#နဂါးရတနာ၊ သေခြင်းရှင်ခြင်းလိုဏ်ဂူ#
Vol. 69 Ch. 980
နေ့လယ်ချိန်ကို ရောက်လာလေပြီ။
ရွှေတောင်ပံဂဠုန်ကလန်ခေါင်းဆောင် လက်ဝှေ့ယမ်းကာ ကျယ်လောင်စွာပြောသည်။
"အစီအရင်ကို အသက်သွင်း"
ခေါင်းဆောင်စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တခြားဂိုဏ်းချုပ်လေးဦးတို့က ဘက်ပေါင်းစုံသို့ပျံသန်းသွားကြပြီး လက်တံဆိပ်များ ဖန်တီးလိုက်ကြ၏။
ဒီတဒင်္ဂ၌ အလွန်အမင်းအစွမ်းထက်အော်ရာငါးခုထွက်လာပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။
သို့စေကာမူ နဂါးငွေ့တန်းကြယ်ဒေသက ထိပ်တန်းကျွမ်းကျင်သူငါးဦး ပူးပေါင်းလျှင်ပင် တောင်တန်းအထက်ကောင်းကင်၌ ပြည့်နှက်နေသည့် နဂါးချီကို မယှဉ်နိုင်ပေ။
နဂါးသွေးကြောထဲက အော်ရာက ဘယ်လောက်ထိ ကြွယ်၀အားကောင်းသလဲဆိုတာ မြင်နိုင်သည်။
ဒီအချိန်တွင် အစီအရင်က ဖြည်းဖြည်းချင်း အသက်၀င်လာသည်။
ဒီအစီအရင်ကို ပထမတန်းစားဂိုဏ်းငါးဂိုဏ်းက တစ်ချိန်တည်းတွင် ဖန်တီးခဲ့ခြင်းပင်။
လူတစ်ယောက်မရှိပါက သူတို့ အစီအရင်ကို အသက်သွင်းနိုင်မည်မဟုတ်။
ဒါက တခြားသူများအတွက် နဂါးသွေးကြောကို ရှာဖွေပြီး၀င်ရန်ဖြစ်သလို တစ်ချိန်တည်းမှာပင် တခြားဂိုဏ်းများ ခိုး၀င်လာခြင်းကနေ တားဆီးကာကွယ်ရန်ဖြစ်သည်။
အစီအရင်အပြည့်အ၀ပျောက်ကွယ်သွားသောအခါ ခမ်းနားထည်ဝါသည့် နဂါးချီကလည်း ထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့် ထိုးထွက်လာသည်။
ဒါကမြေပြိုပြီး ဆူနာမီတစ်စင်း ဖြစ်နေသည့်အလားပင် ထင်ရသည်။ ၎င်းနောက် နဂါးဟိန်းသံတစ်ချက် ထုတ်လွှတ်လေရာ နဂါးငွေ့တန်းကြယ်စင်စုတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားသည်။
တခြားဂိုဏ်းများ နဂါးသွေးကြော၏ တည်ရှိမှုကို သိခြင်းကနေ တားဆီးရန်အတွက် အဓိကဂိုဏ်းငါးဂိုဏ်းက ပတ်ပတ်လည်၌ မရေမတွက်နိုင်လောက်သည့် အကာအကွယ်အစီအရင်များက်ုလည်း စီစဉ်ထားသည်။
အကယ်၍ လူအတော်တော်များများသာ ဒီအကြောင်းကို သိသွားပါက သတင်းအချက်အလက် ပေါက်ကြားသွားရန်ဟူသည် ရှောင်လွှဲ၍မရနိုင်ပေ။
ထိုအချိန်တွင် တခြားကြယ်နယ်မြေများက ဂိုဏ်းများ သို့မဟုတ် ပထမတန်းစားဂိုဏ်းများသာ ဒီသတင်းကိုရသွားပါက ဂိုဏ်းငါးဂိုဏ်းအကြားက ပြိုင်ပွဲလေးတစ်ခုသာ ဖြစ်လာမည်မဟုတ်။
