံးလင်ကသိချင်စိတ်နှင့်_

"ဥက္ကဌတန့်... ဥက္ကဌချင်က ရုတ်တရက်ကြီးတွေ့ချင်တာ... ညွှန်ကြားစရာများရှိလို့လား?''

သူကဆေးဝါးကုမ္ပဏီဒုဥက္ကဌဆိုသော်လည်း သူဌေးချင်ကိုသိပ်မတွေ့ရ။

တကယ်တော့ ဥက္ကဌချင်ကိုသူအရမ်းလေးစားသည်။ သူကစီမံဘဏ္ဍာကိုလေ့လာထားသောကြောင့် စီးပွားရေးနှင့်ခေတ်ပေါ်လုပ်ငန်းသမိုင်းတလျှောက် နာမည်ကြီးအတော်များများကိုသိထားသည်။

အမှန်အတိုင်းပြောရရင် စီးပွားရေးလောကမှာ ဘယ်သူဌေးကြီးမှ ဥက္ကဌချင်နှင့်တူမည်မဟုတ်။ သူကကုမ္ပဏီမှာ မျက်နှာလုံးဝမပြသော်လည်း တိတ်တဆိတ်စီမံခန့်ခွဲပြီးကုမ္ပဏီကိုကြီးသည်ထက်ကြီးလာအောင်လုပ်နိုင်သည်။ ရှေ့လျှောက် ပြည်တွင်းကုမ္ပဏီတွေထက် ချင်းလင်ကုမ္ပဏီကညံ့မည်မဟုတ်ဟု သူယုံကြည်ထားသည်။

ထုတ်လုပ်ရေးအကန့်အသတ်ရှိ၍သာမဟုတ်ရင် ဆေးဝါးကုမ္ပဏီတန်ဖိုးနှင့်တင် ဆံပင်အရေးကြီးပုံ၊စျေးကွက်ကြီးပုံကြောင့် ပြည်တွင်းကုမ္ပဏီအများစုကိုအလဲထိုးနိုင်သည်။

ကားတံခါးပိတ်ပြီး တန့်ကွမ်းကဒရိုင်ဘာကိုကားစက်နှိုးခိုင်းသည်။ ထို့နောက် ခုံးလင်အား_

"ရှောင်ခုံး... ဥက္ကဌချင်နဲ့တွေ့တဲ့အခါကျရင် ကောင်းကောင်းလုပ်နော်... မင်းဆေးဝါးကုမ္ပဏီကနေ ထွက်ရလိမ့်မယ်''

တန့်ကွမ်းက ခဏငြိမ်နေပြီး ဘာမှဆက်မပြောတော့။



All Chapters