ထိုအခါ နဂါးငွေ့တန်းကြယ်ဒေသကလည်း အတော်လေးအသက်၀င်နေလောက်သည်။
"ကောင်းပြီ၊ ၀င်ကြတော့၊ အချိန်ကို မှတ်ထားကြ၊ အချိန်ပြီးသွားတာနဲ့ အားလုံးအတင်းထုတ်ပယ်ခံရလိမ့်မယ်" ကျိလျိုချီခပ်ပေါ့ပေါ့ပင်ပြောသည်။
ဒါကိုကြားသောအခါ ဂိုဏ်းအသီးသီးမှ တပည့်များက နဂါးသွေးကြော၏ ဘက်ပေါက်စုံသို့ ၀င်သွားကြ၏။
ကျင်းဝူကျင်းဦးဆောင်သည့် ရွှေတောင်ပံဂဠုန်ကလန်က နဂါးသွေးကြောမြောက်ဘက်သို့ ပြေးသွားကြသည်။
လမ်းတွင် ကျင်းဝူကျင်းတည်ငြိမ်စွာပြောသည်။
"နဂါးသွေးကြောထဲမှာ မင်းတို့တခြားဂိုဏ်းကတပည့်တွေ မင်းတို့ဆီက အမှတ်တွေကို လုယူတာကို ဂရုစိုက်ရမယ့်အပြင် ပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ချို့ကိုလည်း ဂရုစိုက်ရမယ်"
"နဂါးသွေးကြောထဲက အန္တရာယ်က နက်နက်နဲနဲပုန်းကွယ်နေတယ်၊ အခြေခံအားဖြင့်ပြောရရင် နဂါးလျှို့ဝှက်ရတနာတစ်ခုကို ရှာတွေ့သရွေ့ အနားမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်ရှိလိမ့်မယ်၊ ဒါ့အပြင် လျှို့ဝှက်ရတနာရဲ့အဆင့်က ပိုမြင့်လေလေ၊ အန္တရာယ်က ပိုကြီးလေလေပဲ"
"ဥပမာပြောရရင် ကောင်းကင်အဆင့်ပစ္စည်းက ဂိုဏ်းတစ်ဂိုဏ်းတည်းက ဝါးမြိုထားနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး"
ရှောင်ဟိုင်မေးသည်။
"ဒါဆိုရင် အရင်ဆုံးကျင့်ကြံဖို့အတွက် သွေးချီကို ဘာလို့မသုံးတာလဲ၊ နောက်ထပ်ရက်ပနည်းငယ်မှာ တခြားဂိုဏ်းတွေရဲ့ အမှတ်တွေကို လုယူလို့လည်း ရတာပဲလေ"
ဒါကိုကြားသောအခါ ဘေးကလူနှစ်ယောက်နှင့် ကျင်းဝူကျင်းပြုံးသည်။
"မင်းနည်းလမ်းက ရွှေတောင်ပံဂဠုန်ကလန်ရဲ့ စရိုက်နဲ့ အတော်လေးကိုက်ညီပေမယ့် နဂါးတစ်ကောင်ရဲ့ လျှို့ဝှက်ရတနာကနေ ရနိုင်တဲ့အရာတွေက သွေးချီကို စုပ်ယူတာထက် အများကြီးပိုအားကောင်းတယ်"
"တကယ်လို့ နဂါးသွေးကြောမရှိဘူးဆိုရင် ဒါကို အရမ်းကြီးစုပ်ယူနိုင်မှာမဟုတ်ဘူး၊ ဒါက သွေးကြောထဲက သွေးချီကို သွေဖည်စေပြီး အဆုံးမှာ ပေါက်ကွဲစေလိမ့်မယ်"
ရှောင်ဟိုင်အနည်းငယ်ခေါင်းညိတ်သည်။
တကယ်တမ်းတွင် နဂါးသွေးကြောထဲ ၀င်ပြီးနောက် ရှောင်ဟိုင် သူ့၀န်းကျင်က နေရာတိုင်း၌ ပျံ့နေသည့် နဂါးသွေးအဆီအနှစ်ကို စုပ်ယူရန် ကြိုးစားသည်။
သူလုံး၀ စိတ်မသက်သာဖြစ်ပုံမရပေ။
ဒါမှမဟုတ် ငါလုံလုံလောက်လောက် မစုပ်ယူနိုင်တာများလား!
ရှောင်ဟိုင် ဒီအကြောင်းတွေးနေတာကို ရပ်လိုက်သည်။
ကျင်းဝူကျင်း၏ ဦးဆောင်မှုအောက်တွင် လူတိုင်း နဂါးသွေးကြောကို အဆက်မပြတ် ဖြတ်နေပြီး နဂါးလျှို့၀ှက်ရတနာကို အမြန်ဆုံး ရယူချင်နေကြသည်။
.....
လမ်းတစ်လျှောက်တွင် နဂါးမျိုးနွယ်စု၏ အံ့ဖွယ်အရာများကို ကြည့်ရင်း သူတို့ သက်ပြင်းချနေကြရသည်။
နဂါးများ၏ အလောင်းများကို မှီခိုအားကိုးရုံမျှနှင့် ဒါက ယနေ့ကဲ့သို့ စိမ်းလန်းစိုပြေသည့်သစ်တောတစ်ခုအဖြစ် ဖွံ့ဖြိုးလာနိုင်သည်။ ဒါ့အပြင် ကောင်းကင်ကို ဖုံးထားသည့် အဆုံးမဲ့တောင်တန်းတစ်ခုအလားပင်။
ဤသည်သာမက ဒီနေရာက သစ်ပင်များက အပြင်ကသစ်ပင်များထက် ပို၍ အသက်၀င်နေသည်။
အထူးဖြစ်စေ၊ အစိမ်းရောင်သစ်ရွက်များဖြစ်စေ ၎င်းကထုတ်လွှတ်သည့် အသက်ဓာတ်က ပြင်ပကမ္ဘာထက် အများကြီးပိုသည်။
အရွက်များနှင့် အကိုင်းများက ထူထဲလွန်းသဖြင့် နေရောင်ခြည်က ၎င်းတို့ကို လုံး၀မထိုးဖောက်နိုင်ပေ။
မြေပြင်ပေါ်၌ ပြန့်ကြဲနေသည့် အလင်းစက်များကိုသာ ရံဖန်ရံခါမြင်နိုင်သည်။
ဒီအခိုက်အတန့်၌ ကျင်းဝူကျင်း ရုတ်တရက် လူတိုင်းကို ရပ်ရန်အတွက် လက်ဟန်ပြလိုက်သည်။
လူတိုင်း ကျင်းဝူကျင်းနောက်တွင် ရပ်လိုက်ကြပြီး ရှေ့သို့ လေးနက်သည့်အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
သူတို့ရှေ့၌ ချောက်ကမ်းပါးတစ်ခုရှိသည်။
ချောက်ကမ်းပါးက မှန်တစ်ချပ်ကဲ့သို့ပင် အလွန်အမင်း ချောမွတ်နိုင်သဖြင့် လက်မှုပညာက မယုံနိုင်စရာကောင်းလွန်းသည်။
သူဖြည်းဖြည်းချင်း ခေါင်းမော့သည်။
တိမ်များထဲတွင် လူငါးယောက်၀င်နိုင်သည့် အပေါက်တစ်ပေါက်ကို မြင်နေရပြီး ဂူ၀င်ပေါက်ကနေ နဂါးချီများထွက်နေသည်။
ထိုနဂါးချီများက ပတ်ပတ်လည်က နဂါးချီထက် အဆပေါင်းများစွာပိုအားကောင်းသဖြင့် အထဲက လျှို့ဝှက်ရတာတစ်ခု ရှိနိုင်ချေပိုများသည်။
ကျင်းဝူကျင်း အားလုံးကိုသတိပေးသည်။
"ငါအရင်သွားမယ်၊ မင်းတို့သတိထားပြီး လိုက်ခဲ့ကြ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျင်းဝူကျင်းတစ်ကိုယ်လုံးက တင်းမာသွားပြီး သူ့၏ လင်းယုန်ကဲ့သို့ မျက်လုံးများက အနီးတစ်ဝိုက်ကို သတိထားပြီး ကြည့်နေသည်။ ထို့နောက် သူရွှေရောင်အတောင်ပံများအား ယပ်ခတ်ရင်း အထက်က အပေါက်ဆီသို့ ပျံသန်းသွား၏။
ကျန်သော နတ်ဘုရင်နယ်ပယ်နောက်ပိုင်းအဆင့်နှစ်ဦးနှင့် ရှောင်ဟိုင်တို့က ဖြည်းဖြည်းချင်း ပျံသန်းလာကြသည်။
ဒီကလန်၀င်နှစ်ဦးကလည်း ရွှေသစ်ရွက်စစ်တပ်၌ ထင်ရှားသည့် လက်ရွေးစင်များဖြစ်သည်။
သူတို့၏တကယ့်တိုက်ခိုက်ရေးစွမ်းပကားက အလွန်အမင်းအစွမ်းထက်သည်။ သာမန် နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်များက သူတို့၏ပြိုင်ဘက်မဟုတ်ပေ။
ရွှေသစ်ရွက်စစ်တပ်က သွေးကဲ့သို့ သန့်စင်မှုကို ဖြတ်ကျော်ခဲ့ရသလို တစ်ချိန်တည်းမှာပင် ငရဲတမျှစမ်းသပ်မှုကိုလည်း ဖြတ်ကျော်ခဲ့ရသည်။
ရှောင်ဟိုင်အတွက်မူ ဒါကို ငရဲဟု မမှတ်ယူနိုင်ပေ။ သူ့ခန္ဓာကိုပြုပြင်မွမ်းမံခြင်းက ဒီစမ်းသပ်မှုထက် အဆပေါင်းများစွာ ပိုနာကျင်ရသည်။
သူတို့ဂူ၀င်ပေါက်ကို ရောက်လာကြသည်။
သူတို့လေးယောက်စလုံး တစ်ချိန်တည်းတွင် တက်လှမ်းလိုက်သည့်အခိုက်အတန့်၌ ချောက်ကမ်းပါးသားရဲတစ်ကောင်၏ ဧရာမပါးစပ်အလား အောက်ခြေမဲ့ကာ မှောင်မိုက်နေသည့် ဂူထဲတွင် ယခု ဂူနံရံများ၌ တောက်ပစွာ ထွန်းလင်းနေသည့် ကျောက်တုံးများရှိနေခဲ့သည်။
ဒါက အနက်ပိုင်းအထိ ကျယ်ပြန့်သွားသည်။
ညလင်းပုလဲ!
ဒါက ကျင့်ကြံသူများအတွက် အရမ်းကြီး အသုံးမ၀င်သော်လည်း အလွန်အမင်းရှားပါးနေဆဲပင်။
တစ်ချိန်တည်းမှာပင် နဂါးချီက ဂူအနက်ပိုင်းကနေ လေပြင်းတစ်စင်းပမာ ထိုးထွက်လာသည်။
နဂါးချီကို ခံစားမိသောအခါ ကျင်းဝူကျင်းဦးဆောင်ကာ ရှေ့ဆက်သည်။ လျှောက်နေရင်းသူပြောသည်။
"ဒီနဂါးအော်ရာက အထဲမှာ နဂါးလျှို့ဝှက်ရတနာတစ်ခုရှိတယ်ဆိုတာ သေချာနိုင်ချေများတယ်"
"ဒါ့အပြင် အဆင့်က အရမ်းနိမ့်ကျမှာ မဟုတ်တာကို ငါကြောက်မိတယ်"
ရှောင်ဟိုင်ဆက်သည်။
"ဆိုလိုတာက အန္တရာယ်က ပိုကြီးတယ်ပေါ့"
ကျင်းဝူကျင်းခေါင်းညိတ်သည်။
"ရှေ့ဆက်ကြရအောင်၊ အန္တရာယ်တွေက များသောအားဖြင့် အနက်ပိုင်းမှာ ပုန်းနေတတ်တယ်၊ ပတ်၀န်းကျင်ကို အမြဲအာရုံစိုက်ထားကြ"
သူတို့လေးယောက် ပို၍နက်နက် လျှောက်သွားကြသည်။
သူတို့လမ်းထောင့်တစ်ခုကို ရောက်လာသောအခါတွင်မူ ဒီနေရာကဂူကို လမ်းကြောင်းနှစ်ခုအဖြစ် ပိုင်းခြားထားသည်။
လမ်းကြောင်းနှစ်ခု၏ အလယ်၌ အလွန်အမင်းဟောင်းနေပုံရသည့် ကျောက်ပြားတစ်ချပ်ရှိသည်။
ကျောက်ပြားပေါ်၌ ရှေးဟောင်းစာလုံးရေအနည်းငယ်ကို ရေးထွင်းထားသည်။
သေခြင်းရှင်ခြင်း၊ အတွေးတစ်ခုတည်း!
ဒီနေရာ၌ လမ်းကြောင်းနှစ်ကြောင်းရှိပြီး တစ်ခုက ရှင်ခြင်းလမ်းကြောင်းဖြစ်ကာ ကျန်တစ်ခုက သေခြင်းလမ်းကြောင်းဖြစ်သည်မှာ သိသာထင်ရှားနေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ဆံပင်ရှည်နှင့် ကလန်၀င်တစ်ဦး မျက်မှောင်ကြုတ်သည်။
"ဒါက ကံအပေါ်မှာပဲ မူတည်တော့တယ်"
လမ်းကြောင်းနှစ်ခုစလုံးတွင် တူညီသည့်နဂါးချီများထွက်နေပြီး အခြေခံအားဖြင့် ဘာခြားနားချက်မှ မရှိပါ။
နောက်ထပ်လူထွားကြီးတစ်ယောက်က အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။
"ဒီစွန့်စားမှုက အရမ်းကြီးလွန်းတယ်၊ ကျုပ်တို့ပြန်သွားကြမယ်ဆိုရင်ရော"
ကျင်းဝူကျင်း မခံမရပ်ဖြစ်နေပံငရသည်။
နဂါးလျှို့ဝှက်ရတနာက သူ့ရှေ့တွင် ရှိနှင့်နေပြီဖြစ်သလို အဆင့်ကလည်း မနိမ့်ကျသော်လည်း ကလန်၀င်နှစ်ယောက် ပြောတာက မှန်ပါသည်။
"ငါတို့....." ကျင်းဝူကျင်းသက်ပြင်းချသည်။
သို့စေကာမူ သူ့စကားမပြီးသေးခင်မှာပင် ရှောင်ဟိုင်ရုတ်တရက်ပြောသည်။
"ဘာကြောင့် ကျုပ်ကို မကြိုးစားကြည့်ခိုင်းရတာလဲ"
သုံးယောက်စလုံး ရှောင်ဟိုင်အား အံ့ဩသင့်တကြီး လှမ်းကြည့်လိုက်ကြ၏။
ရှောင်ဟိုင်ရှေ့သို့ကြည့်ပြီး ထူးမခြားနားသည့်အသွင်ပြောသည်။
"ဒီမှာ သေခြင်းရှင်ခြင်းလမ်းကြောင်းနှစ်ခု ရှိနေမှတော့ တစ်ခုက သေခြင်းဆိုတာ သေချာနေတာပဲလေ"
ထို့နောက် သုံးယောက်စလုံး၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် ရှောင်ဟိုင် လမ်းကြောင်းနှစ်ခုကနေ စိမ့်ထွက်လာနေသည့် နဂါးချီကို အမှန်တကယ်ပင် စတင်စုပ်ယူနေခဲ့သည်။
အပိုင်း(981) coming။